မတ်လ ရရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း တနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ “အလင်းရောင်”အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲစီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့် အပတ်က မြဝတီ-ကော့က ရိတ်လမ်းပြေး ကားသမားများကို မဝယ်မနေရ အတင်း ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ နေက်ဆုံးအပတ်ကတည်းက အဆိုပါ KNU/KNLA တပ်အဖွဲ့ဝင်များသည် စီဒီခွေတစ်ခွေလျှင် ၃,၀၀၀ကျပ်နှုန်းဖြင့် ကားသမားတစ်ဦးလျှင် ၃ခွေ မဝယ်မနေရစနစ်ဖြင့် ရောင်းနေခြင်းဖြစ်သည်ဟု ခရီးသည်တင်ကားသ မားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ကားသမားတွေကို သူတို့ရဲ့ ရှိုးပွဲစီဒီခွေတွေ အတင်းဝယ်ခိုင်းတယ်ဗျာ။ ကျနော်က ဒီအခွေကို တခါ၀ယ်ပြီးပြီ။ အခုတခါ လည်း ရောင်းတာ မဝယ်တော့ဘူးဆိုတော့ သေနတ်ထုတ်ပြတယ်လေ။ ဒီတော့ မဝယ်ချင်လည်း ၀ယ်ရတာပေါ့။”ဟု ၎င်းက ပြောဆိုသည်။
ယင်းသို့ စီဒီခွေရောင်းနေသည့် အဆိုပါ KNU/KNLA တပ်ဖွဲ့ဝင်များမှာ အင်အား ၁၅ဦးခန့်ရှိပြီး စစ်ယူနီဖောင်း၊ လက်နက်အ ပြည့်အစုံနှင့်အတူ မြဝတီ-ကော့ကရိတ်တောင်ပေါ်ကားလမ်းရှိ တံတားကျိုးဂိတ်အလွန် လမ်းတနေရာ၌ ကားများကိုတား ကာ ၀ယ်ယူခိုင်းခြင်းဖြစ်ပြီး ခရီးသည်များကိုမူ ၀ယ်ယူခိုင်းခြင်း မရှိကြောင်း သိရသည်။
http://www.kicnews.org/?p=16022


Thursday, March 07, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: