November 24, 2012

တင်းမာမှုကြားက မျှော်လင့်ချက်မဲ့ဆဲ ကချင်ဒုက္ခသည်များ


မထင်မှတ်ဘဲ ရွာချလိုက်တဲ့ ဆောင်းတွင်းမိုး ဖွဲဖွဲစိပ်စိပ်ကြားမှာ အပြာရောင် မိုးကာမိုး၊ ၀ါးထရံဖြစ်သလို ကာရံထားတဲ့ တဲကုပ်ကုပ်လေးတွေ ငြိမ်သက်နေတယ်။ ညနေစောင်းလာလေ အအေးဓာတ်က ပိုလာလေဆိုတဲ့ ဒေသမှာ မိုးကလည်း ရွာ၊ အအေးဒဏ်က ကာကွယ်စရာ မီးဖိုကလွဲလို့ ဘာမှ မရှိပါဘူး။
နေရာက တရုတ်-မြန်မာ နယ်စပ်အနီး၊ တရုတ်နိုင်ငံဘက်အခြမ်း ယူနန်ပြည်နယ်ထဲက ယင်ဂျန်းဆိုတဲ့ မြို့ကနေ ၆ နာရီလောက် ကားစီးရတဲ့ တောင်ပေါ်ဒေသ တနေရာမှာပါ။ မြန်မာနိုင်ငံဘက်ဆိုရင် ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း ၀ိုင်းမော်မြို့နယ်နဲ့ နီးစပ်တဲ့နေရာ ဖြစ်ပါတယ်။ မဂါးယန်လို့ ခေါ်တဲ့ အဲဒီနေရာမှာ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခကြောင့် ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည် ၂၀၀၀ ကျော် နေထိုင် ခိုလှုံလျှက်ရှိပါတယ်။ ပင်လယ်ရေပြင်အထက် အမြင့်ပေ ၅ ထောင်ကျော်မှာ တည်ရှိပြီးတော့ မဂါးယန်ကို သွားဖို့ လမ်းရယ်လို့ မည်မည်ရရမရှိဘဲ တရုတ်နိုင်ငံက သစ်ထုတ်လုပ်ဖို့ ဖောက်လုပ်ထားတဲ့ သစ်ထုတ်လမ်းကို အသုံးပြုနေရပါတယ်။ ဒုက္ခသည်တွေ အများစုကလည်း သစ်ထုတ်လုပ်ရေး လမ်းရဲ့ လမ်းဘေးတဘက်တချက် တောင်စောင်းတွေမှာ ဖြစ်သလို တဲထိုးနေထိုင်နေရပါတယ်။
“လမ်းပန်း ခက်ခဲတော့ အကူအညီပစ္စည်းက မရောက်လာတာ များတယ်။ အဓိက စားရေးအတွက်ပဲ အလျဉ်မီအောင် လုပ်နေရတယ်။ ကျန်တာကတော့ ဖြစ်သလိုပဲ ဖြေရှင်းလိုက်တာ များပါတယ်” လို မဂါးယန် ဒုက္ခသည်စခန်းက စခန်းတာဝန်ခံတဦး ကပြောပါတယ်။
မဂါးယန်ကို ရောက်ဖို့ တရုတ်နိုင်ငံ ယင်ဂျန်းကနေ ခါ့ရှန်ဆိုတဲ့မြို့ကို ကားနဲ့သွားနိုင်ပြီးတော့ ခါ့ရှန်ကနေ ဆိုင်ကယ်တက္ကစီနဲ့ ခရီးဆက်မှ ရမှာပါ။ လမ်းခရီးက ကားလမ်းမဟုတ်တဲ့ သစ်ထုတ်လမ်းဖြစ်တဲ့အပြင် တောင်တက်လမ်းလည်း ဖြစ်ပါတယ်။ မိုးရွာနေရင် ကားလမ်းချော်မှာ မြေပြိုမှာကိုလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
“ကျမတို့ဆီလာဖို့ ခက်တဲ့အတွက် တော်ရုံအဖွဲ့အစည်း မလာပါဘူး။ အဓိက ဆန်နဲ့ ဆေးဝါးကို KBC (ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်) နဲ့ KIO က ပေးနေပါတယ်။ ဒါပေမယ့် ကျမတို့ထက်က ခက်ခဲတဲ့နေရာတွေ ရှိနေတယ်။ ကျမတို့ ဆန်နဲ့ ဆေးဝါး ရတယ်။ တချို့ နေရာတွေမှာ ဆန်နဲ့ဆေးဝါးမပြောနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမယ့် ဆရာမတောင် မရှိပါဘူး” လို့ မဂါးယန်ဒုက္ခသည်စခန်းက တာဝန်ကျ ဆရာမ မသိန်းဝမ်က ပြောပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လကတည်းက ဖြစ်ပွားခဲ့တဲ့ မြန်မာအစိုးရ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်သူ ၁ သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအဖြစ် ဒုက္ခသည်စခန်းများမှာ ခိုလှုံနေကြရပါတယ်။ ဒုက္ခသည် ၁ သိန်းနီးပါးလို့ ခန့်မှန်းထားတဲ့ အထဲက ၆ သောင်းကျော်ဟာ KIA ထိန်းချုပ်ထားတဲ့ နယ်မြေများအတွင်းမှာ နေထိုင်နေကြရပြီးတော့ ၃ သောင်းကျော်ကတော့ အစိုးရ ထိန်းချုပ်နယ်မြေများမှာ တည်ရှိနေပါတယ်။
တိုက်ပွဲ ပြင်းထန်တဲ့ ဒေသတွေက နီးစပ်ရာ လုံခြုံမယ်လို့ ထင်ရတဲ့ ဒေသတွေကို အသက်လုပြေးရတဲ့အတွက် စစ်ပြေးသူအများစုဟာ ပစ္စည်းများများစားစား မသယ်နိုင်သလို နေရာရွေးခြယ်ခွင့်လည်း မရှိကြပါဘူး။ KIA ထိန်းချုပ် နယ်မြေဘက် ရောက်သွားတဲ့ ဒုက္ခသည်တွေကို KIA, တရုတ်အစိုးရနဲ့၊ တခြားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတချို့က ထောက်ပံ့သလို၊ မြန်မာအစိုးရ တပ်မတော်ဘက် ရောက်လာတဲ့ ဒုက္ခသည်တွေကိုလည်း ကချင်ပြည်နယ် အစိုးရ၊ ပြည်ထောင်စုအစိုးရနဲ့ NGO, INGO တွေက အကူအညီပေးနေကြပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ လုံခြံုရေးအခက်အခဲကြောင့် ကူညီထောက်ပံ့မှု လိုအပ်သလောက် မရဘဲ အခက်အခဲကြီးကြီးမားမား ကြံုနေရတဲ့ ဒုက္ခသည် စခန်းတွေလည်း အများကြီး ရှိနေပါတယ်။
“လမ်းသာတဲ့နေရာတွေ ဥပမာ မြစ်ကြီးနား၊ ၀ိုင်းမော် လာတာများတယ်။ ကန်ပိုက်တီးမှာ ဆင်ကြိုင်ဆိုတာ တော်တော်လေး ချို့ချို့တဲ့တဲ့နေရတဲ့ စခန်းတခုရှိတယ်။ ကန်ပိုက်တီး တံတားက ကျိုးသွားတော့ စက်သီးနဲ့ ကူးရတယ်။ တခါတည်း လုံလုံလောက်လောက် လာလှူကြဖို့ ဦးဇော်ဇော်တို့၊ ဦးအောင်ကိုဝင်းတို့ အဲလိုလူတွေကို မေတ္တာရပ်ခံရတယ်” လို့ ကချင်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါ်ဘောက်ဂျာက ဧရာဝတီကို ပြောပါတယ်။
ကချင်ပြည်နယ်အစိုးရရဲ့ စာရင်းအရ အစိုးရ ထိန်းချုပ်နယ်မြေဘက်မှာ ဒုက္ခသည်စခန်း စုစုပေါင်း ၈၄ ခုရှိပြီး စစ်ပြေးဒုက္ခသည် ဦးရေ ၃၁၆၂၅ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ လွယ်ဂျယ်၊ မိုးကောင်း၊ မိုးညှင်း စတဲ့ ဒေသတွေက လမ်းသာတဲ့အတွက် ပြည်တွင်းက လူမှုရေးအဖွဲ့ငယ်များရဲ့ ထောက်ပံ့မှုရော၊ ပြည်နယ်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ တခြားအထောက်အပံ့များကို အခက်အခဲမရှိ ရယူနိုင်တယ်လို့ ဆိုပါတယ်။ ကန်ပိုက်တီး၊ ပန်ဝါ၊ မိုးမောက်၊ မံစီ စတဲ့ ဒေသတွေဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြံုရေး အခြေအနေတွေကြောင့် အကူအညီပစ္စည်းတွေ ပို့ဖို့ ခက်နေတယ်လို့ ဒေါ်ဘောက်ဂျာက ဆိုပါတယ်။
