August 31, 2012

ဖားကန့် အင်န်အယ်လ်ဒီ ဒုက္ခသည်တွေကို ကူညီ

2012-08-30ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃၁ ခုက စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့ အင်န်အယ်လ်ဒီက ကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။ AFPကချင်ပြည်နယ်အတွင်း ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ခိုလုံနေကြသော ကချင်ဒုက္ခသည် ကလေးငယ်နှစ်ဦးကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် တွေ့ရစဉ်။ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက် ကတည်းက စတင်ခဲ့တဲ့ ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဘာသာရေးကျောင်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကို မိမိတို့ ကူညီနေကြောင်း ဖားကန့်မြို့နယ် အင်န်အယ်လ်ဒီ ရုံးတာဝန်ခံ ဦးခင်မောင်ချင်းက ပြောပါတယ်။ "ဒုက္ခသည်တွေစုဝေးရာ ၃၁ နေရာရှိတယ်။ ၃၁ နေရာအားလုံးကို ကျွန်တော်တို့ အညီအမျှ ခွဲဝေနိုင်သလောက်ပေါ့။...

KIA နှင့်အစိုးရတပ်တိုက်ပွဲ ယမ်းဂိုဒေါင် ပြင်းထန်စွာပေါက်ကွဲမှုဖြစ်

2012-08-30အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းကုမ္ပဏီတစ်ခုက ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းဂိုဒေါင်တစ်ခု မနေ့က မီးလောင်ပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့တဲ့ အတွက် ဒေသခံ ပြည်သူတွေကြားမှာ ထိတ်လန့် တုန်လှုပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖားကန့် ကုလားမှော် ကျေးရွာအနီးမှာရှိတဲ့ “ဝေ" ကျောက်မျက်ကုမ္ပဏီနားမှာ အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်နေချိန် KIA ဘက်က ပစ်လိုက်တဲ့ လက်နက်ထိမှန်ပြီး အခုလို ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။ "မနေ့က မွန်းလွဲ တစ်နာရီ ကျော်ကျော်လောက်ကနေ လက်နက်ကြီးတွေနဲ့ နှစ်ဖက်တပ်တွေ ပစ်ကြတယ်။ ပစ်ကြခတ်ကြရင်းနဲ့ သုံးနာရီ ကျော်ကျော်လောက်မှာ KIA ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးက ကုမ္ပဏီရဲ့ ဆီဘောက်ဆာကို သွားထိပြီး ဆီဘောက်ဆာ မီးလောင်ပြီးမှ ကုမ္ပဏီကထားတဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲသွားတဲ့...

ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တိုက်တွန်း

2012-08-30မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ photo courtesy of Kachinnet.net ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။ တရုတ်အစိုးရက ကချင်ဒုက္ခသည် တစ်ထောင်လောက်ကို စစ်ပွဲဖြစ်နေရာ ဒေသတွေကို ပြန်ပို့ခဲ့ပြီး နောက်ထပ် လေးထောင်လောက်ကိုလည်း ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့HRW က ပြောဆိုထားပါတယ်။ တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာ ကျင့်ဝတ်တွေနဲ့အညီ...

ကချင်ဒုက္ခသည် ၉သောင်းကျော်တိုးလာဟု ကချင်အဖွဲ့များ ထုတ်ပြန်ကြေညာ

သြဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ) ကချင်လွတ်မြောက်ရေးအဖွဲ့-KIO နှင့် မြန်မာအစိုးရတို့ အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကချင်ပြည်နယ်တွင် ယခုဆိုလျှင် စစ်ပြေး ဒုက္ခသည် ၉သောင်းကျော် တိုးလာသည်ဟု (ကချင်အမျိုးသားအဖွဲ့အစည်းများ)မှ ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာရောက် ကချင်အဖွဲ့များနှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက်အဖွဲ့တို့ စုပေါင်းထားသည့် အဖွဲ့ ၁၁ဖွဲ့ပါသည့် ၎င်းအဖွဲ့သည် ကချင်ဒေသရှိ ဒုက္ခသည်ဦးရေ တဟုန်ထိုး များပြားလာသည်ကို ထောက်ပြလို၍ သမ္မတဦးသိန်းစိန် အစိုးရ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် တရုတ် အစိုးရတို့ သိစေရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့၏ပြောခွင့်ရသူ အမျိုးသမီး မွန်းနေလီက ပြောသည်။ သူမက “ကချင်ပြည်နယ်မှာ ဆက်လက်...

