Friday, January 04, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တို့
တိုက်ပွဲအရှိန် မြင့်လာတာဟာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိတယ်လို့
ဗြိတိန်အစိုးရတာဝန်ရှိသူ တဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီလို
မြန်မာအစိုးရတပ်နဲ့ KIO တို့ တိုက်ပွဲဖြစ်ပွားနေတာကို
ဗြိတိန်နိုင်ငံအနေနဲ့ အထူးစိုးရိမ်မကင်း ဖြစ်ရတယ်လို့ နို်င်ငံခြားရေးနဲ့
ဗြိတိန်ဓနသဟာယရုံး ဒုတိယဝန်ကြီး Hugo Swire က ပြောပါတယ်။
AFP
ကချင်ပြည်နယ်အတွင်း ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ခိုလုံနေကြသော ကချင်ဒုက္ခသည် ကလေးငယ်နှစ်ဦးကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် တွေ့ရစဉ်။
ရန်လိုမှုတွေ အရှိန်တိုးမြင့်လာတာဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေး
ရေရှည်တည်တံ့ရေးအတွက် အန္တရာယ်သက်ရောက်နိုင်ဖွယ်ရှိတယ်လို့ Hugo Swire က
ကြေငြာချက်ထုတ်ပြန်ပါတယ်။ ဒီလိုတိုက်ပွဲတွေကို အဆုံးသတ်ဖို့ သမ္မတက
တိုက်တွန်းတာကို မြန်မာနိုင်ငံက စစ်ဦးစီးမှူးတွေက အလေးထားလိုက်နာဖို့လည်း
Hugo Swire က ပြောကြားလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ms. Nuland က
ကချင်ပြည်နယ်မှာ မငြိမ်မသက်ဖြစ်ပွားနေတာတွေကို အမေရိကန်အစိုးရအနေနဲ့
ပူပန်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းစွာ
စားပွဲဝိုင်းထိုင်ပြီး လေးလေးနက်နက် ဆွေးနွေးအဖြေရှာကြဖို့
တိုက်တွန်းကြောင်း သောကြာနေ့က ထပ်မံပြောကြားလိုက်ပါတယ်။
ဒါ့အပြင် တဆက်တည်းမှာပဲ သူက မြန်မာအစိုးရဟာ
တခြားတိုင်းရင်းသားဒေသအများအပြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ
အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းနဲ့ ကချင်ပြည်နယ်မှာလည်း
အလားတူအောင်မြင်မှုတွေ ဖြစ်ထွန်းလာတာကို မိမိတို့မြင်တွေ့လိုပါကြောင်း
ပြောဆိုခဲ့ပါတယ်
http://www.rfa.org/burmese/news/us-uk-worry-kachin-01042013215224.html
Posted in: ကချင်,ကချင်စစ်ဆင်ရေး,နိုင်ငံတကာသဘောထား,သတင်း
Email This
BlogThis!
Share to Facebook