January 23, 2013

UNFC ကတဆင့် ကချင်အရေးဆွေးနွေးဖို့ အစိုးရလက်ခံမည်


မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လက်နက်ကိုင် တပ်တွေကြား တိုက်ခိုက်မှုတွေ ဆက် လက် ဖြစ်ပွားနေချိန်မှာပဲ အစိုးရကတော့ ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးသွားဖို့ ဆန္ဒရှိနေဆဲ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ တိုက်ခိုက်မှုတွေ အပြင်း အထန် ဖြစ်ပွားမယ့် အရိပ်အယောင်တွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်နေကြတဲ့ ဒေသခံတွေလည်း ဆက်လက် တိမ်းရှောင် နေကြရတာပါ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာတွေ ဘယ်လောက် ရှိနိုင်မလဲ ဆိုတာကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။

မြန်မာအစိုးရက ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေဆဲ ဖြစ်ပေ မဲ့လည်း ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင့် ထားဆဲ ဖြစ်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီအဖွဲ့က ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ လိပ်မူပြီး ဆွေးနွေးဖို့ ကမ်းလှမ်း ထားတာကို တဖွဲ့ချင်း အနေနဲ့ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တွေနဲ့ အတူ တွေ့ဆုံဖို့ ကချင်လက်နက်ကိုင် အဖွဲ့ဘက်က တုံ့ပြန်ထား တာပါ။ မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ တွေ့ဆုံဖို့ အတွက်လည်း အသင့်ရှိတဲ့အကြောင်း ပြောပါတယ်။

"ကျနော်တို့ကတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ။ ကမ်းလှမ်းထားပြီးပြီ။ နိုင်ငံတော် သမ္မတ ကလည်း အကြိမ်ကြိမ်ပြောတယ်။ နောက်ပြီးတော့ လုပ်ငန်းကော်မီတီကလည်း ကမ်းလှမ်း ထားပြီးပြီ။ KIO ကတော့ ပထမတော့ သူတို့ အကောင်းဘက်ကို မျှော်လင့်တယ်လို့ ပြော တယ်။ နောက်ပိုင်းမှာ သဘောထားပြောင်းပြီးတော့မှ UNFC ကပဲ ပြောမယ်ဆိုပြီးတော့ တုံ့ပြန်ထားတာ ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဘယ်လိုပဲ ဆွေးနွေးရ၊ ဆွေးနွေးရ-လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ဆိုရင် ဆွေးနွေးဖို့ အသင့်ရှိပါတယ်။"

KIO ကတော့ အစိုးရတပ်တွေက ထိုးစစ်တွေ ဆက်လက် ဆင်နွှဲနေတဲ့အတွက် ဆွေးနွေးဖို့ မဖြစ်နိုင်သလောက် အခြေအနေ ကြုံနေရတာလို့လည်း ပြောဆိုထားတာပါ။ အစိုးရက ထိုးစစ်တွေရပ်ပြီး ဆွေးနွေးဖို့ ကြေညာခဲ့တာ ၅ ရက်မြောက်လာတဲ့ အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး KIO ထိန်းချုပ်ရာ မဟာဗျူဟာမြောက် တောင်ကုန်း တခုကို လည်း မြန်မာစစ်တပ်က သိမ်းယူဖို့ ကြိုးပမ်းနေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ခေါ် ကျောင်းသားတပ်မတော်က ဗိုလ်မှူးမင်းဋ္ဌေး ကပြောပါတယ်။

"ဒီဒေသမှာ ရှိနေတဲ့ တောင်ကုန်းတွေ တော်တော်များများက ပွိုင့် ရ၇၁ ပေါ့နော်။ အဲဒါလည်း သူတို့ သိမ်းပြီးသွားပြီ။ နောက် ဖုန်းပြင်ဘွမ် ဆိုတဲ့ အမြင့်တောင်ကုန်းကိုလည်း သူတို့ တက်ယူပြီးသွားပြီ။ အခု ဒီမှာ ကျန်နေတာက ခါယာတောင်က သူတို့နဲ့ level ရှိနေတာပေါ့နော်။ အဲဒီ ခါယာတောင်ကို ရရင် သူတို့က ဒီဒေသတစ်ခုလုံး လိုင်ဇာ၊ ဘာ-ညာ အကုန်လုံးကို စိုးမိုးနိုင်ပြီပေါ့။ ဒီ တောင်ကုန်း တစ်ကုန်း ကျန်နေတာ။ အဲဒီ တောင်ကုန်း တစ်ကုန်းကို KIA ကလည်း ခုခံနေကြတယ်။ တတ်နိုင်တဲ့ဘက်ကနေ။ အဲဒီတော့ ဒီဒေသ ကျရေး မကျရေးဆိုတာ အဲဒီ တောင်ကုန်းနဲ့ပဲ ဆိုင်တယ်။ ခါယာတောင်ကုန်းကို သူတို့ သိမ်းပြီးသွားရင်တော့ လိုင်ဇာဒေသအကုန်လုံးဟာ စစ်ရေးအရ ကျသွားပြီလို့ ပြောလို့ ရတာပေါ့နော်။"

ဒါပေမဲ့လည်း စစ်ရေးအရ အခရာကျတဲ့ ခါယာတောင်ကုန်းကို မြန်မာစစ်တပ်က သိမ်း ပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုချက်ဟာ မမှန်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် ကပြောခဲ့တာပါ။ ဒီလိုပဲ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာ စစ်တပ်ကို ခြံုခိုတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ထိခိုက်မှုတွေတောင် ကြံုနေရတယ် လို့ ပြောပါတယ်။

"မနေ့က ညနေဘက်မှာ လဂျားယန်မှာရှိတဲ့ ကျနော်တို့တပ်တွေ နေရာယူထားတဲ့ တောင် ကုန်း တစ်ကုန်းကို KIA ၅၀ လောက်က နာရီဝက်လောက် လာပစ်တာ ရှိပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာ။ မနေ့က မိုးမိတ်ကျောက်စခန်းမှာလည်း ကျနော်တို့ဆီကနေပြီး တပ်ရင်းကို ပြန်လာနေတဲ့ တပ်မတော်စစ်ကြောင်းတွေ စီးလာတဲ့ ကားတွေကို KIA က မိုင်းခွဲ တိုက်ခိုက်တာ ရှိပါတယ်။ ရဲဘော်တချို့ ထိခိုက် ဒဏ်ရာရတာ ရှိပါတယ်။ ခါယာတောင်ကုန်းနဲ့ မျက်နှာချင်းဆိုင်မှာ ကျနော်တို့တပ်တွေ ရှိတယ်။ အဲဒီတပ်တွေကို သူတို့က တောက်လျှောက်ပစ်တော့ ကျနော်တို့ဘက်က  အဲဒီဘက်ကို ပြန်ပစ်တာတော့ ရှိတာပေါ့ဗျာ။ အဲဒါမျိုးတော့ ရှိပါတယ်။ အဲဒီနားမှာ သူတို့တပ်တွေနဲ့ ကျနော်တို့တပ်တွေက ကပ်နေတာကိုး။ ကပ်တော့ သူတို့ကပစ်လိုက်၊ ကျနော်တို့ဘက်က ခုခံတဲ့အနေနဲ့ ပြန်ပစ်တယ်။ အဲဒါမျိုးတော့ ရှိပါတယ်။"

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားတာတွေ ပျက်ပြားပြီး တစ်နှစ်ခွဲလောက် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ ဒီနှစ်ဆန်းပိုင်းကစလို့ ကြီးထွားလာခဲ့တာပါ။ မြန်မာ အာဏာပိုင်တွေကတော့ အစိုးရရဲ့စစ်ကြောင်းတွေကို ကချင်လက်နက်ကိုင် တပ်တွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ စစ်ရေးရည်မှန်းချက်တွေ ရရှိပြီး ဖြစ်တဲ့ အတွက်လည်း ပြီးခဲ့တဲ့ စနေနေ့ကစပြီး ထိုးစစ်တွေ ရပ်မယ်လို့ ကြေညာခဲ့တာပါ။ လတ်တလောမှာတော့ အပြန်အလှန် စွပ်စွဲချက်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာမို့ ဒေသခံတွေကတော့ အထိတ််တလန့်နဲ့ ဆက်လက် တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် နာမည်ကျော် ကျောက်စိမ်းထွက်ရာ ဖားကန့်၊ လုံးခင်း စတဲ့နေရာတွေက ဒေသခံ အမြောက်အများဟာလည်း ဒီရက်ပိုင်းမှာပဲ ဘေးလွတ်ရာ တိမ်းရှောင် နေကြရတယ် လို့ ဒေသခံတယောက်က ပြောပြပါတယ်။

"အခု လောလောဆယ်တော့ တိုက်ပွဲတွေ ဖြစ်နေတာပေါ့လေ။ ရွာမှာလည်း မီးရှို့ပစ်မယ်လို့ -အဲလိုလည်း ပြောကြတယ်။ သတင်းကြားတယ်။ ဘယ်လိုမှန်းလည်း မသိသေးဘူး။ အခု ကျမတို့တောင်မှ အောင်ရာရပ်ကွက်မှာပဲ လာနေနေပါတယ်။ လူဦးရေကတော့ ၂၀၀- ၃၀၀ လောက်တော့ ရှိမယ်။"

သံဃာတော်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူ တချို့ကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ပဋိပက္ခတွေ  အဆုံးသတ်စေရေး ချီတက်လှုပ်ရှားမှုတွေ တနင်္လာနေ့ ကပဲ စတင်လိုက်သလို ဒေသတွင်းနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း သက်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မြန် မာအစိုးရက တိုက်ခိုက်မှုတွေ ရပ်ဖို့ ကြေညာထားတဲ့ နေ့မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို ရောက်သွားခဲ့တဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Fu Ying က သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံပြီး ပြဿ နာတွေ ပြေလည်စေရေးနဲ့ ၂ နိုင်ငံ နယ်ခြားဒေသမှာ တည်ငြိမ်မှု ရစေရေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။ ဒီမတိုင်မီမှာ တုန်းကတော့ တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျည်ဆံတွေ နယ်ခြားဖြတ်ကျော် ကျရောက်လာတဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် သတိပေးခဲ့သလို တိုက်ခိုက် မှုတွေ အမြန်ဆုံး ရပ်စဲပြီး ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့နဲ့ နယ်စပ်ဒေသ တည်ငြိမ်မှု ရှိစေရေး နှစ်ဘက်စလုံးက ကြိုးပမ်းကြဖို့လည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။

http://burmese.voanews.com/content/kachin-lajayan-fighting-ye-htut-and-kia-blame-in-turn/1589279.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India