July 31, 2012

သွေးစည်းခိုင်မာရေးအတွက် အဆင့် ၄ဆင့်ပါ လမ်းပြမြေပုံ KKO ထုတ်ပြန်

အမျိုးသားသွေးစည်းခိုင်မာရေးကို ရှေးရှု၍ ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းအစီအစဉ်များကို အများပြည်သူလူထု သိရှိရန် အမျိုး သားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး စသည့်အဆင့် ၄ဆင့်ပါသည့် လမ်းပြမြေပုံကို ကလိုထူးဘော ကရင်အစည်းအရုံး(KKO)မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။ KKO ထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်က “တဆင့်ချင်း လုပ်သွားမယ့်နေရာမှာ ပတ်သက်နေတဲ့ ကရင်အချင်းချင်းကိုလည်း အသိ ပေးချင်တယ်။ လူမျိုးစုတွေအားလုံးနဲ့ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် လက်ရှိအာဏာရထားတဲ့ အစိုးရကိုလည်း အသိပေးချင်တဲ့အ နေနဲ့ ထုတ်ပြန်လိုက်တာပါ”ဟု ပြောသည်။ ကရင့်လူ့အဖွဲ့အစည်းတွင် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်း၊ ဘာသာ၊ မျိုးနွယ်စု၊ ဒေသ၊ ကျား-မ မရွေးဘဲ...

PNLO နှင့် ဆွေးနွေးရန် ခေါ်တွေ့ပြီးကာမှ အစိုးရက ထပ်မံရွှေ့ ဆိုင်း

သြဂုတ်လ တတိယ အပါတ်မှ တွေ့ဆုံဆွေးနွေး နိုင်မည်ဟု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦး အောင်မင်းမှ ချိန်းဆို လိုက်သဖြင့် ဇူလိုင်လ (၂၃) ရက်နေ့၌ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ရောက်ရှိနေသော ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) ကိုယ်စားလှယ်များ အစီစဉ် ပြောင်းလဲ ခဲ့ရသည်ဟု ဥက္ကဌဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။ “ သွားတုန်းကတော့ အပစ်ရပ်ရေးကို တောင်ကြီးက ပြည်နယ်အစိုးရနဲ့ လက်မှတ်ထိုးဖို့ပါဘဲ။ ဒါပေမဲ့ ဟိုရောက်တော့ ဦးအောင်မင်းက မအားဘူး ဆိုပြီး ဖြစ်သွားတယ်လေ။ အချိန်နေရာ အတိအကျကိုတော့ နောက်ပိုင်းကျမှဘဲ ထပ်ချိန်း ကျမယ် ထင်ပါတယ်။  ဒီတော့ အထွေအထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း ဦးဆောင်တဲ့ ကျနော် အဖွဲ့ကတော့ လေ့လာ ရေး ခရီးအဖြစ် ပြောင်းလဲ...

ပအိုဝ်းအဖွဲ့ချုပ်နှင့် ၀န်ကြီးဦးအောင်မင်းတို့ အပစ်ရပ်ရေး အကြိုဆွေးနွေး

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး ခွန်သူရိန် အပါအ၀င် အဖွဲ့ဝင် ၇ ဦးဟာ မြန်မာနိုင်ငံတွင်းရောက်ရှိနေပြီး ဇူလိုင် ၂၈ ရက်နေ့ က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာ အပစ်အခတ်ရပ်စဲရေးမလုပ်ခင် အကြိုဆွေးနွေးတာဖြစ်ပြီး ပြည်တွင်းကို သွားရောက်လေ့လာတာလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောပါတယ်။ “ဦးအောင်မင်းနဲ့ အီးဂရက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ပါတယ်။ ကျနော်တို့ ဆွေးနွေးခဲ့ကြ တာကတော့ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်တုန်းက ဘန်ကောက်မှာ တွေ့ခဲ့တဲ့...

အစိုးရ တပ်ဖွဲ့၏ ရာဇသံကို SSA-N က အာခံသည်

Monday, 30 July 2012 18:01 Written by ရွှေဟင်္သာသတင်းဌာန 0 Comments ဇူလိုင် (၂၆) ရက်နေ့ နောက်ဆုံးရက် အဖြစ် ထားပြီး ရာဇသံ ပေးခဲ့သည့် နမ့်မဂွင်မှ ဆုတ်ခွာပေးရန် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/ SSA-N) အား အမိန့်ပေး ထားခြင်းကို ယနေ့အထိ အာခံနေဆဲဖြစ်သည်ဟု အမည် မဖေါ်လိုသည့် SSA-N ဗိုလ်မှူးကြီး တဦးက ပြောပါသည်။ “ အပစ်ရပ်တုန်းကတော့ ကိုယ့်နေရာ ကိုယ်နေကြလို့ သဘောတူထားတယ်။ နောက်မှ တန့်ယန်းနဲ့ မိုင်းရှူးက ကျနော်တို့ နေရာကို အကြောင်းမကြားဘဲနဲ့ အရင်ဝင်တိုက်တယ်။ အဲဒီနည်းနဲ့ နှစ်ကြိမ်တိုင် ၀င်တိုက်ပြီးတော့ ကျနော်တို့ရဲ့ စခန်း (၃) နေရာ စလုံး ဆုတ်ပေးရပါတယ်။ ဒါတောင် မပြီးသေးဘူး။ ...

