ဦးကျော်ဇံသာ ။ ။ KIA KIO ခေါ် ကချင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစုနှင့် မြန်မာစစ်အစိုးရတို့ဟာ အပစ်အခတ် ရပ်စဲရေးရယူခဲ့ကြတာ ၁၇နှစ် ကြာခဲ့ပြီးတဲ့နောက် တိုင်းရင်းသားတပ်ဖွဲ့တွေကို စစ်တပ်ရဲ့ လက်အောက်ခံ နယ်ကြားစောင့်တပ်ဖွဲ့အဖြစ် အပြောင်းအလဲ ဖွဲ့စည်းရေးလုပ်လာတဲ့အတွက် အခြေအနေ ပြန်လည်းတင်းမာသွားခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်ဘက်က KIA နယ်မြေ အနီးတဝိုက်ဒေသအထိ အကြောင်းကြောင်းကြောင့် ဝင်ရောက်တပ်စွဲမှုတွေ လုပ်လာတဲ့အတွက် နောက်ဆုံးမှာ တိုက်ပွဲတွေ ပြန်လည်စတင် ဖြစ်ပွားခဲ့ပါတယ်။ ငြိမ်းချမ်းရေး၊ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်နေပါတယ်ဆိုတာ ကြားနေရပေမယ့် အဖြေမထွက်ပဲ စစ်ရှိန်ပိုပိုမြှင့်လာခဲ့ပါတယ်။ တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးပြဿနာ မပြေလည်လို့ လက်နက်ကိုင် ဖြေရှင်းရတဲ့ တစ်နည်းပြောရင် နိုင်ငံရေးပြဿနာရဲ့နောက်ဆက်တွဲသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီပြဿနာမှာကော နိုင်ငံရေးအားဖြင့် ပြေလည်မှုရမယ်ဆိုရင် ဒီစစ်ရေး ပြေလည်သွားနိုင်စရာ မရှိဘူးလား ဆရာ။
ဒေါက်တာလဂျာ ။ ။ ရှိတာပေါ့။ သူတို့က ဒီအပစ်ရပ် Ceasefire Agreement လက်မှတ်ထိုး ကြရအောင်ဆိုတဲ့ကိုပဲ လာလာပြောနေတော့ နိုင်ငံရေးကိစ္စတွေကို ဘယ်လိုသွားကြရအောင် ဆိုကြရအောင် ဆိုတာတွေ မရှိသလောက် မပါသလောက် ဖြစ်နေတော့ နိုင်ငံတကာကို ကျနော်တို့အားလုံး Ceasefire ဖြစ်သွားပါပြီဆိုတဲ့ ဟာလောက် ပြောပြရုံလောက် ပြောပြဖို့အတွက် ဖြစ်သလိုလို အဲလိုခံစားမှုတွေလည်း ရှိခဲ့တာပေါ့။
ဦးကျော်ဇံသာ ။ ။ အစိုးရဘက်ကနေပြီးတော့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ် ဒီ Ceasefire တွေပြီးရင် လုပ်နိုင်ပါတယ်၊ ဘာညာပြောတာကြတော့ ဆရာတို့ Ceasefire ကို လုပ်လိုက်နိုင်ရင် အဲဒီနိုင်ငံရေး ဆွေးနွေးပွဲကြီးကော ဖြစ်မလာနိုင်ဘူးလား ဆရာ။