တိုင်းရင်းသားညီလာခံကျင်းပရန် မွန်အလုပ်ရုံပွဲဆွေးနွေးပြီးပြီ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဦးစီးသော ထိုင်းမြန်မာနယ်စပ်တိုင်းရင်းသားညီလာခံတရပ်တွင် ပါဝင်ဆွေးနွေးနိုင်ရေး မွန်တိုင်းရင်းသားများ အလုပ်ရုံဆွေးနွေးပွဲတရပ် ယနေ့တွင်ကျင်းပပြီးစီးခဲ့သည်။ နိုင်ဟံသာ မိန့်ခွန်းပြောကြားစဉ်(Photo-IMNA)ယင်းအလုပ်ရုံဆွေးနွေးပွဲကို ထိုင်းမြန်မာနယ်စပ်ရှိ မွန်ပြည်သစ်ပါတီရုံးတွင်ကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီ၊ မွန်ရေးရာအဖွဲ့ချုပ်၊ မွန်လူမှုအဖွဲ့အစည်းများနှင့် မွန်သတင်းဌာနများမှကိုယ်စားလှယ် စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။ “ကျနော်တို့ကျင်းပမယ့် ဒီတိုင်းရင်းသားညီလာခံကနေ ပြည်တွင်းမှာလည်းအလားတူ ညီလာခံတွေကျင်းပနိုင်ဖို့နဲ့ ဒုတိယပင်လုံညီလာခံဖြစ်မြောက်တဲ့အခါ ပါဝင်နိုင်ဖို့အတွက်ပါ မျှော်မှန်းထားပါတယ်”...

တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဖားကန့်မြို့နှင့် နှစ်မိုင်အကွာ ဆိုင်းဂျာဘွမ် ကျေးရွာရှိ ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီပိုင် လောင်စာဆီ သိုလောင်ရုံထဲသို့ လက်နက်ကြီး ကျကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရသည်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ဖွဲ့များနှင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း ၂ နရီမှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေ ၅ နာရီခွဲချိန်တွင် အဆိုပါ သိုလောင်ရုံပေါက်ကွဲခဲ့သဖြင့် ဖားကန့်မြို့ တမြို့လုံး တုန်ခါသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။ “လက်နက်ကြီး သွားကျတာလေ။ ကျည်ဆံက ယမ်းတိုက်ပေါ်မှာ သွားကျတာ။ ဝေအောင်ကမ္ဘာ မိသားစု အကျိုးတူ ကုမ္ပဏီလေ။ အဲဒီကုမ္ပဏီရှိတဲ့ နေရာက နှစ်ဖက် တပ်တွေရဲ့ အလယ်မှာ ဖြစ်နေတယ်။ အဲတော့ ...

KIO ထိန်းချုပ်နယ်မြေမှ အစိုးရ စစ်သားများ နေရပ်ပြန်ရန် စီစဉ်

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကချင်ဒေသအတွင်း တွေ့ရသော အစိုးရ စစ်ကြောင်းတခု (ဓာတ်ပုံ – Kachinnet)ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)ထိန်းချုပ်နယ်မြေသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသည့်် မြန်မာ့ တပ်မတော်သားများ နေရပ်ပြန်နိုင်ရန် အတွက် စီစဉ်ပေးနေသည်။ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် က“ဒီမှာရောက်နေတဲ့ သူတွေပြန်ဖို့ ILO က အဆက် အသွယ် လုပ်နေပြီ”ဟု ပြောပြသည်။ ယင်း အစီအစဉ်တွင် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) က ကြားဝင်ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အသေးစိတ် အစီအစဉ်ကိုမူ မသိရှိရပေ။ KIO နယ်မြေတွင် ရောက်ရှိနေသည့် အသက်ပြည့် စစ်သား၊ ကလေး စစ်သား စုစုပေါင်း ၄၀ နီးပါးရှိကြောင်း KIO ဘက်က သိရ သည်။ ၎င်းတို့သည်...

