October 11, 2012

ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများ တရားရုံး ၁၀ ခုတွင် အမှုဖွင့်ခံထားရ

ချင်းမိုင်(မဇ္စျိမ) ။      ။ ပြည်တွင်းစစ် ရပ်စဲရန် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပွဲအား ဦးဆောင်ခဲ့သူ လေးဦးကို ရန်ကုန်တိုင်းအတွင်းရှိ ၁ဝ မြို့နယ် တရားရုံးများက တရားစွဲဆိုခြင်းသည် သမ္မတ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် မကိုက်ညီကြောင်း တရားစွဲဆိုခြင်းခံထားရသူ ကိုမိုဃ်းသွေး က ပြောသည်။

၎င်းမှာ အပြောနှင့် အလုပ် မညီသကဲ့သို့ နိုင်ငံတကာတွင် မြန်မာနိုင်ငံကို သိက္ခာကျစေကြောင်း ပြောဆိုလိုက်ခြင်း
ဖြစ်သည်။

“တရားစွဲတယ်ဆိုတာပဲ တရားလွန်နေပြီ။ ဒီငြိမ်းချမ်းရေးနေ့မှာ မြန်မာတနိုင်ငံတည်း ကျင်းပတာ မဟုတ်ဘူး။ အနီးစပ် ဆုံး တရုတ်နိုင်ငံမှာဆိုရင်လည်း အခမ်းအနားတွေ လုပ်ပြီးတော့ ကျင်းပကြတယ်။ အဲဒီမှာဆို မြန်မာပြည်က
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်မောင်မြင့် ကိုယ်တိုင် သွားပြီး တလေးတစားနဲ့ သွားတက်ခဲ့တဲ့ အခမ်းအနား မျိုး ဖြစ်တယ်။ ကျနော်တို့ ပြည်သူတွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် ကျင်းပခွင့် ပေးသင့်တယ်” ဟု ငြိမ်းချမ်းရေး ကွန်ယက်မှ တာဝန်ခံ ကိုမိုဃ်းသွေး က မဇ္စျိမကို ပြောသည်။
Peace-One-Day-5
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့့့တွင် စစ်ပွဲများ ရပ်တန့်ရန်အတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ရွှေတိဂုံ အနောက်ဘက်မုခ်ရှိ ပြည်သူ့ရင်ပြင်တွင် ဆန္ဒထုတ်ဖေါ်မှုကို လာရောက်တားမြစ်နေသည့် ရဲတပ်ဖွဲ့ဝင်တဦးအား စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကိုမိုဃ်းသွေး အပါအဝင် ကိုကျော်ကျော်ဗိုလ်၊ မခင်စန္ဒာညွန့်နှင့် မဖွေးယုမွန်တို့ လေးဦးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့်လှိုင်မြို့နယ် တရားရုံးက အောက်တိုဘာလ ၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးချိန်းဆိုခဲ့ပြီး သတ်မှတ်ထားသော ရုံးချိန်းရက်များ တက်ရောက်ခြင်း မရှိပါက ကျပ်ငွေ သုံးသိန်း ပေးလျှော်ရမည် ဆိုသည့် ခံဝန် လက်မှတ် ရေးထိုးခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

ဆူးလေမှ အင်းလျားကန်ဘောင်လမ်းထိ ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ခဲ့သဖြင့် ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်နှင့် လှိုင်မြို့နယ် တရားရုံး များမှ စွဲဆိုခဲ့သဖြင့် “ကျနော်တို့အနေနဲ့ နေ့တိုင်းလို တရားရုံးတွေ သွားနေရတော့ အချိန်လည်း ကုန်တယ်။ စိတ်လည်း ပင်ပန်းတယ် သွားရေးလာရေး ခက်တယ်။ ကိုယ့်အလုပ်တွေ ပျက်တယ်။ ပြီးတော့ ကျောင်းသားတွေလည်း ပါတယ် ဆိုတော့ ခုဆို အနီးကပ် သင်တန်း တက်ရမယ်” ဟု အခက်အခဲများကို ကိုမိုးသွေးက ပြောပြသည်။

ထိုအမှုအတွက် ရှေ့နေများ ကွန်ယက်မှ တရားရုံးချုပ် ရှေ့နေ ဦးကိုကိုကြီး၊ ဦးအောင်သိန်းတို့အပြင် တခြား တရားလွှတ်တော် ရှေ့နေများနှင့် တိုင်ပင်နေသည်ဟု သိရသည်။

“အကြောင်းချင်းရာ တခုတည်းပေါ်မှာ နယ်မြေပေါ်မှာ ဖြတ်သန်းလျှောက်သွားရုံနဲ့ အဲဒီနယ်မြေ တခုချင်းအလိုက်  မြို့နယ်အလိုက် စွဲမယ်ဆိုရင် ဒါက အမှုသည်တွေ အပေါ်မှာ ပင်ပန်းဆင်းရဲအောင် တမင်ပြုလုပ်တယ်ဆိုတဲ့ ရည်ရွယ် ချက် ပေါ်နေတယ်။ ဒါ မဖြစ်သင့်ဘူးဆိုတဲ့ဟာ ပေါင်းပေးဖို့ လျှောက်မှာပါ။ မပေါင်းပေးဘူးဆိုရင် အဆင့်မြင့်ရုံး တက်ပြီးတော့ လျှောက်မှာပဲ” ဟု တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်း က မဇ္စျိမကို ပြောသည်။

ကြာသပတေးနေ့ ကမာရွတ်မြို့နယ် တရားရုံးကလည်း အောက်တိုဘာလ ၁၈ ရက်နေ့သို့ ထပ်မံ ရုံးချိန်းပေးလိုက် သည်။

သောကြာနေ့မှာ ဗဟန်းမြို့နယ် တရားရုံးက ဆင့်ခေါ်ထားပြီး လာမည့်အပတ် တနင်္လာနေ့တွင် လှိုင်မြို့နယ် တရားရုံး၊
အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဗိုလ်တထောင် တရားရုံးတို့က အသီးသီး ဆင့်ခေါ်ထားသည်။

ဗုဒ္ဓဟူးနေ့ကလည်း ကချင်ငြိမ်းချမ်းရေးကွန်ယက် မှ ကိုဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့ကို ဒဂုံမြို့နယ်နှင့် စမ်းချောင်း မြို့နယ်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် စွဲဆို စစ်ဆေးခဲ့သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၃၄ အရ ပြစ်မှုများကို သုံးမှုအထိ ပေါင်း၍ တပေါင်းတည်း စစ်ဆေးရန်အတွက် ရန်ကုန်တိုင်း၊ အနောက်ပိုင်း ခရိုင် တရားရုံးတွင် လျှောက်ထားချက်အား တရားသူကြီး ဒေါ်ခင်သန့်စင် က ပယ်ချခဲ့ သည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးသည်လည်း အခြား ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်နှင့် တာမွေစသည့် မြို့နယ်များတွင် တရားရင်ဆိုင်ရမည် ဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့က ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းစစ် ရပ်စဲရေး အတွက် ရန်ကုန်တိုင်းအတွင်း ချီတက်လမ်းလျှောက်သူများအား အာဏာပိုင်များဘက်က ဟန့်တားမှုများ ရှိခဲ့ပြီး
နေပြည်တော်သို့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ကိုလည်း ဟန့်တားခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/10241-2012-10-11-12-22-10.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India