ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကချင်စစ်ပွဲကို ရပ်တန်းကရပ်ပါ၊ စစ်ပွဲမှန်သမျှဆန့်ကျင်ကြ၊ ငြိမ်းချမ်းရေးကို တည်ဆောက်ကြ စတဲ့ပိုစတာတွေ ကိုင်ဆောင်ပြီး ၁၅မိနစ် မလှုပ်မယှက်ငြိမ်ပြီး ရပ်နေခဲ့ကြတယ်လို့ သိရပါတယ်၊ အခုလိုဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးစိုးသိန်း က အခုလိုပြောပါတယ်။
"ကချင်စစ်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကော့သောင်းနယ် နယ်သူနယ်သားတွေအားလုံး၊ NLD အဖွဲ့ဝင်တွေအားလုံးက ဒီကချင်ပြည်သူတွေနဲ့ တသားထဲရှိတယ်ဆိုတဲ့ ဆန္ဒကိုပြတဲ့ သဘောပါ၊ အခုအပတ် ကျနော်တို့ NLD ကထုတ်တဲ့ ဒီလှိုင်းဂျာနယ် နောက်ဆုံးမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောထားတာ ရှိပါတယ်ခင်ဗျ၊ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စက တောင်ပိုင်းသားနဲ့ မဆိုင်ဘူးလို့ သတ်မှတ်လို့မရပါဘူးတဲ့ အားလုံးဟာ တလှေထဲစီး တခရီးထဲသွားတဲ့ လူတွေပါပဲတဲ့ အဲဒီတော့ ဗမာပြည်ဘက်က ဗုံးနဲ့ အမြှောက်နဲ့ လေယာဉ်ပေါ်ကနေ ဗုံးခွဲနေတာတို့မျိုးကို ကျနော်တို့က လက်မခံနိုင်တဲ့ အကြောင်းပဲဖြစ်ပါတယ်"
ဆန္ဒထုတ်ဖော်သူတွေ တင်ပြတဲ့အချက် ၉ ချက်မှာ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှစ၍ ပြည်တွင်းစစ်ရပ်ဆိုင်းကြပါစို့၊ ကချင်စစ်ပွဲကိုစစ်ရေးအစား နိုင်ငံရေးအရဖြေရှင်းရေး၊ စစ်ကြောင့်အပြစ်မဲ့ပြည်သူများနှင့် လူမမယ်ကလေးငယ်များဧ။် ဆင်းရဲဒုက္ခကို ကိုယ်ချင်းစာပါ စတဲ့အချက်တွေ ပါဝင်ပါတယ်။
အဲဒီနောက် လွပ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပရာမှာ ရှေ့မှီနောက်မှီ လူကြီးများက လွတ်လပ်ရေးနေ့နဲ့ ပတ်သက်တဲ့ အတွေ့အကြုံများ၊ သိကောင်းစရာများ ဟောပြောကြပြီး မနက် ၁၁နာရီမှာ အခမ်းအနားကို အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/kauk-thaung-kachin-peace-01042013080410.html