September 28, 2012

ထိုးစစ် ရှိနေသရွှေ့ အပစ်အခတ် ရပ်စဲရေး မရနိုင်

NCUB_02_xz
အစိုးရ တပ်မတော် အနေဖြင့် တိုင်းရင်းသား အဖွဲ့ အစည်းများ အပေါ် ထိုးစစ်ဆင် နေမှုများ  မရပ်စဲသမျှ ကာလ ပတ်လုံး အပစ် အခတ် ရပ်စဲရေး ဆိုမှာလည်း  ဖြစ်လာနိုင်မည် မဟုတ်ကြောင်း လောလောဆယ် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ်များက ယမန်နေ့က ထုတ်ပြန် ပြောဆို ခဲ့ပါသည်။

စစ်ဆင်မှုများ ဆက်လက် ရှိနေပါက အေးချမ်း တည်ငြိမ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလည်း ဖြစ်လာရန် မလွယ်ကူကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် ဤကိစ္စအတွင် အစိုးရ တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရန် အမြဲ အဆင်သင့်ရှိ နေသော်လည်း နိုင်ငံတကာ၏ ပါ၀င် ဆောင်ရွက်မှု အထောက် အကူများ လိုအပ်ကြောင်း ပြောပါသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ် များသည် မြန်မာ နိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေနှင့် ပတ်သက်ပြီး ကုလ သမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသော နိုင်ငံတကာ ကိုယ်စားလှယ်များအား ရှင်းလင်း တင်ပြနိုင်ရန် အမေရိကန် ပြည်ထောင်စုရှိ နယူးယောက်မြို့ ကုလ သမဂ္ဂ ရုံးကို ရောက်ရှိနေခြင်း ဖြစ်ပါသည်။

http://phophtaw.org/burmese/index.php/statement-pressrelease/statement/2162-2012-09-28-08-15-49.html

ဤအဖွဲ့ကို NCUB ဥက္ကဋ္ဌလည်း ဖြစ်ပြီး UNFC ဒုဥက္ကဋ္ဌ လည်းဖြစ်သည့် ပဒို စောဒေးဗစ်တာကပေါ ဦးဆောင်သည့် အဖွဲ့သည် နယူးယောက်၌ ကျင်းပနေသော  ကုလ သမဂ္ဂ ညီလာခံ ကိုယ်စားလှယ်များနှင့် အမေရိကန် အစိုးရ အရာရှိများအား တွေ့ဆုံ ကြရန် ရှိသည်ဟု ဆိုပါသည်။
UNFC သည် အစိုးရနှင့် လိပ်ခဲ တင်းလင်း ဖြစ်နေသော အပစ်အခတ် ရပ်စဲရေး ကိစ္စနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ၏ အခြေ အနေမှန်များကို နိုင်ငံတကာသို့ တင်ပြလိုခြင်း ဖြစ်ပါသည်။
အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ အဖွဲ့ ဒုဥက္ကဌလည်းဖြစ် အမျိုးသား လုံခြုံရေး ဌာန ၀န်ကြီး ဦးအောင်မင်းသည်၊ မြန်မာနိုင်ငံတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့မှ တပါး အခြား တိုင်းရင်းသား အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ရရှိနေပြီး ဖြစ်သဖြင့် ငြိမ်းချမ်းနေပြီး ဖြစ်ကြောင်းကို အမေရိကန် ပြည်ထောင်စု ရောက်နေခိုက် ပြည်ပ မီဒီယာများနှင့် ပြောကြား နေခဲ့ပါသည်။

NCUB_0111qazcတပ်ချုပ်ကြီး ဗထူး စခန်းသို့ သွားရောက်စဉ်

ဤသို့ကြောင့် UNFC သည် အမေရိကန် ကွန်ဂရက် အမတ်များ၏ အကူအညီဖြင့် ကုလ သမဂ္ဂ ကိုယ်စားလှယ်များ သိလို သော မေးခွန်းများနှင့် အခြေအနေမှန်များကို ဖြေကြားနိုင်ရန် ဤခရီးစဉ်ကို စတင် လိုက်ခြင်း ဖြစ်ပါသည်။
အစိုးရသည် ဤနည်းဖြင့် နိုင်ငံတကာကို တဖက်သတ် ပြောကြား လာခဲ့သည်မှာ အစိုးရ ခေတ်အဆက်ဆက်ပင် ဖြစ်ပါသည်။ ဤနည်းဖြင့် နိုင်ငံတကာ မိသားစု များကလည်း မြန်မာနိုင်ငံ၏ အခြေအနေကို တဖက်သတ်သာ သိထား ခဲ့ပါသည်။ သို့သော် ယနေ့ အခြေအနေ၌ တိုင်းရင်းသားများ ဖက်မှလည်း ပြောခွင့် ရရန် လိုအပ် နေသဖြင့် အမေရိကန် ဖက်မှ ဖန်တီး ပေးလိုက်ခြင်း ဖြစ်ပါသည်။
မြန်မာ အစိုးရ တရပ် အနေဖြင့် ကုလ သမဂ္ဂခုံကို အသုံးချပြီး မိမိတို့၏ အခြေအနေနှင့် မူဝါဒ သဘော ထားများ ကြေညာခွင့်ကို နှစ်ပေါင်းများစွာ ရရှိခဲ့ပါသည်။ သို့သော်လည်း တိုင်းပြည် ချွတ်ချုံ ကျလာပြီး ပြည်တွင်းစစ် ဆက်ရှိ နေသေးသည်မှာ ထင်ရှားဆဲ ဖြစ်နေသည့် အတွက် ကမ္ဘာ ကလည်း ယုံကြည်မှု နည်းလာခဲ့ခြင်းဖြစ် သည်ဟု ဝေဖန် သူများက ဆိုပါသည်။ ယခုလည်း ပြုပြင် ပြောင်းလဲ နေပါသည်ဟု ဆိုသော်လည်း အခြေအနေမှန်ကို သိနိုင်ရန် လိုအပ် နေဆဲ ဖြစ်ကြောင်း သုံးသပ်သူများက ဆိုပါသည်။

အစိုးရ လုပ်ရပ်များအပေါ် တိုင်းရင်းသားများ သံသယရှိကြောင်း အမေရိကန်ကို ပြော

ချင်းမိုင်(မဇ္စျိမ) ။      ။ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ လက်တွေ့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားများအနေနှင့် မေးခွန်းထုတ်စရာ သံသယများ ရှိနေဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိကြီးများနှင့် တွေ့ဆုံစဉ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့မှ ကိုယ်စားလှယ် များက ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