July 30, 2012

ကချင်စစ်ပြေးဒုက္ခသည်များနေထိုင်ရန် ယာယီတဲစခန်း လုံလောက်မှုမရှိ

စနေနေ့၊ မေလ 05 ရက် 2012 ခုနှစ် ကေအိုင်စီ သတင်း - ကေအိုင်စီ ကချင်ပြည်နယ်တွင် ပြင်းထန်သည့် တိုက်ပွဲ အခြေအနေကြောင့် ကချင်စစ်ပြေးဒုက္ခသည်များ မိုးတွင်းနေ ထိုင်ရန် ယာယီတဲ၊ အဆောက် အအုံများအတွက် အကူအညီ လိုအပ်လျှက်ရှိသည်ဟု သိရသည်။ မိုးတွင်းရောက်လာပြီးဖြစ်၍ ဒုက္ခသည်စခန်းအတွင်း ရောက်ရှိနေကြသည့် စစ်ပြေးဒုက္ခသည်များ ခိုလှုံနေထိုင် သွားရန် ယာယီ တဲအိမ် အများအပြား လိုအပ်နေသေးကြောင်း ကချင်အမျိုးသမီးအဖွဲ့ တာဝန်ခံ မွန်းနေလီက ပြောသည်။ မွန်းနေလီက “အစားအသောက်က လုံလောက်မှုမရှိပေမယ့် မျှဝေစား သောက်သွားကြတာပေါ့။ အခု အဓိက လိုအပ်နေတာက နေဖို့ ထိုင်ဖို့ ယာယီတဲအိမ်တွေဖြစ်တယ်။...

အပစ်ရပ်ခဲ့သော်လည်း မျှော်လင့်ချက် မဲ့သည့် သင်ခန်းစာများ မမေ့ကြရန် KDNG သတိပေး

Thursday, 3 May 20123 Comments မေလ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)အစိုးရနှင့် KIO အပစ်ခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း တိုးတက်ပြောင်းလဲမှု မရှိသည့်အဖြစ်ကို သင်ခန်းစာယူကြရန် ကချင် လူမှုဖွံ့ဖြိုးတိုးတက် ရေးကွန်ယက်အဖွဲ့(KDNG) က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးလိုက်သည်။ ယမန်နေ့က ကချင်“ဖွံ့ဖြိုးတိုးတက်ရေး”မှ ကြုံတွေ့ရသော သင်ခန်းစာများ ခေါင်းစဉ်ဖြင့် KDNG မှ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်တွင် လက်ရှိ အစိုးရနှင့် KIA တို့ တိုက်ပွဲများဆက်ဖြစ်နေခြင်းအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာခြင်း၊ မူးယစ်ဆေး ၀ါး ဖြန့်ဝေသုံးစွဲခြင်း၊ လယ်ယာမြေသိမ်းဆည်းခြင်း၊ စစ်ပြေးဒုက္ခသည် ပိုများလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းများကို...

စစ်ပြေးဒုက္ခသည်များကို ကုလကူညီမည့်အပေါ် KIO ကြိုဆို

May 3, 2012    ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များကို ကုလသမဂ္ဂက အကူအညီများ ဆက်လက် ပေးမည်ဆိုသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောဆိုချက်အား ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က ကြိုဆိုလိုက်သည်။ လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေးဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)စစ်ပြေး ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်းနှင့် လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးသွားရန်ရှိကြောင်း မေလ ၁ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။ “အရင်က ပြောခဲ့ဖူးသလိုပါပဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ် အလျင်အမြန် အကောင်အထည်...

ဦးအောင်သောင်း၏ ဆောင်ရွက်ချက်အပေါ် KIO သံသယရှိ

ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၈ မိနစ် ချင်းမိုင်(မဇ္စျိမ) ။        ။ ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေးတင်ပြချက်များကို နေပြည်တော် ထိပ်ပိုင်းအရာရှိများထံ တင်ပြမှု ရှိမရှိ သံသယဝင်နေကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။ “အမှန်တကယ် အထက်ကို တင်ပြမှု ရှိသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ကျနော်တို့ အခုတလော စုံစမ်းရရှိတဲ့ သတင်းတွေအရ နေပြည်တော်မှာ ရှိတဲ့ အထက်ပိုင်း လူကြီးတွေ ကျနော်တို့ KIO က တင်ပြတဲ့ ငြိမ်းချမ်းရေးအဆင့် သုံးဆင့်ကို မကြားသိရဘူးဆိုတဲ့...

ကချင်ငြိမ်းချမ်းရေးနှင့်ပတ်သတ်သည့် အခြားမှတ်တမ်းများ

...

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးအောင်သောင်းနှင့် တွေ့ဆုံခြင်း

...

ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ် တွဆေုံ့

မကြာသေးခင်ကမှ ပြန်လည်ဖွဲ့ထားတဲ့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) တို့ ပထမဆုံး အကြိမ် အဖြစ် ထိုင်းနယ်စပ်မြို့ တနေရာမှာ တြေ့ဆုံဆြေးနြေး ခဲ့တယ္လို့ သိရပါတယ်။  ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက်ကဌ ဖြစ်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ မေလ ၂၁ ရက်နေ့ တနင်လာနေ့မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းမြို့မှာ နွစ္ဖက္တြေ့ဆုံ ဆြေးနြေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီတြေ့ဆုံဆြေးနြေးမွုနဲ့ ပက်သက်ပြီး ကေအိုင်အို ဘက်ကတော့ အလွတ်သဘော တွဆေုံ့ မိတ်ဆက်တဲ့ အနေအထားပဲ ဖြစ်တယ်လို့ အစည်းအဝေးပွဲမှာ ပါတဲ့ ကေအိုင်အို အထွထွေေ...

Kachin peace making news

KIO refuses to hold peace talks in gov’t-controlled area Burma army shoots Kachin preacher in the knee Kachin army takes control of key Burma army post on Putao route 70,000 Kachin refugees in desperate need NDA-K's Ting Ying declares Burma army will wipeout KIA Burmese Army Threatens to Wipe Out the KIA China issues warning to citizens Burmese army reinforces troops in Kachin State More gov’t troops die in road bombings: KIA Four officials killed as unrest hits Kachin state 12 Burma soldiers die in KIA attack in southern Kachin state Photo essay: Myanmar's Kachin rebels Army prepares for ‘major assault’ on Kachin stronghold Burmese state media: dozens of rebels dead in Kachin State Drugs found in abandoned gov’t post: KIA Storage warehouses needed for Kachin refugee camps KIA...

KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု ဗွီဒီယိုမှတ်တမ်းများ

KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု ဗွီဒီယိုမှတ်တမ်း(7)ခုဖြစ်ပါတယ်။ ...

CNF ရဲ့ ရုံးခွဲကိစ္စ ထုတ်ပြန်ချက်

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ အစိုးရသစ်နဲ့ အပစ်ရပ်စဲရေး ဆွေးနွေးခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF က တီးတိန်မြို့နယ်ထဲမှာ ရုံးတွေဖွင့်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ ဧရာ...

မတူပီတွင် CNF ဆက်ဆံရေးရုံးဖွင့်လှစ်ရေး ပခုက္ကူ ချင်းတက္ကသိုလ် ကျောင်းသားများ ကြိုဆို

တနင်္လာနေ့၊ မတ်လ 12 ရက် 2012 ခုနှစ် ခိုနူမ်းထုန် သတင်း - ခိုနူမ်းထုန် သတင်းဌာန လက်ရှိ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုသားတပ်ဦးအကြား ထာဝရ ငြိမ်းချမ်းမှူ ဖော်ဆောင်ရေးပဏာမ သဘောတူ ညီချက်အရ ချင်းပြည်နယ် ဒုတိယမြို့တော် မတူပီမြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရေးကို ပခုက္ကူ တက္ကသိုလ်မှ ချင်း တက္ကသိုလ်ကျောင်းသားများ ကြိုဆိုထောက်ခံကြောင်း သိရသည်။ “စီအဲန်အက်ဖ်မှ ကိုယ်စားလှယ်တွေ လာနိုင်ယင် ချင်းတက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ကြိုဆိုဖို့ စီစဉ်နေ တယ်၊ မတူပီ မကဘူး၊ မင်းတပ်၊ ကန်ပက်လက်အထိ လာရောက်နိုင်ယင် အကောင်းဆုံးပေါ့” ဟု ပခုက္ကူ တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှူ ကော်မီတီ၊ ပခုက္ကူ မြို့ မတူပီချင်း လူမှူရေး အသင်း မှ ပြောရေးဆို ခွင့်ရှိသူ တဦးကပြောသည်။ ဆက်လက်ပြီး အစိုးရလူကြီးတွေ လာယင်တောင် ဖြူစိမ်း...

CNF ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး တီးတိန်မြို့နယ် CNP ကြိုဆို

တနင်္ဂနွေနေ့၊ ဖေဖေါ်ဝါရီလ 19 ရက် 2012 ခုနှစ် ခိုနူမ်းထုန်  သတင်း - ခိုနူမ်းထုန် သတင်းဌာန   ချင်းပြည်နယ်မြောက် ပိုင်း တီးတိန်မြို့ပေါ်တွင် စီအဲန်အက်ဖ် မှ ဆက်ဆံရေး ရုံးဖွင့် လှစ်မည့် အပေါ် တီးတိန် မြို့နယ် ချင်းအမျိုးသား ပါတီကော်မီတီ က ကြို ဆိုထောက်ခံ သည်ဟု သတင်း ရရှိ သည်။ စီအဲန်ပီ ဥက္ကဌ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူး ဇိုဇမ်းဦးဆောင်သည့် ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၃၁ ရက်နေ့ မြို့နယ် အဆင့် အစည်းအဝေးဆုံးဖြတ်ချက် ၁ နှင့် ၃ အရ တီးတိန်မြို့နယ် မှ စီအဲန်ပီ ပြည်သူ့ ကိုယ်စားလှယ်များအပါအ၀င် စီအဲန်ပီ ပါတီဝင်အားလုံးက ကြိုဆိုထောက်ခံကြောင်း စာအမှတ် ၁/၂၀၁၂ (ရက်စွဲ ၊ ဇန္နဝါရီ ၃၁ /၂၀၁၂) အရ သဘော ထားထုတ်ပြန်ထားသည်။ ယင်းကိစ္စနှင့် ပါတ်သက်ပြီး တီးတိန်မြို့နယ်  ချင်းအမျိုးသားပါတီ ဥက္ကဌ ဦး ကမ်ဇဒါးလ် က “ တချို့...

CNF က ချင်းပြည်နယ်အတွင်း တပ်စခန်းနေရာချရေး စတင်

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 08 ရက် 2012 ခုနှစ် ခိုနူမ်းထုန် သတင်း - ခိုနူမ်းထုန် သတင်းဌာန ဇန်နဝါရီ ၆ ရက်နေ့က ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ချင်းအမျိုး သားတပ်ဦး (CNF)က ၄င်းတို့၏ တပ်မတော်တပ်ဖွဲ့များကို ချင်းပြည်နယ်အတွင်း စခန်းချပြောင်းရွှေ့ရန် ပြင်ဆင် နေပြီဟုသိရသည်။ ချင်းအမျိုးသားတပ်မတော်မှ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဟရန်းသင်ထိုက် နဲ့ ဒုတိယ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်မှူး သန်းထွန်းတို့ ဦးဆောင်သော CNA တပ်ဖွဲ့တချို့သည် ချင်းပြည်နယ် ပလက်ဝ နဲ့ ထန်တလန်မြို့နယ်အတွင်း စခန်းချရန်  ပြီးခဲ့သည့် အပတ်က အိန္ဒိယ-မြန်မာနယ်စပ်ကနေ...