“ပန်ဝါမှာက တိုက်ပွဲက အဆက်မပြတ်ဖြစ်နေတော့ မသွားရဲကြဘူး။ မံစီလို နေရာမျိုး ကျတော့လည်း ရဟတ်ယာဉ်နဲ့ သွားမှရမယ့် နေရာမျိုးတွေရှိတယ်။ အဲဒီအပြင် ကူညီထောက်ပံ့ဖို့က အကန့်အသတ်နဲ့ပဲ ရနေတော့ ကိုယ်လက်လှမ်းမီတဲ့့ နေရာတွေမှာကိုပဲ မလောက်ငနိုင်တဲ့အတွက် ပိုဝေးတဲ့နေရာကို ဆက်သွားဖို့က အခက်အခဲအများကြီး ရှိပါတယ်” လို့ KIA က တာဝန်ရှိသူတဦးက ပြောပါတယ်။
KIA နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကောက်ယူထားတဲ့ စာရင်းတွေအရ KIA ထိန်းချုပ်နယ်မြေထဲမှာ ဒုက္ခသည်စခန်းစုစုပေါင်း ၂၁ ခုထိရှိပြီး လူဦးရေက ၆၃၅၀၀ ခန့် ရှိမယ်လို့ သိရပါတယ်။ KIA ထိန်းချုပ်နယ်မြေအတွင်းက ဒုက္ခသည် အများစုကတော့ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာ အနီးတဝိုက်နဲ့ တရုတ်နိုင်ငံ နယ်စပ်တလျှောက်မှာ လို့သိရပါတယ်။ လိုင်ဇာ အနီးတဝိုက်က ဒုက္ခသည် စခန်းတွေကိုတော့ KIO က လျှပ်စစ်မီးနဲ့  ဒုက္ခသည် ကလေးများရဲ့ပညာရေးအတွက် ကျောင်းဆောက်ပေးတယ်လို့ ဆိုပါတယ်။ နယ်စပ်တလျှောက်မှာတော့ KIO ရဲ့ အကူအညီအပြင် နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ အကူအညီနဲ့ တရုတ်နိုင်ငံရဲ့ အကူအညီတချို့လည်း ရရှိနေတယ်လို့ ဆိုပါတယ်။
“တရုတ်က တိုက်ရိုက် ကူညီတာမျိုးတော့ မလုပ်ဘူး။ ဘာသာရေးအရ ကူညီပါတယ်။ KBC လို အဖွဲ့တွေက တဆင့်လှူတယ်။ နောက် ပြည်တွင်းက အဖွဲ့လေးတွေလည်း ဒီကို လှူတာတွေ ရှိပါတယ်။ အထောက်အပံ့များလို့ ကျနော်တို့မှာ လောက်ငှတယ်ဆိုတာ မရှိပါဘူး။ လိုအပ်ချက်က အမြဲ အဆိုးဆုံးအဆင့်မှာ ရှိနေတယ်” လို့ လိုင်ဇာအနီး ဂျယ်ယန်း ဒုက္ခသည်စခန်းက တာဝန်ခံ ဦးဘရန်ရှောင်က ပြောပါတယ်။
KIO ထိန်းချုပ်နယ်မြေအတွင်းက နမ်ခမ်ဂျော်စခန်း၊ ပလောင်စခန်း၊ မဂါးယန်စခန်း စတဲ့စခန်းတွေနဲ့ ပါဟောင်၊ လူဟောင် စတဲ့ ဒေသတွေမှာ ဆိုးရွားတဲ့ အခြေအနေရှိနေပြီးတော့ မြန်မာတပ်မတော် အစိုးရဘက်က တရုတ်-မြန်မာ နယ်စပ် မှတ်တိုင် ၆၊ မှတ်တိုင် ၈ ဒေသတွေဟာ အလွန်အေးတဲ့ ဒေသတွေဖြစ်တဲ့အတွက် အခြေအနေ စိုးရိမ်ဖွယ်ရှိတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က မအားခါန်က ပြောပါတယ်။
“ကျမတို့ဘက်က အထောက်အပံ့ မရောက်နိုင်တဲ့ နေရာတွေကို UNHCR (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး)၊ KBC, KNFS လို အဖွဲ့တွေကတဆင့် ထောက်ပံ့နေပါတယ်။ ဒါပေမယ့် ကျမတို့ ကိုယ်တိုင်ကိုယ်ကျ သွားတာနဲ့တော့ မတူနိုင်ဘူး။ KIA ဘက်ကိုလည်း ကျမတို့ အကူအညီပေးချင်ပါတယ်။ သူတို့က လက်မခံတာတော့ ကျမတို့လည်း မတတ်နိုင်ဘူး” လို့ ဒေါ်ဘောက်ဂျာက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး (KWAT) ကလည်း ကချင်ဒုက္ခသည်များအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ အကူအညီဟာ အခြေခံအစားအသောက် လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းသာ ရရှိနေတယ်လို့ ၂၀၁၂ အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ အစီရင် ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာမှာ KIO ထိန်းချုပ်နယ်မြေအတွင်းက စစ်ပြေးဒုက္ခသည် ၆ သောင်းကျော်အတွက် လိုအပ်တဲ့ အကူအညီရဲ့ ၃ ရာခိုင်နှုန်းကို ကုလသမဂ္ဂမှ ရရှိပြီးတော့ ၁ ရာခိုင်နှုန်းဟာ နိုင်ငံတကာ NGO တွေဆီက ရရှိတယ်လို့ ဖော်ပြထားပါတယ်။
“ကချင်ကို သူတို့ကိုယ်တိုင် သွားလှူဖို့ လုံခြံုရေးအရ အဆင်မပြေဘူး။ ပြည်ထောင်စု အစိုးရက ခွင့်မပြုဘူးဆိုတာတွေက ဆင်ခြေတွေပါ။ တကယ်သွားနိုင် လုပ်နိုင်တဲ့ ပြည်တွင်း အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့ရင် ဖြစ်နိုင်ပါတယ်” လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ မအားခါန်က ဆိုပါတယ်။
ကချင်ပြည်နယ်အတွက် ပြည်တွင်းကနေ အဖြူရောင်တွဲလက်များ၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်၊ စိမ်းရောင်စို (မန္တလေး)၊ ပန်းရဲ့လမ်း အစရှိတဲ့ အဖွဲ့တွေက ပုံစံအမျိုးမျိုးနဲ့ အလှူငွေရှာဖွေတာ၊ ကိုယ်တိုင် သွားရောက်လှူဒါန်းတာတွေကို လုပ်နေပါတယ်။
စစ်ပွဲကာလ တနှစ်ကျော်အပြီး စစ်ဘေး ပုန်းရှောင်သူတွေ ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြပေမယ့် မြန်မာအစိုးရ တပ်မတော်ရော KIA နှစ်ဘက်စလုံးက စစ်ရေးအရ အလျှော့ပေးမယ့်ပုံ မပေါ်သေးပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တရားဝင် တွေ့ဆုံမှုရော၊ တရားမဝင် တွေ့ဆုံမှုပါဆိုရင် ၁၀ ကြိမ်အထိ လုပ်ခဲ့ကြပေမယ့် တိကျသေချာတဲ့ သဘောတူညီချက်မျိုး အခုအချိန်ထိမရသေးဘဲ တဖက်နဲ့တဖက် သံသယ ကြီးထွားနေဆဲဖြစ်ပါတယ်။