ဒေါက်တာလဂျာ ။ ။ အဲဒါကို ကျနော်တို့က ထပ်ညှိရဦးမယ်။ အဲဒါတွေ ရှိတယ်ဗျ။ ဆိုလိုတာက ဘယ်လိုပုံစံမျိုးလဲဆိုတဲ့ဟာ အစိုးရဘက်က ကျနော်တို့ကို ဖိတ်ခေါ်လာတဲ့ အချက်တွေကလည်း ဒါကို ဦးကျော်ဇံသာလည်း သိပြီးသားပဲ။ အချက် (၈) ချက်ပါတဲ့ဟာတွေ။ ၂၀၀၈ အခြေခံ ဥပဒေအတွင်းကဟာတွေ၊ နိုင်ငံရေးပါတီဖွဲ့ဖို့၊ နောက်လွှတ်တော်ထဲဝင်ဖို့ ကိစ္စတွေ။ အဲဒါတွေကိုကြတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တင်မကဘူး အဲဒါကိုက လက်ခံဖို့ရန် တော်တော်လေး ဟိုဒင်း ဖြစ်ကြတယ်။ ဆိုတော့ ဒီကိစ္စမှာ ဘယ်လို အခိုင်အမာ ဘယ်လို grantee ရှိရှိဆွေးနွေးကြမလဲ ဆိုတဲ့အပိုင်း။ ကျနော်တို့ဘက်က KIO ဘက်ကတင်ထားတာလဲ အဲဒါပဲ။ grantee ရှိနိုင်အောင်ကလည်းပဲ ကျနော်တို့ အချင်းချင်းဟာ ဒီယုံကြည်မှုကို တည်ဆောက်မှုမှာ ခက်ခဲနေတဲ့ဟာတွေကိုကြည့်ပြီး ဘက်လိုက်မှုမရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းက စိစစ်တဲ့အနေနှင့်သော်လည်းကောင်း ပါဝင်ပြီး လုပ်ကြရအောင်ဆိုတဲ့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အာမခံချက်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ အဓိကအားဖြင့် ကျနော်တွေ့တာကတော့ တိုင်းရင်းသားတွေကိုလည်း ကျနော် မေးပါတယ်။ များသောအားဖြင့်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီးတော့ ဘဝင်မကျဘူး တိုင်းရင်းသားတွေက။ ဒီ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းမှာ သူတို့က နိုင်ငံရေးဆက်ပြီးတော့ မလုပ်ချင်ဘူး။ ဆိုတော့ ၂၀၀၈ကို ပြင်မဲ့ကိစ္စကိုလည်းပဲ တိုင်းရင်းသား ပေါင်းစုံဆွေးနွေးတဲ့နေရာမှာ တင်ပြဆွေးနွေးဖို့ဆိုတာကော မဖြစ်နိုင်ဘူးလား ဆရာ။
ဒေါက်တာလဂျာ ။ ။ ဆိုလိုတာက ၂၀၀၈ ကိုလည်း ဆွေးနွေး။ အဲဒီလိုလား။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ လွှတ်တော်တွေ ဘာတွေ မဝင်ဘဲနှင့် တိုင်းရင်းသား ပေါင်းစုံဆွေးနွေးတဲ့ပွဲ ဖြစ်ခဲ့ရင် ဆရာတို့က Ceasefire လုပ်လိုက်ရင် တိုင်းရင်းသားတွေအားလုံးလည်း Ceasefire ဖြစ်သွားပြီ။ အဲဒီလိုဆိုရင် နောက်တစ်ဆင့်တက်ပြီးတော့ သူတို့က ဒါတိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ် ဆိုကြပါစို့။ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲကြရင် ၂၀၀၈ ဖွဲ့စည်းပုံကိစ္စကို ဆရာတို့က မလိုလားဘူးဆိုတာ ထပ်ပြီး တင်ပြလို့ကော မဖြစ်နိုင်ဘူးလား ဆရာ။