တီးတိန်တွင် CNF ဆက်သွယ်ရေးရုံးထားရှိမည့်ကိစ္စ ကန့်ကွက်မည်

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 03 ရက် 2012 ခုနှစ် ခိုနူမ်းထုန်  သတင်း - ခိုနူမ်းထုန် သတင်းဌာန   ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်) နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူညီချက် (၉) ချက် အနက် (၂) ချက် မြောက်ဖြစ်သော တီးတိန်မြို့နယ်တွင် CNF ဆက်သွယ်ရေးရုံးထားရှိရန် ဆိုသည့် ကိစ္စကို ပြည်တွင်းပြည်ပမှ ဇိုမီးအမျိုးသား များက ကန့်ကွက်ကြမည်ဟု ဇန္နဝါရီလ နောက်ဆုံးပတ်က ပြောလိုက်သည်။ CNF နှင့် အစိုးရတို့သည် ဇန်နဝါရီလ ၆ ရက်နေ့က အချက် (၉)ချက်ပါသော သဘောတူညီစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ယင်း စာချုပ်ထဲတွင် CNF ၏ဆက်သွယ်ရေးရုံးကို တီးတိန်၊ ထန်တလန် နှင့် ပလက်ဝ မြို့နယ်တွင် ထားရှိရန်ဟု ပါရှိသည်။ တီးတိန်မြို့နယ်တွင် CNF ဆက်သွယ်ရေးရုံးထားရှိမည့်ကိစ္စကို ကန့်ကွက်သည့်အနေဖြင့် တီးတိန်မြို့ရှိ လူငယ်ခေါင်းဆောင်...

CNF နှင့် ချင်းပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပြီ

ကြာသပတေးနေ့၊ ဇန်နဝါရီလ 05 ရက် 2012 ခုနှစ် ခိုနူမ်းထုန်  သတင်း - ခိုနူမ်းထုန် သတင်းဌာန   ချင်းအမျိူးသားတပ်ဦး CNF နှင့် ချင်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက်ပိုင်း ၁၀ နာရီက ပြည်နယ်မြို့တော် ဟားခါးမြို့ အစိုးရဧည့်ဂေဟာ ဆောက်လုပ်ရေး ရိပ်သာမှာ ငြိမ်းချမ်းရေးအတွက် စတင်ဆွေး နွေးနေကြပြီဖြစ်သည်။ တွေ့ဆုံပွဲတွင် CNF ဘက်က ဒေါက်တာရွှေခါး၊ ပူးရားလ်နှင်း၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်၊ ပူးဆော လမွန်၊ ဆလိုင်းပီတာလျန်၊ ကိုလှထွန်း၊ ကိုထက်နီ၊ ပူးရိုခေါမာ၊ ကိုခင်မောင်လေးနှင့် ပူးငိုင်ကြာထန်း တို့ပါ၀င်ပြီး၊ ချင်းပြည်နယ်အစိုးရဘက်မှ နယ်စပ်ဒေသ လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ပြည်နယ် အစိုးရ အတွင်းရေး မှူး၊ ပြည်နယ်ဥပဒေချူပ် နှင့် ဗျူဟာမှူးတို့ပါ၀င်ကြောင်းသိရသည်။ ဆွေးနွေးသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး...

ထာဝရ တည်တ့ံသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အထူး ဆုတောင်း ပေးကြရန် ချင်းပြည်သူထံ CNF ပန်ကြား

မြန်မာနိုင်ငံအတွင်း အနှစ် ၆၀ ကျော်ဖြစ်ပွားသည့် ပြည်တွင်းစစ် အဆုံးသတ်ပြီး ထာဝရ တည်တ့ံသည့် ငြိမ်းချမ်းရေး တည် ဆောက်နိုင်ရေးအတွက် ချင်းအမျိုးသားတပ်ဦးက ပြည်တွင်းပြည်ပရှိ ချင်းပြည်သူ အားလုံးထံ မိမိတို့ ကိုးကွယ်သည့် ဘာ သာအလိုက် အထူး ဆုတောင်းပေးကြရန် မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့က  ပန်ကြားထားသည်။ “ ကျတော်က အသင်းတော်အနေနဲ့ မဟုတ်ပေမဲ့  နှစ်ဖက် သင့်မြတ်ရေးအတွက် ညတိုင်း ဆုတောင်း ပါတယ်” ဟု ပြည် တွင်း အခြေစိုက် Gospel Baptist Church pastor တဦးက ပြောသည်။ ချင်းအမျိုးသားတပ်ဦး ( CNF ) ကိုယ်စားလှယ်များ နှင့် ချင်းပြည်နယ် အစိုးရငြိမ်း ချမ်းရေးကိုယ် စားလှယ် တို့သည် လာမည့် ဇန္နဝါရီလ ၅ – ၆ ရက်နေ့တွင်း မြို့တော်ဟားခါး၌  ငြိမ်းချမ်းရေးအတွက်...

CNF နဲ့ ပြည်နယ်အစိုးရ တွေ့ဆုံမည့်အပေါ် CNP ကြိုဆို

အင်္ဂါနေ့၊ ဒီဇင်ဘာလ 06 ရက် 2011 ခုနှစ် ခိုနူမ်းထုန် သတင်း  သတင်း - ခိုနူမ်းထုန် သတင်းဌာန   လာမည့် ၂၀၁၂ ခုနှစ် ဇန္နဝါရီလအတွင်း ချင်း အမျိုးသားတပ်ဦးနဲ့ လက်ရှိ ချင်းပြည်နယ် အစိုးရ တွေ့ဆုံမည့်အပေါ် ချင်းအ မျိုးသားပါတီ က ထောက်ခံကြိုဆိုသည်ဟု သိရသည်။ ယခုလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသည် ချင်းအမျိုးသားပါတီ၏ ဗဟိုအလုပ်အမှု ဆောင် ကော်မီတီ အစည်းအဝေးက ယခုကဲ့သို့ ထောက်ခံကြိုဆိုကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ် သည်။ CNF နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် နို၀င်ဘာ ၁၉ ရက်နေ့က ထိုင်း မြန်မာ နယ်စပ်တနေရာတွင် တခြားသော လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNPP, KNU၊ SSA (S) တို့နှင့်အတူ တွေ့ဆုံခဲ့ကြပြီးလာမည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ပဏာမအဆင့်...

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး သဘောတူညီချက်ရ

2012-05-07၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ ရွှေခါး ဦးဆောင်တဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ဟာ ဒီကနေ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် (၁၆) ကို သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ RFA၀န်ကြီးဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် တွေ့ဆုံစဉ်။ဒီဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ နှစ်ဘက် သဘောတူညီချက်တွေအရ CNF နဲ့ အစိုးရအဖွဲ့တို့အကြား ငြိမ်းချမ်းရေးကိစ္စတွေ အားလုံးနီးပါး ပြေလည်မှု ရရှိသွားပြီလို့ အစိုးရငြိမ်းချမ်းရေး...

CNF ငြိမ်းအဖွဲ့ ချင်းပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေး

ချင်းပြည်နယ်အစိုးရနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ဆက်ဆံရေးရုံး ထားရှိမယ့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ဘုံတလာ ခန်းမဆောင်မှာ ဒေသခံလူထု သုံးထောင်လောက်နဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ CNFချင်းအမျိုးသား တပ်ဦး CNF တပ်သားများကို CNF တပ်စခန်းတစ်ခုတွင် တွေ့ရစဉ်။အဲဒီတွေ့ဆုံပွဲမှာ CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် ဒေါက်တာရွှေခါးက တက်ရောက်လာကြတဲ့ ပြည်သူတွေကို အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အခုလို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ " အစိုးရသစ် တက်လာပြီးတဲ့နောက် နိုင်ငံရေးကိစ္စကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးရအောင်...

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ဆွေးနွေး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ဆွေးန...

July 29, 2012

CNF က ချင်းပြည်နယ်အတွင်း တပ်စခန်းနေရာချရေး စတင်

February 8th, 2012 | Add a Comment | 306 views ဇန်နဝါရီ ၆ ရက်နေ့က ပြည်နယ်အစိုးရနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အရ ချင်းအမျိုး သားတပ်ဦး (CNF)က ၄င်းတို့၏ တပ်မတော်တပ်ဖွဲ့များကို ချင်းပြည်နယ်အတွင်း စခန်းချပြောင်းရွှေ့ရန် ပြင်ဆင် နေပြီဟုသိရသည်။ ချင်းအမျိုးသားတပ်မတော်မှ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဟရန်းသင်ထိုက် နဲ့ ဒုတိယ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်မှူး သန်းထွန်းတို့ ဦးဆောင်သော CNA တပ်ဖွဲ့တချို့သည် ချင်းပြည်နယ် ပလက်ဝ နဲ့ ထန်တလန်မြို့နယ်အတွင်း စခန်းချရန်  ပြီးခဲ့သည့် အပတ်က အိန္ဒိယ-မြန်မာနယ်စပ်ကနေ ထွက်ခွါသွားကြ သည်ဟု CNF တွဲဖက်အထွေထွေအတွင်း ရေးမှူး(၁) ပူးပေါလ်စီထာက ယခုလိုပြောပြ သည်။ “ ကျနော်တို့ ပြည်နယ်အစိုးရနဲ့ ပြောတုန်းက...

ALP ငြိမ်းချမ်းရေးဖြစ်စဉ်

BNI နှင့် ဦးခိုင်ကောင်းစံ (ALP ပါတီဝင်ဟောင်း)ငြိမ်းချမ်းရေးဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးသူနှင့် တွေ့ဆုံမေးမြန်းထားသ...

CNF က ပြည်နယ်အစိုးရနှင့် (၉)ချက်ပါ ငြိမ်းချမ်းရေးသဘောတူညီမှု အပေါ်ရှင်းလင်း

January 20th, 2012 | Add a Comment | 107 views ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်) က ယခုလ ဇန္နဝါရီလ ၅ – ၆ အတွင်း ချင်းပြည်နယ်အစိုးရနှင့် (၉) ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ယနေ့ ရှင်းလင်းချက်ပြုလုပ်လိုက်သည်။ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပြည်ထောင်စုတခုလုံးတွင် ရေရှည်တည်တ့ံခိုင်မြဲသည့် ငြိမ်းချမ်း ရေးဖော် ဆောင်နိုင်ရေးအတွက်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လမ်းစပွင့်လာသည်ဟု စီအဲန်အက်ဖ်က ယူဆကြောင်း ရှင်းလင်း တင်ပြထားသည်။ တဆက်တည်း စီအဲန်အက်ဖ်နှင့် ချင်းပြည်နယ်အစိုးရတို့ အကြား (၉) ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘော တူညီမှု မရရှိမှီ နှင့် ရရှိပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အရပ်ရပ်ပြောင်းလဲသွားသည်ကို အထူးနား လည်ရန်လိုအပ်ကြောင်း ယင်းအနေအထားများကို ချင်းအမျိုးသားများ၏ အကျိုး စီးပွားအောင်မြင်နိုင်ရေး နှင့် တန်းတူညီ မျှှမှုကို အခြေခံသည့်...

001-a_handshake ယခုလဆန်းပိုင်းက ချင်းပြည်နယ်အစိုးရနှင့်ချင်းအမျိုးသားတပ်ဦး CNF တို့တွေ့ဆုံဆွေးနွေး သဘောတူချက်၌ CNF အတွက် နယ်ြမေဒေသဖွံ့ဖြိုးတိုးတက်ရေးသတ်မှတ်ချက်အပါအဝင် သျှမ်းပြည်တပ်မတော်၏တောင်းဆိုချက်ထက် ၅ ချက် ပိုြကောင်း လေ့လာသူများက သုံးသပ်ပါသည်။ “သဘောတူညီချက် ၉ ချက်ထဲက ဒုတိယအချက်မှာ CNF လှုပ်ရှားဖို့နယ်ြမေသတ်မှတ်ချက်ပါတာကိုတွေ့ရတယ်။ နှစ်ဖက် ဆက်သွယ်ရေးရုံးကို ထန်တလန်းမြို့မှာဖွင့်မယ်။ တီးတိန်နဲ့မတူပီမှာဆက်လက် ဖွင့်နိုင်အောင် ကြိုးစားသွားကြ မယ်။ CNF အနေနဲ့ ထန်တလန်းမြို့နယ်ထဲက ၃ အုပ်စုမှာ အြခေချဖို့ သဘောတူတယ်- စတာတွကေိုတွေ့ရတယ်။ တခြားအဖွဲ့အစည်း တွထေက်စာရင် သူတို့တွရေတဲ့သဘော တူညီချက်က ထူးခြားတယ် ” ဟု သျှမ်းပြည်အရေးလေ့ လာသည့် သျှမ်းတပ် အရာရှိဟောင်း တဦးကြပောသည်။ ယခုလ ၅ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF နှင့် ချင်းပြည်နယ်အစိုးရတို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး အစိုးရဖက်မှ (အ ပစ်ရပ်ရေး၊ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရေး၊ အခြား တဘက်နယ်ြမေဖြတ်သန်းရာတွင်လက်နက်မကိုင်ဆောင်ရေး၊ ထပ်မံ တွေ့ဆုံရင် အချိန်နေရာသတ်မှတ်ရေး) ပါ အချက် ၄ ချက်အပြင် ချင်းအမျိုးသားတပ်ဦးမှတင်ပြသော အချက် ၅ ချက် စုစုပေါင်း ၉ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြြကောင်း ချင်းလဲန်း ဂါးဒီယဲန်း၌ရေးသားဖော်ပြထားသည်။ ချင်းအမျိုးသားတပ်ဦးမှ တောင်းဆိုသည့် အချက် ၅ ချက်အား ၁- ပြည်ထောင်စုအဆင့်ဆွေးနွေးရန်အတွက် CNF/ CNA နှင့်ပြည်သူလူထုလွတ်လပ်စွာတွေ့ဆုံဆွေးနွေးနိုင်ြကောင်း၊ ၂- ဒေသခံလူထု စားဝတ်နေရေးပြဿနာ ကူညြီဖေရှင်း ပေး နိုင်ရန်အတွက် နိုင်ငံတကာNGO အဖွဲ့များအား ချင်းပြည်နယ်အတွင်းအြခေချခွင့်ပြေးကောင်း၊ ၃- အစိုးရထံမှာ အထောက် အပံ့ယူ၍ CNF လှုပ်ရှားသည့်နယ်ြမေအတွင်း စီးပွါးရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ခွင့်ကိုလည်း သဘောတူညီ ြကောင်း၊ ၄- ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အစိုးရ နှင့် CNF တို့ လက်တွဲပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ြကောင်း၊ ၅- မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်း၊ ဆေးစွဲနေခြင်းတို့ကို ၂ ဦး၂ ဖက် လက်တွဲပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ် ြကောင်း အစိုးရကိုယ်စားလှယ်က သဘောတူြကောင်း သိရသည်။ ပြည်နယ်အစိုးရနှင့် CNF တို့ ငြိမ်းချမ်းရေးအတွက် ပထမဆုံး ပဏာမ အဆင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး CNF ဘက်မှ ဒေါက်တာရွှခေါး၊ ပူးရားလ်နှင်း၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်၊ ပူးဆော လမွန်၊ ဆလိုင်းပီတာလျန်၊ ကိုလှထွန်း၊ ကိုထက်နီ၊ ပူးရိုခေါမာ၊ ကိုခင်မောင်လေးနှင့် ပူးငိုင်ကြာထန်း တို့ပါ၀င်ပြီး၊ ချင်းပြည်နယ်အစိုးရဘက်မှ နယ်စပ်ဒေသ လုံခြုံ ရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ပြည်နယ် အစိုးရ အတွင်းရေး မှူး၊ ပြည်နယ်ဥပဒေချူပ် နှင့် ဗျူဟာမှူးတို့ ပါ၀င်ြကောင်း ခေါန်နူမ်ထုန်သတင်းဌာနကလည်းဖော်ပြထားသည်။ အစိုးရပြန်ကြားရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့အနက် ပြည်ထောင်စုအဆင့်ဆက်လက် ဆွေးနွေး ဆဲအဖွဲ့ ၂ ဖွဲ့ ( UျွှSA / NDAA ) ၊ ပြည်ထောင်စုအဆင့်ဆွေးနွေးရန်ပြင်ဆင်နေသော ၃ ဖွဲ့( ြျCSS /DKBA ကလိုထူးဖော/CNF ) နှင့်ပဏာမဆွေးနွေးကြဆဲအဖွဲ့ ၅ ဖွဲ့ (KNU / NMSP/ SSPP/ KIA/ KNPP) တို့ဖြစ်ကြသည်။ ြျCSS/SSA နှင့် သဘောတူညီချက်များကိုလေ့လာသိရှိလိုပါက - http://www.mongloi.org/burmese/news/85-2008-08-01-03-14-40/2775--rcss-.html

