October 3, 2012

အစိုးရစစ်ဆင်ရေးကို တိုင်းရင်းသားပူးပေါင်းတပ်များ စုပေါင်းတိုက်ခိုက်


သျှမ်းပြည်မြောက်ပိုင်းမန်တုံမြို့နယ်အနီးတွင်ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်အတူ ပူးပေါင်းလက် နက်ကိုင်တိုင်းရင်း သား တပ်အချို့ကအစိုးရ၏စစ်ဆင်ရေး ကိုခုခံတိုက်ခိုက်နေကြကြောင်း တအာင်းလွတ်မြောက်ရေး တပ် နှင့် (KIA) တပ်ဖွဲ့မှတာဝန်ရှိသူများကပြောကြားသည်။

ယခုပူးပေါင်းလက်နက်ကိုင်တိုင်းရင်းသားများ အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသောနေရာမှာလာရှိုး - မန္တလေး ကားလမ်း အနောက်ဘက်ခြမ်း နမ့်ခမ်းမြို့အနီး နမ္မတူ နှင့်မန်တုံမြို့နယ်အကြားတွင်ဖြစ်ပြီး KIA တပ်မဟာ ၄ နယ် မြေနှင့် တအာင်းလွတ် မြောက်ရေးတပ်မတော် TNLA ၏တပ်ရင်း(၁၁၂)အခြေပြုရာဒေသလည်းဖြစ်သည်ဟု တအာင်း လွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမူး မိုင်ဘုန်းကျော် က သျှမ်းသံတော်ဆင့်သို့ ပြောကြားသည်။

“အမိန့်ပေး ထောက်ပံ့ပေးတဲ့ အပိုင်းက တော့ KIA ဘက်ကလုပ်ပေးပါတယ် ဒီနယ်မှာပူပေါင်းပြီးလုပ်ရှားတဲ့ အင်အား က ထောင်ကျော်လောက်ရှိနေပြီးကျနော်တို့ဘက်က ရာဂဏန်းကျော်ပူးပေါင်းထားတယ်”ဟု ၄င်းက ဆက်ပြီးပြောပြ ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်သည့် မန်တုံမြို့နယ်၌ တရုတ်သို့သွယ်တန်းမည့် GAS ပိုက်လိုင်း ဖြတ်သန်းသွားသကဲ့သို့သျှမ်းတပ် SSPP/SSA တပ်မဟာ (၁) လှုပ်ရှားသည်ဟု ဒေသခံများက ပြောပါ သည်။

“မန်တုံမြို့နယ်ဟာKIA  တပ်မဟာ(၄) တပ်ရင်း (၈)ထိန်းချုပ်နယ်မြေလေ။ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းတပ်အပြင် ကချင်ပြည်သူ့စစ်အရပ်သား တပ်ဖွဲ့၀င်တွေလဲ ပါဝင်တယ်။ ပြောက်ကျားဗျူဟာကို အဓိကအသုံး ပြုတယ် ဆိုပေမယ့် တချို့တိုက်ပွဲတွေမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။ တခါတရံဆို မိနစ် ၃၀ မှ ၆၀ အထိရှိနေတတ်တယ်” ဟု KIA ပြောခွင့်ရပုဂ္ဂိုလ်ဦးလနန်က ပြောပြပါသည်။

သျှမ်းပြည်မြောက်ပိုင်း၌ လှုပ်ရှားနေသော KIA ၊ SSPP/SSA နှင့်TNLA (PSLF)တပ်ဖွဲ့တို့သည် ၂၀၁၁ ကဖွဲ့ စည်းထား သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ၏အဖွဲ့ဝင်များဖြစ်ကြသည်။UNFC အဖွဲ့၏ ချမှတ်ထားသော မူဝါဒတစ်ခုမှာ တပ်ပေါင်းစု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဖွဲ့ကိုတခြားတပ်ဖွဲ့ကတိုက်ခိုက်လာလျင် စစ်ရေးဖြင့် တန်ပြန်တိုက်ခိုက်သွား မည်ဖြစ်သည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3544-2012-10-03-11-19-58.html

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို KIA တုန့်ပြန်

ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ တာဟာ အစိုးရ အပစ်ရပ်ဖို့ အမိန့်ပေး ထားပေမယ့် KIA ကချင် လွတ်လပ်ရေး အဖွဲ့ဘက်က အပစ်ရပ်ဖို့ ညွှန်ကြားတာမျိုး မရှိလို့ ဖြစ်နေရတာ ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ဟာ လက်ရှိ ပြည်တွင်းရေး ပြဿနာကနေ ရှောင်လွှဲလိုတဲ့ သဘော ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်း က ဘီဘီစီကို ပြောပါတယ်။
ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ရုံမှအပ အပစ်ရပ်ဖို့ အစိုးရတပ်တွေကို အမိန့်ပေးထားပေမယ့် KIA တပ်တွေက အစိုးရတပ်တွေ ရိက္ခာပို့ရာ လမ်းကြောင်းတွေမှာ မိုင်းခွဲ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်းမှာ ပြောခဲ့ပါတယ်။
KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းကတော့ လက်ရှိမှာ အစိုးရတပ်တွေနဲ့ KIA အကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေရာမှာ သွားရင်း လာရင်းနဲ့ ပစ်ခတ်တာမျိုး ရှိသလို အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုး၊ KIA တပ်စခန်းငယ်တွေကို ဝင်ရောက် ရှင်းလင်း ပစ်ခတ်တာမျိုးတွေကြောင့် တိုက်ပွဲတွေ ဖြစ်ရတာလို့ ပြောပါတယ်။
အပစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန် ပြောပြီးနောက်ပိုင်း အစိုးရတပ်တွေဘက်က စခန်းသိမ်း တိုက်ပွဲတွေ အတော်များများ လုပ်ခဲ့ကြောင်း၊ အစိုးရဘက်က အသာစီးရနေတဲ့ အခြေအနေမျိုးမှာ KIA ဘက်က အပစ်ရပ်မိန့် ပေးဖို့ မဖြစ်နိုင်ကြောင်း ဦးလနန်းက ပြောပါတယ်။
နှစ်ဘက်အကြား ပြဿနာဟာ တွေ့ဆုံ ဆွေးနွေးပြီးမှ ပြေလည် နိုင်မယ့် ကိစ္စ ဖြစ်တာမို့ တွေ့ဆုံ ဆွေးနွေးမှုကတော့ လုပ်ကို လုပ်ရမှာ ဖြစ်ကြောင်း၊ အစိုးရဘက်က ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေပါတယ်လို့ ပြောနေပေမယ့် စစ်မှန်တဲ့ လမ်းကြောင်းပေါ် မရောက်သေးဘူးလို့ ဆိုနိုင်ကြောင်း သူက ပြောပါတယ်။
ဒါပေမယ့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဦးအောင်မင်းတို့နဲ့ နှုတ်အားဖြင့် သဘောတူခဲ့တဲ့ Justice and Negotiation Centre ရုံးခန်းကို နှစ်ဘက် နယ်မြေ ကြားမှာ ရှိတဲ့ ပရမ်ငွန် ရွာမှာ ဖွင့်လှစ် လိုက်နိုင်တဲ့ ကိစ္စက နှစ်ဘက်အကြား ပြန်လည် တွေ့ဆုံ ဆွေးနွေးဖို့ လမ်းစ ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ လက်နက်ကိုင်တပ်ဖွဲ့ ၁၁ဖွဲ့အနက် လက်နက်ကိုင် အဖွဲ့ ၁၀ဖွဲ့နဲ့ လောလောဆယ် ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

