ဒီနေ့ဆွေးနွေးပွဲဟာဖြင့် အလွန်အရေးကြီးလှပါတယ်။ ဒီဆွေးနွေးပွဲကြီးက ခိုင်မာတဲ့ အုတ်မြစ်ချနိုင်မှသာ ရှေ့ဆက် လျှောက်လှမ်းမှုရနိုင်မှာဖြစ်ပါတယ်။ သျှမ်းတိုင်းရင်းသားပါတီများဟာမူဝါဒ လမ်းစဉ်အနည်းငယ် ကွဲပြားတာကလွဲရင် ဦးတည် ချက်ပန်းတိုင်ဟာဖြင့်တခုတည်းဆိုတာ ယုံမှားသံသယဖြစ်စရာမလိုပါဘူး။
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအနေနဲ့ တန်းတူညီမျှမှု အပြည့်အ၀ရှိတဲ့ ပြည်ထောင်စုစစ်စစ်မူ ဖက်ဒရယ်ကို အဓိကအခြေခံမူအဖြစ်သတ်မှတ်ပြီး နိုင်ငံရေးလမ်းစဉ် အဖြစ် ခံယူ ကျင့်သုံးသွားမည်ဖြစ်ပါတယ်။ ဒါကြောင့်မတူတာကို ဘေးဖယ်ပြီး တူညီတဲ့အချက်ကိုသာ ဦးတည်ကြမယ်ဆိုရင်ဖြင့် ယုံကြည်မှုကို မလွဲမသွေတည်ဆောက်နိုင်မှာဖြစ်တယ်။ ဒီလိုဘဲကျန်တဲ့ သျှတိုင်းရင်းသားအဖွဲ့အစည်း တွေဟာလည်း ထို့အတူ ကျင့်သုံး သွားမယ်ဆိုရင် ဒီနေ့ဆွေးနွေးပွဲ တက်လာ တဲ့အဖွဲ့ အစည်း အားလုံးဟာ လမ်းကြောင်း တခုတည်းပေါ် မလွဲမသွေ ရောက်ရှိ လာမှာဖြစ်ပြီး သျှမ်းပြည်သူများ မျှော်လင့်တောင့်တနေတဲ့ ပြည်ထောင်စုကမျှော်လင့်တောင့်တနေတဲ့ စည်းလုံးညီညွတ်သော သျှမ်းတိုင်းရင်းသားပါတီ သို့မဟုတ် အဖွဲ့အစည်းတခု ဧကန်မုချဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာ သက်ဆိုင်ရာဖွဲ့က မြို့နယ် အသီးသီးရှိ ပြည်သူတွေထံကွင်း ဆင်းပြီး ပြည်သူတွေရဲ့ ဆန္ဒကို စစ်တမ်းကောက်ယူခဲ့ပြီးပြီ လို့သိရပါတယ်။ ပြည်သူ များရဲ့သဘောထားကိုလည်း အမှန်တကယ်သိ ရှိပြီးပြီလို့ယုံကြည်ပါတယ်။
ဒါကြောင့် ပါတီများလူမှုအဖွဲ့ အစည်း များလက်နက်ကိုင်သျှမ်းအဖွဲ့အစည်းများဟာ ပြည်သူရဲ့ဆန္ဒကိုလျစ်လျူမရှုဘဲ ပြည်သူတွေ ဖြစ်လိုတဲ့ဆန္ဒကို အတတ် နိုင်ဆုံးဖြည့် ဆည်းပေးစေလိုပတယ်။ မိမိတို့ဆန္ဒနဲ့ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည် ဖြစ်စေ မိမိတို့က ခုန ကပြောခဲ့တဲ့ အတိုင်း မာန်မာနတရားတွေကို ပြည်သူတွေရဲ့ဆန္ဒအတိုင်း အတတ်နိုင်ဆုံးလိုက်လျောပေးကြဖို့တိုက် တွန်းလိုပါတယ်။ အခုဒီဆွေးနွေးပွဲကို သျှမ်းနီ တိုင်းလျဲန်များ တက်ရောက်လာတာကို တွေ့ရတဲ့အတွက်ကြောင့်အလွန်ဘဲ ဝမ်းမြောက်ဂုဏ်ယူမိ ပါတယ်။ တိုင်းလျဲန်တွေတက်လာတဲ့ အတွက်ဒီဆွေးဒနွေးပွဲဟာဖြင့် အနှစ်သာရပိုရှိလာပြီး ပိုပြီးအသက်ဝင်လာတယ်လို့ဆို လို့ရပါတယ်။ အမြဲတမ်းလဲ မျှော်လင့်ကြိုဆို ပါတယ်။
