September 26, 2012

ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အကူအညီများစွာ လိုအပ်နေသေး

စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

မြန်မာအစိုးရနှင့် KIA တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ဒုက္ခသည်အရေအတွက် အဆမတန် များပြား လာပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်းတို့ကြောင့် ဒုက္ခသည်များမှာ အစားအသောက်၊ နေရာထိုင်ခင်းနှင့် ဆေးဝါး ထောက်ပံ့မှု အကူ အညီများစွာ လိုအပ်လျှက်ရှိကြောင်း ဒုက္ခသည်များကို ကူညီပေးနေသည့်အဖွဲ့များ၏ ပြောပြချက်အရ သိရသည်။
ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ မွန်းနေလီက “ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့အ စည်းတွေကနေ အကူအညီများ လုံးဝ ရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ အဓိကဖြစ်တဲ့ စားသောက်ကုန်တွေ ၀ယ်ခြမ်းဖို့အတွက်တောင်မှ အခက်အခဲရှိတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
တိုက်ပွဲကြောင့် ထွက်ပြေးလာရသော ကချင်ဒုက္ခသည်များကို ကမ္ဘာ့ကုလသမဂ္ဂ-UN နှင့် အမေရိကန်ပြည်ထောင်စု-USA တို့အနေဖြင့် ဒုက္ခသည်များအား လိုအပ်သော အကူအညီများပေးမည်ဟု သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း လတ်တလောတွင် ကူညီထောက်ပံ့ပေး နေသည့် အဖွဲ့အစည်းများက အကူအညီများ လုံးဝ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။
လက်ရှိ ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် ဒုက္ခသည်စခန်းပေါင်း ၃၀ကျော်ရှိပြီး ဒုက္ခသည် စုစုပေါင်း တစ်သောင်းဝန်းကျင်ရှိကာ မြို့ ပေါ်ရှိ စေတနာရှင်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ကျွေးမွေးစောင့်ရှောက်ထားလျှက်ရှိသော်လည်း ရေရှည်အတွက်မူ အခက်အခဲများ စွာ ရှိလာနိုင်ကြောင်း ဖားကန့်မြို့ခံများက ပြောဆိုနေကြသည်။
ထို့အပြင် ကချင်ဒေသရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်သော ဒုက္ခသည်များနှင့် ကလေးသူငယ်များမှာ အာဟာရချို့တဲ့မှုများကြောင့် ၀မ်း ပျက်ဝမ်းလျှော၊ တုပ်ကွေး၊ ငှက်ဖျား စသည့်ရောဂါများ ဖြစ်ပွားလျှက်ရှိပြီး ဆေးဝါးမလုံလောက်မှုမရှိသောကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရသည်ဟု KWAT က ဆိုသည်။
အလားတူ ပူတာအိုနှင့် မချမ်းဘောမြို့နယ်များတွင် ဇူလိုင်လကတည်းက ဆန်ပြတ်လပ်မှုကြောင့် ဆန်တအိတ်လျှင် မြန်မာကျပ်ငွေ ၈သောင်းမှ ၁သိန်းအထိ စျေးတက်သွားပြီး မြို့ပေါ်နှင့် အချို့ကျေးရွားများရှိ ငွေကြေးမတတ်နိုင်သူများအနေဖြင့် မျှစ်၊ ငှက်ပျောဖူး၊ ငှက်ပျောအူများကို ချက်ပြုတ်စားသောက်နေရသည့် အခြေအနေအထိ ရင်ဆိုင်နေရသည်။
လက်ရှိ တရုတ်ပြည်နယ်စပ် ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသရှိ ဒုက္ခသည်ကလေးငယ် တစ်သောင်းကျော်အတွက် ဆရာဆရာမများ၊ သင်ထောက်ကူပစ္စည်းများလုံလောက်မှုအပါအဝင် အခြားလိုအပ်ချက်များစွာ ရှိနေကြောင်းလည်း KWAT က ပြောသည်။
ကချင်ပြည်နယ်တွင် ယခင် ၂၀၁၁ခုနှစ်၊ ဇွန်လမှ ယခုအချိန်ထိ မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA တို့၏ တိုက်ပွဲ များကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ဒုက္ခသည်ပေါင်းတစ်သိန်း ၀န်းကျင်ခန့်ရှိလာပြီဟု ဒုက္ခသည်များကို ကူညီပေးနေသည့် အဖွဲ့များ က ပြောဆိုနေကြသည်။

http://www.kicnews.org/?p=13461
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India