Thursday, 23 August 2012 17:57 သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးကိစ္စအား လွှတ်တော်အတွင်း တင်ပြဆွေးနွေးပြီးသော်လည်း ကျေနပ်အားရမှု မရှိသောကြောင့် လွှတ်တော် အမတ်များ ပြင်ပ၌ မိတ်ဆုံထမင်းစားက ဆက်လက်နွေးခဲ့ကြသည်ဟု လွှတ်တော်အမတ်တဦးက ပြောပါသည်။
“အဓိက ကတော့ စစ်ရေးလှုပ်ရှားမှုမရှိဖို့ပေါ့။ စစ်ရေးလှုပ်ရှားမှုရှိရင် တိုက်ပွဲက ရှိနေဦးမှာဘဲ။ အဲဒါကို လွှတ်တော်ထဲမှာ ဘယ်လို စုပေါင်းအဖြေ ရှာ မလဲဆိုတာဆွေးနွေးကြတယ်၊ မီဒီယာကတော့ ယူနစ်တီဘဲ လာတယ်” - ဟု ကျားဖြူပါတီ ပြည်သူ့လွှတ်တော် အမတ် စိုင်းဟတ် က ပြောပါသည်။
ဩဂတ်စ် ၂၁ ရက် ညနေပိုင်း၌ မောဝ်ခမ်းနွမ် စားသောက်ဆိုင်၌ တိုင်းရင်းသား လွှတ်တော်အမတ်သုံးဆယ်ကျော်က ညစာစားပွဲ တခုခင်းကျင်းခဲ့ကြကြောင်း၊ တက်ရောက်သူ ၃၈ ယောက်အနက် ချင်းပြည်နယ်လွှတ်တော် အမတ် ငယ်ပီး၊ ကျားဖြူပါတီက ဆရာ စောသန်းမြင့်တို့ ပါဝင်သည်ဟု ကြားသိရပါသည်။
ဩဂတ်စ်လ ၂၀ ရက် က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကျားဖြူပါတီမှ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် စိုင်းသီဟကျော် ခေါ် စိုင်းဟတ် က လက်နက်ကိုင်အဖွဲ့အစည်းများ အကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုရရှိပြီး နောက် မည်သည့်အတွက် ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
၎င်း၏မေးခွန်းကို အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အနေဖြင့် ဒုဥက္ကဌ ဦးအောင်မင်းက နှစ်ဦးနှစ်ဖက်သံသယ များပျောက်ပြီး အမှန်ဘ၀ရောက်ရှိရန် ကြိုးစားဖို့၊ နှစ်ပေါင်း ၆၀ ကြာ ဖြစ်လာသော ပြဿနာအားတထိုင်တည်း ဖြေရှင်းရန် မလွယ် ကူ၊ သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ် အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြား ခဲ့သည်ဟုစိုင်းဟတ်ကပြောသည်။
ထို့ပြင် ဦးအောင်မင်းက- နှစ်ဖက်တပ်များနေရာသတ်မှတ်ခြင်းမပြုရသေးခြင်း၊ ဆက်ဆံရေးရုံးမဖွင့်လှစ်နိုင်သေးခြင်းကြောင့် ဖြစ် ကြောင်း၊ ထို့အပြင် တဖက်နယ်မြေအတွင်းဝင်ရောက်မည်ဆိုပါက လက်နက်ကိုင်ဆောင်ခြင်းမပြုရန် သဘောတူထား သော်လည်း အောက်ခြေတပ်သားများက လိုက်နာခြင်းမရှိသောကြောင့် တိုက်ပွဲများဖြစ်ပွါးနေခြင်းဖြစ်ကြောင်း ထပ်မံဖြေ ကြား ခဲ့သည်ဟုဆို၏။
“ အစိုးရဖက်ကရော စစ်တပ်ဖက်ကပါ ဦးအောင်မင်းကဘဲဖြေပေးတယ်။ တခြားတဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲ ကိုတခြားတဖွဲ့ က လက်နက်ကိုင်ပြီးကျူးကျော်ဝင်မိတာကြောင့် တိုက်ခိုက်မှုဖြစ်ရတာပါတဲ့။ စစ်တပ်ဖက်ကနေပြီး သူ ဖြေသွားတာကိုတော့ ကျနော် အားရကျေနပ်မှုသိပ်မရှိပါဘူး။ စစ်ဖက်က အကြီးအကဲတယောက်ယောက်သာ ဖြေခဲ့မယ်ဆိုရင်တော့ ဆက်စပ်မေး ချင်စရာ မေးခွန်း တွေကို ကျနော်ထပ် မေးမိပါလိမ့်မယ် ” ဟု စိုင်းဟတ်က သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပါသည်။
တိုင်းရင်းသားများနယ်မြေအတွင်း ဖြစ်နေသောတိုက်ပွဲမှာ လယ်ဆင်းချိန်ဖြစ်နေသဖြင့် လူထုမှကြောက်ရွံ့ မှုဖြစ်နေရ ကြောင်း၊ သို့သော်လူထုထံမှ ဆန္ဒကောက်ယူရာတွင် အပစ်ရပ်သဘောတူညီချက်အတိုင်း မည်သည့်နေရာမှ တိုက်ပွဲသံ မထွက်အောင် နှစ်ဦးနှစ် ဖက်သတိရှိရှိ နေထိုင်လှုပ်ရှားသွားလာကြဖို့လိုအပ်ကြောင်း၊ မြန်မာစစ်တပ်ထံသို့လည်း တိုင်းရင်းသားတပ်ဖွဲ့ များမှ လက်နက်မချ စေချင်ဟု ပြောဆိုလာကြောင်း စိုင်းဟတ်ကဆက်လက်ပြောပြသည်။
“သက်ဆိုင်ရာ မြို့နယ်ရဲ့ နိုင်ငံရေးပါတီတွေဆီကို လူထုကနေ စာတင်စေချင်တယ်။ ဒါမှကျနော်တို့အနေနဲ့လဲ ကူညီဆောင် ရွက်ပေး ရတာ ထိရောက်မြန်ဆန်မှာဖြစ်ပါတယ်။ ကျနော်တို့ လွှတ်တော်အမတ်တွေဘက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင် မှုနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုတရပ်လုပ်ပြီး သဘောထားတွေကို ရေးမှတ်စုဆောင်းထား ပါပြီ” ဟု ဆိုပါသည်။
လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာ အုပ်စု အတွင်းရှိ တာ့ဆမ်ပူး တပ်စခန်းအားဖယ်ရှားပေးရန် မြန်မာအစိုးရတပ်က ဖိအားပေးထားသောကြောင့် ဖယ်ရှားပေးလိုခြင်းမရှိသည့် သျှမ်းပြည်တပ်မတော် နှင့် အစိုးရ တပ် တို့အကြား စစ်ရေးအရ တင်းမာနေဆဲဖြစ်သည်။ အဆိုပါ အနီးအနား၌လည်း မြန်မာစစ်တပ် အင်းအား ၃၀၀ ထက်မနည်း ဖြန့်ကျက်ထား သော ကြောင့် ရှေ့ဆက်တိုးလာပါက တိုက်ပွဲဖြစ်ဖို့တာရှိကြောင်းပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3427-2012-08-23-10-59-21.html
Posted in: လွှတ်တော်အတွင်း ဆွေးနွေးချက်များ,သတင်း
Email This
BlogThis!
Share to X
Share to Facebook