September 25, 2012

မချမ်းဘော ဆန်ပြတ်လတ်လို့ အာဟာရချိုတဲ့ သေဆုံး


ကချင်ပြည် ပူတာအိုမှာ ဒီနှစ်အတွင်း ဆန်ရှားပါးပြီး ပြတ်လတ်တဲ့ အထိ ဖြစ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ ငှက်ပျောအူ၊ ငှက်ပျောဖူးတွေနဲ့ အစားထိုး မှီခိုနေရတဲ့အတွက် အာဟာရချိုတဲ့ပြီး လူသေဆုံးတဲ့ အထိ ဖြစ်နေပါတယ်။
ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်တွေမှာ ဒီနှစ် အစောပိုင်းလောက်ကစပြီး ဆန်ပြတ်လတ်မှုတွေ မကြာခဏ ဖြစ်ပွားပြီး ဇူလိုင် လကုန်ပိုင်းက စပြီးတော့ အခုချိန်ထိ ဒေသခံတွေဟာ သစ်သီး သစ်ဥတွေကိုပဲ ရှာဖွေ စားသောက်ရတဲ့အထိ ဆန်ပြတ်လတ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုဆန်ပြတ်မှုကြောင့် ဆန်ဈေးတအိတ်ကို ကျပ် ၈ သောင်းနဲ့ ၁ သိန်းကြားအထိ မြင့်တက်သွားပြီး နို့ဆီခွက်နဲ့၀ယ်စားရင် ၁ ဗူးကို ကျပ် ၅၀၀ နဲ့၀ယ်ယူစားသုံးနေကြရပါတယ်။
ဒါကလည်း ငွေကြေးရှိသူတွေအနေနဲ့ပဲ ၀ယ်ယူစားသုံးနိုင်ကြတာ ဖြစ်ပြီး တောရွာဒေသက ပြည်သူတွေအနေနဲ့ ငွေကြေး အခက်အခဲတွေ၊ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် တောထဲက အသီးအနှံတွေ ကိုပဲ မှီခိုစားသောက်နေရတယ်၊ ဒီလိုပဲ လနဲ့ချီ လည်ပတ် စားသောက်နေရတဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးတွေကိုပိုပြီး ထိခိုက်လာတယ် ၊ ပြီးခဲ့တဲ့ အပတ်လောက်မှာ မချမ်းဘောက ကလေးငယ် ၂ ယောက် သေဆုံး သွားတယ်လို့ ပူတာအိုမြို့က ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

ဒီလို၀မ်းစာအတွက် အခက်အခဲ ရှိလို့ ကျောင်းသူ ကျောင်းသားတွေ အတွက်လည်း ပညာရေးပိုင်းမှာ ထိခိုက်လာတယ်၊ ကျောင်းထွက်ပြီး မိသားစုနဲ့အတူ အသီးအနှံ ရှာထွက်ကြရတယ်လို့ သိရပါတယ်။
ဒီလိုဆန်ရှားပါးမှု ပြဿနာကို ခါတိုင်းနှစ်တွေမှာလဲ ကြုံတွေ့ဖူးပေမယ့် လုံး၀ ပြတ်လတ်သွားတဲ့အထိ မရှိခဲ့ဘူး ၊ ဒီနှစ်မှာ ဒီလိုဆိုးဆိုးရွားရွား ပြတ်လတ်သွားရတဲ့ အကြောင်းရင်းကတော့ မြေနေရာကြောင့် ရာသီဥတုကြောင့်လို့ ဆိုပါတယ်။
အဲဒီဒေသမှာ တောင်ကုန်းတွေ ကျောက်တောင်တွေပေါများပြီး အအေးပိုင်းဒေသလဲဖြစ်တဲ့အတွက် စိုက်ပျိုးမှုက သိပ်မအောင်မြင်ဘူး အဲဒါအပြင် ဒီနှစ်မှာ မိုးသည်းထန်မှုကြောင့် စပါးခင်းတွေ ပျက်စီးသွားရတယ်။
နောက်တခြား အကြောင်းရင်းကတော့ နိုင်ငံရေး စစ်ရေးအရကြောင့် လမ်းပန်း ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားပြီး ဆန်သယ်ယူမှု ပြတ်တောက်သွားတာ ဖြစ်တယ်လို့ အဲဒီမြို့ခံတယောက်က ပြောပြပါတယ်။

အခုလို ပူတာအိုမြို့တို့ မချမ်းဘောမြို့တို့ကို သွားဖို့ တခုတည်းသောလမ်း ဖြစ်တဲ့ မြစ်ကြီးနား-ဆွမ်ဘရဘွန်လမ်းကြောင်းက တံတားတွေ ပျက်စီးသွားတဲ့အပြင် အစိုးရ စစ်တပ်ဘက် ကလည်း ပိတ်ပင်လိုက်လို့ အခုဆိုရင် ပူတာအိုကို လေယာဉ်နဲ့ပဲ သွားလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဘက်ကဒေသခံတွေဟာ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုနဲ့ အသက်မွေး၀မ်းကြောင်းကြတာဖြစ်ပြီး ကုမ္ပဏီ တွေမှာနေ့စားလိုက်ပြီး ၀င်ငွေရှာကြတယ် ၊ စစ်ရေးပြဿနာ ရှိလာတဲ့ နောက်ပိုင်း ကုမ္ပဏီ တွေကလည်း မရှိတော့လို့ ၀င်ငွေအတွက် အခက်အခဲ ဖြစ်နေကြတာ ဖြစ်တယ် ၊ အခုချိန်ထိတော့ အဲဒီဘက်က ဒေသခံတွေကို သွားရောက် ကူညီပေးတဲ့ အဖွဲ့အစည်း တခုမှ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2012/09/120925_kachin_refugee_foodshortage.shtml

- KIA တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်မှ အနည်းဆုံး ၅ ဦး ကျ click
- KIO မှ ကချင်ပြည်နယ်အတွက် သီးသန့် FM ရေဒီယို အစီစဉ်တခု စတင်ထုတ်လွှင့် click
- ကချင်ပြည်နယ် ငြိမ်းချမ်းရေး အစိုးရဝန်ထမ်း ပါဝင်လက်မှတ်ရေးထိုး click
- အုပ်ချုပ်ရေးအဖွဲ့များ သွေးလန့်စေမည့် အပြုအမူ ထိန်းသိမ်းရန် ၈၈ တိုက်တွန်း click
- ဖားကန့်မှာ ၈၈ မျိုးဆက် ရုံးစိုက်ပေးဖို့ ဒေသခံများ တောင်းဆို click
- ငြိမ်းချမ်းရေးနေ့ လှုပ်ရှားသူများကို အမှုဖွင့် အရေးယူ click
- ငြိမ်းချမ်းရေးနေ့ ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူများကို အမှုဖွင့်ပြီ click
- အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှု (ရုပ်သံ) click
- လက်တွေ့ မဖြစ်နိုင်တာကို ဦးအောင်မင်း အကြိမ်ကြိမ် ပြောနေ click 
http://drlunswe.blogspot.com/
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India