
Friday, January 04, 2013

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာ အစိုးရ စစ်တပ် ကနေ ကေအိုင်အေ သူပုန်တွေ အပေါ်
လေကြာင်း တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့စဉ် အတွင်း အိမ်နီးချင်း တရုတ်
နိုင်ငံ ဘက်ခြမ်းကို ဗုံးသုံးလုံး ကျရောက် ခဲ့တဲ့ အတွက် တရုတ် နိုင်ငံ ကနေ
မြန်မာ နိုင်ငံကို သံတမန်ရေး အရ ဆက်သွယ် တိုင်ကြားမှု ပြုလုပ်ခဲ့ ပါတယ်။
အခုလို အလားတူ ဖြစ်ရပ်မျိုး နောက်ထပ် ဖြစ်မလာ
ရအောင် ချက်ခြင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ တရုတ် နိုင်ငံ ကနေ
မြန်မာ နိုင်ငံကို တောင်းဆိုထား တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန
ပြောခွင့်ရ အမျိုး သမီး ဟွာ ချွန်ယင်းက ပြောပါတယ်။
ဗုံးတွေဟာ တရုတ် နိုင်ငံဘက် ခြမ်းကို
တနင်္ဂနွေနေ့က ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ထိခိုက် ဒဏ်ရာ
ရရှိမှုတွေတော့ မရှိဘူးလို့ ပြောပါတယ်။
ကချင် ပြည်နယ်က တိုက်ပွဲတွေဟာ မြန်မာ နိုင်ငံရဲ့
ပြည်တွင်းရေးသာ ဖြစ်ပြီး၊ မြန်မာ အစိုးရ အနေနဲ့ ဒီ ပဋိပက္ခတွေ အပေါ်
ငြိမ်းချမ်းတဲ့ နည်းနဲ့ ကိုယ်တွယ် ဖြေရှင်း နိုင်လိမ့် မယ်လို့ မျှော်လင့်
ကြောင်းကိုလည်း တရုတ် ပြောခွင့်ရသူက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2013/01/130104_china_complains_burma.shtml
Posted in: ကချင်,ကချင်စစ်ဆင်ရေး,စစ်ဆင်ရေး,နိုင်ငံတကာသဘောထား,သတင်း
Email This
BlogThis!
Share to Facebook