July 29, 2012

အစိုးရနဲ့ တွေ့ဆုံစကားပြောလာတဲ့ ABSDF ကျောင်းသားတပ်မတော်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးစံမိုးဝေ က မကြာသေးခင်က မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် (ABSDF - All Burma Students' Democratic Front)  ရဲ ့ တာဝန်ခံတဦးဖြစ်သူ ဒုတိယ ဥက္ကဋ္ဌ ကိုမျိုးဝင်း ကို ဆက်သွယ်မေးမြန်းပြီး ABSDF ရဲ ့ ရပ်တည်ချက် နဲ့ တွေ့ဆုံဆွေးနွေးမှုအကြောင်းကို ဆွေးနွေးတင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ ၁၉၈၈ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်ခဲ့တဲ့ ဒီမိုကရေစီလိုလားတဲ့ လူထုအုံကြွမှုကြီးကနေ သန္ဓေတည်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဟာ မြန်မာပြည်က စစ်အစိုးရကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့တာ အခုဆိုရင် (၂၃) နှစ် ကျော်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကတော့ ABSDF အဖွဲ့ဟာ စစ်တပ်ရဲ ့ ကျောထောက်နောက်ခံယူထားတဲ့ အရပ်သားအစိုးရရဲ ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ ပဏာမ တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။ ABSDF အဖွဲ့ဟာ မြန်မာအစိုးရက မတရားအသင်းအဖြစ် ကြေညာထားခံရတဲ့ အဖွဲ့ဖြစ်သလို အရင်ကလည်း ဒီလို တွေ့ဆုံခဲ့မှုမျိုး မရှိခဲ့ပါဘူး။ အခုလို တွေ့ဆုံစကားပြောဆိုမှု ဘယ်လိုကနေ အစပြုခဲ့တယ်ဆိုတာကို ABSDF အဖွဲ့ရဲ ့ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်း ကို မေးမြန်းခဲ့ပါတယ်။

ဦးမျိုးဝင်း ။ ။ အဓိက အခြေခံအားဖြင့် ဆွေးနွေးဖြစ်တဲ့အကြောင်းကတော့ ကျနော်တို့ ABSDF လည်း ကနေ့ တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖို့အတွက်ကို နည်းလမ်းအဖြေနဲ့ လက်ခံထားတာ ရှိပါတယ်။ ဒီကနေ့ တိုင်းပြည်မှာ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းအားဖြင့် ပြည်သူလူထုအတွက် အကောင်းဆုံး အခြေအနေတွေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီအခြေခံပေါ်မှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကိုယ်စား အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးခင်စောအနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းစာကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပေးပို့လာပါတယ်။ အခုလိုမျိုး တရားဝင်စာနဲ့ ငြိမ်းချမ်းရေးစားပွဲမှာ ငြိမ်းချမ်းရေးပြဿနာတွေကို တန်တူညီတူ ဆွေးနွေးဖို့အတွက်ကို တရားဝင်စာနဲ့ ပေးပို့လာတဲ့အပေါ်မှာ ဒီလို ကမ်းလှမ်းမှုကို ကျနော်တို့ ကြိုဆိုတယ်။ ဒီ ကမ်းလှမ်းမှုကလည်း အဓိက နိုင်ငံရေးပြဿနာ အဖြေရှာနိုင်ဖို့အတွက် နည်းလမ်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ယုံကြည်မိပြီးတော့ ဒီကမ်းလှမ်းမှုကို ကြိုဆိုပြီးတော့ အဖွဲ့အစည်းအနေနဲ့လည်း ဒီမိုကရေစီအရေး၊ အမျိုးသားတန်တူရေးနဲ့ ပြည်ထောင်စု စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်နေတယ်။ သူတို့ရဲ ့ ကမ်းလှမ်းချက်ကို ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဦးစံမိုးဝေ ။ ။ အခုဆိုရင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးနေတာ ရှိပါတယ်။ တချို ့ဆိုရင်လည်း သဘောတူ လက်မှတ်ရေးထိုးနေတာတွေ ရှိနေပါပြီ။ ABSDF ကျောင်းသားတပ်မတော်ဟာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နေတဲ့ နေရာတွေမှာ အခြေပြု လှုပ်ရှားနေတာဆိုတော့ အခုလို အစိုးရနဲ့ ABSDF ငြိမ်းချမ်းရေးဖြစ်လာအောင် ပြင်ပကနေ ဖိအားပေခံရတာမျိုး ရှိသလား။

ဦးမျိုးဝင်း ။ ။ မရှိပါဘူး။ ကျနော်တို့ အတူတကွ လက်တွဲပြီး အနှစ် (၂၀) ပူးတွဲဆောင်ရွက်ခဲ့တဲ့အပေါ်မှာ အပြန်အလှန်နားလည်းမှု၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု နဲ့ အပြန်အလှန် အသိအမှတ်ပြုမှု ကျနော်တို့ဆီမှာ ရှိပါတယ်။ ဒီ အခြေခံပေါ်က မူတည်ပြီး ကျနော်တို့ ကိုယ်ပိုင်နိုင်ငံရေး ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးအမြင် သဘောထား ရှိပါတယ်။ အဲဒါကြောင့်မို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ ့ ကနဦး ကြိုးပမ်းမှု အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းနေတာကိုလည်း ကျနော်တို့ ကြိုဆိုတယ်။ ထောက်ခံတယ်။ ဒါပေမဲ့ ကျနော်တို့ အမြင်ကို အမြဲတမ်း အဖွဲ့အစည်းတွေကို တင်ပြတယ်။ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး သက်သက်နဲ့တော့ မဖြစ်နိုင်ဘူး။ ပြည်တွင်းစစ် ဖြစ်ခဲ့တဲ့ နိုင်ငံရေးအကြောင်းတရားတွေကို အဖြေရှာနိုင်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ တင်ပြခဲ့တယ်၊ ဆွေးနွေးခဲ့တယ်။ ဒီကနေ့ ABSDF အနေနဲ့ အခုလိုမျိုး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာတဲ့အပေါ် ဆုံးဖြတ်ဆောင်ရွက်ချက်ကလည်း ကျနော်တုုိ့ ABSDF ဗဟိုကော်မတီရဲ ့ သုံးသပ်ချက်၊ နိုင်ငံရေးအမြင်၊ နိုင်ငံရေး ယူဆချက်၊ နိုင်ငံရေး မျှော်လင့်ချက် ဖြစ်ပါတယ်။

ဦးစံမိုးဝေ ။ ။ အခုလို ဆွေးနွေးဖို့ ABSDF ဗဟိုကော်မတီကပဲ ဆုံးဖြတ်ခဲ့တာလား။ ပြည်တွင်းပြည်ပမှာ ရှိခဲ့တဲ့ ရဲဘော်တွေအဖွဲ့ဝင်တွေနဲ့ အဲဒီလို တွေ့ဆုံဖို့ ညှိနှိုင်းတိုင်ပင်ဖို့ ရှိပါသလား။

ဦးမျိုးဝင်း ။ ။ ရှိပါတယ်။ အခုန ပြောသလို ကျနော်တို့က ABSDF အဖွဲ့တဖွဲ့တည်းနဲ့ ဒီကိစ္စကို ဆုံးဖြတ်တာ မဟုတ်ဘူး။ တတိုင်းပြည်လုံးရဲ ့ ကိစ္စကို စီစဉ်ဆောင်ရွက်နေတဲ့ နေရာမှာ အားလုံးရဲ ့ အမြင်သဘောထားပေါ်မှာ ထင်ဟပ်ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် တရားဝင် ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေကိုလည်း ပေးပို့ပါတယ်။ ပြည်ပမှာရှိတဲ့ အဖွဲ့ဝင်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ ကျနော်တို့ကို တလျှောက်လုံး ထောက်ခံပံ့ပိုးခဲ့တဲ့ အင်အားစုတွေကို ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ရှေ ့သွားမယ်ခရီးလုပ်ငန်းတွေမှာ အင်အားစုအားလုံးရဲ ့ ဆန္ဒသဘောထား ထင်ဟပ်ပြီးဆောင်ရွက်ဖို့ တရားဝင်အကြံပြုလွှာတွေ တောင်းခံခဲ့ပါတယ်။ ဒီအကြံပြုထားတဲ့ အပေါ်မှာ အခြေခံပြီးတော့ အခုလိုမျိုး တွေ့ဆုံဆွေးနွေးဖို့ကို ဆုံးဖြတ်ခဲ့တာပါ။

ဦးစံမိုးဝေ ။ ။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာမှာ ဒီ ABSDF ဘက်က စွဲကိုင်ထားတဲ့ မူ ရှိပါသလား။

ဦးမျိုးဝင်း ။ ။ သေချာ ဆွေးနွေးဖို့အတွက် ကြိုးပမ်းတဲ့နေရာမှာတော့ ဒီနေ့ အဓိကဖြေရှင်းရမယ့် ပြဿနာက ABSDF နဲ့ အာဏာရှိတဲ့ အဖွဲ့အစည်းနဲ့ တဖွဲ့ကြားမှာ ဖြေရှင်းရမယ့် ပြဿနာလို့ ကျနော်တို့ မမြင်ပါဘူး။ ကျနော်တို့ ဖြေရှင်းရမှာက တတိုင်းပြည်လုံးရဲ ့ ပြဿနာ၊ နိုင်ငံရေး ပြဿနာကို ဖြေရှင်းရမှာ ဖြစ်တယ်။ တတိုင်းပြည်လုံးမှာ တည်ရှိတဲ့ နိုင်ငံရေးပြဿနာက လူမှုရေး ပြဿနာ၊ စီးပွားရေး ပြဿနာ အရပ်ရပ်အားလုံးကို ကျနော်တို့ ဖြေရှင်းရမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ထားရှိတဲ့ တွေ့ဆုံဆွေးနွေးရေးပေါ်မှာ ထားရှိတဲ့ သဘောထားကတော့ ကျနော်တို့ရဲ ့ တချို ့ ဆွေးနွေးမှုက တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာနိုင်မယ့် အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတရပ်ကို ဖြစ်ထွန်းစေချင်တယ်။

 အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကနေတဆင့် တိုင်းပြည်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ကို ပေါ်ထွန်းလာစေချင်တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ကာလမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်မြောက်ရေးဖို့ဆိုရင် ကျနော်တို့ ယုံကြည်ထားတာကတော့ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို ကြေညာရမယ်။

ထိုနည်းတူစွာပါပဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုလည်း လွှတ်ပေးရမယ်။ ထို့နည်းတူစွာပဲ ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုတခုလုံး ပါဝင်နိုင်ရေးကိုလည်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာရမယ်။ ပြီးတော့ တပြိုင်နက်ထဲမှာပဲ တိုင်းပြည်မှာ မီဒီယာ က စတုတ္ထမဏ္ဍိုင်အနေနဲ့ ရှိနေတဲ့ အနေအထားမှာ တိုင်းပြည်ထူးထောင်ရေးမှာ မီဒီယာအခန်းကဏ္ဍလည်း အရေးကြီးတယ်။ ဒါကြောင့် မီဒီယာတွေ ပါဝင်ခွင့်ရအောင် လောလောလတ်လတ် မီဒီယာ လှုပ်ရှားမှုတွေ ဖြစ်ပွားဖို့အတွက်ကို ဥပဒေ ပြဌာန်းပေးရမယ်။

ထို့နည်းတူစွာပါပဲ နိုင်ငံရေးအဖွဲ့အစည်းတွေလောက်နဲ့ ဒီကိစ္စတွေကို ဖြေရှင်းနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ လူထုအားလုံးပါဝင်တဲ့ အခြေခံလမ်းကြောင်းတွေကို ဖွဲ့ပေးရမယ်။ ဒါကြောင့်မို့ အလွှာအသီးသီးလိုက် လုံလောက်စွာ လှုပ်ရှားနိုင်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းပေးရမယ်။ လယ်သမားသမဂ္ဂတွေ ဖွဲ့စည်းပေးရမယ်။ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းရမယ်။ သံဃာဆို သံဃာအလိုက် အရင်ကတည်းက တည်ရှိခဲ့တဲ့ ရဟန်းပျိုသမဂ္ဂလို။ ဒီလို အလွှာအသီးသီးပါဝင်တဲ့ နိုင်ငံရေးအရ ပါဝင်မှုကိုလည်း လုပ်ပေးရမယ်။ အဲဒီလို အခြေခံကောင်းတွေ ဖန်တီးပေးပြီးတော့မှ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖော်ဆောင်ပေးတယ်။ အဲဒီမှတဆင့် ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာသွားနိုင်မယ်။ ဖြေရှင်းသွားနိုင်မယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရည်မှန်းချက်ကို ဖော်ထုတ်ဖို့ လိုလိမ့်မယ်လို့ ကျနော်တို့ ABSDF နဲ့ မျှော်လင့်ထားပါတယ်။

ဦးစံမိုးဝေ ။ ။ မြန်မာအစိုးရဘက်က ဆွေးနွေးဖို့ ကမ်းလှမ်းလာတာကို သဘောတူ လက်ခံခဲ့တာဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ယုံကြည်လို့လား။

ဦးမျိုးဝင်း ။ ။ ဒီနေ့ကာလမှာတော့ ဖြစ်နေပြီဆိုတဲ့ဟာကိုတော့ ပြောဖို့အတွက်ကို စောသေးတယ်လို့ ထင်ပါတယ်။ ဖြစ်စပြုနေပြီ၊ ဖြစ်စပြုနေတဲ့ ဒီလမ်းကြောင်းပေါ်ကနေ စစ်မှန်တဲ့ အပြောင်းအလဲမှုဖြစ်အောင် အားလုံးပါဝင်ခွင့်ရအောင် ကျနော်တို့ မျှော်မှန်းခဲ့သလို အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တခုဖြစ်ပေါ်လာအောင် ကျနော်တို့ ကြိုးပမ်းရအုန်းမယ်။ ထို့နည်းတူစွာပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လေးစားတဲ့ခေါင်းဆောင်ပြောသလို တရားဥပဒေ စိုးမိုးရေးက အင်မတန်မှ အရေးကြီးတယ်။ တရားဥပဒေအရ ချမှတ်ထားတဲ့ ကာကွယ်မှုတွေ ရှိဖို့လိုတယ်။ အခုဆက်လက်ပြီး တရားဥပဒေ စိုးမိုးမှုအပေါ် အခြေခံပြီး ပြောင်းလဲမှုတွေ မဟုတ်သေးပါဘူး။ အထူးသဖြင့် အားလုံးသိတဲ့အတိုင်း ဟိုအရင် ၁၉၀၈ ခုနှစ်ကတည်းက ကိုလိုနီလက်ထက်တည်းက ပြဌာန်းနေတဲ့ မတရားအသင်း ဥပဒေက အခုအချိန်အထိ ရှိနေသေးတယ်။ ပြီးမှ electronic law အဲဒါနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ခံနေရတဲ့ အခြေအနေမှာ ရှိနေသေးတယ်။ ထိုနည်းတူစွာပဲ ဥပဒေအမျိုးမျိုး။ အဲဒီ အခြေခံတွေကို ပြင်ဆင်ပြောင်းလဲသွားဖို့။ ဆက်တိုက်ဆက်တိုက် ပြင်ဆင်ပြောင်းလဲသွားဖို့ ကျနော်တို့ ကြိုးပမ်းဖို့ လိုအပ်တယ်။ အရေးကြီးဆုံးက တိုင်းပြည်အတွင်းမှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာကိုလည်း ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှိဖို့လိုတယ်။ အဖြေရှာနိုင်ဖို့ နည်းလမ်းရှိလို့လည်း အဲဒီ အခြေခံတွေ၊ နည်းလမ်းတွေ မပေါ်ထွန်းသေးသ၍တော့ ကျနော်တို့ ဒါကို ယုံယုံကြည်ကြည်နဲ့ ပြောင်းလဲနေပါပြီလို့ ပြောတာကို လက်ခံဖို့ စောပါသေးတယ်။
ဦးစံမိုးဝေ ။ ။ ABSDF အဖွဲ့ဟာ နိုင်ငံတကာမှာ တခုတည်းသော ကျောင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေး အပြည့်အဝရရေး၊ ဒီမိုကရေစီ ရရှိရေး စတာတွေအတွက် တဖတ်ကနေ စစ်ရေးနဲ့ ဖိအားပေးနိုင်မှ ရမယ်ဆိုပြီး လက်နက်စွဲကိုင်ခဲ့ကြတာလို့ သိထားပါတယ်။ အခု အဲဒီ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်တော့မယ်လို့ ရည်ရွယ်ပါသလား။

ဦးမျိုးဝင်း ။ ။ ဒီ အယူအဆကို အခုထိ မစွန့်လွှတ်သေးပါဘူး။ တကယ်လို့ ကျနော်တို့ တွေ့ဆုံဆွေးနွေးအဖြေရှာမယ်ဆိုရင်လည်းပဲ ကျနော်တို့လက်နက် ကျနော်တို့လက်ထဲမှာ ရှိရအုန်းမှာပါ။ တကယ် စစ်မှန်တဲ့အပြောင်းအလဲ မရှိသေ၍ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ထို့နည်းတူစွာပဲ ဒီနေ့ကာလ ဖြစ်ပေါ်နေတဲ့ အခြေအနေအောက်မှာ အခုလိုမျိုး ၂၃ နှစ် တိုက်ပွဲဝင်လာခဲ့တဲ့ ရလဒ်အဖြစ်နဲ့ အခုလိုမျိုး ဒီလို နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်လာတယ်။ ဒီ နိုင်ငံရေး ဆွေးနွေးမှုတွေကတဆင့် ကျနော်တို့ ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ စဉ်းစားတယ်။ ဒါကြောင့် ဒီနေ့ကာလမှာ တိုက်ပွဲနဲ့ ဖိအားတွေ လိုအပ်နေသေးတယ်။ ဒီ အပြောင်းအလဲတွေကို ပိုမိုမြန်ဆန်စေဖို့အတွက်၊ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့အတွက်ဆိုရင် ကျနော်တို့ လွှတ်တော်အတွင်း တိုက်ပွဲတွေ ရှိမယ်။ လွှတ်တော်ပြင်ပ တိုက်ပွဲတွေ ရှိမယ်။ အဓိက အခြေခံအားဖြင့် လွှတ်တော်ပြင်ပတိုက်ပွဲတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေရအုန်းမယ်။ အခြေအနေ လိုအပ်ချက်အရ ဒီ အပြန်အလှန် ယုံကြည် နားလည်းမှုကို တည်ဆောက်နိုင်ဖို့အတွက်ကို ငြိမ်းချမ်းရေးစားပွဲကို သွားနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေး စားပွဲကို သွားနိုင်ဖို့အတွက် ဒီအခြေခံမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ကို အပစ်အခတ် ရပ်စဲရေးထားတဲ့ အခြေအနေတွေဟာ အခုဆိုရင် တိုင်းရင်းသား အင်အားစုတွေမှာလည်း စတင်ဖြစ်ထွန်းနေပါပြီ။ ဒီ အခြေအနေမျိုးကို ရောက်ကောင်းရောက်နိုင်တယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ အပစ်အခတ် ရပ်စဲတယ်ဆိုတာ လက်နက်စွန့်လွှတ်တာ မဟုတ်ပါဘူး။ ဒါကြောင့် အပစ်အခတ် ရပ်စဲတာနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်တာကိုတော့ ခွဲခြားပြီးတော့ အားလုံးကိုတော့ သိစေချင်တယ်။ ကျနော်တို့ ယုံကြည်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက်ကို အကန့်အသတ် ရှိနေသ၍ ဒီ အခြေခံတွေ မဖြစ်ပေါ်သ၍တော့ လက်နက်ကိုင်လမ်းစဉ်ကို ဘယ်သူမှ စွန့်မှာ မဟုတ်ပါဘူး။
ဦးစံမိုးဝေ ။ ။ အခု လက်ရှိ အစိုးရကို ABSDF က ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ ကြံ့ဖွံ့အစိုးရလို့ ခေါ်ခဲ့ပါတယ်။ အခုတော့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ စကားဝိုင်း ထိုင်ပြီးတော့ ဆွေးနွေးနေပြီဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံလိုက်ပြီဆိုတဲ့ သဘောလား။

ဦးမျိုးဝင်း ။ ။ အဲဒီလို သဘောမျိုးတော့ မဟုတ်သေးဘူး ထင်တယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုထက်ထိလည်း ကျနော်တို့ကို သူတို့လည်းပဲ မတရားအသင်း ကြေညာထားတာပဲ။ အဲဒီတော့ ကျနော်တို့ ဒီကိစ္စတွေကို တချိန်ချိန်မှာတော့ တွေ့ဆုံဆွေးနွေးမှုကတဆင့်၊ အပြန်အလှန် ယုံကြည်မှုကတဆင့် ကျော်လွှာသွားရမယ့် အခြေခံတွေလို့ ယုံကြည်တယ်။ ဒီနေ့ကာလအထိ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီးမှ ကျနော်တို့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ် ဘယ်လိုပေါ်ထွက်လာသလဲဆိုတာကို အားလုံးလည်း နားလည်းပြီသား၊ သိရှိပြီသားဖြစ်တယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ တို့ သုံးသလို အရှိတရားပေါ် အခြေခံပြီးတော့မှ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရတဖွဲ့တော့ ရှိပြီ။ ဒီ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရတဖွဲ့ကနေ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ကျနော်တို့ကို ကမ်းလှမ်းလာတယ်။ ကျနော်အပေါ် ဒီနေ့အထိ မတရားအသင်း ကြေညာထားသေးတယ်။ အဲဒီ အခြေခံပေါ်ကနေ တွေ့ဆုံဆွေးနွေးကြမယ်။ တစုံတရာ နှစ်ဦးနှစ်ဖက် ပြေလည်မှု တစုံတရာ ရရှိလာတဲ့အခါကြရင်တော့ အခုန ကိုစံမိုးဝေ ပြောတဲ့ သူတို့အပေါ် ထားရှိတဲ့ သဘောထား၊ ကျနော်တို့အပေါ်မှာ ထားရှိတဲ့ သဘောထားတွေ အလိုလို ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။

ဦးစံမိုးဝေ ။ ။ နောက်လာမယ့် အဆင့်တွေမှာကော ဘယ်လိုများ စီစဉ်ထားပါသလဲ။

ဦးမျိုးဝင်း ။ ။ နောက်တဖွဲ့ရဲ ့ ဆွေးနွေးပွဲကို ရန်ကုန်မြို ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဓိက အခြေခံအားဖြင့်တော့ အခု ပဏာမ ဆွေးနွေးပွဲမှာ ကျနော်တို့ နှစ်ဖက် တူညီတဲ့အမြင် ရသလို။ နှစ်ဖက်တူညီမှု အမြင်ရတာကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်သွားနိုင်ဖို့အတွက်ကို ငြိမ်းချမ်းရေး စားပွဲမှာ တန်တူရည်တူ ဆွေးနွေးသွားမယ်ဆိုတဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲမှာ ဒီသဘောအမြင် တူညီမှု ကျနော်တို့ ရတယ်။ ဒီ အခြေခံပေါ်ကနေ ဆက်လက် ဆွေးနွေးသွားမှာပါ။

ဦးစံမိုးဝေ ။ ။ ဘယ်တော့လောက် ဖြစ်မလဲ။

ဦးမျိုးဝင်း ။ ။ ဒီ အခြေခံ သတ်မှတ်ချက်တော့ ပြောဖို့အတွက်တော့ စောသေးတာပေါ့။ ပြောဖို့ စောသေးတယ်ဆိုတာကတော့ အဆင်သင့် မဖြစ်သေးလို့ပါ။ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်ဆုံး ဖြစ်မယ့်ရက်ကို ကျနော်တို့ ညှိနှိုင်းဆောင်ရွက်သွားမယ်။ အခုကာလမှာတော့ သူတို့လည်း ကျနော်တို့ကြားမှာ ဆက်သွယ်မှုတွေတော့ ပုံမှန်ရှိနေပါပြီ။

ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် (ABSDF)  ရဲ ့ ဒုတိယ ဥက္ကဋ္ဌ ကိုမျိုးဝင်း ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

http://burmese.voanews.com/content/burma-forum-02-12-2012-139194944/1245088.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India