  ဆက်စပ်အကြောင်းအရာများ

 http://www.bbc.co.uk/burmese/burma/2012/10/121003_kia_fighting.shtml

October 2, 2012

အစိုးရ စစ်ဆင်ရေးသည် မူးရစ်ဆေးဝါး တိုက်ဖျက်မှုကို ကာကွယ်ရန်ဖြစ်

Plan_opion_bbvတိုင်းရင်းသား တပ်ဖွဲ့များ ပူးပေါင်း ထားသည့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးရေး တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်း နမ်ဆန်းမြို့နယ် ထောရာဲအုပ်စု (တိုက်နယ်) ၌ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုပူး ပေါင်းတပ် ဖွဲ့ဝင်မှ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး ဥက္ကဌ မိုင်အိုက်ဖုန်းက ဆိုပါသည်။
“ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲက ကျနော်တို့ တပ်ရင်း (၂၅၇) နဲ့ နောင်ချို အခြေစိုက် ခမရ (၅၀၁) တပ်ရင်းက တပ်ဖွဲ့နဲ့ ဖြစ်တဲ့ ထိပ်တိုက် တိုက်ပွဲပါ။ မနေ့ တုန်းကလည်း ဖြစ်တယ်။ မနေ့တုန်းကတော့ ကျနော်တို့ (၃) ဖွဲ့ပေါင်းပေါ့၊ KIA တပ်မဟာ (၄) က တပ်ဖွဲ့တွေရယ်၊ ပြီးတော့ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ SSPP တပ်မဟာ (၁) နဲ့ ပလောင်က ၂၅၇ တပ်ဖွဲ့တွေ နဲ့ပေါ့။ အစိုးရဖက်က ကွတ်ခိုင် အခြေချ ခမရ ၅၀၂ နဲ့ ၃၂၄ တပ်ဖွဲ့တွေနဲ့ မန်တုံ၊ နမ်ဆန်း၊ ကွတ်ခိုင် ဒေသ ဖက်မှာပေါ့ တိုက်ပွဲ (၃) ကြိမ် ဖြစ်ခဲ့ပါ တယ်။ အစိုးရဖက်က အသေအပျောက် ရှိတယ်လို့ ကြားရပါတယ်” ဟု ဆိုပါသည်။
KIA , SSPP နှင့် PSLF ပူးပေါင်း တပ်ဖွဲ့များသည်၊ မူးရစ်ဆေးဝါး တိုက်ဖျက်မှု လူထု ပညာပေးရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်ဒေသကို လှည့်လည် ဆောင်ရွက်ရင်း တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်ဟု ဆိုပါသည်။ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) ၏ မူးရစ်ဆေးဝါး ပညာပေးရေး ပေါ်လစီ၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများကို အရေးယူ သွားရန် နှင့် မူးယစ်ဆေးဝါး သုံးစွဲသူများ လျှော့ပါးရန် ပညာပေး ဆောင်ရွက်ခြင်းတို့ ပါ၀င်သည်။
ကွတ်ခိုင်ဒေသ၏ မူးရစ်ဆေးဝါး ထုတ်လုပ်မှု ခန့်မှန်းချက်သည်၊ နှစ်စဉ် ဘိန်းထုတ်လုပ်မှု ပမာဏ ကီလို (၆၀၀၀) ခန့် ရှိပြီး တမြို့ နယ်တွင် အနည်းဆုံး ကီလို (၁၂၀၀) ခန့် ရှိနိုင်ကြောင်း ကောက်ယူ ရရှိထားသည့် စာရင်း အရဟု ဆိုပါသည်။ မူးရစ်ဆေးဝါး သုံးစွဲမှုတွင်လည်း ဒေသတွင်း လူငယ်များ၏ ၈၀% ကျော်သည် မူးယစ်ဆေး စွဲနေသဖြင့် မဖြစ်မနေ တိုက်ဖျက် ရတော့မည်ဟု ဆိုပါသည်။
ဤကဲ့သို့ မူးယစ်ဆေးဝါး ပြဿနာများ တိုးလာသည်နှင့် ပါတ်သက်ပြီး တိုက်ဖျက် ပေးပါရန် ၂၀၁၁ ခုနှစ်က ပလောင်လွတ် မြောက်ရေး တပ်မတော်နဲ့ ပလောင်ပြည်သူများ ပူးပေါင်းပြီး သမ္မတထံ စာတင် ခဲ့ဘူးပါသည်။ ထူးခြားမှု မရှိခဲ့ပေ။
မူးရစ်ဆေးဝါး စိုက်ပျိုးမှုတွင် အစိုးရ တပ်ဖွဲ့နှင့် ပြည်သူ့ စစ်များက ၄င်းတို့ တပ်စွဲထားသည့် နေရာ ဒေသတိုင်းမှ ပြည်သူများ အား စိုက်ခိုင်းလေ့ ရှိသည်ဟု ဆိုပါသည်။ ၄င်းတို့သည် မူးရစ်ကုန်ကူးခြင်းနှင့် အခွန်ငွေ ရရှိနေခြင်းကြောင့် အားပေးနေ ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤ သို့ ကြောင့် တိုင်းရင်းသား တပ်ဖွဲ့များသည် ဘိန်းစိုက်ခင်းများကို သွားရောက် ဖျက်ဆီးလေတိုင်း တိုက်ပွဲများ ဧကန်မုချ ဖြစ်ရမည်ဟု မိုင်အိုက်ဖုန်းက ဆိုပါသည်။
pa-laung-refugee
ပလောင်စစ်ပြေးဒုက္ခသည်များ
ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးသည်၊ ပလောင်ဒေသ အားလုံးကို ၂၀၁၇ ခုနှစ်၌ မူးရစ် ဆေးဝါးကင်းရှင်း ဇုံဖြစ်ရမည်ဟု ရည်ရွယ် ထားပါသည်။ ထို့အပြင် မူးရစ်ဆေးဝါ တိုက်ဖျက်ရေး အစီစဉ် အကောင်အထည် ဖေါ်ရာ၌လည်း တိုင်းရင်းသား တပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အကောင်အထည် ဖေါ်သွားမည်ဖြစ်သည်။
“ရှင်းရှင်း ပြောရရင်တော့ ဘိန်းစွဲသူတွေက ပလောင် ရှမ်း ကချင်တွေပါ။ လူငယ် (၈၀) ရာနှန်းကျော်မယ်။ ဒီတော့ အစိုးရက အားပေးမှာပေါ့ဗျာ။ သူ့ပေါ်လစီက ပိုက်ဆံလည်းရမယ်၊ တိုင်းရင်းသား လူငယ်တွေလည်း ပျက်စီးပြီးသား ဆိုတော့လေ။ သူ တို့က အားပေးနေရှာမှာပေါ့။ ကျနော်တို့က နစ်နာတယ်လေ တကယ့်ကို တိုက်ဖျက်နေရတာက ကျနော်တို့ပါဗျ။ စဉ်းစားကြည့် ပါ”ဟု မိုင်အိုက်ဖုန်းက ဆိုပါသည်။
အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို ဘိန်းစိုက်ပျိုး သူများ ဖြစ်ပြီး လက်နက်ကိုင် သောင်းကျန်း နေသူများသာ ဖြစ်ကြောင်း စွပ်စွဲလေ့ ရှိပါသည်။ ပလောင်တို့၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစဉ်ကို တပ်ရင်း (၁၆) ရင်းနှင့် စစ်ဗျူဟာ (၄) ခုဆင်ပြီး အစိုးရ တပ်ဖွဲ့က ပြီးခဲ့သည့် သြဂုတ် (၂၈) ရက်နေ့တွင် စတင် စစ်ဆင်ခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2077-2012-09-03-11-40-38.html
ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော်သည် အစဉ်တစိုက် ဘိန်းတိုက်ဖျက်ရေးများ ပြုလုပ်လာခဲ့သော်လည်း ၂၀၀၅ ခုနှစ်၌ အစိုးရထံ လက်နက် ချခဲ့ပါသည်။ ဤအချိန်မှစပြီး ပလောင်ဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ်မှုများ အဆမတန် ပြန်လည် မြင့်တက် လာခဲ့ပါသည်။ ဤကဲ့သို့ မူးယစ်ဆေးဝါး တားဆီးသူ များက အစိုးရထံ လက် နက်အပ်လိုက် သဖြင့် သုံးစွဲသူများ တိုးလာခဲ့ခြင်း ဖြစ်ပါသည်။
ဤသို့ကြောင့် ကျန်ရှိနေသော PSLF တပ်ဖွဲ့များကို စုစည်းပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာ လတွင် ကျင်းပသော (၃) ကြိမ်မြောက် ညီလာခံကို ကျင်းပပြီး PSLF ကိုပြန်လည် ဖွဲ့စည်းခဲ့ပါသည်။  ၂၀၁၁ ခုနှစ်တွင် လက်နက် အပြည့်အစုံဖြင့် ပလောင် ဒေသကို ပြန်လည် ဝင်ရောက် လှုပ်ရှားခဲ့ရာက  ၂၀၁၂ ခုနှစ်၌ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကို ပြန်လည် စတင် ခဲ့ခြင်း ဖြစ်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2185-2012-10-02-12-48-01.html

အစိုးရနှင့် KIO တို့ ဆွေးနွေးနိုင်ရေး ကြန့်ကြာနေ

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်မှတဆင့် ငြိမ်းချမ်းရေးအဖွဲ့က အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ကမ်းလှမ်း ထားသော်လည်း အဆင်မပြေ ဖြစ်ခဲ့ကြောင်း သိရသည်။
KIO က ၎င်းတို့နယ်မြေအတွင်း အစိုးရတပ်များဘက်က အင်အားတိုးချနေသည့် အပြင် စစ်ရေး ပြင်ဆင်မှုများ ရှိနေကြောင်း၊ ထိုကဲ့သို့သော အခြေအနေများက နှစ်ဘက်တပ်များအပေါ် ယုံကြည်မှု ကင်းမဲ့နိုင်သောကြောင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းချက် ဖြစ်သည့် နေပြည်တော်တွင် ဆွေးနွေးရန်ကိစ္စ မဖြစ်နိုင်ကြောင်း ယခင်လ ၁၇ နှစ်ရက်နေ့က အကြောင်း ပြန်ထားသည်ဟု KIO ဘက်က ပြောသည်။
“အခုဆို ကျနော်တို့ ဗဟိုဌာနချုပ်နဲ့ အနီးဆုံးနေရာတွေကို သူတို့က အမြှောက်တပ်တွေချပြီး ပြင်ဆင်နေကြတယ်။ ဒီလိုမျိုး လုပ်နေတဲ့ အချိန်မှာ အစိုးရ ထိန်းချုပ်ထားတဲ့ မြို့တော်သွားပြီး တွေ့ဆုံဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးဆိုတာ ဦးအောင်မင်းကို စာပို့ပြီးသားပါ။ သူတို့ဘာမှ အကြောင်း ပြန်မလာသေးဘူး” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီသို့ ပြောသည်။
KIO ဘက်က မြန်မာအစိုးရနှင့် တွေ့ဆုံရန် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ်တို့ကို အဆိုပြုထားချက်အပေါ် အစိုးရဘက်က သဘောတူချက် မပေးနိုင်သကဲ့သို့ အစိုးရဘက်က ဗန်းမော်မြို့နှင့် ယခု နေပြည်တော်သို့ ကမ်းလှမ်းချက်များကိုလည်း နှစ်ဘက် ယုံကြည်မှု မပေးနိုင်သေးသော အခြေအနေများအရ ဟုဆိုကာ KIO ဘက်က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
အစိုးရသစ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သည့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့်လည်း မကြာမီ အဆင်ပြေသွားနိုင်ကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ သမ္မတ ဦးသိန်းစိန်က ၎င်း၏ အမေရိကန် ခရီးစဉ်အတွင်း ပြောဆိုသွားသည်။
သမ္မတ၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဦးလနန်က “သမ္မတ ပြောဆိုချက်က ပေါ့ဆလွန်းတယ်၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နည်း မဟုတ်ဘဲနဲ့ ကျနော်တို့ တပ်တွေလည်း မပစ်တော့ဘူး။ KIA လည်း မပစ်တော့ဘူး ဆိုရင်တော့ ငြိမ်းချမ်းရေးရသွားမယ်ဆိုတဲ့ အလွယ်နည်း၊ ပြဿနာကို ရှောင်တဲ့ နည်းလမ်းကို သုံးတယ်၊ ဘယ်လိုဖြေရှင်းမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ အဖြစ်မှန်ကို ဖုံးကွယ်ပြီး နိုင်ငံရေးအမြတ်ထုတ်ပြောဆိုသွားတယ်” ဟု ပြောသည်။
KIA နှင့် အစိုးရတပ်များ အကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကို တပ်မတော်ဘက်မှ တိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတက အမိန့်ထုတ်ခဲ့သော်လည်း KIA ဘက်က ယင်းသို့ အမိန့်ထုတ်ပြန်မှုများ ပြုလုပ်ခြင်းမရှိကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
“ကျနော်တို့ ဘက်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့အတွက် ကိုယ့်ကို ပစ်လာရင် ကိုယ်ကလည်း ပြန်ပြီးတော့ ပစ်ရမှာပဲ။ အဲဒီတော့ ဒီအမိန့်ကို မနာခံတာ တပ်မဟုတ်ပါဘူး၊ တပ်ကတော့ ကျနော်တို့ပေးထားတဲ့ အမိန့်အတိုင်းပဲ လိုက်နာဆောင်ရွက် ပါတယ်။ တဘက်က ပစ်လာတယ်ဆိုတော့ ပစ်ရ၊ ခတ်ရ၊ တိုက်ရတဲ့ သဘောပါ၊ တပ်က အမိန့် မနာခံဘူးဆိုတာ မရှိပါဘူး” ဟု ဦးသိန်းစိန်က ဆိုသည်။
ထို့အပြင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကိုယ်တိုင် ပါဝင် ဆောင်ရွက် နိုင်ခြင်း မရှိသေးသော်လည်း ထိုလုပ်ငန်းစဉ်အတွက် ဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည်ထံမှ အကြံဉာဏ်များ ရယူခဲ့ရကြောင်း ၎င်းက ဆက်ပြောထားသည်။
ယခုနှစ် နှစ်ဆန်းပိုင်းက KIA ကို တိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတ ညွှန်ကြားချက်များ ကြားသိရပြီးနောက် KIA ကလည်း အောက်ခြေ တပ်အဆင့်ဆင့်ကို ပစ်ခတ်မှုများ မလုပ်ရန် လျှို့ဝှက်ညွှန်ကြားထားကြောင်း၊ သို့သော်လည်း ထိုအခြေအနေကို အစိုးရတပ်များက အခွင့်ကောင်းယူကာ လက်နက်ခဲယမ်းများနှင့် စစ်သည်အင်အားများ ဆက်တိုက် ဖြည့်တင်းလာမှုကြောင့် တိုက်ပွဲများ အရှိန်မြင့်လာခဲ့ရကြောင်း KIO ဘက်ကပြောသည်။
ထို့နောက် အစိုးရတပ်များက KIA ၏ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် စခန်းသိမ်းတိုက်ပွဲများအတွက် ၁၂၀ မမ အမြှောက်ကြီးများကိုပင် အသုံးပြု၍ ထိုးစစ်ဆင်နေကြောင်း၊ ယခုအခါတွင် KIO ဗဟိုဌာနချုပ်အနီးသို့ပင် ရောက်ရှိနေပြီဖြစ် ကြောင်းနှင့် စက်တင်ဘာလ အတွင်း၌ပင် တိုက်ပွဲပေါင်း ၁၀၅ ပွဲ ဖြစ်ပွားခဲ့ကြောင်း ဦးလနန်က ပြောသည်။
“အဆင်ပြေဖို့ကတော့ လက်ရှိ အစိုးရက တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းကြမယ်၊ အဲဒီနိုင်ငံရေး နည်းလမ်းကလည်း စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မူအတိုင်းသွားတဲ့ နိုင်ငံရေး နည်းလမ်း ဖြစ်မယ် ဆိုတဲ့ ကိစ္စကို သူအမှန်တကယ်ပဲ ထုတ်ဖော် ပြောဆိုလိုက်မယ်ဆိုရင်တော့ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက အတိုင်းအတာ တခုအထိ ပြေလျော့သွားဖို့ ရှိတယ်” ဟု သူက ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် နမ့်ဆန် မြို့နယ်တို့တွင်လည်း KIA၊ ပလောင် လွတ်လပ်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်များနှင့် အစိုးရတပ်များ အကြား ယမန်နေ့နှင့် ယနေ့မနက်ပိုင်းများတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိကြောင်း TNLA ၏ အတွင်းရေးမှူး မိုင်းဖုန်းကျော်က ဧရာဝတီသို့ပြောသည်။
KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ သောင်းနှင့်ချီသော ဒေသခံများမှာ အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ် – မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်းစစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေးခိုလှုံနေကြရပြီး နေရပ်ရင်းသို့ မပြန်နိုင်ကြသေးပေ။

http://burma.irrawaddy.org/archives/21813

CNF နိုင်ငံခြားရေး အတွင်းရေးမှူး မလေးရှားရောက်ချင်းပြည်သူများနဲ့ တွေ့ဆုံ

ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း CNF ပါတီစည်းရုံးရေးဌာနနှင့် နိုင်ငံခြားရေးဌာန အတွင်းရေးမှူး Salai Thlahei သည် မလေးရှားရောက်ချင်းပြည်သူများနှင့် သွားရောက်တွေ့ ဆုံခဲ့သည်ဟု သိရသည်။
Salai Thlahei သည် မလေးရှားရောက်ချင်းပြည်သူများအား တောင်ကြော၊ မျိုးနွယ်စု အလိုက်ဖွဲ့ စည်းထားသည့် အသင်း အဖွဲ့များအားလုံးနှင့် တွေ့ဆုံခဲ့ပြီး CNF ၏ ပေါ်လစီ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပါတ်သက်ပြီး ရှင်းလင်းမှု ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။
“ မလေးရှားနိုင်ငံဆိုင်ရာ CNF Regional Committee ဖွဲ့စည်းဖို့အတွက် ၉ မြို့နယ်မှ ကိုယ်စားလှယ်တွေနဲ့ မျိုးနွယ်စု အသီးသီးစီမှ ကိုယ်စားလှယ်တွေကို ရွေးချယ်စေလွှတ်စေပြီး ဆက်လုပ်သွားဖို့ စီစဉ်ထားပါတယ်” ဟု Salai Thlahei က ပြောသည်။
မြို့နယ်အသီးသီးအပြင် Asho, Mizo, Dai, Zotung, Mara, Lautu, Senthang, Zophei   မျိုးနွယ်တွေအသီးသီးပါ၀င်ပြီး Regional Committee ဖွဲ့စည်းရေးကို လုပ်ဆောင်သွားဖို့ စီစဉ်သည်ဟု ဆက်ဆိုသည်။
ကော်မီတီဖြစ်မြောက်ရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်မည့် သူများကို အောက်ပါ အတိုင်းရွေးချယ်လိုက်ကြောင်း ထပ်မံသိရသည်။
Lalsiammawi , Coordinator ( Thantlang ), Saya Johan, Assist Coordinator (Mindat), Saya PaThang, Member ( Matupi), Saya Williams, Member ( Asho Chin), Saya VanCinThawng, Member ( Lautu).
“ဘယ်နေရာ၊ ဘယ်ဒေသပဲရောက်ရောက် ကိုယ့်အမျိုးသားရေးအတွက် ကျရာတာဝန်ထမ်းဖို့ အယောက်တိုင်းမှာ တာဝန်ရှိ ပါတယ်၊ CNF ဟာ ကိုယ့်အမျိုးသားတွေ ကိုယ့်အခွင့်အရေးပြန်ရဖို့ တော်လှန်တိုက်ပွဲဝင်နေတာကို ကူညီဖို့က အလုံးမှာ တာဝန်ရှိတယ်” ဟု Lalsiammawi က ပြောသည်။
လေ့လာချက်များအရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး လေးသောင်းကျော်ရှိမည်ဟု ခန့်မှန်း ရကြောင်း ထို့ အပြင် CNF သည် ပြည်ပ နိုင်ငံ  ၁၁ နိုင်ငံတွင် ဒေသဆိုင်ရာ CNF Regional Committee များကို ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

http://khonumthungburmese.org/?p=660

ကျောက်နီမော်ရွာမီးရှို့ရန်ကြိုးပမ်းသူ ဘင်္ဂလီသုံးဦး ဖမ်းဆီးရမိ

အောက်တိုဘာ (၁)ရက်နေ့ ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီးရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်းရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ထိုနေ့က ကျောက်နီမော်ရွာ တောင်ကျော်လမ်းရှိ အသုဘတစ်ခုတွင် ရခိုင်များစုဝေးနေကြစဉ် ဘင်္ဂလီ (၁၀၀)ခန့်က လူစုလူဝေးဖြင့်ကြွေးကြော်၍ ဓာတ်ဆီပုံးများကိုကိုင်ဆောင်ကာ ကျောက်နီမော်ရွာဘက်သို့ မီးရှို့ဖျက်ဆီးရန် ချီတက်လာကြသဖြင့် အသုဘစောင့်နေသူ ရခိုင်များက စစ်တပ်ကို အကြောင်းကြားခဲ့အပြီး တပ်မတော်မှအချိန်မီ ထိန်းသိမ်းလူစုခွဲခဲ့ရသည်။
အဆိုပါဘင်္ဂလီများမှာ ညမထွက်ရအမိန့်ကြောင့် ၄င်းတို့၏ ငါးဖမ်းစက်လှေများ ကုန်းပေါ်သို့တင်မရ၍ သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပန်ပြီးညပိုင်း၌ စက်လှေတွန်းတင်ခဲ့ကြကြောင်း၊ ထိုသို့စက်လှေတွန်းတင်အပြီး ဘင်္ဂလာဒေ့ချ်နိုင်ငံအတွင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ သိမ်များ၊ အိမ်များဖျက်ဆီးပြီး လူများကိုသတ်ဖြတ်ခဲ့မှုအပေါ် အောင်ပွဲခံသည့်အနေဖြင့် သောက်စားပျော်ပါးကြရာမှ ယခုကဲ့သို့ လူစုလူဝေးဖြင့် ရခိုင်အိမ်များကိုမီးရှို့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မေလ (၂၈)ရက်နေ့က သပြေချောင်းရွာသူ မသီတာထွေး ကျောက်နီမော်ရွာမှအပြန် ဘင်္ဂလီလူငယ်သုံးဦးက ပစ္စည်းလုယက်၊ မုဒိန်းကျင့်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြို့နယ်များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို ဘင်္ဂလာဒေ့ချ်နိုင်ငံ ရခိုင်ရွာများမှာလည်း ဘင်္ဂလီများ၏အကြမ်းဖက် ဖျက်ဆီး၊ သတ်ဖြတ်ခြင်းကို မကြာမီရက်များက ဆိုးရွားစွာခံစားခဲ့ကြရသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/505-2012-10-02-13-56-34

ရာဇဝတ်မှု ကျူးလွန်သူတွေကို မလွှတ်နိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန် ပြော

မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို အစိုးရကနေ စိစစ်ပြီး လွှတ်ပေးနေကြောင်း၊ ဒါပေမယ့် ရာဇဝတ်မှု ကျူးလွန်သူတွေ၊ အကြမ်းဖက်သမားတွေ၊ ဖောက်ခွဲ ဖျက်ဆီးသူတွေကိုတော့ လွှတ်ဖို့ မဖြစ်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ရှိမရှိကို ဘီဘီစီက မေးရာမှာ သမ္မတက အဲဒီလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ရှိနေသေးတယ်လို့ NLD ဘက်က ပြောသလို လူ့အခွင့်အရေးအဖွဲ့တွေကလည်း ရာဂဏန်းရှိသေးတယ်လို့ ပြောကြပါတယ်။
သမ္မတ ဦးသိန်းစိန် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိနေစဉ်က ဘီဘီစီ ကမ္ဘာ့သတင်းဌာန Hardtalk အစီအစဉ်က သတင်းထောက် Stephen Sackur က တွေ့ဆုံ မေးမြန်းခဲ့ တာကို အောက်တိုဘာလ ၂ ရက်နေ့က ဘီဘီစီ World News ရုပ်မြင်သံကြားမှာ ပြသခဲ့တာမို့ အဲဒီထဲက တချို့ကို ကောက်နှုတ် တင်ပြထားတာကို နားဆင်နိုင်ကြပါတယ်။ အသံဖိုင်သို့


http://www.bbc.co.uk/burmese/burma/2012/10/121003_hardtalk_utheinsein_excerpts.shtml

စစ်ပြေးဒုက္ခသည်များ လိုအပ်မှု၏ ၄% သာ နိုင်ငံတကာ ကူညီခဲ့ဟု အစီရင်ခံစာဆို

ချင်းမိုင်(မဇ္စျိမ) ။        ။ စစ်ပြေးရှောင် ကချင်ဒုက္ခသည်များအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ရရှိသည့် အကူအညီမှာ အခြေခံ အစားအသောက် လိုအပ်ချက်၏ ၄ ရာခိုင်နှုန်းသာ ရှိကြောင်း အစီရင်ခံစာတစောင်က ဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့အစည်း KWAT ၏ အဆိုပါ အစီရင်ခံစာတွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင်းရှိ ဒုက္ခသည်
ခြောက်သောင်းခန့်အတွက် လိုအပ်သော အကူအညီ၏ ၃ ရာခိုင်နှုန်းမှာ ကုလသမဂ္ဂမှ ရရှိပြီး နိုင်ငံတကာ INGO များထံမှ ၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

mapimages“ကျမတို့က အထဲမှာ ဘယ်သူတွေက ဘယ်လောက်ကူညီ
တယ် ဆိုတာတွေ မေးမြန်းပြီးတော့ လုပ်ထားတာ။ UN အပါအဝင်ရတဲ့ အကူအညီတွေကနေ လုပ်ထားတာ။ လူ့အဖွဲ့အစည်းတွေကနေပြီး ကူညီတာတွေကို စုစည်း
ပြီးတော့ ကျမတို့ ပြန်ပြီး သုံးသပ်ထားတာ” ဟု KWAT တာဝန်ခံ ဒေါ်မွန်းနေလီက ပြောသည်။

စာမျက်နှာ လေးမျက်နှာပါ ‘From persecution to deprivation’ (ဖိစီးနှိပ်စက်ခြင်းမှ မဝရေစာဖြစ်ခြင်း) အစီရင်ခံစာ အကျဉ်းချုပ်တွင် KIO နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများ ပြန်လည်စတင် ဖြစ်ပွားခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ ဇွန်လမှ ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လအတွင်း စစ်ပြေးဒုက္ခသည် တိုးပွားလာမှု အရေအတွက်ကိုပါ ဇယားဆွဲ ဖော်ပြ ထားပြီး ထိုဒုက္ခသည် ၆ဝ,ဝဝဝ ခန့်အတွက် စားသောက်စရိတ် တလလျှင် အမေရိကန် ဒေါ်လာ နှစ်သန်းကျော် လိုအပ်သည် ဟု ဆိုသည်။

“ခုချိန်မှာ ကမ္ဘာကြီးက မြန်မာနိုင်ငံကို အကူအညီတွေ ဒလဟော ပို့လွှတ်နေချိန်မှာ သူတို့ဟာ ဘာလို့များ ကချင်ကို လစ်လျူရှုထားရတာလဲ” ဟု ဒေါ်မွန်းနေလီက မေးခွန်းထုတ်သည်။

လက်ရှိအခြေအနေတွင် လိုအပ်သော ထောက်ပံ့မှုများကို ပြည်တွင်း ပြည်ပ ပုဂ္ဂလိက လှူဒါန်းမှုများနှင့်သာ အသက်ရှင်နေကြရသည်ဟု ဆိုသည်။

ထို့ပြင် ဒုက္ခသည်စခန်းများ၏ ယာယီဆောက်လုပ်ထားသည့် အမိုးအကာများ ပျက်စီးမှုများ ရှိလာ၍ နေအိမ်များ လည်း ပြန်လည် ဆောက်လုပ်ပေးရန် လိုအပ်နေသည်ဟု ဒေါ်မွန်းနေလီ က ပြောသည်။

“သူတို့နေတဲ့ အိမ်ဆောက်ပို့ ပစ္စည်းတွေလိုတယ်။ မိုးတွင်း တခါကျော်ခဲ့ပြီဆိုတော့၊ ယာယီအမိုးအကာတွေက စုတ်ပြဲကုန်ပြီဆိုတော့ နည်းနည်း ခံနိုင်တဲ့ မိုးလုံလေလုံဖြစ်တဲ့ နေအိမ်ဆောက်ပေးဖို့ လိုတယ်။ နောက်ကျောင်းဆောင်
တွေ လိုအပ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။
chartသို့သော် တနှစ်ကျော်ကာလအတွင်း ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများနှင့် ကုလ အဖွဲ့အစည်းများ၏ ကူညီ
ထောက်ပံ့မှု အနည်းဆုံး ၂ဝ ရာခိုင်နှုန်း ရှိမည်ဟု KIO ၏ ဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ အရပ်ဘက် အရာရှိ ဦးဒွဲပီဆား က ခန့်မှန်းသည်။

အင်ခေါင်းပါ၊ လနာ့ဇွပ်နှင့် လိုင်ဇာအနီး ဂျေယန်း ဒုက္ခသည် စခန်းများအတွင်းရှိ ကျောင်းသား ၁,၃ဝဝ ကျော်အတွက်
ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန် လိုအပ်နေပြီး လက်ရှိတွင် အလယ်တန်း ကျောင်းသားများကို ဘုရားကျောင်း များနှင့် ဒုက္ခသည် အဆောင်များတွင် နေ့ နှင့် ည ခွဲ၍ စာသင်ကြားပေးနေရသည်ဟု ဆိုသည်။

သြဂုတ်လအတွင်းက တရုတ်နယ်စပ်မှ ရွှေ့ပြောင်းလာသည့် စစ်ပြေးဒုက္ခသည်အား ‘လနာ့ဇွပ်’ ရှိ တိုက်တန်းများတွင်
နေထိုင်ရသဖြင့် လေဝင်လေထွက် မကောင်းခြင်း၊ ရေအိမ် လုံလောက်မှု မရှိခြင်းတို့ကြောင့် နောက်ထပ် နေအိမ် ၃ဝဝ ကျော်ကို ကုလ အဖွဲ့အစည်းများက တာဝန်ယူ ဆောက်လုပ်ပေးနေသည်ဟု ဦးဒွဲပီဆား က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လထိ ကုလသမဂ္ဂ အဖွဲ့အစည်းများက တရုတ်နယ်စပ်ရှိ စစ်ပြေးဒုက္ခသည်များထံ သုံးကြိမ် လာရောက် ကူညီထောက်ပံ့ပေးခဲ့သလို၊ KIO ထိန်းချုပ်နယ်မြေသို့ ယမန်နှစ် ဒီဇင်ဘာလဆန်းပိုင်းက တကြိမ်သာ သွားရောက် ထောက်ပံ့ပေးခဲ့သည်။ သို့သော် အလှူရှင်များအား KIO ထိန်းချုပ်နယ်မြေသို့ မသွားရောက်နိုင်ရန် အစိုးရက တားမြစ်ပိတ်ပင်ထားမှုကြောင့် ယနေ့ထိ ပြန်လည် ကူညီထောက်ပံ့ခြင်း မရှိသေးပေ။

ကချင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၁ဝဝ,ဝဝဝ နီးပါး ရှိနေပြီ ဖြစ်ကြောင်း ဦးဒွဲပီဆား က ခန့်မှန်းပြောဆို သည်။

http://www.mizzimaburmese.com/news/inside-burma/10196-2012-10-02-11-16-42.html

နေရပ်ပြန်ပို့ခံရသောကချင်စစ်ပြေးဒုက္ခသည်များ ခုထိအကူအညီလိုအပ်ဆဲ

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်တရုတ်ပြည်၊ နောင်တောင်းခရိုင်တွင် ၀င်ရောက် ခိုလှုံနေထိုင်သော ဒုက္ခသည်များကို ဒီနှစ်သြဂုတ်လကုန်ပိုင်းက တရုတ်အာဏာပိုင်များက နေရပ်ဆီ ပြန် ပို့လိုက်ပြီဖြစ်သော်လည်း လုံလောက်သောကူညီထောက်ပံ့မူမရသေးကြောင်းစုံစမ်းသိရှိရပါသည်။

kachin__refugees_for_news
ကချင်ဒုက္ခသည်စခန်း (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

“တရုတ် မြန်မာနယ်စပ် တလျောက် ဒုက္ခသည်စခန်းပေါင်း(၄၀)ကျော်ရှိတယ်။ မြန်မာအာဏာပိုင်တွေ ထိန်းချုပ်နယ် ထဲမှာရှိတဲ့ နမ့်ခမ်းမြို့နယ်ထဲက ဒုက္ခသည်စခန်း နဲ့  နမ့်ခမ်းနဲ့ (၁၀) မိုင်လောက် ဝေးတဲ့ မန့်ဝိန်းကြီးရွာက ဒုက္ခသည် စခန်းကဘဲ (WFA)  ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံရေး အစီအစဉ်ရဲ့အကူအညီကို ရတယ်။ ဒီ KIO ထိန်းချုပ် နယ်မြေ ဘက်က ဒုက္ခသည်စခန်းတွေကိုတော့ KIO ကဘဲ ကူညီထောက်ပံ့ပေး တယ်။ အခုလောလောဆယ် ဒုက္ခသည်တွေ လိုနေတာ ကတော့  တဲအိမ်ဆောက်လုပ်ဖို့ မိုးကာ၊ အသုံးအဆောင် ၊အစားအသောက်၊ ဆေးဝါး၊ ကျောင်းသုံး ကိရိယာ တွေပေါ့ ” ဟု ကချင်ဒုက္ခသည်များ ကူညီရေး အဖွဲ.တာဝန်ခံ ဦးတွဲပီဆ က ပြောကြားသွားပါ သည်။

ကချင်ဒုက္ခသည် အများစုသည် မန်စီမြို့နယ်နှင့်မိုးမောက်မြို့နယ်တို့ မှ ဖြစ်ပြီး ၂၀၁၁ ဇူလိုင်လ ဆန်းပိုင်းက တည်းက တရုတ်ပြည်ဘက်သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။  

“တိုက်ပွဲတွေနည်းသွားပြီဆိုပြီး သူတို့ကို တရုတ်အစိုးရက ပြန်ပို့ လိုက်တာ။ သူတို့ ရဲ့  ရွာတွေ အများစုကို အစိုးရ စစ်ကြောင်း ကမီးရှို့လိုက်တယ်။  မြေမြုပ်မိုင်း(landmine)တွေ ရဲ့အန္တရာယ်က လည်းကြီးကြီးမားမားရှိနေ သေးတယ်။ နောက်ပြီး သူတို့က အစိုးရ တပ်မတော်တွေကို ရင်မဆိုင်ချင် သေးတာရယ်ကြောင့် သူတို့ တွေ မပြန်နိုင်သေးပဲ ဒုက္ခ သည်စခန်းမှာဘဲ ဆက်လက်နေထိုင်နေရတယ် ”   ဟု ဒုက္ခသည် များအား  အကူအညီပေး နေသူတစ်ဦးကလည်း ပြောပြသည်။

တရုတ်ဘက်ခြမ်းရှိ ဒုက္ခသည်ပေါင်း ၄၉၀၀ ကျော်ကို  သြဂတ်စ်လ ၂၂ ရက်မှ ၂၄ ရက်ထိ တရုတ် အာဏာပိုင် များက မန့်ဝိန်းကြီးကျေးရွာ နှင့် ကချင် KIA တပ်မဟာ ၃ ထိန်းချုပ်ရာ အင်ပါပါ ၊နလမ်ဇွပ် ဘက်သို့   ပို့ဆောင် ခဲ့သည်။

ဒုက္ခသည်များနေထိုင်ရန် တဲအိမ်များဆောက်လုပ်ပြီးစီးမှု မရှိသေးသဖြင့် အဆောက်အဦးဟောင်း၏ အခန်းကျဉ်း များပင် နေထိုင်နေကြရသည်။သို့သော် ကလေးများပညာရေးအတွက် ကိုယ်ထူကိုယ်ထ စာသင်ခန်းလေးသာ ဖွင့်ထားပေးနိုင်ပြီး စာသင်ခန်းလုံလောက်မှု မရှိသေးသဖြင့် ဒုက္ခသည် ကျောင်းသားများမှာ အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျ အချိန်ပေး စာသင်နေကြရကြောင်း   ဦးတွဲပီဆ က ပြောပါသည်။  

မြန်မာ့တပ်မတော်နှင့် KIA ကချင်တပ်တို့အကြား၂၀၁၁ ဇွန်လ၉ ရက်မှ စ၍ ယနေ့အထိ တစ် နှစ်ကျော် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည်ပေါင်း(၁)သိန်းနီးပါး ရှိပြီဖြစ်ရာ KIA ထိန်းချုပ်နယ်မြေ ဘက်တွင် ၆ သောင်းကျော် အစိုးရ ထိန်းချုပ်နယ်မြေဘက်တွင် ၃ သောင်းကျော်ရှိနေကြောင်း ဒုက္ခသည်များကို ကူညီပေးနေသူထံများမှသိရပါသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3542-2012-10-02-12-26-05.html

ကရင်နီပြည်နယ် ရွာသစ်ဆည် တည်ဆောက်ရေး ပွင့်လင်းမှုရှိရန် KCSN တောင်းဆို

အောက်တိုဘာလ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်ရှိ ရွာသစ်တွင် သံလွင်မြစ်ရေကို အမှီပြု၍ တည်ဆောက်သည့် ရွာသစ်ဆည်ကိစ္စ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက် (KCSN)က ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။

KCSN တာဝန်ခံဖြစ်သူ ခွန်းမီရယ်က “ဒီဆည်စီမံကိန်းကို အကယ်၍ မရပ်ဘူးဆိုရင် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နဲ့ အစိုးရအကြား) ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အနှောက်အယှက်ဖြစ်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်။ ဒါကြောင့် ဒီဆည် စီမံကိန်းကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်သွားဖို့ အစိုးရကို တောင်းဆိုတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြန်မာအစိုးရသည် KNPP နှင့် ဆွေးနွေးသဘောတူညီချက်အရ ရေကာတာ အပါအဝင် အကြီးစားစီမံကိန်းလုပ်ငန်း ပြု လုပ်ပါက ပြည်သူလူထုနှင့် လူမှုအသင်းအဖွဲ့အပေါ် ပွင့်လင်းမြင်သာမှုရှိရန် ပါ၀င်သည်ဟု သူက ဆက်လက် ထောက်ပြပြောဆို ခဲ့သည်။
ရွာသစ်ဆည် တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာစစ်အစိုးရနှင့် တရုတ်ဒါတန် ကုမ္ပဏီတို့ ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလက တွေ့ဆုံပြီး နှစ်ဦးနှစ်ဘက် နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ၎င်းတို့နှစ်ဘက် သဘောတူညီခဲ့ပြီးနောက် စီမံကိန်းကို စတင် အကောင်အထည်ဖော်ခဲ့ရာ ယခုအချိန်တွင် စတင် တည် ဆောက်မှုအပိုင်း မရောက်သေးသော်လည်း ဆည်လုံခြုံရေးအဖြစ် အစိုးရတပ်များ လာရောက်တပ်စွဲထားမှုများ ရှိသည်ဟု KCSN က ဆိုသည်။
ယနေ့မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်ကာ ပြည်တွင်းသတင်းထောက် ၃၀ကျော် တက်ရောက်ခဲ့သည့် ၎င်းသတင်းစာ ရှင်းလင်းပွဲတွင် ဆည်တည်ဆောက်နေချိန် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိမရှိကို KCSN ဘက်မှ ကွင်းဆင်းလေ့လာလိုကြောင်း အစိုးရထံ တောင်းဆိုခြင်းဖြစ်သည်ဟု ခွန်းဘီထူးက ယခုလို ပြောသည်။
“ဒီဆည်ကိုဆောက်တာ ဘာတွေဖြစ်မလဲဆိုတာ မသိရပေမယ့် အစိုးရဘက်ကနေ ပွင့်ပွင့်လင်းလင်း ချပြပြီးတော့မှ လုပ်ဆောင် တဲ့ စီမံကိန်း မဟုတ်ဘူး။ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ ကျနော်တို့ကို လေ့လာခွင့်ပေးပြီး ပွင့်ပွင့်လင်းလင်း ချပြမှပဲ လုပ်သင့်တာ ကို ဆက်လုပ်ပါလို့ တောင်းဆိုတာပါ”ဟု ခွန်းဘီထူးက ပြောဆိုသည်။
Karenni Civil Society Network-KCSN ကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်နီလူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့ အပါအဝင် လူမှုအသင်းအဖွဲ့ ၉ဖွဲ့ဖြင့် ၂၀၀၉ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

http://www.kicnews.org/?p=13543

မူးယစ်ဆေးဝါးနှိမ်နင်းသည့် တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား


ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေ ဒေသအတွင်း မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နင်းရေး လုပ်နေတဲ့အချိန်မှာ မြန်မာအစိုးရတပ်တွေက လိုက်လံတိုက်ခိုက်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မန်တုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်ဒေသမှာ ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ SSPP/SSA တပ်နဲ့ ကေအိုင်အေ တပ်တွေ ပူးပေါင်းပြီး ဒေသအတွင်း ဆိုးဝါးနေတဲ့ မူးယစ်ဆေးဝါး ပြဿနာ
နှိမ်နင်းနေတာကို အစိုးရတပ်တွေက လိုက်လံတိုက်ခိုက်တာကြောင့် မနေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ နမ့်ဆန်ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပလောင်တပ်မှုးး တစ်ဦးကို မေးမြန်းကြည့်တဲ့အခါ -

"တအာင်းတပ်ဖွဲ့၊ SSA နဲ့ KIA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ စည်းရုံးရေး လုပ်တယ်လေ။ ကျနော်တို့ ပလောင်ရွာ၊ ရှမ်းရွာ ကချင်ရွာ လုပ်တဲ့အချိန်မှာ မြန်မာစစ်တပ်ဘက်က ၅၀၁ နဲ့ ၃၂၄ တို့ ၂ ခုပေါင်းပြီးတော့ တိုက်ပွဲတွေလုပ်တော့ မနက် ၈ နာရီလောက် တိုက်ပွဲတစ်ကြိမ် ဖြစ်တယ်၊ ၁၀ နာရီလောက် တစ်ကြိမ်ဖြစ်တယ်။ ၂ ဘက်ပြောက်ကြားပဲ တိုက်ကြတော့ မနက် ၈ နာရီလောက်ဖြစ်တဲ့ဟာလည်း ၁၅ မိနစ် နာရီဝက်လောက် ပစ်ကြတယ်၊ နေ့လည်လောက်လည်း နာရီဝက်လောက်ပစ်တယ်။ အခုဒီညနေလည်း တနာရီနီးနီးလောက်တိုက်ပွဲဖြစ်တယ်။ အသေအပျောက် အတိအကျတော့ လောလောဆယ် confirm လုပ်လို့မရသေးဘူး။"

ကွတ်ခိုင်မြို့နယ် ပိန်းကိုင်ရွာက ဇရပ်တစ်ခုမှာတော့ အစိုးရတပ်သားတွေ သေဆုံးဒဏ်ရာရသူ တစ်ဒါဇင်လောက် ရှိတယ်လို့ ကွတ်ခိုင် ဒေသခံ တစ်ယောက်က ပြောပါတယ်။

ရှမး်ပြည်မြောက်ပိုင်း ပလောင်ဒေသ အတွင်းမှာ ၂၀၀၅ ခုနှစ်လောက် ကတည်းက သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေက ထိထိရောက်ရောက် မနှိမ်နင်းတာတွေကြောင့် ဒေသအတွင်း မူးယစ်ဆေးဝါး ပြဿနာဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေတာကြောင့် အခုလို နှိမ်နင်းနေရတဲ့ အကြောင်း အဆိုပါ ပလောင်တပ်မှူးက ဆက်ပြောပြပါတယ်။

"ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် PSLA လက်နက်အပ်ပြီး တဲ့နောက် ၂၀၀၅ က အခုအချိန်အထိ ကျနော်တို့ ဒေသအတွင်းမှာ မူးယစ်ဆေးဝါး ကိစ္စကို တိတိကျကျ အရေးယူဆောင်ရွက်ပေးမယ့် အဖွဲ့မရှိဘူး။ မြန်မာရဲတပ်ဖွဲ့၊ တပ်တွေရှိပေမဲ့ သူတို့ကိုယ်တိုင်လည်း ဘိန်းရောင်းတဲ့လူတွေ အခွန်အကောက်တဲ့လူတွေပဲရောက်တော့ မူးယစ်ဆေးဝါးအခြေအနေက အတော်ဆိုးနေတယ်။ ဒီ လေးငါးခြောက် နှစ် အတွင်းထဲကို လူငယ် ၈၀ ရာခိုင်နှုန်းက မူးယစ်ဆေးဝါး သားကောင်တွေ ဖြစ်နေတယ်။ အဓိကတော့ ဒေသတည်ငြိမ်မှု မရှိဘူး။ လုံခြုံမှုမရှိဘူး။ ကာကွယ်ရေးနဲ့ လက်နက်ကိုင်တပ် မရှိတော့ အခြေအနေက တော်တော်ဆိုးနေတယ်။ ကျနော်တို့ ၂၀၁၁၊ ၂၀၁၂ တပ်ပြန်ဖွဲ့ပြီးတော့မှ SSA တို့ KIA တို့ နဲ့ မဟာမိတ်ပြုပြီးတော့ မူးယစ်ဆေးဝါးကို အဓိက လုပ်ငနး်တစ်ခုအနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။"

သူတို့တပ်ပေါင်းစုအနေနဲ့ ရွာသားတွေ၊ ရွာသူကြီးတွေကို ခေါ်ပြီးတော့ မူးယစ်ဆေးဝါး မသုံးစွဲဖို့၊ ဘိန်းမစိုက်ဖို့၊ ရောင်းဝယ်တာ မလုပ်ဖို့နဲ့ ရောင်းဝယ်ရင် ဖမ်းဆီး အရေးယူမယ်ဆိုပြီး ပြောဆိုစည်းရုံးနေတယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/joint-ethnic-troop-clash-with-army-10022012111549.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India