Friday, January 04, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်ပြည်နယ်တွင်းက မြန်မာအစိုးရ တပ်တွေနဲ့ KIO/KIA တပ်ဖွဲ့တွေရဲ့
တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာချက်
ထုတ်ပြန်ခဲ့ပါတယ်။
Photo: Kachin News Group
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ
ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင်
ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
ဒီထုတ်ပြန်ချက်ထဲမှာ KIO/KIA အဖွဲ့ကို တပ်မတော်က ထိုးစစ်ရပ်ဖို့
ညွှန်ကြားထားပြီးဖြစ်ပေမဲ့ တဖက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ
လုပ်လာတာကြောင့် မိမိတို့အနေနဲ့ အများပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေး၊
လမ်းပန်းဆက်သွယ်ရေး လုံခြံုချောမွေ့စေရေး၊ နယ်မြေဒေသ
အေးချမ်းတည်ငြိမ်ရေးတို့အတွက် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းနဲ့
စစ်ရေးအရပြန်လည်တုံ့ပြန်မှုတွေကို မလွှဲမရှောင်သာပြုလုပ်ခဲ့ရကြောင်း
ဖော်ပြထားပါတယ်။
စစ်ကြောင့်ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့စားဝတ်နေရေး၊ ပညာရေး၊
ကျန်းမာရေး ကိစ္စတွေကို နိုင်ငံတော်က ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့အတူ ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်းလည်း
ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ KIO/KIA အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ
ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့
ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ရေး၊ တိုင်းရင်းသား
ပြည်သူတစ်ရပ်လုံးရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့
တရားဥပဒေစိုးမိုးရေးတွေအတွက် ပြည်သူလူထုအားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမှာ
ဖြစ်ကြောင်းလည်း ကြေညာချက်မှာဖော်ပြထားပါတယ်။
အဲဒီလို နိုင်ငံတော်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး KIA
ရဲ့တုန့်ပြန်ချက်ကို ဦးတင်အောင်ခိုင်က ကချင်ပြောရေးဆိုခွင့်ရှိသူ
ဦးလာနန်းကို မေးမြန်းခဲ့ပါတယ်။
http://www.rfa.org/burmese/news/mmgov-respond-kia-01042013105035.html
Posted in: ကချင်,ကချင်စစ်ဆင်ရေး,စစ်ဆင်ရေး,အစိုးရ
Email This
BlogThis!
Share to Facebook