September 6, 2012

ရှမ်းပြည်မြောက်ပိုင်း KIO ထိိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါး တိုက်ဖျက်



ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)နှင့် ၁၀၅ မိုင်ကြားရှိ နမ်တောင်း (Namtau)တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အောက် အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)မှ မှုးယစ်ဆေး တိုက်ဖျက်ရေးကို အရေးယူ ဖမ်းဆီးမှုစတင်လုပ်ဆောင်နေကြောင်းသိရသည်။
KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီများနှင့် ဒေသခံအမျိုးသမီးအဖွဲ့များ၊ လူငယ်များပေါင်းပြီး တိုက်ဖျက်ရေးကို စက်တင်ဘာ ၁ ရက်နေ့မှစပြီး ပြင်းထန်စွာလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
“ကျတော်တို့ ဒီဘက်မှာရှိနေတဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့များနဲ့ ကျေးရွာသားများက စီမံကိန်းများချပြီး လိုင်ဇာဗဟိုဌာနချုပ် ညွှန်ကြားချက်အရ ဘိန်းဖျက်မှုကို စတင်လုပ်ဆောင်လာခြင်းဖြစ်တယ်။ ဒီနေ့ ဖမ်းတဲ့သူတွေ စိတ်ဆုံးဖြတ်ပြီး ရောက်လာ သူ ၉၂ ယောက် ရှိတယ်” ဟု ဆိုသည်။
ကျေးရွာရှိ ရပ်မိရပ်ဖများမှ ပါဝင်ပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထိန်းချုပ်ရာနေရာတိုင်းတွင် စစ်ဆေးဖမ်းဆီးမှုများလုပ်ဆောင်ပြီး အသင်းတော်ဆရာ/မ များမှလည်း တရားဒေသနာများဝေငှခြင်းကြောင့် ကိုယ်တိုင်စိတ်ဆုံးဖြတ်ချက်ဖြင့် ရောက်ရှိလာသူများရှိကြောင်းသိရသည်။
ထိုနေ့ ဖမ်းဆီးသည့် သူများသည် မုန်ဂူးဒေသ (Munggu)၊ မုန်ဘော်ဒေသ (Mungbaw) များနှင့် နမ်တောင်း (Namtau) ဒေသကျေးရွာ များမှဖြစ်ကြောင်း သိသည်။
“ဘိန်းစားတဲ့သူ ရောင်းတဲ့လူတွေကို camp လိုပြုလုပ်ပြီး လုပ်ဆောင်ပေးထားတယ်။ ကိုယ့်ရွာထဲမှာရှိတဲ့ မှုးယစ်ဆေးစားနေတဲ့သူတွေ ရောင်းနေ တဲ့သူတွေကို ဖျက်ပေးတာ အခုစလာတာဟုတ်တယ်” ဟု MHH တပ်ခွဲ (၅) တာဝန်ရှိသူတစ်ဦးှပြောသည်။
ထိုနေ့တွင် ၁၀ ဦးထံမှ မူးယစ်ပစ္စည်းများဖမ်းဆီးရမိသည်။ ထိုသူများကို ထိပ်တုံးခတ် ဒဏ်ခတ်ထားပြီး မှုးယစ်ဆေးများကိုမူ အများပြည်သူရှေ့တွင် မီးရှှို့ဖျက်ဆီးမည်ဖြစ်ကြောင်းလည်း အရပ်သားကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၅)မှ ပြောသည်။
ယခုချိန် လာရှိုးဘက်မှ ရောက်ရှိလာသည့် မြန်မာအစိုးရ ခလရ (၆၉) တပ်ဖွဲ့မှ ၎င်းမူးယစ်တိုက်ဖျက်သည့် ဒေသဝန်းကျင်တွင်ရောက်ရှိနေကြောင်းသိရသည်။
အဓိက ထိုသို့ပြုရခြင်းရည်ရွယ်ချက်သည် ကချင်ပြည်သူလူထုသည် မြန်မာအစိုးရ၏ ပစ်ခတ်တိုက်ခိုက်သေဆုံးမှု မရှိသလောက်ရှိသော်လည်း ဘိန်းစားပြီးသေဆုံးတာ အများဆုံးဖြစ်နေခြင်းကြောင့် ယခုလိုပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။ ရှမ်းပြည်မြောက်ပိုင်းတိုင်းတွင် မှုးယစ်ဆေး ဘိန်းတိုက်ဖျက်မှုကို KIO အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ MHH တပ်ဖွဲ့ (၅) မှ ပထမဆုံး စတင်ခဲ့ခြင်းဖြစ်သည်။
KIO သည် အစိုးရနှင့် စစ်ရေး စတင်တင်းမာလာချိန်မှစ၍ ဘိန်းတိုက်ဖျက်ရေး အစီစဉ်များကို ၎င်းထိန်းချုပ် နယ်မြေတွင်း နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိသည်။
KIO ဗဟိုဌာနချုပ်လိုင်ဇာနှင့် အခြား ထိန်းချုပ်နယ်မြေတွင် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို နှစ်စဉ် နှစ်တိုင်းပြုလုပ်လျက်ရှိပြီး ၎င်းတိုက်ဖျက်ရေးနေ့ကို ၂၀၁၀ အောက်တိုဘာလမှစတင်ကာ ပြင်းထန်စွာ ပြုလုပ်လာခဲ့သည်။

http://kachinnews.com/burmese/news/933-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-kio-%E1%80%91%E1%80%AD%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%99%E1%80%B0%E1%80%B8%E1%80%9A%E1%80%85%E1%80%B9%E1%80%B1%E1%80%86%E1%80%B8%E1%81%80%E1%80%AB%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%96%E1%80%BA%E1%80%80%E1%80%B9.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India