November 7, 2012
ငြိမ်းချမ်းရေးတနှစ်ပြည့် RCSS/SSA ဥက္ကဌအမြင်
မေး။ ။ ဟုတ်ကဲ့။ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးတာ ဒီလ ၁၉ ရက်ဆိုရင် ၁ နှစ်ပြည့်တော့မယ်။ ဒီ ၁ နှစ်တာကာလအတွင်းမှာ သျှမ်းပြည်တပ်မတော်ဘက်က လက်တွေ့အကောင်အထည်ဖော်ခဲ့ရတာတွေကိုပြောပြပေးပါလား။
ဖြေ။ ။ ၁ နှစ်တာကာလအတွင်းမှာ လက်တွေ့အကောင်အထည်ဖော်နိုင်တာ ဘာမှမရှိ။ မြန်မာ စစ်တပ်ဘက်က ကျနော်တို့တပ်စခန်းတွေကို တက်တိုက်နေလို့ပါဘဲ။ တနှစ်တာအတောအတွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲ ၃၂ ကြိမ်လုံးလုံး ကျနော်တို့ဘက်က ခုခံတာဘဲ။ သူတို့ကျတော့ အထက်က တိုက်ခိုင်းလို့ တိုက်နေတာ ဖြစ်တယ်။ ကျနော်တို့က တိုက်ပွဲဖြစ်တဲ့အခါတိုင်း ဦးအောင်မင်း ဆီစာရေး အကြောင်းကြားတယ်။ ထိရောက်အောင် တားဆီးပေးနိုင်စွမ်းမရှိဘူး။ နောက်တခု ကျနော်တို့ တပ်သား မိသားစုနေရာချထားရေးအတွက် မုံးတော့ မုံးထားပေးတယ်လို့သဘောတူညီချက်မှာပါပေမယ့် ခုထိဘာမှမဖြစ်လာသေးဘူး။ ကျနော်တို့ အဲဒီကိုနေရာပြောင်းရွှေ့ချဖို့ တပ်သားမိသားစု ၁၀၀၀ ပြင်ဆင် ထားတယ်။ နေရာချဖို့မပြောသေးနဲ့ ရှေ့ ပြေး ပြင်ဆင်ဖို့ တပ်သား ၆၀ ပို့ထားတာတောင်မှ ဘာမှ လှုပ်ရှားခွင့်မရှိသေးဘူး။ လှုပ်ရှားလို့ မရသေး ဘူး။ မြန်မာစစ်တပ်ဘက်က လိုက်ပြီး ခွင့်မပြုလို့ဘဲ။
မေး။ ။ တိုက်ပွဲပေါင်း ၃၀ စလုံးမှာ မြန်မာအစိုးရဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖက်က စတိုက်တယ် လို့ပြောတယ်။
ဖြေ။ ။ အဲတာသူတို့ပြောတာဘဲလေ။ သက်သေက လူထုရှိတာဘဲ။ လူထုမြင်တယ်။ လူထုသိတယ်။ မိုင်းပန်မြို့ နောင်လေမှာ အပစ်ရပ်ပြီး ကတည်း က ကျနော်တို့ တပ်ဖွဲ့နေထိုင်လာတယ် ၈ လတာ ကာလ အတွင်း။ ဒါကိုမြန်မာစစ်တပ်က ၃ တပ်ရင်းနဲ့တက် တိုက်ဖို့အမိန့် ထုတ်တယ်။ မိုင်းစစ် လိုင်ခါး မှာ ၄၂၅၊ ၄၂၂ - နှစ်ဖက်ညှပ်ပြီးတိုက်တယ်။ ဒါတွေအကုန်လုံးလူထု မြင် တယ်။ သူတို့အခုလို ပြော တာက ခေါင်းရှောင်ဖို့ဘဲလေ။
မေး။ ။ သျှမ်းတပ်ဘက်က စတိုက်တာ ရှိခဲ့ဖူးလား။