SSPP/SSA နှင့်ပတ်သက်ဆက်နွယ်သည်ဟု သင်္ကာမကင်းဖြစ်သူများကို မြန်မာစစ်တပ်က ဆက်တိုက် ဖမ်းဆီးနေ

သျှမ်းပြည်တပ်မတော်၏ အမာခံလူဟုဆိုကာ ဖမ်းဆီးသွားသော နမ္မတူဒေသခံ စိုင်းကျော်အေးခေါ် အား ပြန်မလွှတ်ပေးသေး သည့် အပြင် သျှမ်းတပ်နှင့်ပတ်သက်ဆက်နွယ်နေသူများကို လိုက်ပြပေးရန်ဆက်လက်ခေါ်ဆောင်သွားသဖြင့် ဒေသခံများ စိတ်လက်မအေးဖြစ်နေရကြောင်း ဒေသခံများသတင်းရပ်ကွက်ကဆိုပါသည်။ ၂၃ ရက်နေ့ကဖမ်းတဲ့  ပိန်းထော်(န်) ရွာသားစိုင်းကျော်အေးကို သူတို့စစ်ကြောင်းကိုလမ်းပြပေးဖို့ခေါ်သွားတယ်။ ပိန်းထော်န် ရွာသူကြီး စိုင်းအောင်ညွန့် ကိုလည်း ဖမ်းသွားတယ်။ ၂၇ ရက်မှာ  ည၈ နာရီမန်စံရွာထဲ ဝင်တယ်။ နမ့်ပိုင်သူကြီး စိုင်းထွေး ညွန့်၊ ရွာသား စိုင်း၀ဏ္ဏကို ကိုထပ်ဖမ်းတယ်။ ၂၈ ရက်နေ့ ပန်လှ၊ ပန်ဆော့ရွာဖက် ဆက်သွားတယ်။ ဆန်ခါဘက်ဖြတ်သွား တော့ ဆန်ခါရွာသား တွေကို သူတို့ကို နားဟုတ်...

August 30, 2012

လွှတ်တော်တွင်း အသံတိတ်နေဆဲ မြောက်ပိုင်းတိုက်ပွဲသံများ

လွှတ်တော်တွင်း အသံတိတ်နေဆဲ မြောက်ပိုင်းတိုက်ပွဲသံများ တစ်နှစ်ကျော် ကာလအတွင်း တိုက်ပွဲပေါင်း တစ်ထော င်ကျော် ဖြစ် ပွား ခဲ့ပြီး စစ်ပြေးဒုက္ခသည် သောင်းနှင့်ချီရှိနေကာ စစ်အသုံး စရိတ်များစွာ ကုန်ကျနေသော က ချင်စစ်ပွဲများနှင့် ပတ်သက်၍ ကျင်း ပနေဆဲ လွှတ်တော်များတွင် ယနေ့ အထိ ကျယ်ကျယ်ြ ပန့်ပြန့် ဆွေး နွေးခဲ့ခြင်း မရှိသေးပေ။ နိုင်ငံတကာစောင့်ကြည့် လေ့ လာသူများက မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးတွင် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ရှုမြင်ကြ သော ကချင်တိုက်ပွဲများအရေးကို ကျင်းပနေသော လွှတ်တော်များ တွင် အဓိကထားဆွေးနွေးလိမ့် မည်ဟု လွှတ်တော်အစည်းအ ဝေးများ မစမီက ခန့်မှန်းခဲ့ကြ သော်လည်း ယခုဇူလိုင်တွင် စတင် ခဲ့သည့် လွှတ်တော်အစည်းအဝေး များ ခေတ္တရပ်နားတော့မည့်အ...

အစိုးရအဖွဲ့နှင့် ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမည်

မေဇော်၊ ဇော်မင်းနိုင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်လာမည့် ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း ၎င်းင်းတို့နှင့်နီးစပ်သော အသိုင်းအဝိုင်းကပြောပါသည်။ စက်တင်ဘာလမှစတင်၍ပြည်ပ သို့ရောက်ရှိနေသည့် အတိုက်အခံအ ဖွဲ့အစည်းများက ခေါင်းဆောင်များ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး ပထမဦးဆုံးဝင်ရောက်မည့်သူများမှာ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော်၊ ကိုမူးသာစသူတို့ပါ၀င်မည်ဖြစ်သည်။ ၎င်းင်းတို့မှာ စက်တင်ဘာ ၁ ရက် နေ့ နံနက် ၈နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ မှတစ်ဆင့် လာရောက်မည်ဖြစ်ပြီး အစိုးရအဖွဲ့နှင့် ပဏာမတွေ့ဆုံဆွေး နွေးမည်ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ညွှန်ကြားရေးမှူး...

လုပ်ပိုင်ခွင့်ရရင် ပြည်တွင်းမှာ နိုင်ငံရေးလုပ်မယ် (ဦးမိုးသီးဇွန်)

နိုင်ငံရေးအရ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်တွေရရင် အချိန်မေရွး ကိုယ့်တိုင်းပြည်မှာပဲ ကျရတာဝန်ကို လုပ်ဆောင်မယ်လို့ ၈၈ အေရးတော်ပုံပေါ်မှာ ထင်းရှားတဲ့ ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး လောလောဆယ် ပြည်ပမှာ နေထိုင်နေတဲ့ ဦးမိုးသီးဇွန်က ပြောပါတယ်။ ဦးမိုးသီးဇွန်နဲ့ ပြည်ပအေခြစိုက် ခေါင်းဆောင်တချို့ဟာ  ၂၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်ကို စက်တင်ဘာ ၁ ရက်နေ့ သွားရောက်တော့မှာပါ။ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ဘာတွေ လုပ်ဆောင်မလဲ၊ ပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအေခြအေနနဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။ ၂၄ နှစ်အတွင်းမှာ မြန်မာပြည်ကို ပထမဆုံးပြန်လေ့လာတဲ့ ခရီးစဉ်ဆိုတော့ အဓိက မြန်မာပြည်ထဲမှာ ဘာတွေလုပ်မယ်၊ ဘယ်သူနဲ့တွေ့ဖို့ရှိပါလဲ။ “အဓိက...

မြန်မာပြည်သွားမည့် ပြည်ပအဖွဲ့အစည်းခေါင်းဆောင်အချို့နှင့် မေးမြန်းချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော် ၊ ဒေါက်တာနိုင်အောင်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် အပါအ၀င် ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်အချို့ မကြာခင် ရက်ပိုင်း အတွင်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာပြည်ကို နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံး ပြန်ကြမှာဖြစ်ပြီး အစိုးရက ၁ လဗီဇာ ခွင့်ပြုခဲ့ပါတယ်။မြန်မာနိုင်ငံ သွားရောက်ရတဲ့ အဓိကရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။ဦးထွန်းအောင်ကျော်ဦးထွန်းအောင်ကျော်“အဓိက သွားရတဲ့ အရေးကြီးဆုံး ရည်ရွယ်ချက်က ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ဘယ်လိုလုပ်မလဲ၊ ဘာလို့လဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး...

တရုတ်ဖက်ခြမ်းမှ မပြောင်းရွှေ့ရသေးသော ခဒေါင်းပါစခန်းတွင် ၀မ်းရောဂါ ကူးစက်ပြန့်ပွား

တရုတ်နိုင်ငံ နောင်တောင်းခရိုင်အတွင်း ခိုလှုံနေပြီး မိုးရာသီချိန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြောင်းရွှေ့ရန် ကျန်ရှိနေသေးသော ခဒေါင်းပါ (Hka Dawng Pa) ကချင် ဒုက္ခသည်စခန်းတွင် ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း ၎င်းဒုက္ခသည်စခန်း ကျန်းမာရေးဌာနမှ ပြောသည်။ တရုတ်အာဏာပိုင်များက နေရပ်ပြောင်းရွှေ့ခိုင်းသောကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေသို့ စတင်ပြောင်းရွှေ့နေချိန်မှစ၍ ခဒေါင်းပါ (Hka Dawng Pa) ဒုက္ခသည်စခန်းတွင် ၅ နှစ်အရွယ်ကလေးငယ်များ၌ ၀မ်းလျှော၊ ၀မ်းပျက်ရောဂါ ပိုမိုဖြစ်ပွားပြီး သေဆုံးမှုထိဖြစ်လာကြောင်း စခန်းတွင် ကျမ်းမာရေးကူညီစောင့်ရှောက်ပေးနေသူ ဆရာမ လုပါ (Lu Pa) က ပြောသည်။ “ပြီးခဲ့တဲ့ပတ် စနေနေ့မှာ ၅ နှစ်အရွယ်မူကြိုကလေး တစ်ယောက်...