ဒေါက်တာလဂျာ ။ ။ ဖြစ်နိုင်တာပေါ့။ ဒါကတော့။ ကျနော်တို့က အဲဒါကြောင့် လွှတ်တော်ပြင်ပမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး အပစ်ရပ်တာရော၊ မရပ်တာရော အားလုံးက အစိုးရနှင့် ဒီဟာကို ဆွေးနွေးချင်တယ်။ ဒီတော့ သဘောတူညီမှု ရရှိလာတဲ့အခါကြတော့ ဒါလွှတ်တော် ဒါကတော့ အတည်ပြုပြီး လက်တွေ့ကျင့်သုံးသွားရမဲ့ကိစ္စ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဒါပေမယ့် အခုလောလောဆယ်မှာက ကချင်တိုင်းရင်းသားတွေနှင့် ဒါက အပစ်အခတ် ရပ်စဲရေးမရှိသေးတော့ တိုင်းရင်းသားပေါင်းစ ုံဆွေးနွေးပွဲဆိုတာ ဖြစ်နိုင်ပါ့မလား ဆရာ။ ကျနော် အဓိက သိချင်တာက အဲဒါပါ။ လွှတ်တော်ပြင်ပမှာ တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲဖြစ်နိုင်ဖို့အတွက်ကော ဆရာတို့နှင့် အစိုးရနှင့်ကြားမှာ အပစ်အခတ် ရပ်ဖို့မလိုဘူးလား … ပထမ။
ဒေါက်တာလဂျာ ။ ။ အဲဒါကို ကျနော်တို့က အပစ်အခတ် ရပ်ဆိုင်းပြီး နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကို အခုလောက် ဒီလိုတကယ့် ထိုးစစ်ကြီးကို စွဲစွဲမြဲမြဲ နေ့စဉ်နှင့်အမျှ လေကြောင်းကကော လက်နက်ကြီးတွေကအစ အားလုံးနှင့် အဲဒီလောက်ကြီး ဖြစ်နေတော့ အခုကျေးရွာတွေ ကချင်ကျေးရွာတွေဆိုရင် အားလုံး နဂိုက ကျန်နေတဲ့ အိမ်တွေတောင်မှ အခု လိုက်လံပြီး ဒီ သုံးလေးငါးရက်အတွင်းမှာ အားလုံးမီးရှို့တယ်။ နောက် ကချင်ရွာသား မြင်လို့ရှိရင်တော့ ဒါအမျိုးမျိုးပေါ့ Violation က အမျိုးမျိုး ဖြစ်နေတယ်။ Human Rights တွေက။ ဆိုတော့ အဲလောက်ဖြစ်နေတဲ့ အချိန်မှာ အခု ဗဟိုကတော့ ကျနော်တို့ ဒီဟာကို နိုင်ငံရေးအရ တွေ့ဆုံကြမယ်ဆိုတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ဦးအောင်မင်းလည်း စာပို့တယ်လို့ ကြားရတယ်။ ဒါပေမယ့် အခုက ဘယ်လိုမှ ပြန်ကြားနိုင်တဲ့ အဆင့်ကို မရောက်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်။
ဦးကျော်ဇံသာ ။ ။ စစ်ရေး၊ နိုင်ငံရေးတင်မက စီးပွားရေးအားဖြင့်လည်း ကချင်ဒေသရဲ့ သံယံဇာတတွေဟာ စစ်အစိုးရနှင့် အလွမ်းသင့်တဲ့လူတွေ အများကြီး ထုတ်ယူနေကြတယ်။ တိုင်းရင်းသား ဒေသခံတွေရဲ့အကျိုးစီးပွား သိပ်နစ်နာတယ်ဆိုတဲ့ အမြင်ရှိတယ်လို့လည်း သုံးသပ်ကြတဲ့လူတွေ ရှိပါတယ်။ အဲဒီလို စီပွားရေး ခံပြင်းမှုနှင့် နိုင်ငံရေးအားဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးချင်တဲ့ဆန္ဒ ဘယ်ဟာပိုပြီးတော့ အရေးကြီးမယ်၊ ဘယ်ဟာ ပိုပြီးပြင်းထန်မယ် ထင်ပါသလဲ။