ဖြေ။ ။ ကျနော်တို့ဘက်က စတိုက်ရင်တော့ သူတို့ ဒီထက်ပိုပြီး ကျမှာပေါ့ဗျ။ အခု ကျနော်တို့က ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ဘဲ။
မေး။ ။ နှစ်ဦးနှစ်ဘက်ကြားက ယုံကြည်မှုတည်ဆောက်ရမယ်ဆိုကြတဲ့အတိုင်း စဝ်ယွက်စစ်တို့ အနေနဲ့လဲ အစိုးရနဲ့ မကြာခဏ ဆွေးနွေးခဲ့တယ်။ သို့ပေမယ့်လဲ တိုက်ပွဲတွေက ဆက်ဖြစ်နေ သေးတယ်။ ဒီတိုင်းဆက်သွားနေရင် ယုံကြည်မှုက တည်ဆောက်လို့ရနိုင်မယ်လို့ ထင်လား။
ဖြေ။ ။ အစိုးရအပေါ် စစ်တပ်အပေါ်မူတည်တယ်။ အစိုးရက ဘယ် လောက်ထိ ငြိမ်းချမ်းရေးလိုချင်လဲ၊ ယုံကြည်မှုဘယ်လောက်ထားရှိချင်လဲဆိုတာ သူတို့ပေါ်မှာမူတည်တယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးအတွက် သူတို့ဘက်က စတင်ကမ်းလှမ်းတာဘဲလေ။
မေး။ ။ ဒီလိုဆိုရင် ယုံကြည်မှုရဖို့အတွက် ဘာတွေအဓိက ရှိဖို့လိုအပ်တယ်လို့ထင်ပါသလဲ။
ဖြေ။ ။ ၁- တပ်မှူးတွေ အစိုးရနဲ့ နားလည်အောင်လုပ်ရမယ်။ အစိုးရနဲ့ တပ် တခြားစီ မဖြစ်စေချင်ဘူး။
၂- စစ်တပ်နဲ့အစိုးရ ၂ ယောက်စလုံး ဒေသခံပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို စိတ်ပိုင်းဆိုင်ရာ ကုသပေးသင့်တယ်။ ခွင့်လွတ်နားလည်ပေးနိုင်တဲ့အထိပေါ့နော်။
၃- နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ အမြန်ဆုံးကျင်းပ သင့်တယ်။ ဒီ ၃ ချက်အဓိက ဘဲ။ ဒီဟာလုပ်နိုင်ရင် အစိုးရကို ယုံကြည်နိုင်ပြီလို့ ပြောလို့ရပါပြီ။
မေး။ ။ ဒီလိုဆိုရင် တိုင်းရင်းသားတွေအပေါ် အစိုးရက ယုံကြည်လာအောင် ဘာတွေလုပ်သင့်သလဲ။
ဖြေ။ ။ အစိုးရက အပေါ်စီးကနေ ကျနော်တို့ကို တိုက်ခိုက်တဲ့သူပါ။ ကျနော်တို့ကသာ အောက်ကနေ ခံစစ်ဆင်ရတဲ့သူပါ။ နားလည်မှုရှိအောင်ယုံကြည်မှုရှိလာအောင်လဲ သူတို့ဘက်ကလုံး၀ မကြိုးစားဘူးလေ။ တနှစ်အတွင်းမှာဘဲ ၃၂ ကြိမ်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လေ။ မကြာသေးခင်ကဘဲ ပင်လုံမြို့ဘက်မှာ မြန်မာစစ်တပ်က ဝင်ပြီးတိုက်ခိုက်သေးတယ်လေ။ ရွာသူ ၂ ယောက်ကို ပစ်ခတ်မိလို့ သေတာရှိတယ်လေ။
ဒါကြောင့် တနှစ်အတွင်း မှာ လက်တွေ့အကောင်အထည်ဖော်နိုင်တာ ဘာမှမရှိသေးဘူးလို့ပြောရမယ်။ အပစ်ရပ်တယ်ဆိုတာ စကားဘဲရှိတယ်လေ။ နိုင်ငံရေးဆွေးနွေးတာလဲဘာမှမရှိသေးဘူး။ နယ်မြေဖွံ့ဖြိုး ရေးဆိုတာကလည်း မုံးတော့ မုံးထားပေးမယ်လို့ပြောပေမယ့် ခုထိ တခွန်းမှမဟ သေးဘူး။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတာ ပြီးခဲ့တဲ့အပတ်က တာချီလိတ်မှာဆွေးနွေးတယ်။ သဘောတူညီမှု မရသေးတော့ ဘာမှမလုပ်နိုင်သေးဘူး ဆိုတော့ ဘာမှ အကောင်အထည်မဖော်နိုင်သေးဘူးလို့ပြောရမှာပါ။
မေး။ ။မုံးတော့ မုံးထားမှာ တပ်မချနိုင်သေးတဲ့အကြောင်း အစိုးရကို ထပ်ပြီး သတိပေးမေးမြန်းတာ မရှိဘူးလား။
ဖြေ။ ။ ဘယ်လောက်ဘဲမေးမေး ဘယ်လောက်ဘဲ သူတို့က ပေးတယ်လို့ဖြေဖြေ အဲဒီနေရာကနေ သူတို့တပ်စခန်းမခွါပေးရင် ဘယ်လိုလုပ်သွားနေနိုင်မလဲ။ ကျနော်တို့သွားနေရင်လဲ ချဖို့ဘဲရှိတော့တယ်လေ။
မေး။ ။ ရှေ့ရေးအတွက် ဘာဖြစ်လာနိုင်မလဲ။
ဖြေ။ ။ အစိုးရမှာဘဲမူတည်တယ်။ လူထုကို မရှင်းပြရင်၊ ဒီတိုင်းဘဲဆက်သွားမယ်ဆိုရင် အခြေအနေ ဟာ အရင်အတိုင်းဘဲပြန်ဖြစ်သွားမယ်။ တိုက်ပွဲတွေလဲ ဒီထက်ပိုပြီးဆိုးဆိုးရွားရွားဖြစ်လာနိုင်တယ်။
မေး။ ။ ဒီလိုဆိုရင် ငြိမ်းချမ်းရေး ဖျက်သိမ်းဖို့ အခြေအနေစောင့်ကြည့်ဖို့အချိန်သတ်မှတ်ထားလား။ ဖြေ။ ။ မသတ်မှတ်ထားဘူး။ တိုက်ပွဲဖြစ်ပွါးတဲ့အကြိမ်တိုင်း ဦးအောင်မင်းနဲ့ ဆက်သွယ်မယ်။ တိုက်ပွဲတွေဆက်ဖြစ်နရင် ကျနော်တို့ ဆက်လက်ခုခံသွားမှာဘဲ ။ ခုခံတာများသွားရင် ငြိမ်းချမ်းရေး ဟာလဲ အလိုလိုပျက်စီးသွားလိမ့်မယ်။
မေး။ ။ နောက်တကြိမ်တွေ့ဆုံဖို့ သတ်မှတ်ပြီးပြီလား။
ဖြေ။ ။ ဒီမဝေးတော့တဲ့ကာလမှာနောက်တကြိမ်တွေ့ဖို့ ရှိသေးတယ်။ တောင်ကြီးမှာဖြစ်နိုင်မယ်။ ရက်မသတ်မှတ်ရသေးဘူး။ ငြိမ်ချမ်းရေးစောင့်ကြည့်ရေးအဖွဲ့အတွက် ဆွေးနွေးမယ်လို့စီစဉ်ထားတယ်။
မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အပေါ် ဘယ်လိုသုံးသပ်ပြောဆိုချင်ပါသလဲ။
ဖြေ။ ။ ထပ်ပြီး များများတွေ့ဆုံမယ်။ များများပြောဆိုဆွေးနွေးကြမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိမယ်။
http://www.burmese.panglong.org/interview/104-2012-01-25-04-07-20/3628--rcssssa-.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။