http://burma.irrawaddy.org/archives/26323

သံလွင်အရှေ့ခြမ်း၌ တိုက်ပွဲထပ်ဖြစ် RCSS/SSA ဘက်မှတဦးကျ

သံလွင်အရှေ့ခြမ်း မိုင်းဆတ်ခရိုင်၌ သျှမ်းပြည်တပ်မတော် RCSS/SSA  နှင့် မြန်မာအစိုးရတပ် တို့ ယနေ့တိုက်ပွဲထပ်မံဖြစ်ပွားရာ RCSS/SSA  ဘက်မှတဦးကျဆုံးကြောင်း ကျိုင်းတုံ စစ်ဒေသ တပ်မှူးကြီးက ပြောပါသည်။

SSA-kengtung-front
ကျိုင်းတုံစစ်မျက်နှာမှ သျှမ်းပြည်တပ်မတော်RCSS/SSA စစ်ကြောင်း

“မိုင်းတူး(မ်း) ကျေးရွာအုပ်စု အရှေ့မြောက်ဘက် (တာချီလိတ်မြို့အနောက်ဘက် ကီလိုမီတာ ၄၀ ခန့်) လွယ်ပန်မော့မှာဖြစ်တာ။ တိုက် ပွဲ က မွန်းတည့်လောက်ကနေ မွန်းလွဲ ၂ နာရီ ခွဲ လောက်အထိ  ။ အစိုးရဘက်တော့မသိဘူး။ ကျနော်တို့ ဘက်က တယောက်ကျတယ်။ တယောက်ဒဏ် ရာရ တယ်” - ကျိုင်းတုံစစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့် က ပြောပါသည်။

နိုဝင်ဘာ ၂၄ ရက် မိုင်းဆတ်အခြေစိုက် စကခ ၁၄ လက်အောက်ခံ ခမရ ၅၅၃၊ ၅၅၄ မိုင်းတူး(မ်း) နှင့် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA  အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသတို့ တိုက်ပွဲသုံးနာရီခန့်
ဖြစ်ပွားကြောင်း၊ မိုင်းဆတ် - တာချီလိတ်လမ်းလည်း ယနေ့ သွားလာမှု ပိတ်ထားကြောင်း  တာချီလိတ်မှ မိုင်းတူး(မ်း) ကားဆရာတဦးကပြောပါသည်။

“ကျနော်တို့စစ်ကြောင်းကို ခမရ ၅၇၈ ၊ ၅၈၀ တို့က နောက်ယောင်ခံလိုက်နေတာ။ ကျနော်တို့က အပစ် ရပ်ထားတယ်ဆိုတော့ အပစ်အခတ်မဖြစ်ဖို့ အထူးရှောင်ရှားတဲ့ကြားထဲက ဗိုလ်မှူးကျော်ကျော်လင်း ဦးဆောင်တဲ့ ခမရ ၅၅၃၊ ဗိုလ်မှူး သန်းကျော်ဌေး ဦးဆောင်တဲ့ ခမရ ၅၅၄ ပူးပေါင်းတပ်ဖွဲ့နဲ့ ပက်ပင်း တိုး လို့ တိုက်ပွဲဖြစ်သွားတယ်။ သူတို့ရဲ့ လက်နက်ကြီး ၆၀ မမ က ကျနော်တို့ နောက်တန်းရုံးနားမှာ ကျကွဲလို့ပေါ့။ ရှေ့တန်းစစ်မျက်နှာက ဘာမှမဖြစ်ဘူး” - ဟု ဗိုလ်မှူးကြီး ကွဏ်းဇင့် က ဆက်လက် ပြောပြပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA  ဘက်မှကျဆုံးသူမှာ ဒုဗိုလ်ကွန်ခမ်း၊ ဒဏ်ရာရှိသူမှာ ဗိုလ် စိုင်းစံ ဖြစ်ကြောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မည်သို့ တုန့်ပြန်မည်ကို ဌာနချုပ် (လွယ်တိုင်းလျဲန်း) နှင့် တိုင်ပင်နေကြောင်း ပြောပါသည်။

ဒီဇင်ဘာ ၂ ရက် ၂၀၁၁ ပဏာမ အဆင့် အပစ်ရပ်ရန် အစိုးရနှင့် သဘောတူညီမှုရပြီးနောက်ပိုင်း တိုက် ပွဲ ပေါင်း အကြိမ် ၃၀ ကျော်ဆက်လက်ဖြစ်ပွားနေရာ အစိုးရဘက်မှ နယ်မြေရှင်းလင်းရေးနှင့် ရန်ရှာမှု ကြောင့် ဖြစ်ပွားခဲ့ရ ကြောင်း RCSS/SSA  ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3678--rcssssa-.html

