December 4, 2012

အစိုးရတပ် ကချင်ရွာကို ပစ်ခတ်၊ ၂ ဦးသေ


၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကချင်ဒေသအတွင်း တွေ့ရသော အစိုးရ စစ်ကြောင်းတခု (ဓာတ်ပုံ – Kachinnet)
ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ အစိုးရ ရိက္ခာသယ်ယာဉ်တန်း ဖြတ်သန်းနေစဉ် လမ်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်တန်းက အနီးရှိ ကချင်ရွာ ၂ ရွာကို ပစ်ခတ်ခဲ့ရာ ရွာခံ ကျောင်းသားတဦးနှင့် ရွာသားတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားကြောင်း ရွာခံများက ပြောသည်။
ပစ်ခတ်ခံခဲ့ရသည့် ရှဒူးဇွပ်နှင့် အောင်ရာ ရွာများသည် ကချင်တိုင်းရင်းသား အများစုနေထိုင်သည့် ရွာများဖြစ်ပြီး အောင်ရာရွာသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကချင်ပြည်နယ် ခေါင်းဆောင် ဒေါ်ဘောက်ဂျာ နေထိုင်ရာ ကျေးရွာဖြစ်သဖြင့် ပစ်ခတ်မှုများကို ကိုယ်တိုင် ကြားသိခဲ့ရကြောင်း ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။
“အဲဒီအချိန်က ကျမ ရွာထဲမှာရှိတယ်။ သေနတ်သံကြားတော့လည်း ပုန်းနေရတာပေါ့။ ငြိမ်သွားမှ လိုက်ကြည့်တော့ ဟိုဘက်က ရှဒူးဇွပ်ရွာက အသက် ၄၁ နှစ်အရွယ် ဦးကွမ်ထက်နော် ဆိုတဲ့လူ ပွဲချင်းပြီး ဆုံးသွားတယ်။ မူလတန်း ကျောင်းသား ဖိုးချစ်ဆိုတဲ့ ကောင်လေးကတော့ ပေါင်မှာ ကျည်ဆံထိတာ မြစ်ကြီးနားဆေးရုံသွားရင်းပဲ လမ်းမှာဆုံးသွားတာ” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
သေနတ်ဒဏ်ရာနှင့် နေရာတွင် ပွဲချင်းပြီးဆုံးသွားသော ဦးကွမ်ထက်နော်မှာ ရွာပြင်လမ်းမပေါ်တွင် ဆုံးသွားခြင်းဖြစ်ပြီး မောင်ဖိုးချစ်နှင့် ဒဏ်ရာရသူ ၃ ဦးမှာ ရွာထဲတွင် ပုန်းနေစဉ် ကျဉ်ဆံထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခု ပစ်ခတ်မှုကြောင့် ထိုကျေးရွာ ၂ ရွာရှိ လူနေအိမ်များ၊ ဘုရားရှိခိုးကျောင်းများ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
စစ်ကား အစီး ၃၀ ခန့် ပါဝင်သော စစ်တပ်ယာဉ်တန်းသည် မြစ်ကြီးနားမှ တနိုင်းမြို့ဘက်သို့ လီဒိုလမ်းမကြီးအတိုင်း တက်လာစဉ် ရှဒူးဇွပ်ကျေးရွာအနီး အရောက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး အစိုးရတပ်များက အနီးရှိ ကျေးရွာများနှင့် တောများအတွင်း ပစ်ခတ်ခဲ့ရာမှ ရွာသားများ ယခုကဲ့သို့ ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့က ကားအစီးရေ တွက်ကြည့်နေတုန်း ခနပဲရှိသေးတယ်၊ ပေါက်ကွဲသံကြားပြီး ပစ်တာ။ ပစ်တာကလည်း တဖက်တည်း။ အဲဒါလည်း ရန်သူကို ပစ်တာမဟုတ်ဘဲနဲ့ ကျနော်တို့ ရွာတွေဘက်ကိုပဲပစ်တာ အိမ်ခေါင်မိုးတွေ၊ ထရံတွေ၊ ဘုရားကျောင်းအမိုးတွေ အကုန်စုတ်ပြတ်ကုန်တယ်။ စစ်သားတွေက ဒီရွာတွေ ကြပ်ကြပ်သတိထား မီးပါရှို့ပစ်မယ်လို့ အော်သွားသေးတယ်” ဟု ရှဒူးဇွပ်ရွာသား တဦးက ပြောသည်။
အဆိုပါ စစ်တပ်ယာဉ်တန်းသည် ရှဒူးဇွပ်နှင့် အောင်ရာ ရွာများအနီး မရောက်မီ မနက် ၉ နာရီခန့်တွင် လီဒိုလမ်းမကြီးအနီး ကြက်ဥ တောင်တန်းတွင် အပြန်အလှန် ပစ်ခတ်သံများ ကြားရကြောင်း တနိုင်းမြို့နယ် ဝါရာစု ရွာသားတဦးကလည်း ဧရာဝတီသို့ ပြောသည်။
စစ်ယာဉ်တန်း ဖြတ်သန်းသွားမည့် လမ်းကို စစ်တပ်အစောင့်များ တရက် ကြိုတင်ချထားသည်ကို တွေ့မြင်ရကြောင်း၊ ယခုဖြစ်စဉ်တွင် လမ်းဘေးမှ ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် စစ်ယာဉ်တန်းကို ထိခိုက်မှု မတွေ့ရှိရကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ အိမ်ခြေပျက်စီးမှုများကို တာဝန်ယူ ဆောင်ရွက် ပေးမည့်သူ မရှိကြောင်း သိရသည်။
ယခု နှစ်လည်ပိုင်းကလည်း ထိုနေရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခြင်းကြောင့် အစိုးရစစ်ယာဉ်တန်း ပျက်စီး၊ သေဆုံးမှုများရှိကြောင်း ဒေသခံများက ပြောသည်။
ရှဒူးဇွပ်နှင့် အောင်ရာရွာအနီး ပစ်ခတ်မှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှု မဟုတ်ဘဲ ကျေးရွာလူထုကို ပစ်ခတ်သွားမှုအပေါ် ရှုတ်ချကြောင်း၊ အစိုးရအနေဖြင့် ထိရောက် စွာ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။
“လက်နက်ကိုင် အချင်းချင်းပစ်တာ လယ်ကွင်းပေါ်မှာပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာမှာ စိန်ခေါ်ပြီးပစ်ကြပါ။ အခုလိုရွာကို သက်သက်ကြီး ပစ်တာက ပြည်သူတွေကို သက်သက်ရန်ရှာနေတဲ့ ပုံစံမျိုးပေါက်တယ်။ ကျမတို့ဒေသက ကချင်တွေ ပိုများတော့ တမင်ဖန်တီးတဲ့ ပုံစံလုပ်နေတာမျိုး ဖြစ်တယ်။ အစိုးရဟာ ပြည်သူတွေရဲ့ စားဝတ်နေထိုင်ရေးတွေ တည်ငြိမ်အောင် လုပ်ပေးရမယ့်အစား ဒီလုပ်ရပ်ဟာ တာဝန်မဲ့ရာ ကျလွန်းတယ်။ ဒါတွေဟာ ဦးသိန်းစိန် အပေါ်မှာ အဓိက တာဝန်ရှိတယ်” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း KIA ထိန်းချုပ်ရာ ဒေသများသို့ အစိုးရ စစ်တပ်များက တပ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာအင်အားများ တိုးချဲဲ့မှုများရှိနေသဖြင့် ပွင့်လင်းရာသီ ရောက်လာသည်နှင့်အမျှ တိုက်ပွဲများ အရှိန်မြှင့် လာဖွယ်ရှိကြောင်း အစိုးရတပ် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေမှုကြောင့် ၎င်းတို့ အနေဖြင့် ကြားဖြတ် တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ရလေ့ရှိကြောင်း KIA နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် ထူးခြားမှု မရှိသေးသော်လည်း ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် KIO ထိန်းချုပ်မှု အောက်ရှိ ဒုက္ခသည်စခန်းများတွင် စစ်ပြေးဒုက္ခသည် ၆၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

http://burma.irrawaddy.org/archives/27282
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India