January 23, 2013

သိမ်းထားသည့် BGF လက်နက်များပြန် လည်ပေးအပ်ရန် DKBA နှင့် အစိုးရ တွေ့ဆုံဆွေးနွေး

ကရင်ပြည်နယ် လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ တလျှောက် လှုပ်ရှားနေသည့် ဒီမိုကရေစီကရင် အကျိုးပြု တပ်မတော်-DKBA တပ်ဖွဲ့ဝင်များမှ ယခုလ ၅ ရက်နေ့က သိမ်းဆည်းထားသည့် နယ်ခြားစောင့် တပ်ဖွဲ့-BGF ၏ လက်နက် ၄၀ ကျော်ကို ပြန်လည်ပေးအပ် ရန် မြန်မာ အစိုးရနှင့် DKBA တို့ ယနေ့ တွေ့ဆုံဆွေး နွေးခဲ့ကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း စသည့် အဖွဲ့ဝင် ၉ ဦးနှင့် DKBA ဘက်မှ ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သည့် အဖွဲ့ဝင် ၈ ဦးတို့သည် မွန်းတည့် ၁၂ နာရီခန့်မှ ညနေ ၃ နာရီ ကျော်အထိ မြဝတီမြို့ အစိုးရရှေ့တန်းရုံးတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
DSC00805
DKBA ပြောရေးဆိုခွင့်ဖြစ်သူ ဗိုလ်မှူးစောဆန်းအောင်က “ယနေ့တွေ့ဆုံပွဲမှာ DKBA တပ်ဖွဲ့ဝင်များ သိမ်းဆည်း ထားသည့် လက်နက်များကို ပြန်လည်ပေးအပ်ရန်တို့ကိုသာ အဓိကဆွေးနွေးခဲ့တယ်။ နောက် မြိုင်ကြီးငူဒေသ တဝိုက် မှာ DKBA တပ်ဖွဲ့ဝင်တွေအတွက် သွားရေးလာရေးအခက်အခဲ၊ နယ်ခြားစောင့်တပ်များနဲ့ ဖြစ်တဲ့ ပဋိပက္ခတွေ ဆွေးနွေးဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
လက်နက်ပြန်လည် ပေးအပ်ရန် ကိစ္စနှင့်ပတ်သက်၍ DKBA ဘက်မှ BGF တပ်ဖွဲ့ဝင်များထံသို့ လက်နက် တချို့ ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်းနှင့် ကျန်နေသေးသည့် လက်နက်များကိုလည်း ပြန်လည်ပေးအပ်ရန် ပြင်ဆင် နေကြောင်း ဗိုလ်မှူးစောဆန်းအောင်က ဆက်ပြောသည်။
ဆက်လက်၍ ဦးအောင်မင်းကလည်း “ကျနော်တို့တွေ တွေ့ကြတာ တပ်နေရာချထားရေး ကိစ္စရပ်တွေ၊ ဆက်ဆံ ရေးရုံးဖွင့်မယ့် ကိစ္စရပ်တွေ၊ နောက် သူတို့(ဒီကေဘီအေ)ရဲ့ စားရေးသောက်ရေးကိစ္စရပ်တွေ ဒါမျိုးတွေ ဆေးနွေးကြပါတယ်” ဟု ပြောသည်။
ဆက်ဆံရေးကို ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံနှင့် မြိုင်ကြီးငူ စသည့်နေရာ ၄ ခုတွင် ထပ်မံဖွင့်လှစ် ရန် ရှိသည်ဟု ဒီကေဘီအေဘက်က ပြောသည်။ သို့သော် ဖွင့်လှစ်မည့်အချိန်နှင့်ပတ်သက်၍ ရက်အတိအကျ သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။
ထို့အပြင် ယနေ့တွေ့ဆုံမှုတွင် နိုင်ငံရေး၊ စစ်ရေးအရ တွေ့ဆုံဆွေးနွေးမှုမျိုးမဟုတ်ပဲ DKBA နှင့် နယ်ခြားစောင့် တပ်အကြား ဖြစ်ပွားခဲ့သည့် လက်နက်နှင့် တိုက်ပွဲပဋိပက္ခများ ထပ်မံမဖြစ်ပေါ်အောင်သာ ကတိကဝတ်ပေး သည့် ဆွေးနွေးမှုမျိုးသာ ဖြစ်ကြောင်း ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။
တချိန်တည်းမှာပင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင် ကချင်လက်နက် ကိုင်အဖွဲ့အများကို အစိုးရမှ ထိုးစစ်ဆင်တိုက်ပွဲဆင်နေမှုသည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် အဟန့်အတားဖြစ်ကြောင်းလည်း DKBA ဘက်မှ တင်ပြခဲ့သည်ကို ၀န်ကြီးဦးအောင်မင်းက လာမည့် သုံးလေးရက်တွင် ကချင်ဒေသစစ်ပွဲကိစ္စ အဆင်ပြေသွားမည်ဟု ပြောသွားခဲ့ကြောင်း ဗိုလ်မှူး စောဆန်းအောင်က ဆိုသည်။
ထို့အပြင် အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မှသာလျှင် DKBA အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပါ၀င်သွားမည်ဟုလည်း DKBA ဘက်က ပြောသည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခွဲထွက်ကာ မြန်မာစစ်အစိုးရနဲ့ ပြန်ပေါင်းပြီး နောက် ၂၀၁၀ ခုနှစ်၌ မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသည့် ဗိုလ်ချုပ်ကြီး စောလားပွယ်ဦးဆောင်သည့် အဖွဲ့က အသစ်တက်လာသည့် မြန်မာအစိုးရစစ် တပ်နှင့် တိုက်ပွဲ များပြန်လည် ဖြစ်ပွားခဲ့သည်။
တဖန် DKBA သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လဆန်းပိုင်းက မြန်မာအစိုးရနှင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ထပ်မံရရှိခဲ့သလို ၎င်းနောက်ပိုင်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA မှ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်-DKBA အဖြစ် ယနေ့အထိ ရပ်တည်ခဲ့သည်။

http://burmese.bnionline.net/index.php/news/kic/12796--bgf---dkba---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India