အရှေ့အာရှနှင့် ပစိဖိဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ Kurt Campbell ၊ လက်ထောက် ဒု-နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်တို့ အပါအဝင် အမေရိကန် အစိုးရအရာရှိများနှင့် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း NCUB ၏ အမေရိကန် ပြည်ထောင်စု ဒါရိုက်တာ ကိုမိုးချမ်း က ပြောသည်။

“တိုင်းရင်းသားတွေက အပစ်အခတ် ရပ်စဲရေး မအောင်မြင်တဲ့ ကိစ္စတွေ၊ ကချင်နဲ့ ရှမ်းမှာ တိုက်နေတဲ့ကိစ္စတွေ၊ စစ်အစိုးရက ဒီအချိန်အထိ လူတွေကို ခွဲခြား ဆက်ဆံပြီးတော့မှ အုပ်ချုပ်နေသလားဆိုတဲ့ မေးခွန်းတွေ သူတို့မှာ ရှိနေတယ်။ အစိုးရ ဆက်ဆံနေတဲ့ ပုံစံက အမြဲတမ်း ခွဲထုတ်ပြီးတော့မှ တောင်ပိုင်းမှာတော့ ငြိမ်းချမ်းရေးလုပ်တယ်။
မြောက်ပိုင်းမှာတော့ ကချင်နဲ့ ရှမ်းကို ထိုးစစ်ဆင်နေတယ်ဆိုတော့ ဘာသဘောလဲဆိုတာ သူတို့မှာလည်း မေးခွန်း
တွေ မေးဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သံသယကြီးစွာ ရှိနေပါတယ်” ဟု မဇ္စျိမကို ပြောသည်။

NCUB ဥက္ကဋ္ဌ၊ UNFC ဒု- ဥက္ကဌ ဒေးဗစ်သာကဘော ဦးဆောင်သည့် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့တွင် UNFC အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ နိုင်ငံခြားရေး အဖွဲ့ဝင် Sao Swy Mangrai၊ UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်မှူးကြီး လအောင်နှင့် ကိုမိုးချမ်းတို့ ပါဝင်သည်။

သမ္မတ ဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအပေါ် ကြိုဆိုသော်လည်း တိုင်းရင်းသားအရေး ဖြေရှင်းမှုတွင် လက်တွေ့ ကျကျ အကောင်အထည်ဖော်ရန်နှင့် သမ္မတသည် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ခံ တပ်မတော်၏ သြဇာလွှမ်းမိုးမှု ရှိလားဆိုသည့် မေးခွန်းများ ရှိနေပြီး သံသယရှိနေကြောင်း သူက ဆိုသည်။

“တပ်မတော်ပေါ်မှာ သြဇာလွှမ်းမိုးမှု မရှိဘူးဆိုရင် အနာဂတ် အောင်မြင်ပါ့မလား။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ၊ နိုင်ငံရေးစကားပြောမယ့် ကိစ္စတွေ အောင်မြင်ပါ့မလားဆိုတဲ့ မေးခွန်းတွေက တိုင်းရင်းသားခေါင်းဆောင်
တွေမှာ ရှိနေပါတယ် ဆိုတာတွေ ပြောတယ်” ဟု ကိုမိုးချမ်း က ပြောသည်။

သမ္မတ ဦးသိန်းစိန်က နေပြည်တော်သို့ လာရောက်ရန် KIO အား တရားဝင် စာဖြင့် ဖိတ်ခေါ်ခြင်း မရှိသေးဘဲ ဝန်ကြီး ဦးအောင်မင်း ကသာ မီဒီယာများတွင်သာ ပြောဆိုခြင်း ဖြစ်သည်ဟု KIO မှ ဗိုလ်မှူးကြီး လအောင်က ရှင်းပြခဲ့သည်ဟု သိရှိရသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်၏ လူ့အခွင့်အရေး ထိုးဖောက်မှု မှတ်တမ်းများကိုလည်း တင်ပြနိုင်ခဲ့ သည်ဟု ဆိုသည်။

ကိုယ်စားလှယ်များသည် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ တက်ရောက်နေသော ကုလအဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံခွင့် ရရန် ကြိုးစားနေပြီး

မြန်မာ့အရေး စိတ်ဝင်စားသော NGO များနှင့် အမေရိကန် နိုင်ငံတွင် နေထိုင်နေသော တိုင်းရင်းသားများနှင့် တွေ့ဆုံ
ဆွေးနွေးခဲ့ကြသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်ပေးနေသော အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီယွန်းနှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုသည်။

ယခု ခရီးစဉ်သည် တိုင်းရင်းသားတပ်ပေါင်းစု သဘောဆောင်သည့် UNFC နှင့် NCUB တို့၏ ပထမဆုံး ပူးတွဲခရီးစဉ်
ဖြစ်သည်။

ယင်းအဖွဲ့နှစ်ဖွဲ့ ခေါင်းဆောင်များသည် မတ်လအတွင်းက အစည်းအဝေးတခု ကျင်းပ၍ အစိုးရအား ၂ဝ၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ပြဿနာများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ဆုံးဖြတ်နိုင်ခဲ့သည်ဟု သိရသည်။

NCUB ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ်များ၊ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒီမိုကရက်တစ် အတိုက်အခံများဖြင့် ၁၉၉၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။

UNFC ကို တိုင်းရင်းသား အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပြဿနာများကို ဆွေးနွေးဖြေရှင်းနိုင်ရေးအတွက် ဗုဒ္ဓဟူးနေ့ကလည်း သမ္မတ ဦးသိန်းစိန်ထံသို့ UNFC မှ အိတ်ဖွင့်ပေးစာ တစောင် ပေးဖို့ထားသည်။

၎င်း အိတ်ဖွင့်ပေးစာတွင် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းပါ အချက် ၈ ချက် အနက် အမှတ် (၅)၊ (၆)၊ (၇) နှင့် (၈) တို့ ဖြစ်သော ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းမှ သဘောတူ ဆောင်ရွက်ရေး၊ ထာဝရ ငြိမ်းချမ်းရေး အတွက် ဥပဒေဘောင် အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံနှင့် အညီ တန်းတူညီတူ နေထိုင်သွားလာလုပ်ကိုင် စားသောက်ရေးနှင့် ဖွဲ့စည်းပုံဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်းပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး ဆိုသည့် အချက်များမှာတန်းတူခြင်း၊ လွတ်လပ်ခြင်းနှင့် မျှတခြင်း မရှိ၍ လက်မခံနိုင်ကြောင်း ဆိုထားသည်။

ထိုအချက်များသည် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းခြင်း မပြုသေးမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ချုပ်ကိုင်ပြီး လိုသလို ပုံသွင်းနိုင်ရန် စီမံထားသော အချက်များ ဖြစ်သည်ဟု ရှုမြင်သည်ဟု ဖော်ပြထားသည်။

http://www.mizzimaburmese.com/news/regional/10180-2012-09-28-10-44-31.html

ကချင်အဖွဲ့ ၂၃ဖွဲ့မှ ဒုက္ခသည်များအရေး ဒေါ်အောင် ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့

စက်တင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်း (၂၃)ဖွဲ့မှ ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ရည်ရွယ်၍ စက်တင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်း စုကြည်အား အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့သည်။
ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသော တရုတ်ပြည်နယ်စပ် မိုင်ဂျာယန်ရှိ ဒုက္ခသည်များ၏ အခြေအနေမှန်ကို ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခြင်းအားဖြင့် ဒုက္ခသည်များ၏အရေးနှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ကာ ယခုလို အိတ်ဖွင့်ပေးစာ ပေးအပ်ခြင်းဖြစ်ကြောင်း ကချင်ကျောင်းသားလူငယ်များသမဂ္ဂမှ အထွေထွေအတွင်းရေး မှူးဖြစ်သူ ကိုနော်ဆန်းက ပြောသည်။
“ဒေါ်စုအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်းဖြစ်၊ အများက လေးစားရတဲ့ အထင်ကရပုဂ္ဂိုလ်လည်းဖြစ်တယ်။ ပြီး တော့ ဒုက္ခသည်အရေးကို ကိုယ်တိုင်တွေ့မြင်ခြင်းအားဖြင့် သူတို့အရေးအတွက် တစ်စုံတစ်ခု ဖြစ်လာဖို့ မျှော်လင့်မိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာအစိုးရစစ်တပ်နှင့် KIA တို့ကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၁သိန်းဝန်းကျင်ခန့်ရှိလာပြီး ဒုက္ခ သည်များမှာ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်ကြောင်း သိရသည်။
“မြန်မာအစိုးရစစ်တပ်အနေနဲ့ ရှေ့တန်းမှာ တပ်ရင်းပေါင်း တစ်ရာကျော်နဲ့ ထိုးစစ်ဆင်နေတယ်။ နောက်ပြီး ဒေသခံရွာသူရွာသား တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အခါကျတော့ ဒုက္ခသည်ဦးရေ တိုးလာတာပေါ့”ဟု ကိုနော်ဆန်းက ဆက်လက် ပြောဆိုသည်။
ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေကြရသော ဒုက္ခသည်များသည် အစားအသောက်၊ နေထိုင်ရေး၊ ကျန်းမာရေး အခြေ အနေများ ဆိုးဝါးလျှက်ရှိပြီး အကူအညီများစွာ လိုအပ်လျှက်ရှိကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ မွန်းနေလီက ပြောသည်။
မိုင်ဂျာယန်သို့ လာရောက်မည်ဆိုပါက KIA/KIO တို့၏ ထိန်းချုပ်နယ်မြေအတွင်းဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လုံခြုံ ရေးအရ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် KIA တာဝန်ရှိသူများနှင့် သွားရောက်ညှိနှိုင်းမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ကချင်အဖွဲ့ အစည်းများက ဆိုသည်။
ထို့အပြင် ယခုလက်ရှိ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်အား အမေရိကန်နိုင်ငံရောက် ကချင်လူမျိုး ၄၀ ကျော်က သမ္မတကြီးထံ စာတစ်စောင် ပေးအပ်ခဲ့ပြီး စစ်ရပ်ဆိုင်းရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြကြသည်။
ယခုလို အိတ်ဖွင့်ပေးစာ တောင်းဆိုမှုတွင် ထိုင်း၊ မလေးရှား၊ ဂျပန်၊ အမေရိကန်၊ ဒိန်းမတ်၊ နယ်သာလန် စသည့်နိုင်ငံ (၂၃)ရှိ ကချင်အဖွဲ့အစည်းများ ပါ၀င်ကြပြီး မြန်မာပြည်တွင်းရှိ ကချင်အဖွဲ့အစည်းများမှာမှု စိုးရိမ်စရာ အခြေအနေများကြောင့် ပါ၀င်နိုင် ခြင်း မရှိဘူးဟု သိရှိရသည်။
ကချင်အဖွဲ့အစည်းများမှ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် အိတ်ဖွင့်ပေးစာပေး၍ တောင်းဆိုမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အကြောင်းပြန်ကြားခြင်း တစုံတရာ မရှိသေးကြောင်း သိရသည်။

http://www.kicnews.org/?p=13507

လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေမှုကို ကြိုတင်တားမြစ်ပေးရန်အဆို နတလဝန်ကြီးကဦးဆောင်ကန့်ကွက်

n-kham-ayeယမန်နေ့က သုံးရက်မြောက်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေသဖြင့် မဖြစ်ခင် တားမြစ်သင့်သည် ဟူသည့် ကျားဖြူလွှတ်တော်အမတ်၏ အဆိုကို နတလဝန်ကြီးကဦးဆောင်၍ ကန့်ကွက်လိုက်ကြောင်း လွှတ်တော်အမတ်များ  ကပြောသည်။
ကျားဖြူပါတီပြည်နယ်လွှတ်တော်အမတ်နန်းခမ်းအေး(ဓါတ်ပုံသျှမ်းသံတော်ဆင့်)

“ကျားဖြူပါတီက နန်းခမ်းအေးက နမ္မတူဘက်မှာ အစိုးရအာဏာပိုင်တွေကနေ အရင်းရှင် စီးပွားရေးလုပ်ငန်းရှင်တွေကို ရွာ သားတွေရဲ့စိုက်ပျိုးမြေ (အစိုးရအခေါ်မြေလွတ်မြေရိုင်းပေါ့ဗျာ) ရောင်းချပေးနေတဲ့ကိစ္စ  လူမျိုးရေးပဋိပက္ခအသွင် ဆောင် နေတာကို ဟန့်တားပေးသင့်တယ် လို့ တင်ပြတောင်းဆိုတယ်။ အဲတာကို နတလ ဝန်ကြီးက လက်မခံဘူး။ အဲတာနဲ့ မဲခွဲဆုံး ဖြတ်မယ်လို့ ပြောတယ်။ ဝန်ကြီးဗိုလ်မှူးကြီးအောင်သူ ကိုယ်တိုင်ဦးဆောင်ပြီး ကန့်ကွက်ကြောင်း မတ်တပ်ထရပ်တယ်။ စစ် ဘက်ကရော ပြည်ခိုင်ဖြိုးထဲကပါ လိုက်ပြီးရပ်တယ်။” ဟု ပြည်နယ်လွှတ်တော်အမတ်တဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

ယမန်နေ့က အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးရှိရာ ၇၀ : ၆၀ မဲ ဝန်းကျင်ဖြင့် အဆိုဘက်မှ ရှုံးသွားကြောင်း ထောက်ခံသည့်လွှတ်တော်အမတ်တဦးကလည်းပြောပါသည်။

နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံများ၏ လယ်ယာမြေများကို မြေတိုင်းဦးစီးဌာန၌ စာရင်းမရှိဟုဆိုကာ ကျေးလက်ပိုင် လယ် ယာမြေများအားသိမ်းယူ၍ တရုတ်လူမျိုးငွေရှင်များကိုလုပ်ကိုင်ခွင့်ပြုထားသောကြောင့် ရွာသားများ မကျေမနပ်ဖြစ်နေကြ ကြောင်း၊ ရှေ့ ဆက်မည်သို့ဖြစ်လာမည် မခန့်မှန်းနိုင်သဖြင့် (ရခိုင်တွင်ဖြစ်နေသော ပဋိပက္ခကဲ့သို့အလားတူ) လူမျိုးရေး ပဋိပက္ခအသွင်ဆောင်နေမှုကို ဟန့်တားထားသင့်သည်ဟု ကျားဖြူပါတီ၏ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး ကတင်ပြခြင်းဖြစ်ကြောင်း  တောင်ကြီးဒေသခံ လွှတ်တော်အမတ်တဦးကလည်း ဆိုပါသည်။

“နတလ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက  လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းထားပြီးဖြစ်လို့ စိုးရိမ်စရာမလို ဘူးလို့ လို့ပြောတယ်၊ ကန့်ကွက်ကြတယ်။ ဒါပေမယ့်အံ့ဩတာက တပ်မတော်သား ကိုယ်စားလှယ် ၅ ယောက်က နန်းခမ်းအေးရဲ့ အဆိုကိုထောက်ခံတယ်။ ထမရပ်ဘူး။ နောက်ပြီး ပြည်ခိုင်ဖြိုးပါတီထဲက တိုင်းရင်းသားတချို့ပေါ့ မကန့်ကွက်ကြဘူး။ လွှတ် တော်ပြင်ပရောက်တော့ မတ်တပ်ရပ်ကန့်ကွက် ကြတဲ့အမတ်တွေထဲက သူတို့အချင်းချင်းပြန်ပြောကြတယ်။ ဝန်ကြီးတောင် မှ ကန့်ကွက်တော့ သူတို့လဲ အလိုက်သင့် မတ်တပ်ရပ်ရတာပါတဲ့” - ဟု သံလွင်အရှေ့ခြမ်းမှ ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်တဦးကလည်းပြောပါသည်။

၎င်းနှင့်ပတ်သက်၍ နန်းခမ်းအေးကလည်း“ ကျမကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့ဆန္ဒအပေါ် အလေးထားမှု၊ တန်ဖိုးထားမှုနဲ့ တိုင်းတာပြီးတော့ ဆုံးဖြတ်စေချင်တယ် လို့တင်ပြလို့ ဝန်ကြီးက မဲခွဲဆုံးဖြတ်လိုက်တာဖြစ် တယ်။ ပြည်သူတွေအတွက်ဘဲလုပ်မယ်လို့ဆုံးဖြတ်ပြီး လွှတ်တော်ထဲဝင်လာတဲ့ လူတွေမဟုတ်လား။ ဒီအဆိုပယ်ခံရလို့ ဝမ်းမနည်းပါဘူး၊ ပညာတခုထပ်ရသွားတာပေါ့။” ဟု ဆိုပါသည်။

မူဝါဒတခုကို တသမတ်တည်းကျင့်သုံးနေမှုမပြုသင့်ကြောင်း၊ ပြောင်းလဲလာသည့်အခြေအနေအပေါ် အထိုက် အလျောက် ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ယခုတင်ပြမှုမှာလည်း ဥပဒေအဖြစ်ရေးဆွဲရန်မဟုတ်၊ မီးဘေးရှောင်မလောင်ခင်တား သဘောမျိုးသာ ကြိုတင်ပြောပြခြင်းဖြစ်ကြောင်း၊ အဆိုတိုင်းမှာ ဥပဒေ ဖြစ်မလာနိုင်သည်ကိုနားလည်ကြောင်း ၎င်းက ဆက်လက် တင်ပြ ခဲ့သည်ဟု ဆိုပါသည်။

အထက်မှ လုပ်ကိုင်ခွင့်ပါမစ်ရထားသည့် မြန်မာပြည်သားမဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များအား မြေတိုင်းဦးစီးဌာနက မဆလ ခေတ်မတိုင်မှီ မြေပုံ အသုံးပြုဟန်တူပြီး အဆိုပါမြေပုံတွင် အစိုးရပိုင်မြေ၊ ဒေသခံရွာသားများ ပိုင်မြေ သတ်မှတ် ထားခြင်း မရှိ သဖြင့် ၎င်းတို့တိုင်းတာရောင်းချပေးခြင်းဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံလူထုတို့စိုက်ပျိုးခြံမြေများ ဆုံးရှုံးရခြင်းဖြစ်ကြောင်း နမ္မတူမှ ရပ်မိရပ်ဖ တဦးကလည်းပြောပါသည်။

အစိုးရသစ်တက်လာသည်ကာလ ယခုနှစ်များအတွင်းပင် နမ္မတူ၌ တရုတ်လောပန်းများအား ဖြတ်တောက်ရောင်းချပေးခြင်း ခံရသော ဒေသခံလူထု၏  လယ်မြေ ၁၇၂၇ ဧက ရှိပြီဖြစ်ကြောင်း နန်းခမ်းအေးက ပြောပါသည်။

ယခုလ ၂၅ ရက်က တောင်ကြီးမြို့၌ စတင်သော ပြည်နယ်လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး ယနေ့မွန်း တည့် ချိန် ၌ အဆုံးသတ်မည်ဖြစ်ကြောင်း သိရပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3534-2012-09-28-10-06-44.html

KIA အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှု တွင် မြန်မာစစ်သား ၅ ဦး သေဆုံး