November 23, 2012

ချင်းပြည်နယ် နယ်စပ်အခြေစိုက် အစိုးရစစ်တပ်တွေ အကျင့်ပျက်ပြား

ချင်းပြည်နယ် မတူပီမြို့နယ် အန္ဒိယ – မြန်မာနယ် စဘောင်းသဲတပ်စခန်းတွင် လက်ရှိတာဝန် ကျနေသည့် ခလရ ၁၄၀ ၊ စစ် တပ်တွေက တိရိစ္ဆာန်ကုန် သည် များအား ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ငွေကောက်ခြင်းများပြုလုပ်ခဲ့ေြကာင်း သိရ သည်။
နို၀င်ဘာ ၁၃ ရက်နေ့က စဘောင်းသဲတပ်စခန်းမှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ထိုက် နှင့် အင်အား ၆ ဦးတို့သည်  စဘောင်းသဲ- စဘောင်း ပီရွာအကြားတွင် ကျွဲ ရ ကောင်ကို ဖမ်းဆီးသည့် အပြင် ကျွဲပိုင်ရှင်များ၏ နိုင်ငံသား မှတ်ပုံတင်များကို သိမ်း ဆည်းပြီး ငွေဖြင့် ရွေးယူစေခဲ့ခြင်းဖြစ်သည်။
“ ကျွဲ ရ ကောင်အတွက် အိန္ဒိယလုပ် ရူပီး နှစ်သောင်းတန် solar တလုံး၊ ရူပီး ၅ ထောင်တန် Mobile Handset တလုံးနဲ့ ရွေးယူဖို့ဖြစ်တယ်၊ အဲဒါကို စဘောင်းသဲ ရွာ အုပ်ချုပ်ရေးမှူးက အာမခံပေးတယ်” ဟု ကျွဲပိုင်ရှင်က ပြောသည်။
ထို့အပြင် အဆိုပါ အစိုးရစစ်တပ်သည် တခြားတိရိစ္စာန်ပိုင်ရှင်များထံမှ နွားနောက် ၁၀ ကောင်ကို ပြန်လည်ဖမ်းဆီးပြီး ငွေ ဖြင့် ရွေးယူရန် ပြန်လည် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကျွဲပိုင်ရှင်တို့သည် solar ပြားနဲ့ mobile ၀ယ်ယူပါက အမြတ်တပြားတချပ်တောင် ထွက်မှာ မဟုတ်တော့ကြောင်း၊ ၄င်းတို့ခြံပေါက်တိရိစ္ဆာန်တွေကုိ မီဇိုရမ်ပြည်နယ်သို့ရောင်းပြီး ဆန်ဝယ်ယူ ရန်ဖြစ်ကြောင်း ဆက်ဆိုသည်။
“နောက်ထပ် ဖမ်းတဲ့ နွားနောက်တွေကိုတော့ ဘယ်လုပ်ဆက်ဖြစ်သလဲ မသိဘူး၊ ခင်ဗျားတို့ မရာ(ချင်း)တွေ လူလည် လုပ်တယ်ဆိုပြီး ပါးရိုက်သေး တယ်” ဟု ဆက်ပြောသည်။
ယခုနှစ်အတွင်း မတူပီမြို့နယ် မရာဒေသရှိ ချင်းပြည်သူများသည် တနှစ်စာအတွက် တောင်ယာစပါး မထွက်ကြောင်း သိရသည်။
ဗိုလ်မှူးသန်းဇော်ထိုက်နှင့် အဖွဲ့သည် ပြီးခဲ့တဲ့ နို၀င်ဘာ ဒုတိယပတ်အတွင်း  ကထစ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး လိုင် လင်းပီ ရွာသို့ ရဟတ် ယာဉ်ဖြင့် ရောက်ရှိလာချိန် လုံခြုံရေးအတွက် တာဝန် ကျစဉ် ယခုကဲ့သို့ တိရိစ္စာန်များအား ဖမ်းဆီး လိုက် ခြင်း ဖြစ်သည်။
“အစိုးရစစ်တပ်တချို့ဟာ ပြည်သူရှေ့မှောက်မှာတော့ လူမှုဆက်ဆံရေးကောင်းသယောင်ယောင်နဲ့ ကွယ်ရာမှာတော့ မဟုတ် ပြန် ဘူး” ဟု ဒေသခံ တဦးက ပြောသည်။

http://khonumthungburmese.org/?p=927

ငြိမ်းချမ်းရေးကိစ္စ သတိရှိရန် KNU ကို ပြည်တွင်း ကရင်လူမှုအဖွဲ့ အစည်းများ ပြောဆို

ဝင်ဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခါွးလေး (ကေအိုင်စီ)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် သတိရှိရန်နှင့် ပြည်သူလူထုအ ကျိုးကို ရှေးရှု ရန် ပြည်တွင်း ရှိ ကရင်လူမှုအဖွဲ့အစည်း များက ရန်ကုန်တိုင်း၊ အလုံမြို့ နယ်ရှိ Myanmar Baptist Convention – MBC အဆောက်အဦး၌ နိုဝင်ဘာလ ၂၀ရက်နေ့၊ မြန်မာစံတော် ချိန် ၉နာရီမှ မွန်းလွဲ ၂နာရီအထိ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲ တွင် KNU သို့ သတိပေး ပြောကြားခဲ့သည်။
မြန်မာအစိုးရနှင့် KNU တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး သဘောတူခဲ့သည့်နောက်ပိုင်း ကရင်ပြည်နယ်အတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုမှာ ပိုင်ကျုံမြို့နယ်တွင် ၂၉,၁၄၈ဧက၊ လှိုင်းဘွဲမြို့နယ် ၂၀,၁၀၀ဧက၊ သျှမ်းရွာ သစ်မြို့နယ်တွင် ၂၁,၁၀၀ဧကရှိ လာသည်မှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ၎င်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကရင့်ရေးရာကော်မတီမှ စောကျော်စွာက ပြောသည်။
“ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ ပြည်သူလူထုအတွက် အကျိုးပြုမပြု ထည့်သွင်းစဉ်းစားဖို့။ နောက် ကရင်ပြည်နယ်မှာ ဒုက္ခသည် တွေ ပြန်လည်နေချထားရေးဆိုပြီး လယ်မြေတွေ အသိမ်းခံရတာ ရှိတယ်။ ဒါကို KNU က ကာကွယ်ပေး ဖို့။”ဟု တင်ပြပြောဆိုခဲ့ သည်။
အဆိုပါတွေ့ဆုံပွဲ၌ ပြည်တွင်းလူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစော ဒေါ့လေးမူ၊ ဗဟိုကော်မတီဝင် ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုကော်မတီဝင်လည်းဖြစ်၊ ကရင်အမျိုးသ မီးအစည်းအရုံး၏ တွဲဖက် အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇန်တို့က KNU အဖွဲ့အတွင်းရှိ လက်ရှိ အခြေအနေများ အပါအ ၀င် အစိုးရနှင့် ဆက်လက် လုပ်ဆောင်သွားမည်များကို တုံ့ပြန်ရှင်းလင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ KNU ကိုယ်စားလှယ်များ အပါအဝင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ စာပေ၊ ယဉ်ကျေးမှုကော်မတီဝင်များ၊ ဒေသအသီးသီးမှ ကရင်နှစ်သစ်ကူး ကျင်းပရေးကော် မတီအဖွဲ့ဝင်များ၊ ကရင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ နယ်စပ်မှ ဘာသာရေးခေါင်းဆောင်များ အပါအ ၀င် လူဦးရေ ၅၀နီးပါး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP ၏ ဒုဥက္ကဌ မန်းအောင်ပြည်စိုးကလည်း ငြိမ်းချမ်းရေး တည် ဆောက်မှုအပိုင်းတွင် KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်အမျိုးသားအချင်းချင်းကြား စည်းလုံး ညီညွှတ်မှု တည်ဆောက်ရေး အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ လူမှုအဖွဲ့အစည်းခေါင်းဆောင်များက KNU နှင့် အစိုးရအကြား ပစ်ခတ်ရပ်စဲရေး သဘောတူညီမှုနောက်ပိုင်း ဖြစ်ပေါ် လာသည့် လယ်မြေသိမ်းဆည်းမှုများအပြင် KNU ဆက်ဆံရေးရုံး၏ လုပ်ငန်းတာဝန်များ၊ KNU ကို အစိုးရမှ မတရားအသင်းမှ ပယ်ဖျက်စေလိုခြင်းများနှင့် အဖွဲ့အတွင်း စည်းလုံးညီညွှတ်မှု အခြေအနေများ၊ ငြိမ်းချမ်းရေးကဏ္ဍတွင် အမျိုးသမီးပါ၀င်မှုနှင့် လူငယ်များ၏ ပညာရေး အရေးပါမှုများကို KNU ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမှုက “ကျနော်တို့ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ဖို့ ကရင်လူထုတစ်ရပ်လုံးရဲ့ဆန္ဒ ကို အခြေခံပြီးတော့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ဖို့ လိုတယ်။ နောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြဲရှိနေသေးတယ်။ အထူးသဖြင့် မြေယာသိမ်းခံရမှုကိစ္စပါ။ ဒါတွေအားလုံး အစိုးရနဲ့ ထပ်တွေ့ဆုံေ ဆွးနွေးတဲ့အခါ တင်ပြသွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးကာလအတွင်း ရှေ့ဆက် လုပ်ဆောင်ရမည့်လုပ်ငန်းများ၌ နိုင်ငံရေးအရဖြစ်စေ၊ ငြိမ်းချမ်းရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး ပါဝင်ကူညီလုပ်ဆောင်ရန် လိုအပ်သည်ဟု ပဒိုစောဒေါ့လေးမူက လူမှုအဖွဲ့အစည်းများကို တိုက်တွန်းလိုက်သည်။
KNU ကိုယ်စားလှယ်များသည် နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် Karen Baptist Convention ခေါ် ကရင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်၏ ဒေသဆိုင်ရာ သာသနာအတွင်းရေးမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီး ထို နေ့ညနေ ၆နာရီတွင် သမတရုံးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှ မောင်ရွှေတို့နှင့် Peace Center ၌ တစ်နာရီခန့် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

