Friday, September 28, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပြဿနာ
အဖြေရှာရေး နည်းလမ်း (၆) ချက်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ
ဖယ်ဒရယ်ကောင်စီ UNFC က သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ပန်ကြားလိုက်ပါတယ်။
RFA ၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မြန်မာအစိုးရကတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို
ဥပဒေဘောင်အတွင်း ၀င်စေပြီး ပါတီထောင်ခိုင်းတာမျိုး ရွေးကောက်ပွဲဝင်ပြီး
လွှတ်တော်မှာ သူတို့လိုလားတဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်အောင်
ကြိုးစားတာမျိုးတွေ လုပ်စေချင်ပေမယ့် UNFC အဖွဲ့ကတော့ အဲဒီနည်းလမ်းတွေနဲ့
မတူတဲ့ အချက် (၆) ချက်ကို တင်ပြထားပါတယ်။
အဲဒီ (၆) ချက်ထဲမှာ တိုင်းရင်းသားတွေကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ
မူဘောင်ချမှတ်ရေး၊ အစိုးရနဲ့ဆွေးနွေးဖို့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ
မူဘောင်သဘောထား ချမှတ်ရေး၊ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်အလိုက်
တိုင်းရင်းသား ညီလာခံကျင်းပရေး၊ အဲဒီနောက် တိုင်းရင်းသားလူမျိုးစုံ
ပါ၀င်တဲ့ ညီလာခံတစ်ရပ် ခေါ်ယူရေးနဲ့ နောက်ဆုံးမှာ အစိုးရ၊
ဒီမိုရေစီအင်အားစု၊ နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားတွေအားလုံး
ပါဝင်မယ့် ပြည်ထောင်စု ညီလာခံကြီး တစ်ရပ်ကျင်းပသွားဖို့ သမ္မတ
ဦးသိန်းစိန်ကို ပန်ကြားထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို RFA က ကိုဉာဏ်ဝင်းအောင် မေးမြန်းထားတာ နားဆင်ပါ။
http://www.rfa.org/burmese/news/president-unfc-09282012124147.html
Posted in: UNFC,သတင်း
Email This
BlogThis!
Share to Facebook