Kachin-army-in-frontline
ရှေ့တန်းမထွက်မီ ဆုတောင်းနေသော KIA စစ်သားများ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာ သွားလမ်းရှိ လဂျားယန်ကျေးရွာ လုံရောက် (Lung Rawk) စခန်းရှိ မြန်မာအစိုးရ တပ်ပေါင်းစုမှ တပ်သား ၁၀ ဦးကျော်အား KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ အဝေးထိန်းမိုင်း (remote mine) ဖြင့် တိုက်ခိုက်ရာတွင် ၅ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
၄င်းမြန်မာအစိုးရတပ်ပေါင်းစုသည် လဂျားယန် (Laja Yang) အနီး ထိုးစစ်ဆင်လှုပ်ရှားနေပြီး ယမန်နေ့ စက်တင်ဘာ၂၇ ရက်တွင် တပ်သားအချို့သည် ၄င်းတို့စခန်းအောက်ဘက်သို့ ရေချိုးဆင်းလာချိန် ညနေ ၅ နာရီချိန်တွင် ယခုလိုပေါက်ကွဲလာပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။
“ကျနော်တို့ ဘက်က remote မိုင်းနဲ့ ၂ ကြိမ် ဆက်တိုက် ပေါက်ကွဲလိုက်တာ။” ဟုဆိုသည်။
ထိုပေါက်ကွဲမှုတွင် အစိုးရတပ်မှ ၅ ဦးသေဆုံးသော်လည်း ကျန်ထိခိုက်ဒဏ်ရာရရှိမှုကိုမူ အတိအကျမသိရှိရသေးကြောင်း ဆက်ဆိုသည်။
ထို့အတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးသွားလမ်းရှိ လုထောန် (Lu Htawng) ရွာအနီးတွင် တပ်ချထားသော ဝိုင်းမော်မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၅၇)ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ(၅)အောက် တပ်ရင်း (၃) စစ်သားများ ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၁ ဦး သေဆုံးကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
“ကျနော်တို့ဘက်က ပြောက်ကျားစနစ်နဲ့ ပစ်တာဆိုတော့ ဘာမှမဖြစ်ဘူး။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်လာလို့ ကျနော်တို့ပြန်လာခဲ့တာ။” ဟုဆိုသည်။
၎င်းမြန်မာအစိုးရတပ်သည် လက်နက်ကြီများနှင့် ရ ကြိမ်ပစ်သော်လည်း KIA တပ်ရင်း(၃) တွင် ထိခိုက် သေဆုံးမှု မရှိကြောင်းဆက်ဆိုသည်။
တိုက်ပွဲများသည် အစိုးရတပ်နှင့် KIA တပ်ချ ထားသော နေရာတဝိုက် ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေါ့ဖုန်းယန်-ဟိုင်းကိုင် (Hang Kai) တပ်စခန်းရှိ မြန်မာအစိုးရတပ်သည် ယနေ့ ၃ နာရီချိန်တွင် လက်နက်ကြီးများ (၁၀၅ မမ) ဖြင့် KIA တပ်ဖက်သို့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီး ယမန်နေ့များတွင်လည်း ၅ ကြိမ် ထက်မနည်း ပစ်ခတ် နေကြောင်းသိရသည်။
အစိုးရနှင့် KIO တိုက်ပွဲများတွင် စက်တင်ဘာလအတွင်း အစိုးရတပ်ဖက်မှ ကျဆုံးမှုအများဆုံးဖြစ်နေကြောင်း KIO ရှေ့တန်းသတင်းမှ နေ့စဉ် သတင်းစုံစမ်းသိရသော်လည်း အမှန်တကယ် အစိုးရဖက်က သေဆုံးမှုရှိမရှိကိုမူ အစိုးတပ်များနှင့် အတည်ပြုချက် မရရှိသေးပေ။ 
 
http://kachinnews.com/burmese/news/963-kia-%E1%80%A1%E1%80%B1%E1%81%80%E1%80%B8%E1%80%91%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%99%E1%82%88-%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-%E1%81%85-%E1%80%A5%E1%80%AE%E1%80%B8-%E1%80%B1%E1%80%9E%E1%80%86%E1%80%AF%E1%80%B6%E1%80%B8.html

သမ္မတထံ UNFC ပန်ကြားစာပေးပို့

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပြဿနာ အဖြေရှာရေး နည်းလမ်း (၆) ချက်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ပန်ကြားလိုက်ပါတယ်။

RFA ၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

မြန်မာအစိုးရကတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ဥပဒေဘောင်အတွင်း ၀င်စေပြီး ပါတီထောင်ခိုင်းတာမျိုး ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်မှာ သူတို့လိုလားတဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်အောင် ကြိုးစားတာမျိုးတွေ လုပ်စေချင်ပေမယ့် UNFC အဖွဲ့ကတော့ အဲဒီနည်းလမ်းတွေနဲ့ မတူတဲ့ အချက် (၆) ချက်ကို တင်ပြထားပါတယ်။
အဲဒီ (၆) ချက်ထဲမှာ တိုင်းရင်းသားတွေကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေး၊ အစိုးရနဲ့ဆွေးနွေးဖို့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား ချမှတ်ရေး၊ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်အလိုက် တိုင်းရင်းသား ညီလာခံကျင်းပရေး၊ အဲဒီနောက် တိုင်းရင်းသားလူမျိုးစုံ ပါ၀င်တဲ့ ညီလာခံတစ်ရပ် ခေါ်ယူရေးနဲ့ နောက်ဆုံးမှာ အစိုးရ၊ ဒီမိုရေစီအင်အားစု၊ နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားတွေအားလုံး ပါဝင်မယ့် ပြည်ထောင်စု ညီလာခံကြီး တစ်ရပ်ကျင်းပသွားဖို့ သမ္မတ ဦးသိန်းစိန်ကို ပန်ကြားထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို RFA က ကိုဉာဏ်ဝင်းအောင် မေးမြန်းထားတာ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/president-unfc-09282012124147.html

