စက်တင်ဘာလ ၉ ရက်နေ့၌ ခွန်ထွန်းဦးကိုယ်တိုင်က- ဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများအားဖိတ်ခေါ်၍ စားသောက်ဆိုင်တခု၌ဧည့်ခံကျွေးမွေးကြောင်း၊ မနက်ပိုင်းတွင်မူ ထောက်ကြံ့ရှိ သျှမ်းဘုန်းကြီးကျောင်း၌ သံဃာတော် အပါး ၁၅၀ နှင့် အာရုဏ် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း၊ ညနေပိုင်းတွင် စားသောက် ဆိုင်၌ ကံစမ်းမဲပေါင်း ၁၀၀ ကျော်ဖောက်ပေးခဲ့ကြောင်း အဆိုပါလူငယ်က ပြောသည်။
“ဒီနေ့က စက်တင်ဘာ ၁၁ အမေရိကန်နိုင်ငံ World Trade Center အမွှာတိုက် အတိုက်ခံရတဲ့ ၁၁ နှစ်မြောက်နေ့လေ။ ဝမ်းနည်းကြေကွဲစရာနဲ့ကြုံတဲ့နေ့မို့လို့ ဒီနေ့မလုပ်ဘဲနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက လုပ်လိုက်တယ်။ ပါတီအနေနဲ့တော့မလုပ်ဘူး။ မွေးနေ့ရှင်အနေနဲ့ ဘဲလုပ်တယ်” - ဟု ဗဟိုရုံးရှိ ပါတီဝင်လူငယ်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
ကံစမ်းမဲဖောက်ရာတွင် ပထမဆုအား မြန်မာ-ဘန်ကောက် one trip ခရီးစဉ်က အမြင့်ဆုံးကံထူးရှင် ဖြစ်ကြောင်း၊ လျှပ်စစ်ရေနွေးအိုး၊ ထမင်းပေါင်းအိုး၊ ကော်ဖီခွက် စသဖြင့် လက်ဆောင်များပါဝင်ကြောင်း မွေးနေ့ရှင်အပါအဝင် တက်ရောက်သူတိုင်းပျော်ရွှင်ကြကြောင်း ပြောပါသည်။
SNLD ဥက္ကဌ စဝ်ခွန်ထွန်းဦးသည် ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့သိန္နီမြို့၌မွေးဖွားခဲ့သည်။ ဖခင်စဝ်ကြာဇုံသည် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ အစ်ကိုဖြစ်သည်။ တောင်ကြီးမြို့ ကမ္ဘောဇကျောင်းမှ တက္ကသိုလ်ဝင်တန်း ကို ၁၉၆၄ တွင် အောင်မြင်ခဲ့ ပါသည်။ ၁၉၆၅ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေဘာ သာရပ်ကို ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ၁၉၆၇မှ ၁၆၇၇ အထိ အင်ဒိုနီးရှားသံရုံးစစ်သံမှူး၏ ကိုယ်ရေးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံမှ OCS ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တွင် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ယူခဲ့ပြီး ၁၉၈၉ တွင် အဖွဲ့ချုပ်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်မေလ ၂၇ တွင် ကျင်းပခဲ့ သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကိုဦးဆောင် ၍ သျှမ်းတိုင်းရင်းသားများနေထိုင်သော ဒေသအသီး သီးမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ SNLD သည်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် SNLD ပြီးလျှင် တပြည်လုံးတွင် နေရာအများဆုံး အနိုင်ရခဲ့သည်။
ဦးခွန်ထွန်းဦးကိုယ်တိုင် သီပေါမဲဆန္ဒနယ်အမှတ် ၁ တွင် ၀င်ရောက်အရွေးခံခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ် တင်မြောက်ခြင်းခံခဲ့ရပါသည်။
၁၉၉၃ နအဖစစ်အစိုးရ၏ အမျိုးသားညီလာခံတွင် တိုင်းရင်းသား ရ ပြည်နယ်အတွက် အခြေခံရပိုင်ခွင့် များ တင်ပြတောင်း ဆို သော်လည်း လစ်လျူရှုပယ်ချခြင်းခံခဲ့ရ၏။ အမျိုးသားညီလာခံလုပ်ထုံး လုပ်နည်း များ တရားမျှ တမှုမရှိကြောင်း နိုင်ငံခြား အသံလွှင့် ဌာနများအား ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆို၏။ နအဖ စစ်အစိုးရချမှတ်ခဲ့သော ဦးတည်ချက် ၆ ရပ် အခြေခံမူ ၁၀၄ ချက်နှင့် လမ်းပြမြေပုံ ရ ဆင့်တို့ကို ဦးခွန်ထွန်းဦး လက်မခံဘဲ အမျိုးသားညီ လာခံမှဦးဆောင်နှုတ်ထွက် ခဲ့သည်။
ထို့ကြောင့် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ၇ ရက် သျှမ်းပြည် နယ်နေ့ ညစာ စားပွဲအပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ ဥက္ကဌ စဝ်ခွန်ထွန်းဦး နှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့အား ရန်ကုန်မြို့ နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သျှမ်းပြည် အတိုင် ပင်ခံကောင်စီ ဖွဲ့ စည်းမှုစွပ်စွဲချက်အပြင် အခြားအမှုပေါင်း များစွာရှာကြံ၍ ထောင်ဒဏ် ၉၃ နှစ်စီရင်ချက်ချကာ ဥက္ကဌကြီးအား ရာသီဥတုဆိုးဝါးလှသောကချင်ပြည် ပူတာအိုထောင်သို့ ပို့ဆောင် ချုပ်နှောင်လိုက်သည်။ ပုဂ္ဂိုလ်ရေးရာ စီးပွါး ရေးပိုင်ဆိုင်မှုများကိုလည်း စစ်အစိုးရကသိမ်းယူ ချိတ်ပိတ်ခဲ့ သည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၂ ဇန္နီဝါရီ ၁၃ ရက်နေ့ အထိ အင်းစိန်ထောင်၊ ပူတာအိုထောင်၊ မန္တလေးအိုးဘို ထောင်၊ တောင်ငူထောင်တို့၌ အကျဉ်းကျခံခဲ့ရသည်။ ဦးသိန်းစိန်အစိုးရ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အဆိုပါသျှမ်းခေါင်းဆောင်များပြန်လည်လွှတ်မြောက် လာပြီး နိုင်ငံရေးလောက အတွင်းတရား ဝင်လှုပ်ရှားနိုင်ရန် SNLD ပါတီ ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။
http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3481-2012-09-11-15-23-44.html