ယခုလဆန်းပိုင်းက ချင်းပြည်နယ်အစိုးရနှင့်ချင်းအမျိုးသားတပ်ဦး  CNF  တို့တွေ့ဆုံဆွေးနွေး သဘောတူချက်၌ CNF အတွက် နယ်ြမေဒေသဖွံ့ဖြိုးတိုးတက်ရေးသတ်မှတ်ချက်အပါအဝင် သျှမ်းပြည်တပ်မတော်၏တောင်းဆိုချက်ထက် ၅ ချက် ပိုြကောင်း လေ့လာသူများက သုံးသပ်ပါသည်။ “သဘောတူညီချက် ၉ ချက်ထဲက ဒုတိယအချက်မှာ CNF  လှုပ်ရှားဖို့နယ်ြမေသတ်မှတ်ချက်ပါတာကိုတွေ့ရတယ်။ နှစ်ဖက် ဆက်သွယ်ရေးရုံးကို ထန်တလန်းမြို့မှာဖွင့်မယ်။ တီးတိန်နဲ့မတူပီမှာဆက်လက် ဖွင့်နိုင်အောင် ကြိုးစားသွားကြ မယ်။ CNF အနေနဲ့ ထန်တလန်းမြို့နယ်ထဲက ၃ အုပ်စုမှာ အြခေချဖို့ သဘောတူတယ်- စတာတွကေိုတွေ့ရတယ်။ တခြားအဖွဲ့အစည်း တွထေက်စာရင် သူတို့တွရေတဲ့သဘော တူညီချက်က ထူးခြားတယ် ” ဟု သျှမ်းပြည်အရေးလေ့ လာသည့် သျှမ်းတပ်...

CNF အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး

ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၀ မိနစ် ချင်းမိုင်(မဇ္စျိမ)။   ။ အစိုးရအား ၂၃ နှစ်ကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့သော ချင်းအမျိုးသားတပ်ဦး CNF နှင့် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူလက်မှတ်ထိုးလိုက်ပြီ ဖြစ်သည်။ နှစ်ရက်ကြာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သောကြာနေ့က ရေးထိုးလိုက်သည့် သဘောတူညီ ငါးချက်တွင် အပစ်အခတ်ရပ်စဲရေးလည်း ပါ၀င်ကြောင်း နှစ်ဖက်ဆွေးနွေးရေး ကြားဝင်ဆောင်ရွက်ပေးသူများတွင် တဦးအပါအဝင်ဖြစ်သည့် Shalom Foundation မှ ဆရာမ ဒေါ်ချင်းချင်းက မဇ္စျိမကို ပြောသည်။ “ဒီနေ့ လက်မှတ်ထိုးလိုက်ပါပြီ။ CNF စစ်ဒေသ သတ်မှတ်တာတွေ တီးတိန်နဲ့ မတူပီမှာပဲ တပ်နယ်မြေသတ်မှတ်တယ်။ ဒါပေမယ့် ပြန်ညှိဖို့ရှိတယ်။ ဆက်ဆံရေးရုံးက...

CNF နှင့် ချင်းပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပြီ

January 5th, 2012 | Comments Off | 819 views ချင်းအမျိူးသားတပ်ဦး CNF နှင့် ချင်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက်ပိုင်း ၁၀ နာရီက ပြည်နယ်မြို့တော် ဟားခါးမြို့ အစိုးရဧည့်ဂေဟာ ဆောက်လုပ်ရေး ရိပ်သာမှာ ငြိမ်းချမ်းရေးအတွက် စတင်ဆွေး နွေးနေကြပြီဖြစ်သည်။ တွေ့ဆုံပွဲတွင် CNF ဘက်က ဒေါက်တာရွှေခါး၊ ပူးရားလ်နှင်း၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်၊ ပူးဆော လမွန်၊ ဆလိုင်းပီတာလျန်၊ ကိုလှထွန်း၊ ကိုထက်နီ၊ ပူးရိုခေါမာ၊ ကိုခင်မောင်လေးနှင့် ပူးငိုင်ကြာထန်း တို့ပါ၀င်ပြီး၊ ချင်းပြည်နယ်အစိုးရဘက်မှ နယ်စပ်ဒေသ လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ပြည်နယ် အစိုးရ အတွင်းရေး မှူး၊ ပြည်နယ်ဥပဒေချူပ် နှင့် ဗျူဟာမှူးတို့ပါ၀င်ကြောင်းသိရသည်။ ဆွေးနွေးသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး မသိရှိနိုင်သေးသော်လည်း ငြိမ်းချမ်းရေးအတွက် အလား အလာကောင်းမည် ဟု မျှော်လင့်ကြောင်း ချင်းပြည်နယ် သစ်တောဝန်ကြီး...

ချင်း​အမျိုး​သား​တပ်ဦး​နှင့်​ ပြည်နယ်အစိုး​ရ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ စတင်

ချင်း​ပြည်နယ်အစိုး​ရနဲ့​ ချင်း​အမျိုး​သား​တပ်ဦး​ (စီအန်အက်ဖ်)ရဲ့​ ကိုယ်စား​လှယ်အဖွဲ့​တို့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲကို ချင်း​ပြည်နယ် ဟား​ခါး​မြို့​မှာ ဒီက​နေ့​စတင်တယ်လို့​ ဟား​ခါး​မြို့​နေ ​စောင့်​ကြည့်​အကဲခတ်တဦး​က ​ပြောပါတယ်။   ဒီ​ဆွေး​နွေး​ပွဲဟာ ဒီက​နေ့​နဲ့​ မနက်ဖြန် နှစ်ရက် ​ဆွေး​နွေး​မယ်လို့​ သိရြပီး​ ဘာ​တွေ ​ဆွေး​နွေး​တယ်ဆိုတာ​တော့​ အ​သေး​စိတ်မသိရ​သေး​ပါဘူး​။ အခုလ ၄ ရက်​နေ့​က ဟား​ခါး​မြို့​ကို​ရောက်ရှိလာကြတဲ့​ ချင်း​အမျိုး​သား​တပ်ဦး​ ကိုယ်စား​လှယ်အဖွဲ့​ကို ​ဒေသခံချင်း​ပြည်သူ ​ထောင်ချီပြီး​ ကြိုဆိုခဲ့​ကြပါတယ်။ ၁၉၈၈ လူထုအုံကြွမှုအြပီး​ တည်​ထောင်ပြီး​ စစ်အစိုး​ရကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့​တဲ့​ ချင်း​အမျိုး​သား​တပ်ဦး​ဟာ...

NUPA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမည်

ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးပါတီ (NUPA) နှင့်လည်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ သတင်း တပုဒ်အရ သိရသည်။ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး စတုတ္တနေ့ ကျင်းပစဉ် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ ဦးဥာဏ်လင်းမှ ငြိမ်းချမ်းရေးကိစ္စအတွက် ယနေ့ကာလထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်၊ တွေ့ဆုံ ညှိနိုင်းမူ အခြေအနေများကို မေးမြန်းစဉ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းက ဖြေကြားရာတွင် ရခိုင်ပြည် အမျိုးသားညီညွှတ်ရေး ပါတီနှင့် ဆွေးနွေးရန်...

ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” နောက်ကွယ်မှာ ဘာတွေရှိသလဲ

ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ကို မလွတ်တန်းဆုပ်ကိုင်ထားသည့် အခြေခံပေါ်တွင် “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကြေညာချက်အမှတ် (၁/၂၀၁၁) ကို သမ္မတဦးသိန်းစိန် အစိုးရက သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ကြေညာချက်တွင် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များကို အောက်ပါအတိုင်း တွေ့ရသည်။ ၁။ တစ်ဖွဲ့ချင်းသာ ဆွေးနွေးမည်။ ၂။ ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရမည်။ ၃။ ပဏာမအဆင့်ပြီးစီးပါက အစိုးရဘက်မှ ဆွေးနွေးမည့်အဖွဲ့အစည်း ဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်။ ဤဖိတ်ကြားချက်သည် “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဆိုပြီး “လုံးချထား” သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ...

ချင်းပြည်တွင် ALP ဆက်ဆံရေးရုံးထားရှိမည့်ကိစ္စ ချင်းပါတီများက သမ္မတထံ ကန့်ကွက်စာပို့

ရခိုင်ပြည်နယ်အစိုးရ နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့အကြား သဘောတူညီချက်အရ  ချင်းပြည် နယ် ပလက်ဝမြို့နယ်တွင် ALP ဆက်ဆံရေးရုံးထားရှိမည့်ကိစ္စ ကန့်ကွက်ကြောင်း ချင်းနိုင်ငံ ရေး နှစ်ပါတီက  နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ထံ ယနေ့ စာရေးပေးပို့လိုက်ကြသည်။  ၄င်းတို့၏ ဧပြီလ ၆ ရက်နေ့  သဘောတူညီချက် ၅ ချက်တွင် ပါ၀င်သည့်   ပလက်ဝမြို့နယ်မှာ ALP ဆက်ဆံရေးရုံးထားရှိရေး သဘောတူညီချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ချိုး ဖောက်ခြင်း ဖြစ် သည်ဟု ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) တို့က ကန့်ကွက်စာပို့ လိုက် ကြခြင်းဖြစ်သည်။ မိတ္တူကို လွှတ်တော်နှစ်ရပ်စလုံး၏ ဥက္ကဌ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ချင်းပြည်နယ် ၀န်ကြီးချုပ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး ဥက္ကဌ တို့ကိုလည်း...

အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်းချက် ALP လက်ခံ

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) က လက်ခံပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြောင်း အဆိုပါ ပါတီ ခေါင်းဆောင်က ပြောသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ALP နှင့် ငြိမ်းချမ်းရေး ဆွေးနွေး လိုကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က စာရေးသား ကမ်းလှမ်းခဲ့သည့် အပေါ် တွင် ALP က လက်ခံခဲ့ခြင်း ဖြစ်သည်။ ALP ပါတီဝင်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - ALP)“ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်ဆိုတော့ ကောင်းတဲ့အရာပေါ့ဗျာ။ ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ သဘောထားရှိတယ်” ဟု ALP ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ဧရာဝတီကို ပြောသည်။အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အား...

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းပြီ

အိန္ဒိယ- မြန်မာနယ်စပ်တွင် အခြေစိုက်သော ရခိုင်ပြည် လွှတ်မြောက်ရေးပါတီကို ဦးသိန်းစိန် အစိုးရမှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။ ပါတီ ပြောရေးဆိုခွင့်ရှိသူ တွဲဘက် အထွေထွေ အတွင်းရေး (၂) ခိုင်သုခက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမူ အပေါ် နိရဉ္စရာသို့ ယခုလို အတည်ပြု ပြောကြားသည်။ " ဟုတ်ပါတယ်။ သူတို့က ဒီလ ၂၃ ရက်နေ့က စာရေးပြီး ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော်က စာရေးပြီး ကမ်းလှမ်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီ ဥက္ကဌကြီးဆီကို လိပ်မူတပ်ပြီး အကြောင်း ကြားလာတာ ဖြစ်ပါတယ်" ဟု ပြောသည်။ ယခုကဲ့သို့ ကမ်းလှမ်းမူ အပေါ် ရခိုင်ပြည် လွှတ်မြောက်ရေး...

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဥက္ကဌ ခိုင်ရဲခိုင်နှင့် ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံမှာ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ ကရင်အမျိုးသား အစည်း အရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA(S)၊ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ အစိုးရတို့ အကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးကြတာကို တွေ့နေရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှာ လူပ်ရှား တိုက်ပွဲ ၀င်နေတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနဲ့တော့ တစ်စုံတစ်ရာ ကမ်းလှမ်းတာ၊ ပြောဆို ဆွေးနွေးတာတွေကို မကြား ရသေးပါဘူး။ ဒါကြောင့် ဦးသိန်းစိန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးသွားဖို့ အလားအလာ ဘယ်လို ရှိနေသလဲ ဆိုတာ သိရှိရအောင် ALP ပါတီ ဥက္ကဌကြီးလည်းဖြစ်၊...
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India