ဒေါက်တာလဂျာ ။ ။ ကျနော်တို့ KIO အဖွဲ့အစည်းကတော့ ဒီတည်တံ့ခိုင်မြဲတဲ့ အဓိပ္ပာယ်ရှိတဲ့ ပြည်ထောင်စုကြီး တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုကြီး Federal စနစ် Federal ပြည်ထောင်စု ဆိုပါတော့ အခုကတော့ အရင်ကတော့ ကျနော်တို့ အမြဲတမ်းဘဲ စစ်မှန်သော ပြည်ထောင်စုလို့ ပြောဆိုကြပါတယ်။ အဲဒီလိုဟာမျိုး နိုင်ငံရေးနှင့် ဖြေရှင်းဖို့က အင်မတန် ခိုင်ခံ့မဲ့ ရေရှည်တည်တံ့မယ့်၊ ငြိမ်းချမ်းသာယာမှု တိုးတက်မှုဖြစ်မယ်လို့ ယုံကြည်တယ်။
ဦးကျော်ဇံသာ ။ ။ စောစောက ပြောတဲ့အထဲမှာ နိုင်ငံခြားက ဘက်လိုက်မှုမရှိတဲ့ သမာသမတ်ရှိတဲ့ လူရဲ့ ကြီးကြပ်မှုအောက်မှာ အာမခံချက်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုးလုပ်ချင်တယ်ဆိုတာ။ ပြည်ထောင်စုအထဲက ပြည်ထောင်စု တိုင်းရင်းသားတွေအထဲက အရင်တုန်းကလည်း Ceasefire စေ့စပ်ပေးခဲ့ဖူးတဲ့ တိုင်းရင်းသား လူထုလေးစားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိကြပါတယ်။ အဲပုဂ္ဂိုလ်တွေနှင့် ဖွဲ့စည်းပြီးတော့ ကြီးကြပ်ပြီး သူတို့ရဲ့ အောက်မှာဆွေးနွေး သူတို့ရဲ့ ကမကထပြုမှုအောက်မှာ ဆွေးနွေးရင်ကော မရဘူးလား ဆရာ။
ဒေါက်တာလဂျာ ။ ။ ကျနော်တို့က ဒီနိုင်ငံတကာကလည်းပဲ ကမ္ဘာကလည်း သိရှိနိုင်အောင်ဆိုပြီး International Community တစ်ခုခုပေါ့ granter သဘောပေါ့။ ဒီဟာကို ပြုချင်တာပါ။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော် နောက်မေးချင်တဲ့ ကိစ္စတစ်ခုက ဆရာ။ ဟို ၈၈ အရေးတော်ပုံပြီးတဲ့နောက်မှာ ပြည်တွင်းက လူထုကလည်း ဆန့်ကျင်ဆန္ဒပြနေကြတယ်။ စစ်အစိုးရကို။ တိုင်းရင်းသားတွေကလည်း စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းရေးနှင့် ဒီမိုကရေစီရေးနှင့် တပေါင်းတည်းဖြစ်ပြီးတော့ တော်တော်လေး စစ်ရေး၊နိုင်ငံရေးအားဖြင့် အလားအလာ သိပ်ကောင်းနေတဲ့အချိန်မှာ KIO ဟာ ပထမဦးဆုံး စစ်အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ခဲ့ပါတယ်။ အဲဒီလို လုပ်ခဲ့တဲ့အတွက်ကြောင့် တချို့က ဟာ အဲဒီလို ဖြစ်သွားတဲ့အတွက်ကြောင့် ကျန်တဲ့ သူတို့ရဲ့ နိုင်ငံရေး၊စစ်ရေး အလားအလာ ကောင်းနေမှုဟာ အရှိန်လျော့ဆင်းသွားခဲ့တယ်လို့ ပြောနေကြပါတယ်။ ဆိုတော့ အခုအခါမှာ တစ်ဘက်ကကြည့်ရင် ဒီမိုကရေစီရေးအားဖြင့်နှင့်ဘဲ အစိုးရဘက်က လိုက်လျောမှုတွေရှိလာတယ်။UNFC က ကျန်တဲ့အဖွဲ့အစည်းတွေနှင့် လိုက်လျောမှုတွေရှိလာတဲ့အခါမှာ KIA နှင့်တစ်ခါ ထပ်ပြီးတော့ ပြဿနာဖြစ်ရပြန််ကော ဆရာ။ အဲဒါနှင့် ပတ်သက်ပြီးတော့ ဆရာဘယ်လိုပြောချင်ပါသလဲ ဆရာ။ ဟိုတုန်းကလည်း အဲဒါ…
