December 31, 2012

စစ်တပ် အားကောင်းအောင် မွမ်းမံ မည်ဟု MNLA ဒု - စစ်ဦးစီး ချုပ်ဆို

မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ လျော့ရဲ နေသည့် တပ်ဘက် ဆိုင်ရာ များကို ပြန်လည် သုံးသပ် ထားပြီး အားနည်းချက် များကို ပြင်ဆင် သွားမည် ဖြစ်ကာ တပ်ဘက် ဆိုင်ရာ ပိုမို ခိုင်မာ အားကောင်း စေရန် ပြုလုပ် သွားမည်ဟု တပ်မှူးများ ညီလာခံ အပြီး၌ ဒု-စစ်ဦးစီးချုပ်မှ ရွှေဟင်္သာ သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။ “လက်ရှိ တပ်တွင်းများ ကျင့်သုံးနေတဲ့ ထဲက လျော့ရဲ နေတဲ့ အချက်တွေ ပြန်သုံးသပ် ထားတယ်၊ ပြင်ဆင် နိုင်အောင် ဆောင်ရွက် သွားမယ်၊ နောက် အရွယ် ရောက်တဲ့ သူတွေ အားလုံးပေါ့ သူတို့ ဆန္ဒ ရှိရင် စစ်ပညာ သင်ပေးဖို့ အစီ အစဉ် ရှိပါတယ်။ ကျွှန်တော်တို့ တပ်ကို ပိုမို အားကောင်း ခိုင်မာ လာအောင် ပြုလုပ် သွားပါ့မယ်” ဟု မွန်အမျိုးသား...

နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျ မှသာ ဖြစ်နိုင်မည်

မြန်မာ အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး ရရှိ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတို့ လျာထားသည့် ယခု နှစ်ကုန်၌ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အချို့မှ အဆင်သင့် မဖြစ် သေး၍ လျာထားသည့် ကာလထက် နောက်ကျ မှသာ ဖြစ်နိုင်ဖွယ် ရှိကြောင်း မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒု - စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းက ပြောသည်။ “ကျွှန်တော်တို့ ...

၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲများ

အခုတပတ် အစီအစဉ်မှာ ကုန်လွန်တော့မယ့် ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲတွေနဲ့ လာမည့် ၂ဝ၁၃ နှစ်မှာ မျှော်မှန်းစရာ ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြထားပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်ညိန်းက စီစဉ်ထုတ်လွှင့်တာဖြစ်ပြီး ဧည့်သည်တော်တွေအဖြစ် အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့ဝင်ဟောင်း ဒေါက်တာတင့်ဆွေ၊ ထိုင်းနိုင်ငံရှိ ဝါရင့်စာရေးဆရာ သတင်းစာဆရာဦးဇင်လင်းနဲ့ ဘားမားတူဒေး အင်တာနက်သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင်တို့ ပါဝင်ထားကြပါ။ http://www.rfa.org/burmese/commentaries/2012-milestone-12312012050106.html အသံဖိုင်နားထောင်ရန် အသံဖိုင်ယူရန်...

December 30, 2012

ရှမ်းမြောက် ၌လည်း ပလောင် (တအာင်း) နှင့် KIA ပူးပေါင်းတပ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်

ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA တပ်စွဲ ထားသည့် နေရာတွင် ယမန် နေ့တွင် အစိုးရ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား သွားခဲ့ သည်ဟု တအာင်း အတွင်းရေးမှုုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။ “ကွတ်ခိုင် တမြို့နယ် ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ လာတယ် ဆိုတော့။ ကျနော်တို့...

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏  တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂ း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး...

December 29, 2012

ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလာနန်း က ဆိုပါသည်။ “ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့ လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မြစ်ကြီးနား - လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့...

ငြိမ်းချမ်းရေး ချိုးဖြူငှက်ကလေး ဘယ်မှာ ခိုနားရပါ့

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေပါတယ်ဆိုတဲ့ ဦးသိန်းစိန် စစ်တပိုင်းအစိုးရဟာ တဖက်က ငြိမ်းချမ်းရေးစကားပြောရင်း တဖက်က ကေအိုင်အေ စစ်မျက်နှာမှာ ထိုးစစ် အကြီးအကျယ် ပြင်ဆင်လုပ်ကိုင်လာပါတယ်၊ ကေအိုင်အေ ဗဟိုဌာနချုပ် ဘက် လဂျားယန်ဒေသမှာ မနေ့ကနဲ့ မနေ့ညက လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တဲ့အတွက် တောင်ယာစိုက်ခင်း ထဲက အရပ်သားတဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့တယ်၊ ဦးသိန်းစိန်အစိုးရ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တဲ့ ပြည်တွင်းစစ်ထဲမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ ဆက်လက်သေကြေ ဒုက္ခရောက်နေကြရဆဲပါပဲ၊ ဒီနေ့ (၂၈-၁၂-၂၀၁၂) မနက် (၉) နာရီအချိန်က စပြီး ဦးသိန်းစိန်စစ်အစိုးရက ရဟတ်ယဉ် (၃) စီး၊ ဗုံးကြဲတိုက်လေယာဉ် ၃ စီးအပါ လေယာဉ် (၇) စီးနဲ့ လကျားယန်စစ်မျက်နှာမှာ ဗုံးတွေကြဲ စက်သေနတ်တွေပစ်နဲ့...