http://www.kicnews.org/?p=14269

အလွှာစုံပါဝင်မည့် သျှမ်းညီလာခံအား ရန်ကုန်၌ တနင်္လာနေ့စတင်မည်

လာမည့်တနင်္လာနေ့မှစ၍ ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ညီလာခံတရပ်အားသျှမ်းတိုင်း ရင်းသားများသီးသန့်တွေ့ဆုံကာ သုံးရက်ဆက်တိုက် ဆွေးနွေးဖလှယ် ကြမည်ဟုသိရှိရပါသည်။
000
အောက်တိုဘာ ၁၅ ရက်နေ့က သျှမ်းညီလာခံအတွက် အကြိုအစည်းအဝေး

“ကျနော်တို့လဲ အတွေ့အကြုံမရှိသေးဘူး။ ဒါပေမယ့် ဒီတကြိမ်အောင်မြင်သွားရင် နောက်တဆင့် ထပ်တက် မယ်။ ပြောချင်တာက ကျနော်တို့သျှမ်းအမျိုးသားအကြား ဒီအစည်းအဝေးကနေ ညီညွတ်မှုရသွားရင် သျှမ်းပြည်တဝှမ်းလုံးမှာ ရှိတဲ့တိုင်းရင်းသားအားလုံးပါဝင်လာတဲ့အဆင့်ထပ်လုပ်သွားမယ်။ ဒါ့ကြောင့် ဒီအစည်းအဝေးမှာ အလေးအနက်ထားပြီး ပါဝင်ဆွေးနွေးသွားစေချင်တယ်” - ဟု သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ ခွန်ထွန်းဦးကပြောပါသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ စတင်မည့် Trust Building for Peace ‘ငြိမ်းချမ်းရေးအ တွက် ယုံကြည်မှုတည် ဆောက်ခြင်း’ သျှမ်းညီလာခံ၌ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ ဥက္ကဌ ခွန်ထွန်းဦး၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မှ Joint Secretary လဲချားမြို့ပြည်သူ့လွတ်တော်အမတ် စိုင်းမောင်တင်၊ တိုင်းလျဲန်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ စိုင်းဌေးအောင်တို့တက်ရောက်ဟုလည်း ဆိုသည်။

“SSPP နာယက ဗိုလ်ချုပ်ဆေထဲင်၊ RCSS က ဗိုလ်မှူးချုပ်ပေါင်ခေး လဲတက်မယ်။ မိုင်းလားတပ်ဖွဲ့ကော လာမယ်။ ညောင်ရွှေစော်ဘွားရဲ့သား စဝ်ဟန်ယောင်ဟွေ့တို့လဲ တက်မယ်၊ ဒါ့အပြင် ဒေါက်တာ စိုင်းခမ်းလိတ် က အနုပညာနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်နဲ့လဲလာဟောပြောဦးမယ်။ တခြားသျှမ်းလူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ မြို့နယ်ကိုယ်စားလှယ်တွေလဲတက်မယ်” - ဟု ပါဝင်ကူညီသူ လူငယ်တဦး ကပြောပါ သည်။

“နိုင်ငံရေးဖြစ်စေ၊ စစ်ရေးဘဲဖြစ်စေ၊ အသွင်မတူလို့ခွဲလုပ်ရပေမယ့် ဦးတည်ချက်တော့တူရမယ်။ ဘယ်သူ မဆို မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ တောင်တန်းဒေသ မြေပြန့်ဒေသ တန်းတူအခွင့်အရေးရစေချင် တာပေါ့။ တန်းတူညီမျှမှုမရှိလို့ လက်နက်ကိုင်လမ်းစဉ်ပေါ်လာတယ်။ ပြည်ထောင်စုကို နာမည်နဲ့ဘဲ မတည် ဆောက်ဘဲ တန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အချိန်တန်ပြီ။” ဟု ပြည်သူ့လွှတ် တော်အမတ်စိုင်းမောင်တင် ကပြောပါသည်။

အဆိုပါညီလာခံအား ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ ၌ နိုဝင်ဘာ ၂၆-၂၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီခန့်အထိ ကျင်းပမည်ဖြစ်သည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3677-2012-11-23-09-43-48.html

SSPP/SSA လှုပ်ရှားရာ သျှမ်းမြောက် လေးမြို့နယ်အား အစိုးရတပ်ထိုးစစ်တိုက်ခိုက်နေ

သျှမ်းပြည်မြောက်ပိုင်းလေးမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်စစ်ကြောင်း များ၊ ယာယီတပ်စခန်းများအား အစိုးရတပ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သျှမ်းပြည်တပ်မတော်အသိုင်း အဝိုင်းကပြောပါသည်။
SSPP SSA
“ကျနော်တို့ ဌာနချုပ်အနီးအနားကလွဲလို့ ကျန်တဲ့နေရာတွေမှာ ကျနော်တို့ကို လိုက်တိုက်နေတယ်။ အခုလဲ သိန္နီ၊ ကျောက်မဲ၊ မိုးမိတ်၊ နမ္မတူ မြို့နယ် တွေထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ကျနော်တို့စစ်ကြောင်းရဲ့ သတင်းကိုရတာနဲ့ အစိုးရတပ်က နောက်ယောက်ခံလိုက်တိုက်နေတာ” - ဟု ဗိုလ်မှူးကြီးစိုင်းထူး ကပြော ပါသည်။