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ

တိုက်ပွဲများကြောင့် ဖါးကန့်မှ ထွက်ခွာရန် ကြိုးပမ်းနေသည့် ကုမ္ပဏီ စက်ယန္တယားများ။ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရတပ်ဖွဲ့များမှ အသံချဲ့စက်အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်းကာ ပြောင်းရွှေ့သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများပြောသည်။ သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် အစိုးရတပ်များမှ ဖားကန့်မြို့နယ်တွင်း မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မနား၊ ကလောမှော်၊ ပီကျောင်၊ မှော်ဝမ်းကလေး စသည့်ကျေးရွာရှိဒေသခံများအား ပြောင်းရွှေ့ရန် သတိပေးခဲ့ခြင်း...

ချင်းပြည်နယ်အတွက် JICA က ကျပ်သန်း ၉၉၀၀ ချေးမည်

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းမှ ဒေသခံကလေးငယ်များ (ဓာတ်ပုံ – ခိုးနူမ်းထုန်)မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် အဆင်းရဲဆုံးဖြစ်သော ချင်းပြည်နယ်အတွက် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) က ကျပ်ငွေ သန်း ၉၉၀၀ ခန့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နိုင်ရန်အတွက် JICA က ချပေးမည့် ချေးငွေကို ပြည်ထောင်စု အစိုးရမှတဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဗန်ထောင်းက ဧရာဝတီသို့ ပြောသည်။ “ပြည်ထောင်စု အစိုးရကနေပြီးတော့မှ ချပေးတာ။ ဒီလိုဒီလို ချေးငွေတွေရှိတယ်၊...

၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့ NMSP ဗဟိုဌာနချုပ်တွင် ကျင်းပ

သြဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ) ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် ကျရောက်သည့် ၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့ကို ရေးချောင်းဖျား ဒေသရှိ မွန်ပြည်သစ်ပါတီ-(NMSP) ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ ဒုဥက္ကဌ နိုင်ရော့စ၊ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လယီဂကောင်း အပါအဝင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အင်အား ၁၀၀ကျော် တက်ရောက်ကြသည်။ အခမ်းအနားတွင် ကလေးစစ်သား အသုံးမပြုရန် ဂျီနီဗါသဘောတူညီချက်ကို အခမ်းအနားတက်ရောက်လာခဲ့သည့် တပ်မှူးတပ်သားများ နှင့် ပါတီတာဝန်ရှိတို့ကို ရှင်းလင်းပေးခဲ့ပြီး မွန်ပြည်သစ်ပါတီအနေနှင့် Geneva Call စာချုပ်ကိစ္စနှင့်...

၄၁ နှစ်မြောက်မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နေ့အခမ်းအနားကျင်းပ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ၄၁ နှစ်မြောက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန် မိန့်ခွန်းပြောကြားစဉ်(Photo-NMSP) အခမ်းအနားသို့ မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်၊ ဒုဥက္ကဌနိုင်ရော့စ၊ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်လယီကောင်း၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီးပလောရော့တို့နှင့် ဗဟိုဌာနချုပ်မှ စစ်သည်အင်အား ၁၀ဝ ကျော်ခန့်တက်ရောက်ကြသည်။ ဗိုလ်မှူးချုပ်လယီကောင်းက “မွန်တစ်မျိုးသားလုံးသာမက အခြားဘဝတူညီနောင် တိုင်းရင်းသား တွေအားလုံးအနေနဲ့ မိမိကြမ္မာဖန်တီးနိုင်တဲ့ ...

ကရင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ

အစိုးရက နိုင်ငံတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်မည်ဟု ကတိပြုနေသော်လည်း ကရင် ပြည် နယ် အတွင်းရှိ မိသားစုများ၏ သုံးပုံ တပုံခန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ထုတ်ဖော် ပြောကြား လိုက်သည်။ တိုက်ပွဲများကြောင့် အိုးအိမ်ပစ်ခွာ တိမ်းရှောင်ရသူတချို့ကို ကရင်ပြည်နယ်တနေရာတွင် ယမန်နှစ်က တွေ့ရစဉ်။ ပြည်တွင်း ၌ တိမ်းရှောင် နေသူများ ရှိသကဲ့သို့ နယ်စပ်ဒေသ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးရသူများလည်း အများအပြား ရှိနေသည် (ဓာတ်ပုံ – FBR) အမေရိကန် အခြေစိုက် Physicians for Human Rights(PHR) အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည့်“Bitter Wounds and Lost Dreams: Human Rights Under Assault in Karen...

အစိုးရ၏ မတရား ထိုးစစ်ဆင်မှုရပ်တန့်ရေးနှင့် စစ်ပြေးဒုက္ခသည်များ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် ကချင်အမျိုးသားအဖွဲ့အစည်းများ သဘောထားကြေညာချက် ထုတ်ပြန်

အစိုးရစစ်တပ်နှင့် KIO/KIA လက်နက်ကိုင်တပ်ဖွဲ့တို့ ပဋိပက္ခကြား အစိုးရစစ်တပ်မှ တစ်နှစ်ကျော်တိုင်အောင် အင်အားအလွန်အကျွံသုံး၍ အရှိန်အဟုန်ပြင်းထန်စွာဖြင့် မတရားထိုးစစ်ဆင်ခိုက်မှုများ အစိုးရဖက်မှ ရပ်တန့်ပေးရန်နှင့် ၄င်းပဋိပက္ခကြောင့် ဒုက္ခရောက်နေကြသော စစ်ပြေးဒုက္ခသည်များအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ပတ်သတ်၍ ယနေ့ သြဂုတ်လ(၂၉)ရက်တွင် ကချင်အမျိုးသားအဖွဲ့အစည်းများမှ သဘောထားကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ကချင်အမျိုးသားအဖွဲ့အစည်းများမှ သဘောထားထုတ်ပြန် ကြေညာချက်၏ ရည်ရွယ်ချက်ကို ကချင်တစ်မျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ ( All Kachan Studends and Youth Union – AKSYU )၏ အထွေထွေအတွင်းရေးမှူး ကိုနော်ဆန်းက " ဒီသဘောထားထုတ်ပြန်ချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အစိုးရဘက်မှ မတရားထိုးစစ်ဆင်မှုတွေ ရပ်ပေးဖို့ဖြစ်ပါတယ်။ အခုဆိုရင် စစ်ပြေးဒုက္ခသည် (၉၀,၀၀၀) ကျော်ရှိနေပြီလေ။...

ထိုးစစ်ဆင် ရှေ့တန်းတပ်များကို သမ္မတ အရေးယူရန် ကချင်များ တောင်းဆို

ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့့အစည်းများက တောင်းဆိုလိုက်ကြသည်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ကချင် အဖွဲ့အစည်း ၁၁ ဖွဲ့၏ ကြေညာချက်တွင် “KIO/KIA တပ်စခန်းများကို ဦးတည်ပြီး ရှေ့တန်းစစ်မျက်နှာတွင် တပ်ရင်းပေါင်း ၈၀ ကျော်တို့၏ မတရား ထိုးစစ်ဆင် တိုက်ခိုက်မှုကြီးများကို ချက်ချင်းရပ်တန့်ပေးရန်” တောင်းဆိုလိုက်သည်။ ထိုးစစ်များ မဆင်နွှဲရန် ၂၀၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၁၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသော်လည်း ထိုးစစ်များ ပြင်းထန်လာနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင် ကျောင်းသား လူငယ်များသမဂ္ဂ (AKSYU) အထွေထွေ အတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။ “ထိုးစစ်ကတော့ ပိုပိုပြီး ဆင်လာတဲ့ အနေအထားရှိတယ်။ အဲဒါကို သမ္မတအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုတယ်။...

ကချင်ဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အရပ်သား ဒုက္ခသည်တွေကို တရုတ်နိုင်ငံဘက်က လက်ခံအကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနေတဲ့ ကြားကပဲ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးရာမှာ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံတွင်း မဝင်နိုင်အောင် နယ်စပ်ပိတ်ဆို့ထားတယ်လို့ သတင်းတွေ ဖြစ်နေ တာပါ။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။ KIA ကချင်လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရအကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်ပြီး လုပ်နေကြပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ၊ စစ်ပွဲတွေ အရှိန်ကတော့...

