“လူ ၅ ယောက် လောက်ရှိတယ်။ ပြီးခဲ့တဲ့အပတ်က လာပစ်တုန်းက လက်နက်ကြီးတွေဘဲ။ အခုလဲ လက်နက်ကြီး လက်နက် ငယ်တွေနဲ့ ပစ်တယ်။ ၄-၅ အိမ်လောက်ထိမှန်တယ်။ အပျက်အစီးများတာတော့ တအိမ်တည်း။ ဒဏ်ရာ ရတာ တယောက် ဒီမနက်ဘဲ ကျောက်မဲ ဆေးရုံကို ပို့လိုက်ပြီ” - ဟု မိုင်းငေါ့ဒေသခံ အိုက်ကမ် က ပြောပါသည်။
နိုဝင်ဘာ ၁၄ ရက် (ယနေ့ နံနက် ၂: ၀၀ - ၂: ၅၀ နာရီအထိ ) အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က မိုင်းငေါ့မြို့ နယ်ခွဲ မြို့တွင်း ဝမ့်လုံရပ်ကွက်ပေါ် လက်နက်မျိုးစုံပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် အချို့အိမ် လက်နက်ငယ် ကျဉ်ဆံ ထိမှန်ကြောင်း၊ ဦးတေဇ နှင့် ဒေါ်ရွှေဌေး ၏အိမ် လက်နက်ကြီးထိမှန်သောကြောင့် အပျက်အစီးများကြောင်း၊ ထို့အတူ စိုင်းပေတင်ဆိုသူလည်း ခြေထောက်၌ ကျဉ်ဆံထိမှန်သောကြောင့် ကျောက်မဲဆေးရုံသို့ပို့ဆောင်ကုသ နေရကြောင်း နီးစပ်သည့် မိုင်းငေါ့သားတဦးက ပြောပါသည်။
“ကျနော်လဲ အခုလေးတင်ဘဲကြားရတယ်။ အခုကျနော်တို့ ပါတီရဲ့ အမတ်တဦးဖြစ်တဲ့ စိုင်းသန်းမောင်အဖွဲ့ သွားကြည့် နေ တယ် အဲဒီမှာ” - ဟု ကျောက်မဲမြို့ ကျားဖြူပါတီ ဥက္ကဌ စိုင်းခမ်းကျော် က ပြောပါသည်။
ဒေသခံများပြောပြချက်အရ သေနတ်သမားအဖွဲ့မှာ ၅ ယောက်ခန့်ရှိကြောင်း၊ ရွာဦးပိုင်း နေ၍ပစ်ခတ်စဉ် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်ပြီးတိုင်း ရယ်မောကြကြောင်း၊ ပထမဦးဆုံးသေနတ်သံကြားရစဉ် ဒေသခံများပြေးပုန်းကြသော ကြောင့် ဦးတေဇ နှင့် ဒေါ်ရွှေဌေး ကျည်ဘေးမှ လွတ်မြောက်ခြင်းဖြစ်ကြောင်း ကျောက်မဲ ရောက်ဒေသခံတဦးက ပြောပါ သည်။
သျှမ်းပြည်တပ်မတော် ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက - “ ကျနော်တို့တပ်နဲ့ အစိုးရတပ် အဲဒီဒေသဘက်မှာ တိုက်ပွဲ မကြာခဏဖြစ်တာကမှန်တယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ လူနေရပ်ကွက် ရပ်ရွာအတွင်း တကူးတက ပစ်ခတ်တာ တခါမှ မရှိဖူးဘူး။ အဲလို ဖြစ်လာတဲ့ အခါတိုင်း တိုင်းရင်းသားတပ်ဖွဲ့တွေကိုဘဲ ပုံချတယ်။ ကျနော်တို့က လူထုကို ဘာဖြစ်လို့ လုပ်မှာလဲ” - ဟု ပြောပါသည်။
ယခုလ ၉ ရက်နေ့ ဖြစ်ပွါးပြီးနောက်ပိုင်း ယခုဖြစ်ပွားမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပစ်ခတ်သူတရားခံအား မသိရသေး ပေ။
မြန်မာအစိုးရ တပ်မတော်က ဒေသအတွင်းမငြိမ်မသက်မှုအကြောင်းပြ၍ စစ်အင်အားတိုးချလိုခြင်းသာဖြစ်နိုင်ကြောင်း၊ ယခုလအတွင်း မိုင်းငေါ့မြို့နယ်ခွဲ အတွင်း၌ အစိုးရနှင့်အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားသောကြောင့် အစိုးရကအင်အားတိုးချဲ့လိုခြင်းဖြစ်နိုင်ကြောင်း၊ မိုင်းငေါ့မြို့နယ်ခွဲတွင် အစိုးရတပ် လှုပ်ရှားတပ်ရင်းများရှိနေသော်လည်း အခြေချနေထိုင်သည့် တပ်စခန်းမရှိ၊ ရဲစခန်း တခုသာရှိကြောင်း ဒေသခံ တဦးက ပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3651-2012-11-14-09-54-47.html