သျှမ်းပြည်မြောက်ပိုင်း သိန္နီ၊ ကျောက်မဲ၊ နမ္မတူ၊ မိုးမိတ် မြို့နယ် အတွင်းလှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၁ ၊ ၁၅၃၊ ၆၁၂ တို့အား အစိုးရ တပ်၏ ကျောက်မဲ အခြေစိုက် စကခ ၁ လက်အောက်ခံ တပ်ရင်းများ၊ သိန္နီအခြေစိုက် စကခ ၁၆ လက်အောက် ခံတပ်ရင်းများ၊ အောင်လံ နှင့် မန္တလေးမှ တပ်ရင်း အချို့တို့က လိုက်လံတိုက်ခိုက်နေကြောင်း ဝမ့်ဟိုင်းဌာနချုပ် အရာရှိ အသိုင်း အဝိုင်းက ပြောပါသည်။

“ကျနော်တို့ကိုဘဲ တိုက်နေတာမဟုတ်ဘူး။ လူထုတွေကိုပါနှိပ်စက်နေတာ။ အစိုးရတပ်က အင်အားတိုးချချင် လို့ ရပ်ရွာဗုံးကွဲမှုကိုဖန်တီးတယ်၊ လူထု သေကျေဒဏ်ရာရတယ်။ ကျနော်တို့ရဲ့အမာခံလူဆိုပြီး ရပ်ရွာအုပ်ချုပ် ရေးမှူး တွေကို ဖမ်းဆီးရိုက်နှက်တယ်။ အပစ်ရပ်တယ်ဆိုတာ ဌာနချုပ်အနီးအနားဝန်းကျင်လောက်ပဲလို့ ပြောရမှာ။ တခြားနေရာမရပ်ဘူး။ သူတို့က ကျနော်တို့ဆီ ဦးတည်လာနေတာတွေ့ရင်လဲ ကျနော်တို့က တော့ ပစ်ခတ်ရတာဘဲ” - ဟု အမည်မဖေါ်လိုသူ တပ်မှူးတဦးက ပြောပါသည်။

ထို့အတူသျှမ်းပြည်မြောက်ပိုင်း မန်တုံ မြို့နယ်အတွင်းတွင်လည်း မြန်မာအစိုးရတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ အနည်းဆုံးတပတ်နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားနေသည်ဟု TNLA က ပြောပါသည်။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် အစိုးရနှင့်အပစ်ရပ်ရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် အလွတ်သဘော တွေ့ဆုံခဲ့ဖူးသည်။ သျှမ်းပြည်တိုးတက်ရေးပါတီမှာမူ ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ နေ့၌ ပြည်ထောင်စုအဆင့်အပစ်ရပ်ထားသော်လည်း ထိုနေ့မှ ယနေ့အထိ တိုက်ပွဲပေါင်းအကြိမ် ၅၀ ထက်မနည်းရှိပြီဟု သျှမ်းပြည်တိုးတက်ရေးပါတီအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးကပြောပါသည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3676-ssppssa----.html

တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်

တိုင်းပြည်စီးပွားရေး ကောင်းလာရုံ တခုတည်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားရေးရာ အခွင့်အရေးတွေကို အလိုအလျောက် ဖြေရှင်း သွားနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။
Photo: RFA
ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၂၁ရက်နေ့ လွှတ်တော်ထဲတွင် တွေ့ရစဉ်
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ တိုင်းရင်းသားပါတီပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ ကျင်းပတဲ့ မိတ်ဆုံစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို တိုင်းထွာကြည့်ရှုရာမှာ  ငွေကြေးဥစ္စာချမ်းသာသူတွေကို ကြည့်ပြီး တိုင်းထွာတာမျိုး မဖြစ်သင့်ပဲ၊ ဆင်းရဲသားအများစုရဲ့ လူနေမှုဘဝ ဘယ်လောက် မြင့်တက်လာသလဲဆိုတာကို အဓိကထား ကြည့်ရမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် အစည်းအဝေးပြီးတိုင်းမှာ အခုလို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ညစာစကားဝိုင်းပုံစံမျိုး နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေကြဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို RFA ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိ က ကောက်နှုတ်တင်ပြထားပါတယ်။

http://www.rfa.org/burmese/news/dassk-meet-party-leader-11232012104144.html
ဒေါ်ခင်ခင်အိ အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

ဒေါ်စု တိုင်းရင်းသားပါတီ အမတ်တွေနဲ့ တွေ့ဆုံ


ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်း ခဲ့တဲ့  ပြည်ထောင်စုမြန်မာနိုင်ငံတော် ဒီနေ့ချိန် အထိ မတည်ဆောက်နိုင်သေးတဲ့ အပေါ်မှာ စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ မနေ့က လွှတ်တော် ပုံမှန် စည်းဝေးပွဲတွေ အပြီး တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေကို ဖိတ်ကြား ဧည့်ခံခဲ့တဲ့ ညစာစားပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က လွှတ်တော် ပုံမှန် အစည်းအဝေးတွေ အပြီး နှုတ်ဆက် ညစား စားပွဲမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေကို ဖိတ်ကြား ဧည့်ခံခဲ့တာပါ။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူပြီးရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့သလို ဒီကနေ့ သူ မျှော်လင့်တဲ့ နိုင်ငံတော်တရပ် ဖြစ်မလာသေးတဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တယ်လို့ ဒီ ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

"ပင်လုံစာချုပ် ချုပ်တဲ့ကာလမှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပါတ်သက်လို့ ရေးတဲ့ အခါမှာ ဆယ်နှစ်ကျတဲ့အခါမှာ ခွဲထွက်ခွင့်ဆိုတာကို အခန်း ၁၀ မှာရေးဆွဲခဲ့တာဖြစ်တယ်။ သူယုံကြည်ချက်အပြည့်နဲ့ ရေးခဲ့တာဖြစ်တယ်။ တိုင်းရင်းသားတွေကလည်း ဗိုလ်ချုပ်ကိုချစ်တယ်။ မြတ်နိုးတယ်။ ဗိုလ်ချုပ်ရဲ့ ကတိ အပေါ်မှာလည်း လေးစားမြတ်နိုး တန်ဖိုးထားတယ်။ ဆယ်နှစ်အကြာ တိုင်းပြည်ကိုပြန်လည် တည်ဆောက်တဲ့ ကာလမှာ အောင်မြင်နိုင်မယ်လို့ သူယုံကြည်လို့ အဲဒီအပိုဒ်လေးကို ဖြည့်တာ။ သူကိုယ်တိုင် မတည်ဆောက်နိုင်ခဲ့တာ၊ သူ့အဖေမျှော်မှန်းခဲ့တဲ့အတိုင်းဖြစ်မလာခဲ့တာတွေကို စိတ်မကောင်းဘူး။ ဒါပေမယ့် ကျမတို့အခု ကျနော်တို့အခု တည်ဆောက်ကြရမယ်။  ဒီလောက်များပြားတဲ့ တိုင်းရင်းသားတွေနေတဲ့ နိုင်ငံတော်ကြီးမှာ တိုင်းရင်းသားတွေ အချင်းချင်းချစ်ကြည် တစ်ဦးအပေါ်တစ်ဦးလေးစား ယုံကြည်ပြီးကာမှ တိုင်းပြည်ကို ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်ထားနိုင်မှ ပြည်ထောင်စုကြီးဟာ သာယာမယ် ငြိမ်းချမ်းမယ် ဆိုတာကို သူ့ရဲ့အတွေ့အကြုံတွေနဲ့ ရှင်းပြသွားတာဖြစ်ပါတယ်"

ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောဘဲ နှုတ်ဆိတ်နေတယ် ဆိုတဲ့ ဝေဖန်မှုတွေ သူ့ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေအတွင်း ကြုံခဲ့ရတာနဲ့ ပတ်သက်လို့လည်း သူ့အနေနဲ့ကတော့ ဘယ် ဘက်ကိုမှ ရပ်တည်ပြီး ပြောဆိုသွားမှာ မဟုတ်တဲ့အကြောင်း ထပ်ပြီး ပြောသွားခဲ့တယ်လို့  ဒေါက်တာ အေးမောင် ကပြောပါတယ်။ ဒေါ်အောင်ဆန််းစုကြည် လွှတ်တော်တွင်းမှာ စတင် ပါ၀င်လာချိန်ကတည်းက ခုလို တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့ မကြာခဏ ဆိုသလို တွေ့ဆုံလေ့ရှိတာဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေက တိုင်းရင်းသားတွေအကြား နွေးထွေးမှုကို ရရှိစေပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း ယုံကြည်မှု ပို တိုးလာစေတယ်လို့လည်း ဒေါက်တာ အေးမောင် က ပြောပါတယ်။

"ကျနော်အပါအဝင် တိုင်းရင်းသားအားလုံးရဲ့ မျက်နှာမှာ မျှော်မှန်းချက်တွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို မြင်တိုင်း ပြောတိုင်း တွေ့တိုင်းမှာ ကျနော်တို့ဗိုလ်ချုပ်ကို သတိရကြပါတယ်။  ဗိုလ်ချုပ်ကိုယ်ပွါး ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၉၀ ကတည်းက ရပ်တည်လာတယ်။ နောက် သူ့ခဗျာ နှစ်ပေါင်းများစွာ အကျဉ်းချခံပြီးကာ ဒီမိုကရေစီ ရဖို့ကြိုးစားတယ်။ အခုတစ်ခါ လွှတ်တော်ထဲရောက်အောင် တိုင်းရင်းသားတွေကပဲ မေတ္တာရပ်ခံပန်ကြားပြီး ဖိတ်ခေါ်လာတယ်။

တိုင်းရင်းသားတွေနဲ့ တွေ့တယ်ဆွေးနွေးတယ် လွှတ်တော်ကိစ္စတွေတင်မကဘူး တိုင်းရင်းသားရေးရာ ပြည်ထောင်စုရေးရာ ပြည်တွင်းရေးရာ ပြည်ပရေးရာတွေ နှီးနှောဆွေးနွေးကြတယ် ဆိုတော့ ရင်းရင်းနှီးနှီးဖြစ်တာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မပြီးဆုံးသေးတဲ့ ပြည်ထောင်စု ကဏ္ဍတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ကာမှ ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်တို့အားလုံးယုံကြည်ပါတယ်။  အဲလို ယုံကြည်ချက် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တိုင်းမှာ ခိုင်ခိုင်မာမာ ဖြစ်ပွါးစေတာပါပဲ"

နေပြည်တော် စည်ပင်ရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ ဒီ ညစာ စားပွဲကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းတို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ တက်ရောက်လာခဲ့ကြပြီး တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ ကိုယ်စား ဦးတီခွန်မြတ်က အမှာစကား ပြောကြားခဲ့တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒီညစား စားပွဲကို တိုင်းရင်းသား ပါတီတွေက လွှတ်တော်အမတ် ၁၀၀ လောက် တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်ခင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဇီလန် ၀န်ကြီးချုပ် နဲ့လည်း နေပြည်တော်မှာ ရှိတဲ့ သင်္ဂဟာ ဟော်တယ်တခုမှာ မနေ့က ညနေပိုင်း က တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာ အကူအညီပေးခဲ့တဲ့ နယူးဇီလန် နိုင်ငံကို ကျေးဇူးတင်ကြောင်းနဲ့ သိပ်မကြာခင် ကာလတခုမှာ နယူးဇီလန်နိုင်ငံကို သူ သွားရောက် လည်ပတ်ချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဒေါ်လာ ရ သန်း ကူညီထောက်ပံ့မယ့်အကြောင်း နယူးဇီလန် ၀န်ကြီးချုပ်က အခုခရီးစဉ် အတွင်း ပြောကြားခဲ့သလို ခုလို မြန်မာနိုင်ငံကို ပေးတဲ့အကူအညီတွေ လူထုကို တိုက်ရိုက် အကျိူးပြုနိုင်တဲ့ အကူအညီတွေ ဖြစ်ဖို့ လိုအပ်တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းမရှိဘဲနဲ့တော့ ဒီမိုကရေစီ နည်းကျ တယ်လို့ အပြည့်အဝ မဆိုနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် နယူးဇီလန် နိုင်ငံအနေနဲ့ တွန်အားပေး ဆောင်ရွက်ဖိို့ကိုလည်း နယူးဇီလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါသေးတယ်။

http://burmese.voanews.com/content/daw-suu-met-with-enthinc-parties-/1552054.html
နိုဝင်ဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

နယ်ခြားစောင့်တပ်-BGF တပ်သားသစ်စုဆောင်းရရှိရေး အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ ထီးဝါ့ဘလောကျေး ရွာတွင် BGF အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူကိုယ် တိုင် သွားရောက်စည်းရုံးခဲ့ရာ တပ်သားသစ် ၈ဦး ရရှိခဲ့သည် ဟု သိရသည်။
ထီးဝါ့ဘလောကျေးရွာ၌ ယခင်က DKBA တပ်ဖွဲ့တွင် အမှုထမ်းဆောင်ခဲ့ဖူးသူ စစ်မှုဟောင်းများကို BGF တပ်သားများအဖြစ် ပြန် လည် အမှုထမ်းရန် ဗိုလ်မှူး ကြီးစောချစ်သူက သွားရောက်စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“သူ(ဗိုလ်ချစ်သူ)က ထီးဝါ့သလောရွာမှာ ရွာသူကြီးဆီကနေ ၁၅ယောက် တောင်းထားတယ်။ သူကြီးက ရှာပေးလို့ မရတော့ အရင်က DKBA မှာ စစ်မှုထမ်းဖူးတဲ့သူတွေကို စည်းရုံးတယ်။ အတင်းအဓမ္မတော့ မဟုတ်ဘူး။ နောက် ဆုံး ၈ယောက် ရသွားတာ ပေါ့”ဟု သူက ပြောသည်။
ဗိုလ်မှူးကြီးစောချစ်သူ စည်းရုံးရရှိခဲ့သော အဆိုပါ ရွာသား ၈ဦးသည် အများအားဖြင့် အိမ်ထောင်သည် များဖြစ်ကြပြီး ၂၀၀၈-၂၀၀၉ကတည်းက DKBA တပ်သားသစ် စုဆောင်းခံခဲ့ရဖူးသည့် စစ်တပ်အတွင်း ၃နှစ် တာဝန် ထမ်းဆောင်သူများဖြစ်သည်ဟု သူက ဆက်ပြောသည်။
သို့သော် ထီးဝါ့ဘလောကျေးရွာတွင် BGF တပ်သားသစ် စည်းရုံးကောက်ခံခြင်းနှင့်ပတ်သက်၍ မြဝတီမြို့နယ်တွင် လှုပ်ရှားနေ သည့် BGF (၁၀၁၈)တပ်ရင်းမှူး ဗိုလ်မှူးစောမောင်ဝင်းအား ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ထို့အပြင် ထီးသဝါ့ဘလောကျေးရွာ အနီးဝန်းကျင်ရှိ သံပုရာရွာနှင့် ထီးလော်သေ့ရွာ၌လည်း အောက်တိုဘာလက အလားတူ BGF တပ်သားသစ်ရရှိရေးအတွက် ဗိုလ်မှူးကြီးစောချစ်သူမှ သွားရောက်စည်းရုံးခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ မရရှိခဲ့ ကြောင်း သိရသည်။
BGF အမှတ်(၃) တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူသည် ကရင်ပြည်နယ်၊ နဘူးမြို့နယ်အခြေစိုက် အမှတ် (၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)နှင့် (၁၀၂၀) BGF တပ်ရင်းများကို အုပ်ချုပ်ရသူဖြစ်ပြီး ပြီးခဲ့သည့် အောက်တို ဘာလက သနေချားမြို့နယ်ရှိ ရွာအချို့ တွင် တပ်သားသစ် စုဆောင်းခဲ့သေးသည်။