ဝ တပ်ဖွဲ့လမ်းဖောက်လုပ်မှု တရုတ်ယွမ်ငွေဘီလီယံချီကုန်ကျ

သျှမ်းပြည်မြောက်ပိုင်း ဝ ပြည်သွေးစည်းရေးတပ်မတော်မှပြုပြင် ဖောက်လုပ်နေသော မြို့တော်ပန်ဆန်းမှ နမ့်တစ်၊ မိုင်းမော၊ မန်းဆိုင်လမ်း လာမည့် နှစ်ပွင့်လင်းရာသီအပြီးဖောက်လုပ်ရန်ရှိပြီး တရုတ်ယွမ်ငွေ သန်းပေါင်း ထောင်နှင့်ချီကုန်ကျ ထားပြီဖြစ်ကြောင်း အရာရှိများအသိုင်းအဝိုင်းကပြောသည်။ “ ကျနော်တို့ ဘက်က လုပ်နေတာ တရုတ်ယွမ်ငွေ သန်းပေါင်းထောင်ချီ ကုန်နေပြီ။ မြို့တော်ပန်ဆန်းကနေ နမ့်တစ် -မိုင်းမော- မန်းဆိုင် -ပန်ဆန်း၊ပန်ဆန်း -မိုင်းပေါက်-ဟိုတောင်း လမ်းတွေပေါ့။ တချို့နေရာလဲပြင်တယ်တချို့နေရာလဲ ဖောက်တယ်။ ဒီလလယ် ပိုင်းကရောက်လာတဲ့ အစိုးရရဲ့ နတလ ဝန်ကြီးနဲ့အဖွဲ့က ဒီလမ်းဖောက်လုပ်ရေးမှာ အနည်းအကျဉ်း ကူညီသွားတယ်။ ကျပ် သိန်း ၄၀၀၀ လောက်ပေါ့” ဟု ဝ ပြည်သွေးစည်းရေးတပ်မတော်မှ...

August 29, 2012

ကချင် ဒုက္ခသည်စခန်းမှ အဖမ်းခံ လေးဦးအမှု ဒုတိယအကြိမ် စစ်ဆေး

ချင်းမိုင်(မဇ္စျိမ) ။        ။ စစ်ပြေးဒုက္ခသည်စခန်းမှ ကချင်အမျိုးသား လေးဦးကို မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် စွပ်စွဲကာ အင်္ဂါနေ့တွင် တရားလိုပြသက်သေ အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် ရဲလွင်အား စစ်ဆေးမေးမြန်းခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။ ဇွန်လ ၁၅ ရက်နေ့က ကိုဘရန်ယုန်၊ ဦးလဖိုင်ဂမ်၊ ဦးဇော်ဘောက်နှင့် ကိုဇခုန်လရိန် တို့အား ဝိုင်းမော်မြို့နယ် တာလောကြီး ကျေးရွာတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ရဲအုပ် ရဲလွင်အား သြဂုတ်လ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး ယနေ့ ဒုတိယအကြိမ်မြောက်အဖြစ် ၎င်းအား ထပ်မံ စစ်ဆေးခဲ့ရာ ကိုဘရန်ယုန်းသည် KIO စစ်သင်တန်း တက်ရောက်၍ ဒု-တပ်ကြပ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကာ ဒုက္ခသည် စခန်းသို့ ပြန်လည်နေထိုင်ပြီး ဖောက်ခွဲရေးလုပ်ရန် KIO မှ စစ်ပြေးဒုက္ခသည် တာဝန်ခံ ဦးဒွဲပီဆား က ပိုက်ဆံ...

KNU နှင့် မြန်မာအစိုးရ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမည်

2012-08-28တတိယအကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်မှုတွေ ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းပြီး ဆွေးနွေးမဲ့ရက် ပြန်လည်သတ်မှတ် အတည်ပြုလိုက်ကြောင်း သိရပါတယ်။ RFA၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း (ယာစွန်)၊ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်စီဖိုးရာစိန် (အလယ်)နှင့် နော်မေဦး (ဝဲ)တို့ကိုတွေ့ရစဉ်။ ကရင်ပြည်နယ် ဖားအံမြို့မှာ လာမဲ့ သီတင်းပတ်အတွင်း တွေ့ဆုံမှာဖြစ်ကြောင်းနဲ့ KNU အဖွဲ့အနေနဲ့ ပြည်သူလူထုအတွက် အာမခံချက်ရှိတဲ့ လုံခြုံမှု ရရှိရေး အဓိကထား ဆွေးနွေးမှာ ဖြစ်ကြောင်း KNU အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက RFA...
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India