October 16, 2012

RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်၏ အတိုင်ပင်ခံ ကရင်အမျိုးသား ဗိုလ်မှူးကြီးကွယ်လွန်

အောက်တိုဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
သျှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ရှိ ဒုတိယဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်၏ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့သည့် ကရင်အမျိုး သားတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်ဆွေသည် အောက်တိုဘာလ ၁၃ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ရ၄နှစ်ရှိပြီးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်ဆွေသည် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါများဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးစောချစ်ဆွေသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ကရင်၊ ပအိုဝ်းနှင့် သျှမ်းစကားတို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့်အပြင် အဖွဲ့ အစည်းအတွင်း၌လည်း တာဝန်ကို အလေးထားသူဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးသောမိတ်ဆွေဖြစ်သူ သျှမ်းသံတော်ဆင့် သတင်းဌာနအယ် ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။
“သူ(စောချစ်ဆွေ)က အလုပ်တာဝန်ကို အရေးထားတယ်။ သစ္စာရှိတယ်။ အဲဒါကြောင့်လည်း သေတဲ့အထိ သျှမ်းပြည်တပ်မတော်နဲ့ လက်တွဲ အလုပ်လုပ်နိုင်တာပေါ့”ဟု ဦးခွန်ဆိုင်းက ကေအိုင်စီသို့ ပြောသည်။
သူသည် မွန်ပြည်နယ်ရှိ သထုံဇာတိဖြစ်ပြီး ၁၉၃၈ခုနှစ်၊ ဇူလိုင်လ ၂၅ရက်နေ့တွင် မွေးဖွားကာ ၁၉၅၈-၅၉ခုနှစ်တွင် လူထုပညာရေးသင် တန်း တက်ရောက်ပြီးနောက် သျှမ်းပြည်တောင်ပိုင်း၊ လွယ်လင်မြို့နယ်ရှိ ပအိုဝ်းလူမျိုးအများဆုံးနေထိုင်ရာ လွယ်ဂျယ်ရွာတွင် ကျောင်း ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
ထို့နောက် ၁၉၆၀ခုနှစ်၌ ဗိုလ်မှူးကြီးစောချစ်ဆွေသည် ကျောင်းဆရာဘဝကို စွန့်လွှတ်ကာ ပအိုဝ်းအမျိုးသား လက်နက်ကိုင်တော်လှန် ရေးဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပအလဖ)သို့ ၀င်ရောက်ခဲ့ပြီးနောက် ၁၉၆၇ခုနှစ်တွင် သျှမ်းပြည်တပ်မတော် SSA/ SNIA နှင့် ပူးပေါင်းကာ စစ်ရေးမဟာမိတ်ချုပ်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၆၈ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)က ၎င်းတို့နှစ်ဖွဲ့ကို ၀င်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ပအလဖသည် ဗကပနှင့် ပူးပေါင်းသော်လည်း ဗိုလ်မှူးကြီးစောချစ်ဆွေသည် မဟာမိတ်ဖြစ်သော သျှမ်းပြည်စည်းလုံးညီညွှတ်သည့် တော်လှန်ရေးတပ်မတော်-SURA တွင် ၀င်ရောက်ခိုလှုံကာ SURA ခေါင်းဆောင် ဗိုလ်မိုးဟိန်း(ခေါ်) စဝ်ကွဏ်ဇိန်း၏ ကိုယ်ရေးအရာရှိ ဖြစ်လာခဲ့သည်။
ဗိုလ်မိုးဟိန်း ကွယ်လွန်ပြီးနောက် သျှမ်းပြည်တော်လှန်ရေးတွင် ဆက်လက်ပါ၀င်၍ လက်ရှိ RCSS/SSA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်၏ အတိုင်ပင်ခံအဖြစ် ကွယ်လွန်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
လက်ရှိ သျှမ်းတော်လှန်ရေးတွင် ဗိုလ်မှူးကြီးစောချစ်ဆွေကဲ့သို့ ကရင်လူမျိုး အများအပြားသည် သျှမ်းလူမျိုးနှင့်အတူ တတတ်တအား တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း ဦးခွန်ဆိုင်းက ပြောသည်။
ဗိုလ်မှူးကြီးစောချစ်ဆွေသည် ကွယ်လွန်ချိန်တွင် ဇနီးနန်းရွှေအိမ်နှင့်အတူ သား ၃ဦးနှင့် သမီး ၁ဦး ကျန်ရစ်ပြီး သားသုံးဦးစလုံးမှာ သျှမ်း ပြည်တောင်ပိုင်းတပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်လျှက်ရှိသည်။
ကွယ်လွန်သူ ဗိုလ်မှူးကြီးစောချစ်ဆွေ၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၈ရက်နေ့တွင် ချင်းမိုင်ခရိုင်၊ ၀ိန်းဟိုင်မြို့နယ်ရှိ ပိန်းလုံဧည့် သင်္ချိုင်းတွင် စျာပနအခမ်းအနားဖြင့် သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

http://www.kicnews.org/?p=13759
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India