ဒါကြောင့် ဒီဆွေးနွေးပွဲ ကနေ ရှေ့အနာဂတ်ခရီးကို ဘယ်လိုပုံဘယ်လိုနည်း ဝိုင်းဝန်း လုပ်ဆောင်ကြရင်ပိုပြီးခိုင်မာလာမလဲ ပိုပြီးစည်းလုံးညီညွတ်လာမလဲဆိုတာ နည်းလမ်းရှာအကြံပြုပေးကြစေလိုပါတယ်။ ဒီကနေတဆင့်ခွဲ ဝေတာဝန်ယူမှုအပိုင်း မှာ ဘယ်ဌာနကိုဖြင့် ဘယ်သူ ဘယ်အဖွဲ့အစည်းက တာဝန်ယူလုပ်ဆောင် သွားမယ်ဆိုတဲ့အဆင့်အထိ ချမှတ်သွားနိုင်မယ် ဆိုရင် ဟာကွက်မရှိ တပြေးညီတိုး တက်လာမှာမလွဲပါဘူး။ တဦးပေါ်တဦး အပြန်အလှန်လေးစားမှု ညှိနှိုင်းမှု ပွင့်လင်းမှု အချင်းချင်းရိုင်းပင်းကူညီမှု တွေကနေတဆင့် ယုံကြည်မှုတွေကို ခိုင်မာစွာတည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။ မိမိတို့ သျှမ်း တိုင်းရင်းသား အချင်းချင်း ကြားယုံကြည်မှုခိုင်ခိုင်မာမာ မတည်ဆောက် နိုင်သေးသရွေ့ ကျန်ညီနောင်တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက် ဖို့မဖြစ်နိုင််ပါဘူး။ ပထမအဆင့်မပြီးသေးဘဲ ဒုတိယအဆင့် ကိုတက်လှမ်းလို့ မရနိုင်ပါဘူး။
ဒါကြောင့် ဒီဆွေးနွေးပွဲကိုတက်လာတဲ့သျှမ်းတိုင်းရင်းသားအသီးသီးဟာ ကိုယ့်လူမျိုးရဲ့ဂုဏ်သိက္ခာကိုငဲ့ညှာသောအားဖြင့် ခိုင်မာတဲ့ ယုံကြည်မှုကို တည်ဆောက်ချမှတ်နိုင်မယ်လို့ လေးလေးနက်နက် ယုံကြည်မိပါတယ်။ နောက်ဆုံးအနေနဲ့ တဦးအပေါ်တဦး မာန်မာနတွေကိုဘေးဖယ်ထားပြီး ဂိုဏ်းဃနစွဲ အဖွဲ့အစည်းစွဲထားခဲ့ပြီး အချင်းချင်းအားပြိုင်ခဲ့တဲ့ သမိုင်းစာမျက်နှာ ကိုပြည်ဖုံးကားချပြီး သစ်လွင်တောက်ပတဲ့ တသက်နဲ့တကိုယ် တခါမှမကြုံ ဖူးသေးတဲ့ ပြည်သူတွေအားကိုး တကြီးမျှော်လင့် တောင့်တနေတဲ့ သမိုင်းစာမျက်နှာသစ်ကို ဝိုင်းဝန်းရေးသား အကောင်အထည် ဖော်သွားကြပါစို့လို့ တိုက်တွန်းပြောကြား ရင်းနဲ့ဘဲ နိဂုံးချုပ်လိုက်ပါတယ်။
စိုင်းမောင်တင်
လဲချား ပြည်သူ့လွှတ်တော်အမတ်
Joint Secretary, SNDP