ချင်းအမျိုးသားတပ်ဦးရဲ့ မဟာဗျူဟာလေ့လာရေးဌာန အတွင်းရေးမှူး Salai Daniel Sa Khong အမေရိကန်နိုင်ငံ Atlanta နယ်သို့ စက်တင်ဘာလ ၂၉- ၃၀ ရက်နေ့စည်းရုံးရေးခရီးစဉ်အတွင်း လူထု နဲ့ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြခြင်းဖြစ် သည်ဟု Salai Daniel Sakhong မှ ပြောသည်။
“ အနာဂါတ် CNF ရဲ့တော်လှန်ရေးလုပ်ငန်းအပေါ် ပ့ံပိုးကူညီဖို့ တကယ့်ကို ပြင်ဆင်ထားကြ တာတွေ့ရတော့ အင်မတန် ၀မ်းသာတယ်၊ အားရ စရာလည်း ကောင်းတယ် ” ဟု ပြောသည်။
အဆိုပါ ဒေသတွင် ချင်းလူမျိုး ၂၀၀၀ ခန့်နေထိုင်ကြပြီး မတူချင်း ၃၀၀၊ ဟားခါးချင်း ၄၅၀၊ ဇိုတုန်ချင်း ၂၂၀၊ ဖလမ်းချင်း ၃၅၀ ၊ တီးတိန်ချင်း ၁၀၀၀ ခန့် နေထိုင်ကြကြောင်း ထပ်မံ ဆိုသည်။
“ ကျတော် မတူပီဖက်က ဘာသာရေးခေါင်းဆောင်တွေ၊ community Leader တွေနဲ့ ၃ နာရီ ကြာ တွေ့ဆုံခဲ့တယ်၊ ပြီး တော့ ဇိုတုန်ဖက်က Salai Sawbik နဲ့အတူ ဘုရားကျောင်းမှာ စကားပြော ခွင့် ရခဲ့တယ်၊ ဟားခါးလူငယ်တွေနဲ့ ၃ နာရီကြာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်၊ အချိန် မရတော့လို့ ကျန်တဲ့ ချင်းပြည်သူတွေနဲ့ မတွေ့နိုင်ခဲ့ပါ” ဟု ပြောသည်။
ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း CNF ပါတီစည်းရုံးရေးဌာနနှင့် နိုင်ငံခြားရေးဌာန အတွင်းရေးမှူး Salai Thlahei သည် မလေးရှားရောက်ချင်းပြည်သူများနှင့် သွားရောက်တွေ့ ဆုံခဲ့ သည်။
စီအဲန်အက်ဖ်နဲ့ သမ္မတ ဦးသိန်းစိန်အစိုးရအကြား ငြိမ်းချမ်းရေးသဘောတူညီမှု ရယူပြီးနောက်ပိုင်း ချင်းပြည်သူများသည် စီအဲန်အက်ဖ်နဲ့ ပိုမို ရင်းနှီးစွာ ဆက်ဆံလာခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင်လည်း တတတ်တအား ပါ၀င် လိုကြ သည် ဟု လည်း သိရသည်။
http://khonumthungburmese.org/?p=678


Monday, October 08, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: