September 10, 2012

SSA တပ်စခန်းများအား အစိုးရတပ် တက်တိုက် ၁၀ ယောက်ထက်မနည်းသေဆုံး

သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်း မြောက်ပိုင်းအတွင်း အခြေချ လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSA တပ်စခန်း များအား အစိုးရတပ်များကတိုက်ခိုက်သောကြောင့် နှစ်ဦးနှစ်ဘက်ဆုံးရှုံးမှုများကြောင်း ဒေသတွင်းသတင်း ရပ်ကွက် ကပြောပါသည်။

“သျှမ်းပြည်တောင်ပိုင်း တုံလောဝ် ဆားတောမှာ ဖြစ်တဲ့တိုက်ပွဲက အစိုးရတပ်ဘက် သေသာများတယ်။ သျှမ်းတပ် စခန်းကို သူတို့တက်တိုက်တာလေ။ ကျနော်သိသလောက်ဆို ဆယ်ယောက်ထက်မနည်းဘူး” - ဟု နောင်ဝိုး အခြေစိုက် ဗျူဟာတပ်နှင့်နီးစပ်သူတဦးကပြောပါသည်။

သောကြာ (စက်တင်္ဘာ ၇ ရက်) နေ့က သျှမ်းပြည်မြောက်ပိုင်း SSPP/SSA ၏ သိန္နီမြို့နယ်အတွင်း တပ်စခန်း အား လည်းကောင်း၊ RCSS/SSA ၏ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ဆားတောကျေးရွာ အနီးတပ်စခန်း၊ မောက်မိုင်မြို့နယ် ဝမ့်မိုင့်နျုရွာအနီး၌လည်းကောင်း၊ စက်တင်္ဘာ ၅ ရက်မှ ၇ ရက်နေ့အထိ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးအွန်ဒေသအတွင်း၌လည်းကောင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား ခဲ့သည်ဟု သျှမ်းတပ်အသိုင်းအဝိုင်းက ပြောပါသည်။

“နောင်ဝိုး ဗျူဟာ တပ်လို့ ဒေသခံတွေပြောတာဘဲ။ ကျနော်တို့နေတဲ့နေရာကို တန်းပြီးတက်လာတော့။ မလွှဲ မရှောင်နိုင် တော့ဘူးလေ။ ကျနော်တို့ဘက်လဲ ဆုံးရှုံးမှုရှိတယ်။ သူတို့ဘက်တော့ ၁၀ ယောက်ကျော်သေ တယ်။ ၃၀ ကျော်ဒဏ်ရာရ တယ်။ ကျနော်တို့သိမ်းဆည်းရမိတာကတော့ စက်သေနတ် ၁ လက်၊ ကျည် ၆၀၀ ကျော်၊ MA သေနတ် တလက်နဲ့ စစ်ပစ္စည်းတွေ အခြားကျည်တွေအများကြီးဘဲ။ တိုက်ပွဲက မွန်းမတည့်ခင်ဖြစ်တာ၊ မွန်းလွဲပိုင်းလောက်အထိဘဲ” - ရှေ့တန်းရောက် RCSS/SSA အရာရှိငယ်တဦးကပြောပါသည်။

စက်တင်္ဘာ ၅ နေ့ သံလွင် မိုင်းပြင်း မြို့နယ် မိုင်းပူးအွန် တိုက်ပွဲ၌ လည်း မိုင်းပြင်းအခြေစိုက်ခမရ ၃၆၀ တပ်ခွဲ ၁ က နှစ် ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရရှိကြောင်း၊ ၇ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌နှစ်ဘက် သေ ကျေကျဆုံးမှုရှိကြောင်း သံလွင်အရှေ့ခြမ်းတပ်မှူးတဦးကပြောပါသည်။

အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးလောဝ်ဆိုင်က ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသော်လည်း နှစ်ဘက်ကျဆုံးမှု စာရင်းကိုမူ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။

သျှမ်းပြည်တပ်မတော် SSPP/SSA  နှင့် RCSS/SSA တို့သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းခြမ်းရေး တည်ဆောက်ထားသည့်အဖွဲ့ဖြစ်သော်လည်း ပဏာမ အဆင့်သဘောတူညီမှုရရှိပြီး ယနေ့ထိုင် တိုက်ပွဲပေါင်း ၃၀ စီထက်မနည်း ဖြစ်ပွားနေသေးသည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3473-ssa-----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India