“မိုင်းယင်အုပ်စု ဟော်နားရွာဘက်ကို မြန်မာစစ်ကြောင်း ရောက်တယ်။ ပြောင်းဖူးကောက်တဲ့ခြံ ဘေး ဖြတ်လာတော့ စိုင်းအောင်ဆိုတဲ့ပြောင်းခြံလုပ်သားက ပေါ် တာ ဆွဲမှာကိုကြောက်ပြီး ထွက်ပြေးဖို့လုပ် တော့ သေနတ်ပစ်ထဲ့လိုက်တော့တာဘဲ” - ဟု နမ္မတူမြို့ပေါ် ရောက် မိုင်းယင်် ရွာသားတဦးကပြောပါ သည်။
နိုဝင်ဘာ ၆ ရက် နေ့ နမ္မတူမြို့နယ် မိုင်းယင် ကျေးရွာအုပ်စုဘက် နမ့်လန် အခြေစိုက်အစိုးရတပ် ခလရ ၂၄၃ က သွားရောက်လှုပ်ရှားကြောင်း၊ အသက် ၃၅ နှစ်အရွယ် ပြောင်းခြံလုပ်သား စိုင်းအောင်က မြန်မာစစ်သားအားကြောက်ရွံ့သောကြောင့် တိမ်းရှောင်ရန် ကြိုးစားစဉ်အစိုးရတပ်က ပစ်ခတ်သော ကြောင့် ရင်ဘတ်၊ လက်၊ ပေါင်တို့ ၌ ဒဏ်ရာရရှိကြောင်း၊ ၄ နှစ်အရွယ်၎င်း၏ကလေးလဲ နှဖူး၌ ကျည်စထိမှန် ကြောင်း၊ လက်ရှိစိုင်းအောင်ဆိုသူသည် နမ္မတူဆေးရုံသို့ ရောက်ရှိနေကြောင်း ကြားသိရပါသည်။
“ဟုတ်တယ်။ ကျမလဲ လူလွတ်ပြီးသတင်းသွားမေးခိုင်းထားတယ်။ ကျားဖြူပါတီကို တိုက်ရိုက်လာတိုင် တာတော့မရှိသေးဘူး”- ဟု ပြည်နယ်လွှတ်တော်အမတ်နန်းခမ်းအေးက ပြောပါသည်။
သေနတ်ပစ်ခံရသူ စိုင်းအောင်သည် ဇနီး ၊ ၄ နှစ်သားအရွယ် သားတဦးနှင့်အတူ ပြောင်းဖူးကောက် နေစဉ် ယခုကဲ့သို့ ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း - နီးစပ်သူတဦးကပြောပါသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3637-2012-11-09-09-46-32.html