အဆိုပါ ကော်မီတီ ဖွဲ့စည်းနိုင်ရေးအတွက် CNF မှ အဓိပတိကောင်စီဝင် Pu H.C Ralhnin နှင့် အတူ နိုင်ငံရေးပါတီမှ USDP, CNP, NLD, လူမှု အသင်းအဖွဲ့များဖြစ်ကြသည့် Shalom Foundation, Hakha Youth Organization, Rual U, Chin Peace and Tranquility Committee , Media မှ ကိုယ်စားလှယ် စုစုပေါင်း ၄၀ ခန့် ပါ၀င်ပြီး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
Pu HC Ralhnin မှ “ ပြည်ထောင်စုအစိုးရနှင့် စီအဲန်အက်ဖ် အကြား ငြိမ်းချမ်းရေး အကောင် အထည်ဖော်ဆောင်မှုမှာ လူထု ရဲ့ သဘောထားဆန္ဒနဲ့ အညီ တသံတည်းထွက်နိုင်ရေး၊ ပြည်သူလို ချင်တဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ လူထုနဲ့ တွေ့ဆုံ ဆွေး နွေးနိုင်ရေးအတွက် ဒီ ကော်မီတီ ကို ဖွဲ့စည်းရခြင်းဖြစ်တယ်” ဟု ပြောသည်။
အဆိုပါကော်မီတီကို အဖွဲ့အစည်းအသီးသီးမှ ၁၂ ကော်မီတီဖြင့် ဖွဲ့စည်းခဲ့ကြပြီး Coordinator အဖြစ် Salai VanChanCeu ( shalom Foundation ), Assistant Coordinator အဖြစ် Pu Chan Hrem ( HCVG) တို့အား ရွေးချယ် လိုက်ကြသည်ဟု သတင်းရရှိသည်။
USDP မှ ကော်မီတီဝင်တဦးကို ၄င်းတို့အတွင်း ဆွေးနွေးပြီးမှ တရားဝင် ပေးပို့မည်ဖြစ်ကြောင်း ၊ NLD ကိုယ်စား လှယ်ကို လည်း မစေလွှတ်နိုင်သေးကြောင်း ဆက်ဆိုသည်။
စီအဲန်အက်ဖ် ဆက်ဆံရေးရုံးစိုက်ရာ မတူပီ နှင့် ထန်တလန်မြို့များတွင်လည်း လူထုတွေ့ ဆုံဆွေးနွေးရေး Organizing Committee ကို ဖွဲ့စည်းခဲ့ကြပြီဖြစ်ကြောင့် မကြာခင်တွင် ဖလမ်း၊ မင်းတပ် နှင့် အခြားမြို့များတွင် ဆက်လက်ဖွဲ့စည်း သွားကြလိမ့်မည်ဟု လည်း ပြောကြသည်။
CNF သည် အောက်တိုဘာ နောက်ဆုံးပတ်မှ စပြီး ချင်းပြည်သူများရှိရာ အသီးသီးသို့ လူထုတွေ့ ဆုံဆွေးနွေးပွဲကို ပြုလုပ်ကြမည် ဟု လည်း ထပ်မံ သိရသည်။
http://khonumthungburmese.org/?p=649


Monday, October 01, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: