လေးစားအပ်ပါသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းညီလာခံသို့ တက်ရောက် အားပေးချီးမြင့်ကြသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးစိုးသိန်းနှင့် တာဝန် ရှိလူကြီးမင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါသည်ခင်္ဗျား။
မူလက ကျနု်ပ်ကိုယ်တိုင် ဤညီလာခံကြီးကို တက်ရောက်မည်ဟု ရည်မှန်းထားသော်လည်း ကျနု်ပ်၏ ကျန်းမာရေးအခြေ အနေကြောင့် မတက်ရောက်နိုင်ခဲ့သည်ကို ခွင့်လွှတ်ပေးစေလိုပါ သည်။
ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ပြည်ထောင်စု ပြုပြင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ မိမိတို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ အမြင်သဘော ထားများကို အချက် (၆) ချက်ဖြင့် တင်ပြလိုပါသည်။
၁။ ပြည်ထောင်စုကြီးကို (၈) ပြည်နယ်သို့မဟုတ် ပြည်နယ်နှင့်တိုင်း (၁၄)ခုပါ ပြည်ထောင်စုစစ်စစ်ဖြင့် တည်ဆောက်ပါက တိုင်းရင်းသားများအားလုံး လက်ခံမည်ဖြစ်ပါသည်။ မိမိတို့ RCSS သည်လည်း ဖက်ဒရယ်မူကို လက်ခံပါသည်။ သို့သော် တိုင်းနှင့်ပြည်နယ်များကို ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီနည်းကျသော လွတ်လပ်ခွင့်များအား ပေးအပ်ရပါမည်။ ပြည် နယ်နှင့်တိုင်းများ၏ ၀န်ကြီးချုပ် များကို ဗဟိုအစိုးရမှ ခန့်အပ်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူလူထုမှ တိုက်ရိုက်ရွေးကောက် တင် မြှောက်ရပါမည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွင်လည်း အာဏာများကို တိတိကျကျ ခွဲခြားပြဌာန်း ပေး ရပါမည်။ ပြည်နယ်နှင့်တိုင်းအစိုးရများမှ ဗဟိုအစိုးရ၏အာဏာများကို သတ်မှတ်ပေးရပါမည်၊ အာဏာမည်မျှပေးမည်ကို ပြည်သူများက အဆုံးအဖြတ်ပေးရပါမည်။ နိုင်ငံ တော်သမ္မတကိုလည်း ပြည်သူများမှ တိုက်ရိုက်ရွေးကောက် တင်မြှောက် ရပါမည်။
၂။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များကို အခွင့် အရေးများ ပေးသင့်ပါသည်။ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းနှင့် အခြေခံဥပဒေပြင်ဆင်ရေးကို လမ်းပိတ်မထားသင့်ပါ။ အားလုံး လက်ခံနိုင်သည့် အခြေခံဥပဒေဖြစ်မှသာ ဒီမိုကရေစီနိုင်ငံအသွင် ပေါ်မည်ဖြစ်ပါသည်။ အတင်းအကြပ် ဒီမိုကရေစီကို မလို လားပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ရာ၌ လက်နက်ကိုင်တိုင်းရင်းသား အစုအဖွဲ့များအား ပါလီမန်ပြင်ပတွင် လွတ် လပ်စွာပြင်ဆင်ခွင့် ပေးရန် လိုအပ်ပါသည်။
၃။ တိုင်းရင်းသားလက်နက်ကိုင်တပ်များကို သက်ဆိုင်ရာပြည်နယ်အလိုက် လုံခြုံရေးတပ်ဖွဲ့အဖြစ်ထားရှိ ရမည်ဖြစ်ပါသည်။ နိုင်ငံခြားမှ တိုက်ခိုက်လာပါက စုပေါင်းကာကွယ်နိုင်ရေးအတွက် တိုင်းရင်းသား တပ်များအား ပြည်ထောင်စုတပ်မတော်တွင် ပါ၀င်ခွင့်ပေးရပါမည်။ လက်ရှိတပ်မတော်ကို အားလုံး လက်ခံနိုင်သည့် တပ်မတော်ဖြစ်အောင် ပြုပြင်ရပါမည်။ တပ်မတော် သည် နိုင်ငံရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ၀င်မစွက်ဖက်ဘဲ နိုင်ငံတော် ကာကွယ်ရေးနှင့် နိုင်ငံတော်တည်တံ့ခိုင်မြဲ ရေးကိုသာ ဆောင်ရွက်ရပါမည်။
၄။ သဘာဝအရင်းအမြစ်ဖြစ်သည့် သယံဇာတများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအစိုးရများအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်၊ ကုန်သွယ်ပိုင်ခွင့်နှင့် အကျိုးခံစားခွင့် အပြည့်အဝရှိစေရမည်။ ပြည်နယ် နှင့်တိုင်းများမှ အခွန်အကောက် များအပေါ်တွင် ပြည်ထောင်စုအစိုးရရံပုံငွေသို့ အချိုးကျ ညှိနှိုင်း၍ ထည့်ဝင်ရမည်။
၅။ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းများတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များနှင့် ပိုင်ဆိုင်မှုများကို ဥပဒေပြဌာန်းပြီး ကာကွယ်စောင့်ရှောက် ပေးရပါမည်။
၆။ နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပပေးရပါမည်။ နိုင်ငံရေးဆွေးနွေးရာတွင် လုံခြုံမှု၊ လွတ်လပ်စွာ ပြောဆိုမှု၊ တန်း တူမှု၊ တဦးအပေါ်တဦးယုံကြည်စိတ်ချမှုနှင့် အသိအမှတ်ပြုမှု စသည့်အချက်များ ရှိရပါမည်။ အထင်အမြင်မှားခြင်း၊ အထက် စီးယူခြင်းများကို ရှောင်ကြဉ်ရပါမည်။ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်သည်အထိ နှစ်ဦးနှစ်ဘက် အပစ်အခတ် ရပ်စဲထားရ ပါမည်။ တိုက်ပွဲများ ဖြစ်ပွါးခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။
နိဂုံးချုပ်အနေနှင့် စိတ်သဘောထားကျယ်ပြန့်လှသည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ညီလာခံသို့ တက်ရောက် လာကြသည့် လူကြီးမင်းများအားလုံးကို ကျေးဇူးဥပကာရ အထူးတင်အပ်ပါသည်။ အားလုံးတွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော် ဖွံ့ဖြိုးစည်ပင်ဝပြောတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင် ရွက်နိုင်ပါစေဟု ဆုမွန်တောင်းအပ်ပါသည်။
ချစ်ကြည်လေးစားစွာဖြင့်
ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်
ဥက္ကဌ
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