စစ်တွေမြို့မှာ တင်းမာမှုတွေ ထပ်ဖြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စျေးရောင်းတဲ့ ဆယ်ကျော်သက် အရွယ် လူငယ် တဦး ပေျာက်ဆုံး နေတယ် ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ ခဲ့ရာ ကနေ မူဆလင် တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ရပ်ကွက် အနီးမှာ ရခိုင် လူမျိုးတွေ စုရုံး ခဲ့ကြ ပါတယ်။
အလားတူ စစ်တွေ မြို့ပေါ်က ဗလီတခု ကိုလည်း လူစု လူဝေးနဲ့ သွားရောက် ခဲ့တဲ့ အတွက် နောက်ထပ် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာ နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ ပါတယ်။
စစ်တွေ တဖက်ကမ်း ကျေးတောရွာမှာ နေထိုင်တဲ့ ရေခဲချောင်းသည် မောင်အောင်နိုင်ဦး ကို မူဆလင် တွေက သတ်လိုက်တယ် ဆိုတဲ့ သတင်း ထွက်ခဲ့ တာပါ။
ရခိုင်ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဝင်းမြိုင် ကတော့ အဲဒီ ကလေးကို ပြန်တွေ့ပြီ ဖြစ်ပြီး ဒါဟာ နားလည်မှု လွဲမှား တာသာ ဖြစ်တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
မူဆလင်တွေ သောကြာနေ့ ဗလီ ဆင်းတဲ့ အချိန်မှာ လူပျောက်တယ် ဆိုတဲ့ သတင်းကြောင့် ရခိုင် လူမျိုး ထောင်နဲ့ချီပြီး သွားဝိုင်းခဲ့ကြတယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးရာမှာတော့ ဟုတ်မှန်ကြောင်း သူက ပြောပါတယ်။
အောင်မင်္ဂလာ ရပ်ကွက်မှာ ရှိနေတဲ့ မူဆလင်တဦးကတော့ ဒီလူငယ် အသတ်ခံရတယ် ဆိုတာ မဟုတ်ကြောင်းနဲ့ ရသေ့တောင် မြို့မှာ ရခိုင် တိုင်းရင်းသားတွေ စုရုံးပြီး ညီလာခံကျင်းပ ခဲ့ကြပြီး တဲ့နောက် သူတို့အပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်တွေ၊ ဘူးသီးတောင် နဲ့ မောင်တော ဒေသတဝိုက်မှာ နေထိုင်ကြတဲ့ မူဆလင် အများစုကို ရခိုင် တိုင်းရင်းသား တွေက ဘင်္ဂါလီတွေလို့ ဆိုကြပြီး အဲဒီမူဆလင် တွေကတော့ သူတို့ဟာ ရိုဟင်ဂျာ တွေဖြစ်တယ်လို့ ဆိုပါတယ်။
ညနေပိုင်းမှာတော့ လမ်းပေါ်မှာ စုဝေးနေကြ သူတွေ လူစုခွဲပြီး ပြန်ကုန် ကြပြီလို့ ဦးဝင်းမြိုင်က ဆိုပါတယ်။
သူက အခြေအနေ တည်ငြိမ် နေတဲ့ သဘောမျိုး ပြောပေမယ့် ညမထွက်ရ အမိန့်ထုတ် ထားတဲ့ အချိန်အထိ အင်ဘာလာ ရပ်ကွက်မှာ လူ ၁၀၀ လောက် လုံခြုံရေး အဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတယ် လို့ ကိုယ်တိုင် မြင်ခဲ့ရသူ ဦးသိန်းထွန်းအေးက ပြောပါတယ်။
သူတို့က ဒီကလေးဟာ သေဆုံးခဲ့ပြီလို့ ယူဆနေပြီး အလောင်းကို ထုတ်ပေးပါ လို့ တောင်းဆို နေကြ တယ်လို့ သူက ပြောပြပါတယ်။
ဒါ့အပြင် အစိုးရကိုလည်း မူဆလင်တွေဘက် လိုက်တယ်ဆိုပြီး သူတို့က စွပ်စွဲ အော်ဟစ်ခဲ့ကြကြောင်း ပြောပါတယ်။
ပျောက်ဆုံးနေတယ် ဆိုတဲ့ မောင် အောင်နိုင်ဦးဟာ ညနေပိုင်းမှာ သူ့နေအိမ်ကို ပြန်ရောက်လာတာမို့ သူ့ကိုခေါ်ပြီး ထုတ်ပြခဲ့ ပေမယ့် ဒါဟာ အောင်နိုင်ဦး အစစ် မဟုတ်ဘူး ဆိုပြီး လုံခြုံရေး နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ လူအုပ်က လက်မခံ ခဲ့ဘူးလို့ ဒီပဋိပက္ခကို ကူညီ ဖြေရှင်း ပေးနေတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော် ကပြောပါတယ်။
ဒါပေမယ့် ညမထွက်ရ အမိန့် ရှိတာကြောင့် နောက်ပိုင်းမှာ လူစုခွဲပြီး အိမ်ပြန်ကြ လိမ့်မယ်လို့ ထင်ကြောင်း ဦးအောင်မြတ်ကျော် ကပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2012/09/120928_rakhine_tension.shtml

- စစ်တွေမှာ ကောလာဟလကြောင့် ရခိုင်တိုင်းရင်းသားများ ထောင်နဲ့ချီ စုဝေးခဲ့ click
- လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ click
- ကောလဟာလကြောင့် စစ်တွေ မငြိမ်သက် click
- စစ်တွေတွင် ရခိုင်လူငယ်တဦး သတ်ဖြတ်ခံရ click
http://drlunswe.blogspot.com/ 

ကချင်ငြိမ်းချမ်းရေးကွန်ရက် ခေါင်းဆောင်နှစ်ဦးကို တရားရုံးမှာ စတင်စစ်ဆေး

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ပွဲရပ်တန့်ရေးကို ရန်ကုန်မြို့ လမ်းတွေပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့် ဆို်င်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။

ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်စင်က ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ဥပဒေကြောင်းအရ အာမခံထားပေးမယ့် လူပုဂ္ဂိုလ် (၂) ဦး တောင်းဆိုပါတယ်။
ဦးမရန်ဂျော်ဂွန်းတို့က တခြားလူပုဂ္ဂိုလ်တွေကို အာမခံမထားဘဲ မိမိကိုယ်မိမိပဲ အာမခံတာဝန်ယူမယ့် အကြောင်းပြောပြီး ကိုယ်တိုင်ခံဝန်ချက် ရရှိအောင် ကြိုးစားခဲ့တာကို RFA ကို အခုလိုပြောပါတယ်။
"ဒီကိစ္စမှာ ကျွန်တော်တို့က ခံယူချက်ကောင်းကောင်းနဲ့ နိုင်ငံငြိမ်းချမ်းရေးအတွက် ပြည်သူတစ်ယောက်ရဲ့ တာဝန်အနေနဲ့ ပါ၀င်တာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ တရားခံ မဟုတ်ဘူး။ မှားတယ်လို့ လုံးဝမယူဆဘူး။ အဲ့ဒါကြောင့် မထွက်ပြေးဘူး။ ဘယ်နေရာပဲရောက်ရောက် လာမှာပဲ။ ကိုယ်ပိုင်ခံဝန်ချက်ပဲ ကျွန်တော်တို့ လိုချင်တယ်။ ကျွန်တော်တို့ တောင်းဆိုတော့ သူက ကိုယ်ပိုင်ခံဝန်ချက်နဲ့ ပက်သက်တဲ့ စာချုပ်ကို ထပ်ချုပ်တယ်။ ကိုယ်ပိုင်ခံဝန်ချက် ဖြစ်သွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတဲ့အကြောင်း လက်မှတ်ထိုးခဲ့တယ်"
ကချင်ငြိမ်းချမ်းရေးကွန်ယက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ဒဂုံမြို့နယ် ရဲအုပ် ဦးထွန်းထွန်းဝင်းက တရားလိုပြုလုပ် တိုင်ကြားခဲ့တာပါ။
ဒီကနေ့မှာတော့ ဦးမရန်ဂျော်ဂွန်းတို့က မိမိကိုယ်မိမိ တာဝန်ယူတဲ့ ကိုယ်တိုင် ခံဝန်ချက်ရယ်၊ အာမခံကြေး ၁၀ သိန်းနဲ့ တရားရုံးမှာ လက်မှတ်ထိုးခဲ့ပြီး ဒီအမှုကို လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ ရုံးချိန်း ပြန်လည်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/peace-network-leaders-lawsuit-09282012104037.html

ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် သမ္မတဦးသိန်းစိန် ပြောကြားသောမိန့်ခွန်း


 ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် သမ္မတဦးသိန်းစိန် ပြောကြားသောမိန့်ခွန်း

September 27, 2012

UNFC နှင့် NCUB ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ပြည်ထောင်စု ရောက်ရှိ

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေကို ရှင်းလင်း တင်ပြဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
NCUB ဥက္ကဋ္ဌနဲ့ UNFC ဒုဥက္ကဋ္ဌ တာဝန်တွေကို ပူးတွဲထမ်းဆောင်နေသူ စောဒေးဗစ်တာကပေါ ဦးဆောင်တဲ့ တိုင်းရင်းသား  ကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်မြို့ကို ရောက်ရှိနေပြီး သူတို့ရဲ့ ခရီးစဉ်အတွင်း ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ အမေရိကန်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။
အဲဒီကြေညာချက်မှာ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတာတွေ မရပ်သရွေ့ အပစ်အခတ် ရပ်စဲရေးဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်သလို အေးချမ်းတည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ဖြစ်လာဖို့ မလွယ်ကြောင်း၊ တိုင်းရင်းသားတွေဘက်ကတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမြဲအဆင်သင့်ရှိနေပြီး နိုင်ငံတကာရဲ့ ပါ၀င်ဆောင်ရွက်မှုတွေကနေ အထောက်အကူ ရစေမယ်လို့ ယုံကြည်ကြောင်း စသည်ဖြင့် ဖော်ပြထားပါတယ်