http://www.kicnews.org/?p=14287

November 22, 2012

ကေအဲန်ယူဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးပတ်သက်၍ သတင်းထုတ်ပြန်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သုံးပတ်ကြာကျင်းပခဲ့သည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးနှင့်ပတ်သက်၍ ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
KNU ၏ ထုတ်ပြန်ကြေညာချက်
KNU ၏ ထုတ်ပြန်ကြေညာချက်
အဆိုပါအစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကေအဲန်ယူ နယ်မြေ ဖားအံခရိုင်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကေအဲန်ယူ ဗဟိုကော်မတီဝင် ဗဒိုမန်းငြိမ်းမောင်က “ပုံမှန်ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်ချက်တွေကို သဘောထားတွေကို တိုင်းပြည်ကိုသိသင့်တဲ့ကိစ္စပဲထင်လို့ ကျနော်တို့ထုတ် တယ်၊ နောက်ကျနော်တို့ ကရင်အမျိုးသားတွေလည်းသိစေချင်တဲ့ရည်ရွက်ပြီးတော့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တယ်” ဟု ပြောသည်။
အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်းကော်မတီ ၄၀ ဦး တက်ရောက် ကြပြီး ၄ နှစ်တာကာလအတွင်း အဖွဲ့အစည်း၏ အခြေအနေ၊ နိုင်ငံရေးအခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နည်းဥပဒေများနှင့် အခြေခံလမ်းစဉ်လုပ်ငန်းစဉ်များကို ကျေကျေလည်လည် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြင်ဆင်ဖြည့်စွက် ဆွေးနွေးအတည်ပြုခဲ့ကြသည်ဟု ယင်းထုတ် ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ယခင်စစ်ဦးစီးချုပ်အပါအဝင် ကေအဲန်ယူထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကေအဲန်ယူဗဟိုက မူလတာဝန်များအတိုင်း ပြည်လည်ပေးအပ်ခဲ့သည်။
ကေအဲန်ယူသည် နောက်သက်တမ်း ခေါင်းဆောင်များကို ရွေးချယ်ရန်အတွက် လာမည့် နိုဝင်ဘာလ ၂၆မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ၁၅ ကြိမ်မြောက် ညီလာခံကျင်းပမည်ဟု သိရသည်။
ထို့အတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် လတ်တလော ဖြစ်ရှိပြောင်းလဲနေသော မြန်မာပြည်နိုင်ငံရေးအခြေအနေနှင့် တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးရည်မှန်းချက်များကို ပြည်လည်သုံးသပ်ဆွေးနွေးနှိုင်းယှဉ်ပြီး အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ် အချက် ၃ ချက်ဖြင့် ချတ်မှတ်ခဲ့သည်။
ယင်းအချက်များမှာ
၁။ စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော် ဆောင် ရွက်သွားမည်၊
၂။ စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းရေးကို တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီအင်အားစုများဆန္ဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်၊
၃။ ကရင်အမျိုးသား အစည်းအရုံးသည် စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေး ကရင်အမျိုးသားများ၏ အကျိုးကျေးဇူး ခံစားခွင့်ရရှိရေးနှင့် တန်းတူညီတူအခွင့်အရေးရရှိရန် ပြည်တွင်းပြည်ပ ကရင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်တို့ ပါဝင်သည်။

http://burmese.monnews.org/?p=5895

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု UNA ကြေညာချက်ထုတ်ပြန်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – တိုင်းရင်းသားပါတီ ၇ ပါတီ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
UNA ၏ထုတ်ပြန်ချက်(UNA)
UNA ၏ထုတ်ပြန်ချက်(UNA)
SNLD ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က “အဓိက အချက်နှစ်ချက်ပေါ့နော် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့နဲ့ စီးပွားရေးရုပ်သိမ်းတာ စောသေးတယ်ဆိုတဲ့ ဒီနှစ်ခုကို အဓိကထားပြီးတော့ ကျနော်တို့ ဒီထုတ်ပြန်ချက်ကိုထုတ်လိုက်တာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အစပြုရုံသာရှိ၍ ပြီးပြည့်စုံရန် မရှိသေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ထဲကျန်ရှိနေသေးကြောင်းနှင့် မြန်မာပြည်အပေါ် သတ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုအကုန်လုံးနီးပါး ရုပ်သိမ်းခြင်းသည် အချိန်စောလွန်းနေသေးသည်ဟု ၎င်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တိုင်းရင်းသားများတောင်းဆိုနေကြသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည့်ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်ပေါ်လာရန် အခင်းအကျင်းချမှတ်ထားခြင်းမရှိ သေးသည့်အတွက် အမေရိကန်အနေဖြင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းမှုကို အချိန်စောပြီး မပြုလုပ်သင့်ကြောင်း စသည့်အချက် ၄ ချက်တို့ပါဝင်သည်။
အဆိုပါကြေညာချက်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အမေရိကန်သမ္မတ အိုဘားမားနှင့်တွေ့ဆုံခဲ့စဉ် UNA အဖွဲ့ခေါင်းဆောင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ကိုယ်တိုင်ပေးကမ်းလိုက်ခြင်းဖြစ်သည်ဟု SNLD ပါတီမှ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။
၎င်းက “အမရိကန်သမ္မတ အိုဘားမား စစတွေ့ချင်းမှာ ဥက္ကဌ ဦးခွန်ထွန်းဦးက မြန်မာပြည်ရဲ့ အဓိက လိုအပ်ချက်ကတော့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးရရှိဖို့ပဲ၊ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အကောင် အထည်ဖော်ဖို့လိုတယ်” ဟု ပြောသည်။
ထို့နောက် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ တပ်မတော်အကြီးအကဲများသည်လည်း အဓိက တာဝန်ရှိသူများဖြစ်သည့်အတွက် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန်လိုကြောင်း ပြီးခဲ့သော အောက်တိုဘာလ ၂၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသား မဟာမိတ်အဖွဲ့မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
United Nationalities Alliance (UNA) ခေါ် တိုင်းရင်းသားမဟာမိတ်အဖွဲ့ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။
လက်ရှိ UNA အဖွဲ့တွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ မွန်ဒီမိုကရေစီပါတီ MDP ၊ Zomi Congress for Democracy (ZCD)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ SSKDP, Kachin State National Congress for Democracy (KNCD)၊ Kayin National congress for Democracy (KNCD) ပါဝင်လျှက်ရှိကြသည်။

http://burmese.monnews.org/?p=5862
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India