Friday, August 31, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
2012-08-30
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
photo courtesy of Kachinnet.net
ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။
တရုတ်အစိုးရက ကချင်ဒုက္ခသည် တစ်ထောင်လောက်ကို စစ်ပွဲဖြစ်နေရာ ဒေသတွေကို ပြန်ပို့ခဲ့ပြီး နောက်ထပ် လေးထောင်လောက်ကိုလည်း ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့HRW က ပြောဆိုထားပါတယ်။
တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာ ကျင့်ဝတ်တွေနဲ့အညီ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Patrick Ventrell ကပြောပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေကိုရောက်မှ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ပြန်ရမှာ ဖြစ်သင့်တယ်လို့ အမေရိကန်အစိုးရက ပြောဆိုပါတယ်။
http://www.rfa.org/burmese/news/kachin-refugee-china-us-08302012213137.html
Posted in: ကချင်,စစ်ပြေးဒုက္ခသည်,နိုင်ငံတကာသဘောထား,သတင်း
Email This
BlogThis!
Share to Facebook