http://www.rfa.org/burmese/news/unfc-ncub-representative-us-09272012114738.html

လက်နက်ချ


ကျနော် မန္တလေးထောင်မှာနေရတုန်းက လေးတိုက်ထဲမှာဦးအောင်ဝင်းနဲ့ဆုံခဲ့ရပါတယ်။ ဦးအောင်ဝင်းဆိုတာက အရင်က ဗမာပြည်ကွန်မြူနစ်ပါတီ မြစ်ဝကျွန်းပေါ်တိုင်း၊ ပုသိမ်ခရိုင်တပ်မှူးပါ။ နောက်တော့ အဖမ်းခံရပြီး လက်နက်ချခဲ့ပါတယ်။ ဒါပေမဲ့ သူဟာပါတီနဲ့နိုင်ငံရေးကို သံယောဇဉ်မပြတ်သူမို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ၁၉၆၃ ခုနှစ် ပြည် တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပါ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ဟောင်းဆိုတော့ သူက ပြောတတ်ဟောတတ်၊ လူထုကို စည်းရုံးတတ်လို့ သူ့ဒေသမှာ ခေါင်းဆောင်ပိုင်းက ပါခဲ့ပါတယ်။ ဒါကြောင့်”တော်လှန်ရေး”ကောင်စီအစိုးရရဲ့ အဖမ်းခံရပြီး ပုသိမ်ထောင်ကနေ မန္တလေးထောင်ကို အပြောင်းခံရတာပါ။ ထောင်ပြောင်းရာကို သူနဲ့အတူ ဖျာပုံ ဗကသ က ကိုခင်လတ် လည်း ပါလာပါတယ်။ ကျနော်တို့က ၂၀ ကျော်တွေ၊ သူက ၅၀ လောက်ဆိုတော့ သူ့အဖို့ ကျနော်တို့ဟာ တကယ့်ကို တူသားအရွယ်တွေပါ။ ဒါပေမဲ့ ဦးလေးဦးအောင်ဝင်းက ကျနော်တို့ကို တလေးတစားပဲဆက်ဆံပါတယ်။ အား လုံးကို ခင်ဗျား-ကျနော်ပဲပြောပါတယ်။ ကျနော်တို့ကလည်း သူ့နဲ့အတူ နေရင်း သူ့ကိုပိုနားလည်သဘောပေါက်လာပြီး သူ့ကို ဦးလေးလို့့ တလေးတစားခေါ်၊ တလေးတစားဆက်ဆံကြပါတယ်။
သူဟာ ကျနော်တို့ကို သူ့အကြောင်းနဲ့ပတ်သက်လို့ အမှန်အတိုင်းပဲ ပြောပြထားပါတယ်။ သူလက်နက်ချခဲ့တယ် ဆိုတာ ကို ရိုးရိုးသားသားပြောပါတယ်။ ဘယ်လိုပဲဆိုဆို သူဟာ ကျနော်တို့အဖို့ လက်တွေ့တော်လှန်ရေးဗဟုသုတ ဟင်းလေး အိုးကြီး ဖြစ်နေပါတယ်။ မေးသမျှဖြေ၊ ဖြေသမျှမှတ်ကြပါတယ်။ အဲဒီမှာ ကျနော်တို့က စစ်ရေးကိုစိတ်ဝင်စားတော့ သူ့ တိုက်ပွဲ အတွေ့အကြုံတွေကို မေးပါတယ်။ သူက စိတ်ရှည်လက်ရှက် ပြောပြယုံမက စီးကရက်ဘူးပတ်တွေ၊ စက္ကူစလေး တွေ၊ ဖျာစလေးတွေနဲ့ သံမြေပုံလေးတွေလုပ်ပြီးတော့လည်း ရှင်းပြပါတယ်။ နောက်ပြီး သူ့လက်တဖက်မှာတွေ့ရတဲ့ သေနတ်ဒဏ်ရာ အမာရွတ်ကြီးရခဲ့တဲ့ တိုက်ပွဲအကြောင်းလည်း ပြောပြပါသေးတယ်။
အဲဒီလိုနဲ့ နိုင်ငံရေးအကြောင်းတွေပြောကြတဲ့ တနေ့မှာ သူက သူ့အနေနဲ့ လက်နက်ချပြီးတဲ့နောက် ကျေးရွာတွေကိုလှည့် ပြီး ပါတီဆန့်ကျင်ရေးတွေပြောခဲ့ရကြောင့် မျက်ရည်တွေဝဲပြီး ပြောပြပါတယ်။ သူလုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး။ အ စိုးရစစ်တပ်ကခိုင်းလို့ လုပ်ရတာပါလို့လည်း ကျနော်တို့ကို ၀န်ခံသလိုပြောပါတယ်။ အဲဒါနဲ့တဆက်တည်းပြောတာက- “လူတယောက်ဟာ လက်နက်ချလိုက်ပြီဆိုရင် တခါထဲချရတာ မဟုတ်ဘူး။ အကြိမ်ကြိမ်ချနေရတာပဲ” လို့ ပြောပြ ပါ တယ်။ အဲဒီစကားကို ကျနော့်တသက် မမေ့နိုင်တော့ပါဘူး။
ဒီလိုနဲ့ ကျနော်က ကျနော်သိထားတဲ့ လက်နက်ချဖူးသူတွေကို ပြန်စဉ်းစားလိုက်တော့ သူပြောသလိုဖြစ်နေတယ် ဆိုတာ ကို တန်းတွေ့ရပါတယ်။ တချို့က မြဝတီလိုမဂ္ဂဇင်းထဲမှာ ဆောင်းပါးတွေရေးပြီး လက်နက်ချပြနေရတယ်၊ တချို့က မဆလရဲ့ကောင်စီတွေထဲဝင်ပြီး သခင်ကိုချီးကျူးပြနေကြရပါတယ်။ တချို့ကတော့ သတင်းပေးလုပ်ရ၊ မြက်ခင်းသစ်လို ဟာမှာစာရေးကြ၊ တချို့ကစာအုပ်ထုတ်ပြီး ကိုယ့်သခင်ဟောင်းကို ဆဲပြကြရပါတယ်။ မမြင့်ချင့်အဆုံးပါ။ ဟီးရိုးကနေ ဇီးရိုးဖြစ်သွားတဲ့ အဖြစ်အပျက်တွေလည်း များလှပါတယ်။
ဒါဖြင့်အခုကာလမှာရော၊ အဲဒါမျိုးတွေမရှိဘူးလား။ ကျနော်တော့သက်ပြင်းပဲချမိပါတယ်။ လက်နက်ချတဲ့တဲ့ လူ တွေက အမောက်ထောင်၊ မိုးခါးရေးသောက်ခိုင်းတာတွေတောင် အနှံ့အပြားတွေ့နေရပါတယ်။
ဒီနေရာမှာ လက်နက်ချတယ်ဆိုတာဘာလဲလို့ သေချာအောင်မေးလာတာမျိုး ရှိနိုင်ပါတယ်။ ကျနော်တို့ အစဉ်အလာပြော ကြတာကတော့ ရန်သူ့ဆီက အခွင့်အရေးတခုရဖို့အတွက် မိမိယုံကြည်ချက်ကို စွန့်လွှတ်တဲ့အကြောင်း ရန်သူသိအောင် နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ ဟန်အမူအရာနဲ့ဖြစ်စေ၊ တည့်တည့်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဖော်ပြတာကို လက်နက် ချတယ်လို့ သတ်မှတ်ပါတယ်။ တခြားအဖွဲ့အစည်းတွေတော့ မပြောတတ်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီမှာတော့ ပါတီဝင် တယောက်ဟာ ရန်သူ့ဆီမှာ လက်နက်ချခဲ့တယ်ရင် သူဟာ ဘယ်လောက်ပဲအဆင့်မြင့်တဲ့ ကေဒါကြီးဖြစ်နေပါစေ ပါတီ ၀င်ပြန်ဖြစ်ခွင့် မရှိတော့ပါဘူး။ ကိုယ့်အထက်တာဝန်ရှိသူက လက်နက်ချခိုင်းလို့ လက်နက်ချရပါတယ်ဆိုတဲ့ အကြောင်း ပြနည်းမျိုးကိုလည်း လက်မခံပါ။ အဲဒီလူဟာ ပါတီအတွက်၊ တော်လှန်ရေးအတွက်တော့ တာဝန်ယူ လုပ်ကိုင်ခွင့်တွေရှိပေ မဲ့ ပါတီဝင်တော့ ပြန်မဖြစ်တော့ပါဘူ။။
ဒီလိုရေးတဲ့အတွက် လက်နက်ချသူတွေကို ရှုတ်ချတာ၊ အထင်သေးတာ မဟုတ်ပါဘူး။ လက်နက်တခါချမိရင် ဆက်ချရ တတ်တယ်ဆိုတာကို သတိပေးတာပါ။ ဗမာပြည်ရဲ့ ပြင်းထန်၊ ရှည်ကြာလှတဲ့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတွေအကြားက ပဋိပက္ခ သမိုင်းကြောင်းမှာ အဲဒီလိုလက်နက်ချရင်း-ချရင်းနဲ့ မြောင်းထဲရောက်သွားသူတွေလည်း မနည်းတော့ဘူး မဟုတ်ပါလား။ ဒါနဲ့ပြောင်းပြန် ဦလေးဦးအောင်ဝင်းလို ပြည်သူလူထုဘက်မှာ ပြန်ရပ်လို့် လူလေးစားပြန်ခံရတယ်ဆိုတဲ့ သာဓကတွေ လည်း များလှပါတယ်။ တော်လှန်ရေးသမိုင်းမှာ လက်နက်ချပြီးနောက် တော်လှန်ရေးအတွက်၊ ပါတီအတွက် ပြန်လုပ်ရင်း ဂုဏ်ပြောင်စွာကျဆုံးသွားတဲ့ သူရဲကောင်းတွေ အများကြီးရှိခဲ့ပါတယ်။
ကွေ့တကွေ့ ခြေလှမ်းတလှမ်းဟာ အဲဒီလူရဲ့သမိုင်းကို ပြောင်းပစ်တတ်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

http://www.naytthit.net/?p=30954
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India