“အဆိုပြု ထားတာကတော့ နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့ရယ်။ ပြီးတော့ တပြည်လုံး အပစ်အခတ် ရပ်စဲ ရေးကို ကြေညာ ပေးဖို့ရယ်၊၊ တခါ အပစ်မရပ်ရသေးတဲ့ ဒေသမှာ နှစ်ဖက်စလုံးကို စောင့်ကြည့်မည့်အဖွဲ့ ထားရှိဖို့ရယ်။ နံပါတ် ၄ ကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။” ဟုဆိုပါသည်။
အလွတ်သဘော ဆွေးနွေး ခဲ့သူများမှာ အစိုးရဖက်မှ ဦးအောင်မင်း ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၆) ဦးနှင့် UNFC ဖက်မှ ဒုဥက္ကဌ အေဖွယ်တို့ ခေါင်းဆောင်သော ကိုယ်စားလှယ် (၉) ဦး တို့က ညနေ (၄) နာရီမှ (၅) နာရီ အထိ ဆွေးနွေး ခဲ့ကြပါသည်။
ထို့အပြင် နို်င်ငံရေး ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ၌ သွားရောက် ဆွေးနွေးရန် ကိစ္စအပေါ် အစိုးရ၏ သဘောထားကို မေးမြန်း ခဲ့သလို ရခိုင် ပြည်နယ် အရေး၌ အစိုးရ ကိုင်တွယ်မှု အနေအထား များကိုလည်း မေးမြန်း ခဲ့ပါသည်။ KIO နှင့် ဖြစ်ပွားနေသော စစ်ပွဲ အတွက် ပူးပေါင်း အဖြေရှာကြရန်နှင့် UNFC ၏ လမ်းပြမြေပုံ တို့ကို ဆွေးနွေးခဲ့ပါသည်။
“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရယူဖို့ ဆိုတာ ကျနော်တို့ ကြိုစားပေး နေပါတယ်။ ကချင်တစ်ဖွဲ့ထဲဘဲ ကျန်တော့တယ်။ ဒါကိုလဲ ကြိုးစား လုပ်ဆောင်နေတုန်းပါ။ အခြေအနေက တိုးတက်မှုတွေ ရှိပါတယ်။ ကချင်အရေးကို UNFC ဖက်က ပူးပေါင်း ဆောင်ရွက်ရင် ဒါကကောင်းတဲ့ နည်းလမ်း”ဟု ဦးအောင်မင်းက ပြောပါသည်။
ဦးအောင်မင်းသည် နောက်ထပ် တွေ့ဆုံပွဲများကို ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာအတွင်း၌ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းကြရန် ဆန္ဒရှိကြောင်း ဆိုပါသည်။ မည်သည့် အချိန်တွင် ထပ်မံ တွေ့ဆုံမည်ကို မပြောသော်လည်း ဒီဇင်ဘာ မကုန်မီ တွေ့ဆုံရန် ရှိ နိုင်ကြောင်း UNFC ဖက်က ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2341---peace-centre----.html