December 28, 2012

လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ် နဲ့ ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးဦးဆောင်တဲ့ အဖွဲ့ဝင်တွေ၊ အစိုးရဝန်ကြီးတွေ ဒီဇင်ဘာလ ၂၆ ရက်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ဒီနေ့မှာပါ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။ Photo: Democratic Party for a New Society ၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးနေစဉ်။ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ် လူ့ဘောင်သစ်ပါတီ ပြည်တွင်းမှာ တရားဝင် ပြည်လည်ထူထောင်ရေးကိစ္စ...

December 27, 2012

KNU က ကြေညာချက်ထုတ်ပြန်

KNU ကရင်အမျိုးသား အစည်းအရုံးက စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ကျင်းပပြီးစီးသွားတဲ့ ၁၅ကြိမ်မြောက် ညီလာခံအပြီးဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ် Photo:Karen Information Centre ကရင်အမျိုးသား အစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ညီလာခံ ကျင်းပနေစဉ် တစ်လကြာကျင်းပခဲ့တဲ့ ညီလာခံကဟာ KNU တပ်မဟာရ နယ်မြေမှာကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ် ၁၇၁ဦးတက်ရောက်ခဲ့ပါတယ်။ ညီလာခံမှာဖွဲ့စည်းလိုက်တဲ့ ဗဟိုကော်မတီအသစ်ကို လျှိုဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဥက္ကဌ အဖြစ်ပါ၀င်တဲ့...

KNPP ကုမ္ပဏီ ထူထောင်ရခြင်းမှာ တပ်ဖွဲ့ဝင် မိသားစုနှင့် လူထုလုပ်ငန်းအတွက်ဟုဆို

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မပြီးပြတ်သေးသည့် ကာလအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် ကုမ္ပဏီထူထောင်ရခြင်းမှာ အဖွဲ့အစည်းဝင်မိသားစုများနှင့် တဖက်တလမ်းလူထုအတွက် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင် ဖို့သာ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး(၁) ခူဦးရယ်က ပြောပါတယ်။ “အဖွဲ့အစည်းနဲ့နေတာ အဖွဲ့အစည်းဝင်တွေရှိတယ် သူတို့သက်ဆိုင်ရာမိသားစုဝင်တွေရှိတယ် သူတို့စားဝတ်နေရေးရှိတယ် တခြားနည်းလမ်းနဲ့ ဝင်ငွေရဖို့မှနည်းလမ်းမရှိတာ အဖွဲ့အစည်းနဲ့နေတော့ အဖွဲ့မှာ တာဝန်ရှိတယ်။ ဥပဒေနဲ့ပဲစီးပွားရှာရမှာ အားလုံးစီးပွားရေးရှာလည်း ဥပဒေနဲ့အညီပဲ ရှာရမယ်။” လို့ ပြောပါတယ်။ နိုင်ငံရေးဆွေးနွေးမှု မပြီးပြတ်သေးသည့်ကာလအတွင်း တပြိုင်နက် စီးပွားရေးလုပ်ငန်းတွေကိုလည်း မနောက်ကျစေရန်အတွက် ပူးတွဲလုပ်သွားရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ကုမ္ပဏီနှစ်ခု ထူထောင်ထားခြင်းအပေါ် လူထုတွေ အကြား အထင်အမြင်လွှဲမှားမှုတွေကို မဖြစ်စေလိုကြောင်း...

လူ့အခွင့်အရေးကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန် KNU သဘောထားချမှတ်

ဒီဇင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ) စီပွားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ ချမှတ်သွားရန်နှင့် ပြည်သူလူထု၏နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပြုင်ရေးအတွက် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ၎င်းတို့၏ (၁၅)ကြိမ်မြောက် ညီလာခံအပြီး လူ့အခွင့်အရေးကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန် သဘောထားချမှတ်ခဲ့သည်။ ယခုနှစ်၊ နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကေအဲန်ယူနယ်မြေ၊ ဘားအံခရိုင်၊ တပ်မဟာ(၇)ဒေသ၌ ပြုလုပ်ကျင်းပသည့် (၁၅)ကြိမ်မြောက် ကေအဲန်ယူ ညီလာခံသို့ ကိုယ်စားလှယ် ၁၇၁ဦး၊ လေ့လာသူ ရ၄ဦး စုစုပေါင်း ၂၄၅ဦး တက်ရောက်ကာ ညီလာခံအပြီးတွင် ယင်းအဖွဲ့ကို ဖွဲ့ရန် ထိုသို့ သဘောတူခဲ့ခြင်းဖြစ်သည်။ ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၂)အသစ်ဖြစ်လာသူ ပဒိုမန်းမန်းက...

KNU ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းမည်

ချင်းမိုင်(မဇ္စျိမ) ။        ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲလိုက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့လည်း အသစ်ပြန်လည် ဖွဲ့စည်းမည်ဟု တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ယခင် ကိုယ်စားလှယ်အဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး လာမည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့သစ်ကို ရွေးချယ် ဖွဲ့စည်းသွားမည်ဟု ဆိုသည်။“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က KNU ရဲ့မူဝါဒအပေါ်မှာပဲ မူတည်ပါတယ်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတော့ တိုက်ရိုက် မပတ်သက်ဘူး။ လုပ်ငန်းစဉ်က အရင်အတိုင်းပဲ ချမှတ်ထားတဲ့ အခြေခံ ၄ ဆင့် ပမာဏ အပစ်အခတ် ရပ်စဲပြီး ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်ဆောင်ရွက်မယ်။ နိုင်ငံရေး ဆွေးနွေးမှု အဆင့်နှစ်ဆင့်ကို ဆက်သွားမယ်” ဟု...

December 26, 2012

ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုုင်ငံမှာ အဂတိလိုက်စားမှုတွေ အခုထိရှိနေသလို ကောင်းမွန်တဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ရဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတာမို့  ပြုပြင်ပြောင်းလဲရေးမှာ လူထုတရပ်လုံး ပါ၀င်ကြဖို့ ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူ တွေကို  မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သမ္မတက ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဖို့ အဓိကထားပြောကြားခဲ့ ပေမယ့် နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ဗျူရိုကရေစီယန္တရားကို ပြင်ဖို့ တော်တော်ခက်ခဲမှာ ဖြစ်တဲ့ အပြင် စစ်အုပ်စုဘက်က အများစုပါ၀င်တဲ့ အစိုးရတရပ်အတွက် စစ်အစိုးရလက်ထက်က ကျန်နေတဲ့ အခွင့်ထူးခံတွေပြဿနာ ကို အရင်ရှင်းဖို့ လိုအပ်တယ်လို့ သုံးသပ်သူတချို့က မြင်ပါတယ်။...

သျှမ်းပြည်စစ်ဘေးရှောင်များ အုပ်စုလိုက်ပြည်တော်ပြန်လျှင်နှစ်သက်ရာ ခရိုင်၌နေခွင့်ပြုမည်

အိမ်နီးချင်းနိုင်ငံသို့ရွှေ့ပြောင်းအလုပ်သမားဘ၀ဖြင့်ရော က်ရှိနေသော သျှမ်းပြည်သားစစ်ဘေးရှောင်များ မိမိနှစ်သက်သည့် ခရိုင်၌ ပြန်လည်နေရာချပေးမည်ဟု သျှမ်းပြည်ဝန်ကြီးချုပ်က ကျားဖြူပါတီလွှတ်တော်အမတ်အား ပြောကြားလိုက်ကြောင်း ကြားသိရသည်။ နန်းခမ်းအေး “ သျှမ်းပြည်ဝန်ကြီးချုပ် က  -  ဒီလူတွေ ပြန်လာမယ်ဆိုရင် သက်ဆိုင် ရာ သံရုံးမှာ စာရင်းသွားပို့ပေးထားရမယ် လို့ပြော တယ်။ တယောက်စ နှစ်ယောက်စ ပြန်လာမယ်ဆိုရင် သူတို့အမျိုးရှိတဲ့ရွာမှာ ကြိုက်သလိုပြန်နေလို့ရတယ်။ အုပ်စုလိုက် လာမယ်ဆိုရင်တော့ သူတို့နေလိုတဲ့ခရိုင်မှာ နေရာချပေးမယ်။ အရေးယူတာ ပြစ်ဒဏ်ပေးတာတွေ ဘာမှမလုပ်ဘူးလို့ပြော တယ်။” ဟု လွှတ်တော်ချိန်ပြင်ပ သီးသန့်သွားတွေ့ဆုံစဉ်က သျှမ်းပြည်ဝန်ကြီးချုပ်မှ...

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်

ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရစစ်တပ်တွေကို တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့ သိရပါတယ်။ Photo:RFA/Moe Thu Ang ၂၀၁၂ ခုနှစ်၊နှစ်ဆန်းပိုင်းက ကရင်ပြည်နယ်၊မြဝတီခရိုင်တွင် ကင်းလှည့်နေသည့် မြန်မာစစ်သားများ။ လွန်ခဲ့တဲ့ လေးငါးရက်လောက်က စတင်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနဲ့ ပလောင်ဒေသတွေမှာ အစိုးရတပ်တွေ အများအပြား တိုးချလာတယ်လို့ ပလောင်တပ်မှုး တာ့ဖုန်းကျော်က ပြောပါတယ်။ "များတော့များတယ်ဗျ စကခ ၁ နဲ့ စကခ ၁၆ သိန္နီ၊ ဒီဘက် ကွတ်ခိုင်ဘက်မှာရော ၊ မန်တုံဘက်ရော၊ နမ့်ခမ်းဘက်ရော၊ နမ့်ဆန်ဘက်ရော...

ဒီ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ

ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက်တပ်ဖွဲ့တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန်တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိတဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။ “မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်းကလည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန်သွားလားမသိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။ မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ...
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India