မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပမယ့် စိတ်ချ ရတဲ့ အနေ အထားကို မရောက်သေး ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံက ပြည်သူတွေဟာ အကြောက်တရားနဲ့ ကင်းဝေးပြီ နေနိုင်တော့မှ နောက်ကြောင်း ပြန်မလှည့်နိုင်တော့မယ့် အခြေအနေ ရှိမယ်၊ အမြန်ပြောင်းလဲတာထက် အရည်အသွေးမီမီ ပြောင်းတာ ကောင်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လက်ပံတောင်းအရေး အပါအဝင် ကိစ္စရပ်တချို့မှာ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု နည်းသေးတာကိုလည်း သူက ထောက်ပြ ဝေဖန်ခဲ့ပါတယ်။
ဖက်ဒရယ် ပြည်ထောင်စု စနစ် နဲ့ ၂၁ ရာစုခေတ်စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံ ထူထောင်ဖို့ စိတ်ဝင်စား ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီအစည်း အဝေးကို လာတက်ကြတဲ့သူတွေ အများစုကလည်း ဒေါ်အောင်ဆန်း စုကြည် ပြောတဲ့ အချက်တွေကို သဘောတူ ကြမယ်လို့ ထင်ကြောင်း အစည်းအဝေး တက်ကြတဲ့ ဒေသတွင်းနဲ့ မြန်မာနိုင်ငံတွင်းက လူတွေကလည်း ပြောပါတယ်။
၈၈ အရေးအခင်းမှာ ခေါင်းဆောင် လှုပ်ရှားတဲ့အထဲမှာ ပါတဲ့ ကိုမိုးသီးဇွန်ကတော့ မြန်မာ့အရေးဟာ နောက်ပြန် ဆုတ်နိုင်တဲ့အပြင် အခုချိန်မှာ ရှေ့ကို မတိုး သေးဘူးလို့တောင် မြင်တဲ့ အကြောင်း၊ အစိုးရ အနေနဲ့ လူတွေကို ပိုမို လွတ်လပ်ခွင့် ပေးပြီး စားဝတ် နေရေး ပြေလည်အောင် အမြန် လုပ်ဆောင် ပေးသင့်ကြောင်း သုံးသပ်ပါတယ်။
http://www.bbc.co.uk/burmese/burma/2012/12/121207_dassk_asean100.shtml