ဒေါက်တာလဂျာ ။ ။ ဟုတ်ကဲ့။ အဲဒါ ကျနော်တို့က အခုဖြစ်ချင်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာကလည်းဘဲ။ အဲဒီဟာ ဖြစ်စဉ်မှာလည်းဘဲ သမိုင်းမှာ ကချင်။ ယခင် ကျနော်တို့ ဟိုဘက် ခေါင်းဆောင်ကြီးတွေက ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်မတန်မှ ကျနော်တို့ ဒီဟာကို လိုလားကြပြီး တည်ဆောက်ကြတယ်။ ဒါကြောင့် ယခုလည်းပဲ ဒီနှစ်ပေါင်း ၆၀ ကျော်ကျော်လောက် ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲပြီး အင်မတန်မှ ငြိမ်းချမ်းစေချင်တယ်။ ဒီ ပြည်ထောင်စုအရေးကို။ ဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းဖို့ရန်ကို အင်မတန် လိုလားတယ်။ အဲဒီတုန်းကတော့ နအဖ၊ နဝတ။ ကျနော်တို့ ဘာကြောင့် ဒီဟာကို ceasefire လက်မှတ်ထိုးရ။ ဘယ်အဖွဲ့မှ လက်မှတ်မထိုးခဲ့ပါဘူး။ Agreement။ ဒါပေမယ့် ကျနော်တို့ရဲ့ အထူးမျှော်မှန်းချက် အင်မတန်မှ မျှော်မှန်းလွန်းလို့ အင်မတန်မှ လိုလားချင်လွန်းလို့ ဒီ ပြည်ထောင်စုအရေးကို။ အဲဒါကြောင့် ကျနော်တို့ လက်မှတ်ထိုးမှ ဒီဟာကို နိုင်ငံရေးအရ ဖြေရှင်း တွေ့ဆုံဆွေးနွေးရေးကို လုပ်မယ်ဆိုတဲ့ဟာကို ကတိကဝတ် ပြုခဲ့ကြတယ်။ အဲဒါကို အဲဒါကြောင့် ကျနော်တို့ က အဲဒီလို ထိုးခဲ့တယ်။ အဲဒါထိုးခဲ့တာ ၁၇ နှစ်ကြာလာတယ်။ သိတဲ့အတိုင်းဘဲ ၂၀၁၁ ဧပြီလ လကုန်ပိုင်း ၂၉ ရက်လောက်မှာ တိုင်းမှုးက အဲတုန်းက ကျနော်ပါတယ်။ ဥက္ကဋ္ဌနဲ့ ခရီးသွားနေတုန်းမှာ ချက်ချင်း ဟိုတနိုင်ဘက်ကိုပြေးပြီး ချက်ချင်းခေါ်ပြီးတော့မှ တွေ့ပြီးမှ ဒီဟာကို အခ BGF ပြောင်းလဲရမယ်ဆိုပြီးတော့မှ ပြောလာတဲ့အခါကြတော့ ကျနော်တို့ အင်မတန်အံ့သြသွားတယ်။ အဲဒီမတိုင်ခင်ကလည်း ဦးကျော်ဇံသာ သိတဲ့အတိုင်း ကျနော်တို့ ၂၀၀၄ ကနေ ၂၀၀၇ ပြီးတဲ့အထိ ကျနော်တို့ NC တက်ခဲ့တယ်။ ဒါလည်းပဲ ကျနော်တို့ ဖြစ်ချင်လွန်းလို့ ပြည်ထောင်စုအရေးမှာ ဖြစ်ချင်လွန်းလို့ တက်ခဲ့တယ်။ အဲဒီအရေးမှာ နိုင်ငံရေးအရ ဒီအခြေခံဥပဒေမှာ ဖြည့်သွင်းမှုတွေ ပြုနိုင်မယ်လို့ မျှော်လင့်ချက်နဲ့။ ဒါပေမယ့် တစ်ခုမှ ပြုမလာဘူး။ အဲဒီဟာလည်းပဲ။
နောက်ဆုံးအရ ဒီ Referendum ကအစ ကျနော်တို့က ဘာပဲဖြစ်ဖြစ် အစိုးရအသစ် တက်လာရင်တော့ ဒီကိစ္စဟာ အစိုးရအသစ်အနေနှင့် ကျနော်တို့ တိုင်းရင်းသားတွေကို အားလုံး လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ဖြစ်မဖြစ်ဖြစ် အားလုံးကို ဒီအရေးကို ဆွေးနွေးလာလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက် မျှော်လင့်ချက်ကြီးနှင့် ကျနော်တို့က Referendum ကိုက ကျနော်တို့ ကူညီပေးတာတွေ သွားလာရေးကိစ္စကအစ ကူညီခဲ့ပါတယ်။ အဲဒီလိုနှင့် ကျနော်တို့ဟာ အင်မတန်မှ ဖြစ်ချင်လွန်းတဲ့ ဒီကိစ္စမှာ။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီနိုင်ငံရေးကိစ္စ ဘာမှမပြောဘဲနှင့် ဒီတပ်ကိုပဲ ပြောင်းပစ်ရမယ်။ ပြောင်းပြီးတော့ ဒီ ကာကွယ်ရေး ဦးစီချုပ်လက်အောက်မှာ ထမ်းရမယ် ဆိုတဲ့ဟာဖြစ်လာတဲ့အခါကြတော့ ဒါဟာက ကျနော်တို့အတွက် အခက်အခဲ ဖြစ်သွားတယ်။ အဲဒီလိုနှင့် ဒါတောင်မှ ကျနော်တို့ ၂၀၁၀ တစ်နှစ်လုံးနီးပါး ဆက်ကြိုးစားသေးတယ်။ အဲဒီဟာ ဒီ Mediator တွေနှင့်ပေါ့။ ကျနော်တို့ အကျိုးဆောင်တွေ ရှိတယ်။ ဒါပေမယ့် နောက်ဆုံး မဖြစ်လာဘူး။ ဘယ်လိုနည်းနှင့်မှ မဖြစ်လာခဲ့ဘူး။ မဖြစ်လာပေမယ့် ကျနော်တို့က တပ်ကို ထိန်းပြီးတော့မှ ဒီအတိုင်းဘဲ နေနေပါတယ်။ နေနေတော့ ဒီ ၂၀၁၂ ဇူလိုင် ၉ ရက်နေ့မှာ ဗျူဟာမှုး ဗိုလ်မှုးကြီိးအောင်းတိုးတို့ဘက်က ကျနော်တို့ တာပိန်ရေးအားလျှပ်စစ်ကို အကြောင်းပြုပြီးတော့မှ သူတို့က ကျနော်တို့ရဲ့ ရှေ့တန်း ပို့စ်လေးတစ်ခုကို ဝင်တိုက်ရာကနေ။ ဝင်တိုက်တာတောင် ကျနော်တို့ သုံးရက်လောက်အထိ မပခ နှင့် ကချင်ပြည်နယ်အစိုးရ မပခ နှင့် ကျနော်တို့ ညှိနှိုင်းပြီးတော့မှ ဒီဟာပြေပျက် မသွားနိုင်အောင် အခြားအဖွဲ့အစည်း အခုလိုဟာမျိုး ဖြစ်မလာနိုင်အောင် ကျနော်တို့က ထိန်းသိမ်းဖို့အတွက် ညှိပေးတယ်။ အကြောင်းကြားပြီး။ ဒါပေမယ့် တိုင်းမှုးအနေနှင့် ဘာမှ အကြောင်းပြန်ကြားချက် မရှိဘူး။ ဆိုတော့ ကျနော်တို့က ဇွန် ၉ ရက်နေ့မှာ စတဲ့ဟာကို ၁၃ ရက် ၁၄ ရက်အထိ ကျနော်တို့ စောင့်ပါသေးတယ်။ အဲဒီနောက်ပိုင်းတော့ ကျနော်တို့လည်း။ သူတို့လည်း ထပ်တိုးတိုးတိုးရင်း အင်းအားတိုးရင်းမှ ဒါတွေ တိုက်လာတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်မှုတွေ ရှိလာတယ်ဆိုတော့ နောက်ဆုံး ကျနော်တို့အနေနှင့် ခံစစ် ကိုယ့်ကိုယ်ကို ကာကွယ်မှုအနေနှင့် ကျနော်တို့ တိုက်ခဲ့ရတယ်။ အဲဒီလို ရှိတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဆရာ တကယ်လို့ နိုင်ငံရေး ပြေလည်မှုရလို့ တကယ်လို့ တိုင်းရင်းသားတွေလိုချင်တဲ့ Federal ပြည်ထောင်စ ုဖြစ်ခဲ့ရင်တော့ ဘယ် Federal မှာမှ State Army ဆိုပြီးတော့ သီးခြားပြည်နယ်လိုက် ဒီလက်နက်ကိုင်အင်အားစုက မရှိဘူးပေါ့ ဆရာ။ ဆိုတော့ နိုင်ငံရေး ပြေလည်မှုရရင် ဆရာတို့ကလည်း လက်နက်ကို စွန့်ဖို့ဆိုတာတော့ အဆင်သင့်ပေါ့ ရှိပါသလား။
ဒေါက်တာလဂျာ ။ ။ ဒါက ကာကွယ်ရေးဦးစီးရေးချူပ် တစ်ခုပဲ ရှိရမယ် တစ်ဦးပဲ ရှိရမယ် ဆိုတာကတော့ ဒါကတော့ မှန်တာပေါ့ဗျာ။ ဘယ်နိုင်ငံမဆို အဲဒီလိုပဲလေ။ သို့သော် ဒီတပ်ပိုင်းဘက်ကို ပြည်နယ်အလိုက် တိုင်းရင်းသားတွေရဲ့ ပြည်နယ်အလိုက်သော်လည်းကောင်း ဘယ်လို ဖွဲ့စည်းကြမလဲဆိုတာ အပိုင်းကတော့ ဒါကတော့ ကျနော် အခုဘာမှ ပြောပိုင်ခွင့်မရှိသေးဘူး။ မပြောနိုင်ဘူး။
ဦးကျော်ဇံသာ ။ ။ အခု ကချင် KIO, KIA နှင့် အစိုးရနှင့် ဖြစ်နေတဲ့ ပြဿနာဟာ တကယ်တော့ ပြည်ထောင်စု တစ်ခုလုံး တည်တံ့ခိုင်မြဲရေးကို အပြင်းအထန်ဆုံး ခြိမ်းခြောက်နေတယ်လို့ ကျနော် ထင်ပါတယ်။ ဒီဟာကို ကယ်တင်ဖို့အတွက် ဆရာတို့ဘက်ကကော ဘယ်လောက် ပြင်ဆင်နိုင်ပါသလဲ ဆရာ။ အစွမ်းကုန် ဆရာတို့ဘက်က လုပ်နိုင်မယ့် အခြေအနေက။
ဒေါက်တာလဂျာ ။ ။ ဒါကတော့ အခုပြောသလို ကျနော်တို့ရဲ့ ပြဿနာအကြီးဆုံးက အခုက ဒီအစိုးရတပ်တွေက စစ်ရေးအရပဲ ဖြေရှင်းတော့မယ်ဆိုတဲ့ ပုံစံမျိုးလို Military နည်းနှင့်ပဲ ကျနော်တို့သွားမယ် ကချင်ကိုတော့ ဆိုတဲ့သဘောလိုဟာမျိုး ဖြစ်နေတော့ ဒီဟာက ကျနော်တို့အတွက် ပြန်စဉ်စားဖို့ တော်တော်ခက်နေတယ်။ သမ္မတဦးသိန်းစိန်ဘက်က စိတ်ထားတွေ သူရဲ့ ဖော်ပြချက်တွေ၊ ဦးအောင်မင်းတို့က ဖော်ပြချက်တွေက တစ်မျိုး၊ နောက် တပ်မတော်ဘက်က ထွက်လာတဲ့ လုပ်ရပ်တွေက တစ်မျိုးဆိုတော့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လိုလို အမျိုးမျိုးပေါ့ဗျ။ အမြင်သုံးသပ်စရာတွေက။ ဆိုတော့ ဒီဟာကြောင့် အခု ဦးကျော်ဇံသာ ပြောတဲ့အဖြေက အစိုးရရဲ့ တကယ် စိတ်ရင်းစေတနာ Mindset ဘယ်လို ရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်မယ်လို့ ကျနော် ဆိုချင်ပါတယ်။