March 28, 2013

SSA မြောက်ပိုင်း တပ်စခန်း ၂ ခု အစိုးရတပ်က ဖယ်ရှားခိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂ နေရာမှ ခေတ္တ ဖယ်ရှားပေးရန် အစိုးရတပ်က ပြောကြားထားသော်လည်း ဆုတ်ခွာပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။ ယင်း တပ်စခန်း ၂ နေရာမှ ခေတ္တ ရှောင်ခွာပေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက ယခုလ ၂၅ ရက်နေ့က လားရှိုးမြို့နယ်ရှိ ရွှေလီရိပ်သာတွင် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းထူး ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနားတွင်လည်း အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့...

မိုင်းအန္တရာယ်ကင်းရှင်းရေးနေ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ကျင်းပ

မတ်လ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ) မိုင်းအန္တရာယ်ပညာပေးအဖွဲ့တစ်ခုဖြစ်သည့် Mine Risk Education-MRE မှ ကြီးမှူး၍ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နှင့် ကရင်နီ ဒုက္ခသည်စခန်းများတွင် မိုင်းအန္တရာယ် ကင်းရှင်းရေးနေ့(No Mine Day)ကို မတ်လ ၂၂ရက် နေ့မှ စတင်ကာ ဧပြီလ ၄ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ MRE ၏ စီမံခန့်ခွဲရေးမှူး နော်ဆဲထိက “ကျမတို့ ဒုက္ခသည်စခန်းမှာ No Mine Day ကို တပြိုင်နက်တည်း လုပ်တာ မဟုတ်ဘဲ တစ်ရက်ကို စခန်းတစ်ခု၊ နှစ်ခု အဲလိုပုံစံနဲ့ လုပ်တာဖြစ်ပါတယ်။ အခုဆိုရင် လေးခု ကျန်သေး တယ်။ ဒီလို လုပ်ရတာလည်း အဓိက မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး နယ်စပ်လူထုတွေ ပိုသိစေဖို့ ပညာပေးတဲ့ သဘောပဲ”ဟု ကေအိုင်စီသို့ ပြောသည်။ မိုင်းအန္တရာယ်ကင်းရှင်းရေးနေ့ကို...

KIA တပ်ရင်း ၁၇ သို့ ထိုးစစ်ဆင်လာသော အစိုးရတပ်များ KIA နှင့် တိုက်ခိုက်ပြီးနောက် ပြန်ဆုတ်ထား

kia-soldier-301211 ရှမ်းမြောက် KIA စစ်သားတစ်ဦး။ ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ဂန်မိန်း (Gang Mying) ဒေသ ကောင်းဝွေဘွမ် (Kawng Woi Bum)တွင် အစိုးရတပ်များ ထိုးစစ်ဆင်လာသောကြောင့် ယနေ့ နံနက် ၉ နာရီနာခွဲမှ ၁၂ နာရီထိ ပြင်းထန်သောပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်ဖက်မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ KIA တပ်ရင်း (၁၇) မှ အဖွဲ့အင်အား ၅၀ ကျော်ရှိသော MHH (Mungmasha Hpyen Hpung) ပြည်သူ့စစ်တပ် နှင့် ကွတ်ခိုင်အရှေ့ဘက်ရှိ ကွန်လုံ (Kun Lung) နမ်ဂျရပ် (Nam Jarap) ရှိ မြန်မာအစိုးရတပ် အင်အား ၁၀၀ ကျော်သည် KIA ရှိရာသို့ ထိုးစစ်လာခဲ့ရာ အတန်ကြာပစ်ခတ် တိုက်ခိုက်ခဲ့ရာ အစိုးရဖက်မှ ထိခိုက်မှုများမည်ဟု တပ်မဟာ (၄) မှ အမည်မဖော်လိုသူအရာရှိတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောဆိုသည်။ “ပစ်ရင်းပစ်ရင်းနဲ့ ၁၂ နာရီထိဖြစ်သွားတယ်။ သူတို့ဖယ်သွားရင်တော့ ဘာမှဖြစ်စရာမရှိဘူး။ သူတို့ပြန်ထိုးလာရင်တော့...

March 27, 2013

၀ုိင်းမော်မြို့နယ် နှစ်ခြင်းဖွံ့ဖြိုးရေးခြံရှိ ဒုက္ခသည်များ ထမင်းချက်ရန် ရှို့ထင်းခက်ခဲနေ

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား၊ မုန်နာ၊ ဝိုင်းမော် ကချင်နှစ်ခြင်း ခရစ်ယာန်ဖွံ့ဖြိုးရေးခြံများတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များသည် ထမင်းချက်ရန်ထင်းနှင့် လျှပ်စစ်မီးများ အခက်ခဲဖြစ်နေကြောင်းသိရသည်။ ၎င်းဒုက္ခသည်များတွင် ထင်းနှင့် မီးအခက်ခဲကြောင့် နေ့စဉ်ထမင်းချက်ရန်အတွက် အခက်ခဲများ ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ ပြောသည်။ ထင်းများအသုံးပြုရန်လိုအပ်နေသောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အဟာရအတွက် ၁ လလျင် ၁ ဦးကို ကျပ် ၆၀၀၀ ထောက်ပံ့ပေးထားသောငွေကို ဒုက္ခသည်များက ထင်းများဝယ်ယူနေရကာ ထိုကဲ့သို့ ရေရှည် ခက်ခဲလာလျင် ဒုက္ခသည်စခန်းတွင်အခက်ခဲပိုမို ဆိုးရွားလာနိုင်ကြောင်း စခန်းမှဆရာတဦးပြောသည်။ “အစကအတူအတူပေါင်းချက်စားတယ်...

BGF နှင့် ရဲအဖွဲ့များ ပူးပေါင်း ၍ မြဝတီမြို့တွင် မူးယစ်ဆေးရောင်းဝယ်သူ ၄ဦးကို ဖမ်းဆီး

မတ်လ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ) နယ်ခြားစောင့် တပ်-BGF နှင့် သက်ဆိုင်ရာ ရဲအဖွဲ့များပူးပေါင်း၍ ရာဘ (ခေါ်) မြင်းဆေးရောင်းဝယ်သူ ၄ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ စိုက်ပျိုးရေးဇုံတွင် ယမန် နေ့ မတ်လ ၂၆ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ BGF (၁၀၁၁)တပ်ရင်းမှ ဗိုလ်ကြီး ဆန်းကျော် ဦးစီးသည့် အင်အား ၂၀ နှင့် မြဝတီမြို့နယ် မူးယစ်နှိမ်နင်းရေး အဖွဲ့၊ နယ်ထိန်းမြို့နယ်ဦးစီး ရဲများပူးပေါင်းပြီး အဆိုပါ မူးယစ်ဆေးရောင်းဝယ်သူတို့ကို ရာဘဆေးပြား လေးထောင်ကျော်အပါအဝင် ကျပ်ငွေ ၁၃သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့ရှိ သက်ဆိုင်ရာ အာဏာပိုင်များက ပြောသည်။ ဖမ်းဆီးနှိမ်နင်းမှုတွင် ပါ၀င်သည့် မြဝတီရဲအရာရှိတစ်ဦးက “ဖမ်းဆီးခံရတဲ့သူတွေဟာ နှစ်နေရာပါ။ ပထမ နေရာကတော့ မူးယစ်ဆေး ၂၂၃ ပြားနဲ့ ယောက်ျား ၂ယောက်ကို ဖမ်းမိပါတယ်။ သူတို့ထပ်မေးတဲ့အခါ သူတို့ ဆေးသွားဝယ်တဲ့နေရာ...

လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ကြောင်း KYO ထုတ်ပြန်

မတ်လ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ) ကော်သူလေ-ကရင်လူငယ်အစည်းအရုံး(KYO) သည် အမျိုးသားရေးလုပ်ဆောင်ရာတွင် နိုင်ငံရေး၊ လူမှုရေးလုပ် ငန်းများ လုပ်ကိုင်လျှက်ရှိပြီး လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ကြောင်း ကော်သူးလေ KYO က ယခု မတ်လ ၂၅ရက် နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မတ်လ ၂၂ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် မဲဆောက်မြို့အကြား သောင်းရင်းမြစ်အတွင်းရှိ မူးယစ်ဆေး ရောင်းဝယ်မှုမျာရှိနေသည့် ရေလယ်ကျွန်း ကို ကော့မှုးရာ ရင်လူငယ်များအဖွဲ့မှ လက်နက်အပြည့် အစုံဖြင့် ၀င်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် ကော်သူးလေ KYO အနေဖြင့် ယခုလို ကြေညာချက် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ ကော်သူးလေ KYO တွဲဖက်အတွင်းရေးမှူ(၁) စောဂျက်ပစီက “အဓိကတော့ ကျနော်တို့အဖွဲ့ရဲ့...

KNU နယ်မြေတချို့တွင် အခွန်လျှော့ကောက်

အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှစတင်ကာ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်း ချုပ်နယ်မြေတချို့ရှိ ဒေသခံများထံမှ အခွန်များ လျှော့ချ ကောက်ခံလျက်ရှိကြောင်း KNU စစ်ဦးစီးချုပ်က ပြောသည်။ “တပ်မဟာ ရ နယ်မြေထဲမှာ အခွန်တွေကို လျှော့ချလိုက်ပါပြီ။ အရင်က လယ် ၁ ဧကကို စပါး ၅ တင်း ကောက်တာကနေ၊ အခု ၃ တင်း ခွဲပဲ ကောာက်တော့တယ်” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။ ထို့အပြင် အခြားနယ်မြေများတွင် မူလနှုန်းထားအတိုင်း ကောက်ခံသည်ဆိုသော်လည်း ၁၉၇၅ ခုနှစ်က သတ်မှတ်ထားသည့် နှုန်း ထားများဖြစ်သဖြင့် ခေတ်စနစ်နှင့်ယှဉ်လျှင် များစွာနည်းပါးသော ပမာဏဖြစ်ကြောင်း KNU အတွင်းရေးမှူး(၁) ပဒိုသောသီ က ပြော သည်။ ပဒိုသောသီက“ဒဏ်ကြေးတွေ၊...

လိုင်ဇာသို့ တရုတ်နှင့်ကချင် စီးပွားရေးသမား များ အလုအယက် နေရာယူလာ

လဂျားယန်မှ KIO လိုင်ဇာသို့ အဓိက အဝင်မုဒ်ဝ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပွင့်လင်းရာသီချိန်ရောက်သည်နှင့် လူစည်ကားလာပြီး တရုတ်ကုန်သည်စီးပွားရေး သမားများနှင့် ကချင် စီးပွားရေးသမား အယောက် (၂၀)ကျော် ခန့် နေ့စဉ် ၄င်းတို့လုပ်ငန်းအတွက် နေရာများကို လိုက်လံကြည့်ရှုရှာဖွေနေကြောင်း လိုင်ဇာမြို့ (Laiza Muklum) အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) ကပြောသည်။ “ဒီရက်ပိုင်းမှာလိုင်ဇာပြည်သူတွေကလည်း ကိုယ့်အိမ်ပြန်လာပြီး အရင်စီးပွားရေး အလုပ်လုပ်တဲ့သူကလုပ် တစ်ရက်ပြီးတစ်ရက် စည်စည်ကားကားပြန်ဖြစ်လာတယ်။ ပြီးတော့ စီးပွားရေးငွေရှင်တွေကလည်း သူများတွေထက် ကုုိယ်ဦးအောင်ဆိုပြီးအုပ်ချုပ်ရေးရုံးကိုလာကြတယ်” ဟု လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန်...

ကိုယ်ပိုင် ပြည်နယ်ရရှိရေး UWSA ဆက်ကြိုးပမ်းမည်

ရှမ်းပြည်နယ်အတွင်း အခြေစိုက်ထားသည့် “၀ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) အနေဖြင့် ကိုယ်ပိုင် ပြည်နယ် ရရှိရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ ကိုယ်ပိုင် ၀ပြည်နယ် တောင်းဆိုနေတာ ၁၉၈၉-၉၀ ငြိမ်းချမ်းရေးယူ ကတည်းကပါ၊ ဒါပေမယ့် အစိုးရဘက်ကတော့ အခု ချိန်အထိ တုံ့ပြန်မှု မရှိသေးပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းလို့ ပါလာတယ်”ဟု UWSA ၏ ပြောခွင့် ရသူ ဦးအောင်မြင့် က ဧရာဝတီကို ပြောသည်။ ၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သော ညောင်နှစ်ပင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည့် “၀”ကိုယ်စားလှယ်က တင်ပြတောင်း ဆို ခဲ့ဖူးကြောင်း၊ ထို့အတူ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးစဉ်ကလည်း တောင်းဆိုခဲ့ကြောင်း၊...

March 26, 2013

ငြိမ်းချမ်းမှ ဒုက္ခသည်များ ပြည် တွင်းပြန်နိုင်မည်ဟု KRC မှ သဘော ထားထုတ်ပြန်

မတ်လ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ) မြန်မာပြည်တွင် ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှသာလျှင် ဒုက္ခသည်များအနေဖြင့် မိမိတို့၏ နေရပ်သို့ ပြန်လည်နေရာချထားရေး အစီအစဉ်မှာ ဖြစ်မြောက်နိုင်မည်ဖြစ်ကြောင်း ကရင်ဒုက္ခသည်ရေးရာကော်မတီ (KRC) မှ မတ်လ ၂၅ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှ စတင်ကာ ဒုက္ခသည်များအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည့် ပြောဆိုသံများ ထွက် ပေါ်လာပြီးနောက် ဒုက္ခသည်များအတွက် အဓိက လိုအပ်သည့် အချက်အလက်များကို အခြေခံပြီး အချက် ၁၀ချက်ပါ သဘော ထားထုတ်ပြန်ချက်ကို (KRC) မှ ပထမဆုံးအကြိမ်အဖြစ် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမငြိမ်သက်မှုများ...

အစိုးရနှင့် အပစ်ရပ် ဆွေးနွေးနိုင်ရေး ညှိနှိုင်းမှု ပလောင်အဖွဲ့ အဖြေ မရသေး

ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ ကိုယ်စားလှယ် တို့အကြား ပထမဆုံး အကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ဝန်ကြီး ဦးအောင်မင်း မှ တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ဆုံးဖြတ်ချက် မချမှတ် နိုင်သေးကြောင်း PSLF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး မိုင်ဘုန်းကျော်မှ ပြောသည်။“ဦးအောင်မင်း တာဝန် ပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေတာပါ၊ နာမည် ထုတ်ပြောဖို့တော့ ခက်ပါသေးတယ်၊ အဓိက ကတော့ တွေ့ကြမယ့် နေရက် အချိန်တွေ၊နေရာတွေကို ညှိနေတာပါ၊ အခုချိန် ထိတော့ ဘာမှ ရေရေရာရာ သဘောတူတာတော့ မရှိသေးပါဘူး” ဟု ဗိုလ်မှူး မိုင်ဘုန်းကျော်မှ မဇ္စျိမအား ပြောသည်။ဖေဖော်ဝါရီ လကုန်မှစ၍ ဖုန်း၊ အွန်လိုင်း စနစ်တို့ဖြင့်  နှစ်ဖက် တွေ့ဆုံ ဆွေးနွေး နိုင်ရေးကို ညှိနှိုင်း ခဲ့ကြကာ လူချင်း တွေ့ဆုံ...

March 25, 2013

ပြည်နယ်များရဲ့ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ အကြောင်းရှင်းလင်း

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒေသခံတွေစုပေါင်းပြီး ရှင်းလင်းတင်ပြပွဲ တစ်ခု ကျင်းပပြုလုပ်နေတာပါ။ ဒီရှင်းလင်းပွဲမှာ ပြည်နယ်တွေမှာ ဒေသခံတွေရဲ့ ပညာရေး ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေမှု ၊ မွန်ပြည်နယ် ကျိုက်ထိုအတွင်းရှိ ရွှေသတ္ထုတူးဖော် သန့်စင်ရာမှာ စွန့်ပစ်ရေဆိုးများကြောင့် ကျန်းမာရေးအခတ်အခဲ ရှိနေမှုတွေကို ဒေသခံ ၁၀ ဦးက ကိုယ်စီရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၅ ခုနှစ်မှာ စစ်တပ်က လယ်ယာမြေတွေကို မတရားသိမ်းယူပြီး ဒေသခံလယ်သမားတွေအတွက် ယနေ့အချိန်အထိ သင့်တော်တဲ့လျှော်ကြေး ပေးတာမျိုးမရှိခဲ့တဲ့အပြင် အခုလည်းတစ်ခါထပ်ပြီး...

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို

ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကြောင်း  Shan Herald Agency for News (SHAN) သတင်းတရပ်တွင်ဖေါ်ပြထားသည်။UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun)က လားရှိုးမြို့တွင် တွေ့ဆုံဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။မတ်လ ၂၀ ရက်နေ့မှ စတင်၍ သုံးရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ပြီး ရှမ်းနှင့် ကယားပြည်နယ်မှ ပါတီနှင့် အဖွဲ့ အစည်းပေါင်း ၂၂ ဖွဲ့ တက်ရောက်ရာ UWSA ၏ ရပ်တည်ချက် အနေအထားကို တရားဝင် ဆွေးနွေးခဲ့ကြခြင်း မရှိဟု Shan Herald က ဖေါ်ပြသည်။တိုင်းရင်းသား အဖွဲ့များအနေဖြင့် ဘုံသဘောထားအမြင် ရှာဖွေရန်လိုအပ်သည်ဟု SHAN အယ်ဒီတာချုပ် က ဆိုသည်။“ဝ,က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ...

ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း

ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးမှာကျင်းပခဲ့ပါတယ်။ အဲဒီထောက်ပံ့ကြေးတွေကို သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ် လို့ မြန်မာနို်င်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနရဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ “စာချုပ်မှာ ဒေါ်လာ ၁၁ သန်းဖိုးရှိတဲ့ ထောက်ပံ့ အကူအညီတွေကို ၃ နှစ်အတွင်းမှာ ကရင်ပြည်နယ် ကို ထောက်ပံ့ဖို့ အစီအစဉ်တွေလည်းပါ ပါတယ်၊ အစိုးရသစ်လက်ထက်မှာ အလှူရှင်တွေက ကာယကံရှင်တွေဆီကို သူတို့စိတ်တိုင်းကျ...

March 24, 2013

Pa-Oh National Liberation Organization and Government Peace Talk

http://www.youtube.com/watch?v=X1EIZ8rPkxA&feature=player_embed...

PNLO နဲ့ အစိုးရ ပြည်ထောင်စု အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မတ်လ ၂၃ ရက်နေ့ ကပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ် စဲရေး ဆွေးနွေးပွဲကို တွေ့ရစဉ် photo: RFA/ Sai Tun Aung Lwin ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေလီလမ်းမှာ ရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာပြုလုပ် တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ ပြည်ထောင်စုအဆင့်  အပစ်ခတ်ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ ဆွေးနွေးမှု အပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရ ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ ရန်ကုန်မြို့...

ပအိုဝ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း အပါအဝင် ၀န်ကြီး(၄)ဦးအဖွဲ့နဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ အဖွဲ့တို့ မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်နေတာပါ။ နံနက် ၉ နာရီကနေ စတင်ပြီး ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်တာဝန်ရှိလူကြီးတွေ အပြန်အလှန် ဆွေးနွေး သွားခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ အပစ်အခတ်ရပ်စဲရေး ၊ code of conduct / မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးနှင့် အစားထိုး သီးနှံကဏ္ဍ ၊ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က လက်ရှိပြုလုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ...

March 22, 2013

KIA တပ်ရင်း ၈ နယ်မြေသို့ အစိုးရစစ်တပ် လှုပ်ရှားလာသောကြောင့် KIA စတင်ပစ်ခတ်

KIA တပ်ရင်း ၈ စစ်သားများနဲ့ ၎င်းတို့ ဖမ်းမိတဲ့ မြန်မာအစိုးရ စစ်သားတဦး။ ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၈ နယ်မြေတွင် ယမန်နေ့ အစိုးရတပ်များလှုပ်ရှားလာသောကြောင့် KIA  စတင်ပစ်ခတ်ခဲ့ရာ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲသည် မတ်လ ၂၁ ရက် ယမန်နေ့ ညနေပိုင်း ၄ နာရီ ၂၅ မိနစ်မှ ၅ နာရီခွဲထိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ နမ်ဖတ်ကာ (Nampaka) ဒေသ မဂွေဘော်ဘွမ်တောင် (Magwi Baw Bum)တွင် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။ အဆိုပါပစ်ခတ်မှုသည် KIA တပ်ဖွဲ့များနေရာယူထားသည့် နေရာသို့ အစိုးရတပ်ဖွဲ့များ ထိုးစစ်ဆင် ၀င်ရောက်လာခြင်းကြောင့် KIA ဘက်မှစတင်ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အထက်ပိုင်း ...

March 21, 2013

မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ တိုက်တွန်း

ကချင်စစ်ဘေးဒုက္ခသည်တွေ ပြန်ပြီးအခြေချနေထိုင်မယ့် နေရာတွေအနီးမှာ မြေမြှုပ်မှိုင်းတွေ ရှိနေသေးတာတွေကို အစိုးရနဲ့ KIA နှစ်ဖက်စလုံးက အမြန်ဆုံးရှင်းလင်းပေးဖို့ ရန်ကုန်ကနေ လိုင်ဇာမြို့ကို ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့သူတွေက တိုက်တွန်းလိုက်ပါတယ်။ မြစ်ကြီးနားမြို့ကနေ လိုင်ဇာမြို့ကိုသွားတဲ့ လမ်းတလျှောက်မှာ မြေမြှုပ်မိုင်းတွေ တွေ့ခဲ့ရတာကြောင့် အခုလို တိုက်တွန်းတာလို့ ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာပါဝင်တဲ့ ကိုစည်သူက RFA ကို ပြောပြပါတယ်။ "ကျွန်တော်တို့သွားတဲ့အချိန်ထိကို မိုင်းတွေတွေ့ခဲ့တယ်၊ အဲ့မိုင်းက ကားမိုင်း၊ တိုက်မိုင်း လေး၊ ငါးမျိုးလောက် တွေ့ခဲ့တယ်ခင်ဗျ၊ ကျွန်တော်တို့ မမြင်ဖူးတဲ့ပုံစံမျိုး၊ ဥပမာ စတီးချိုင့်ထဲမှာ ထောင်ထားတဲ့ဟာမျိုး၊ ထမင်းဘူးလို ကော်ဗူးကြီးထဲမှာရှိတဲ့ မိုင်းမျိုး၊ အဲ့ဒီလိုမိုင်းတွေ မိုင်းတွေတွေ့တာတော့ အစုံမြင်ခဲ့တယ်ခင်ဗျ၊ KIA ဘက်မှာလည်း ထိုနည်း၄င်းပဲဗျ၊ KIA ဘက်မှာလည်း...

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမှ ပြန်လည် ထွက်ခွာ

ချင်းမိုင်(မဇ္စျိမ)။   ။ ကိုရန်နိုင်ထွန်း ဦးဆောင်သော ကချင်ပြည်နယ် ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သည့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီစတင်၍ လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။ မတ်လ ၁၈ ရက်နေ့က လမ်းလျှောက်အဖွဲ့မှ သံဃာ ၁၅ ပါးနှင့် လူ စုစုပေါင်း ၁၃၀ ကျော်သည် လိုင်ဇာမြို့သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ “ဒီမနက် ငြိမ်းချမ်းရေးအလံများ လဲလှယ်ကြပြီးတဲ့နောက် ၉ နာရီလောက်ကနေ ဒီကနေ ထွက်ခွာသွားကြပြီ” ဟု KIO မှ ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား ၏ ကိုယ်ရေးအရာရှိ ကိုခမ်းအောင် က ပြောသည်။ အခြား ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့တခုဖြစ်သည့် ကိုစည်သူ ဦးဆောင်သော လူ ၂၀ ကျော်မှာ ယမန်နေ့က ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအား မတ်လ ၂၀ ရက်နေ့က ကြည့်ရှုလေ့လာပြီး KIO ၏ ဒုက္ခသည်များ ကူညီရေး တာဝန်ရှိသူထံ...

March 20, 2013

စစ်ပြေးဒုက္ခသည်နေအိမ် ဆောက် လုပ်ရေး အကူအညီလိုအပ်နေသေး

မတ်လ ၂၀ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ) အိုင်ဒီပီများ နေထိုင်ရန် ဆောက်လုပ်ထားသော အိမ်ခြေ တောင်ငူခရိုင် သံတောင်ကြီးမြို့အရှေ့ဘက်ခြမ်းတွင် စစ်ကြောင့် နေရပ်ရွာမှ ထွက်ပြေးပုန်းရှောင်နေ ရသော ပြည်တွင်းဒုက္ခ သည် (IDP)များ နေထိုင်ရန် အတွက် NRC – Norwegian Refugee Council မှ အိမ်များ ဆောက်လုပ်ပေးလျက်ရှိရာ အကူ အညီများ လိုအပ်လျက်ရှိနေသေးသည်ဟု ၎င်းတို့အား ကူညီပေးနေသော ခရစ်ယာန်နှစ်ချင်း သင်းအုပ်ဆရာက ကေအိုင်စီသို့ ပြောသည်။ “သူတို့တွေအတွက် NRC က အိမ်ဆောက်ပေးပါတယ်။ အိမ်သာလည်း ပါပါတယ်။ အခြားသာသနာပြုအဖွဲ့တွေ NGO တွေ လည်းလာတော့ ကြည့်ထားပါတယ်။ စစ်ကြောင့် ပြေးလွှားနေရတော့ သူတို့ကို ကျန်းမာရေး၊ ပညာရေး စတဲ့ ပညာပေးမှုတွေ အများကြီး လုပ်ရဦးမှာပါ။”ဟု...

ဦးအောင်မင်းနှင့် PNLO ရန်ကုန်မြို့မှာ ဆွေးနွေးမည်

ချင်းမိုင်(မဇ္စျိမ)။   ။ အပစ်အခတ် ရပ်စဲဖြစ်ပြီးသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ မတ်လ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်သည်။ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး က ပြောသည်။ “ကျနော်တို့ ပြည်ထောင်စုအဆင့် တွေ့ဖို့ ရှိတယ်။ ဦးကြီး ဦးအောင်မင်းဆီက ဖိတ်စာရောက်လာလို့ ကျနော်တို့ ထွက်လာတာ။ သူတို့ အစိုးရဘက်က လာကြိုတယ်။ ခု သထုံရောက်ပြီ။ မနက်ဖြန် ရန်ကုန်ဝင်မယ်။ ကိုယ်စားလှယ် ၁၅ ယောက် တက်မယ်။ ၅ ယောက်က ရန်ကုန်မှာ ရောက်နေပြီ” ဟု PNLO ဥက္ကဋ္ဌ က မဇ္စျိမကို ပြောသည်။ ထိုဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရသဖြင့်...

အစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ဟုဆို

မြန်မာအစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှု မတည်ဆောက်နိုင်လျှင် အချိန်မရွေး ငြိမ်းချမ်းရေး ပျက်ပြယ်သွားနိုင်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယနေ့ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲတွင် ဦးခွန်ထွန်းဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ တိုင်းရင်းသားအများစု လိုချင်နေကြသည့် ငြိမ်းချမ်းရေး ရရှိသော်လည်း၊ တဦးကိုတဦး ယုံကြည်မှု မတည်ဆောက်နိုင်ကြ သေးကြောင်း၊ အစိုးရကို မယုံကြည်နိုင်သေးသည့်အတွက် စစ်များတိုက်နေ ကြသေးကြောင်း၊ တိုင်းရင်းသားများနှင့် မြန်မာအစိုးရအကြား ယုံကြည်မှုရရှိလာစေရန် ထပ်မံကြိုးစားပြီး ကျန်ရှိနေသေးသည့် တိုင်းရင်းသား များကိုလည်း ပါ၀င်လာနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း...

SSA တောင်ပိုင်း တပ်စခန်း အစိုးရတပ် ထပ်ရွှေ့ခိုင်း

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းထမြို့နယ်ခွဲရှိ လွိုင်မို့နန်းလျန်း တပ်စခန်းကို ယနေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် အစိုးရ စစ်တပ်က အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ ယင်း လွိုင်မို့နန်းလျန်း တပ်စခန်းကို အစိုးရ တြိဂံတိုင်း စစ်ဌာနချုပ်မှ ဒု တိုင်းမှူး အဆင့်ရှိသူတဦးက ပြီးခဲ့သည့် တပတ်က အကြောင်းကြားထားကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနားတွင် အစိုးရတပ် စစ်အင်အားလည်း တိုးချဲ့ထားကြောင်း SSA တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။ မတ်လ ၁၁ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲရှိ...

တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖွဲ့စည်းပုံကိစ္စ တိုင်းရင်းသားတွေ ဆွေးနွေး

လားရှိုးမြို့မှာကျင်းပတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ယုံကြည်မှု တည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲတွင်တွေ့ရ တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပုံ photo: RFA/ Nay Thwae မြန်မာပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကြောင့်ဖြစ်တယ်လို့ လားရှိုးမြို့မှာကျင်းပနေတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောထားပေးကြကြောင်း သိရပါတယ်။ လားရှိုးမြို့မှာ ဒီကနေ့စတင်ဖွင့်လှစ်တဲ့ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ကို်ယ်စားပြု နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း...

March 19, 2013

ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်လာသူများအား လိုင်ဇာလူထုမှ လှိုက်လှဲစွာကြိုဆို

မတ် ၁၈ ရက်နေ့ ရန်ကုန်မှ လိုင်ဇာသို့ ရောက်လာတဲ့ ကိုရန်နိုင်ထွန်း ဦးဆောင်သော ငြိမ်းချမ်းရေးလမ်းလျှောက်သူများ။ မတ် ၁၈ ရက်နေ့ ရန်ကုန်မှ လိုင်ဇာသို့ ရောက်လာတဲ့ ကိုရန်နိုင်ထွန်း ဦးဆောင်သော ငြိမ်းချမ်းရေးလမ်းလျှောက်သူများ။ ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်းလျှောက်လာသူများ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ (Laiza) မြို့သို့ ယမန်နေ့ရောက်ရှိလာရာ ပြည်သူလူထု ၁၀၀ ခန့်မှ ၀မ်းသာအားရကြိုဆိုခဲ့ကြောင်းသိရသည်။ လိုင်ဇာမြို့သို့ မတ်လ ၁၈ ယမန်နေ့ ၃ နာရီခွဲတွင်ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ရေးအဖွဲ့တွင် သံဃာတော် ၁၅ ပါးနှင့် သီလရှင် ၁ ပါး အပါအဝင် လူဦးရေ ၁၂၉ ဦးဖြစ်ပြီး ၄င်းတို့ကို ကြိုဆိုရေးကော်မတီဖွဲ့စည်းကာ...

March 18, 2013

ကရင် လက်နက်ကိုင် ခွဲထွက်အဖွဲ့များ ပေါင်းစည်းရေး KNU ကြိုးပမ်းမည်

ကွဲပြားနေသော ကရင်လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေး ဦးတည်ဆောင်ရွက်နိုင်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU)က ကော်မတီတခု ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရှိရသည်။ “ကွဲပြားနေသော ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး ကော်မတီ”ဟု အမည်ပေးထားသည့် ကော်မတီတွင် ဥက္ကဌ အဖြစ် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်(KNLA)၏ စစ်ဦးစီးချူပ် ဗိုလ်ချုပ် စောဂျော်နီ က တာဝန်ယူထားသည်။ ဖေဖော်ဝါရီ လကုန်ပိုင်းက ဘားအံခရိုင် လေဝါး၌ ကျင်းပခဲ့သည့် KNU ဗဟိုကော်မတီ အစည်းအဝေးပွဲအပြီး နောက်ပိုင်း ယင်း ကော်မတီ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ပြန်လည် ပေါင်းစည်းရေးဟု သုံးနှုန်းထားသော်လည်း မည်သည့်ပုံစံမျိုးဖြစ်မည်ကို မသိရှိနိုင်သေးကြောင်း၊ ရှေ့ဆက် လုပ်ဆောင် စရာ အဆင့်များစွာ...

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ငွေကြေးအကူအညီ ပြည်ပမှ ယူနေရ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွက် နေပြည်တော်အစိုးရမှ ဘက်ဂျက် ထုတ်ပေးခြင်း မရှိသည့်အတွက် လိုအပ်သည့် အကူညီများကို ဆွေးနွေးပွဲကျင်းပရာ အိမ်ရှင်နိုင်ငံများမှ ယူနေရကြောင်း သိရသည်။ ယင်းသို့ ပြည်ပ အကူညီများ ယူဆောင်နေရသည့် အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တခါတရံ အိမ်ရှင်နိုင်ငံများ၏ စွက်ဖက်ခြင်းများ ခံနေရကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးသူတချို့က သုံးသပ်ပြောဆိုလျှက် ရှိသည်။ မတ်လ ၁၁ ရက်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်နိုင်ငံ၏ အစီစဉ်နှင့် တရုတ်ပြည် ရွှေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအချိန် ကြန့်ကြာခဲ့ရကြောင်း...

ကရင်လက်နက်ကိုင်တွေ နားလည်မှုရရေး ကြိုးပမ်း

  ကရင်ပြည်နယ် အတွင်းမှာ ရှိတဲ့၊ ကရင် လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကြားမှာ နားလည်မှု တည်ဆောက် ဖို့ အတွက် ကေအန်ယူက ကြိုးပမ်း ဆောင်ရွက် နေပါ တယ်။ ကွဲပြား နေတဲ့ ကရင် လက်နက်ကိုင် အဖွဲ့ အစည်း တွေကြားမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက်၊ နောင်ကို ကရင် ပြည်နယ် ထဲက လူထုတွေ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေနိုင်အောင် ကေအန်ယူ ကနေ ဦးစီး ပြီးတော့ အခုလို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကရင် လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာ ကေအင်ယူ ထဲကနေ ကွဲသွား ပြီးတော့၊၂၀၀၈ ခုနှစ်မှာ အဲဒီ အထဲက တချို့ဟာ အစိုးရ လက်အောက်ခံ ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်း သွားကြ တယ်လို့ ကေအန်ယူရဲ့ အတွင်းရေးမှူးချုပ် ဗဒို စောကွယ်ထူးဝင်းက...

ရှမ်းပြည်မြောက်ပိုင်း KIA နယ်မြေတွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား

ကေအိုင်အေတပ်မှ သိမ်းဆီးရရှိတဲ့ ရှမ်းမြောက် မြန်မာစစ်တပ်များမှ လက်နက်တချို့။ ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၃၄ နယ်မြေတွင် ယနေ့ ၁၁ နာရီခန့်တွင် အစိုးရနှင့် KIA ကြား ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားရာနေရာသည် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄ နယ်မြေ မန်ယောန် (Man Yawn) ကျေးရွာအနီးဖြစ်ပြီး အစိုးရဖက်မှ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးပြောသည်။ တိုက်ပွဲသည် အစိုးရတပ်ဖွဲ့ မန်တုန် (Mandung) အခြေစိုက် ခလရ ၁၃၀၊ ၁၀၅ နှင့်  ခမရ ၅၀၂၊ ၅၀၃  စသည့် စုပေါင်းတပ်ဖွဲ့များသည် အင်အား ရ၀ ကျော်ဖြင့် KIA တပ်ရင်း ၃၄ နှင့် ရင်ဆိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး...

March 17, 2013

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ တရုတ်နိုင်ငံ ရွှေလီမြို ့မှာ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနဲ့ ကချင်တိုင်းရင်းသားအဖွဲ့တို့ကြားက ဆွေးနွေးပွဲအခြေအနေကို ဒေါ်ခင်စိုးဝင်း က ညီညွှတ်သော တိုင်းရင်းသားကောင်စီ UNFC (United Nationalities Federal Council) တွဲဖက်အထွေထွေ အတွင်းရေးမှုးနှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။ ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ မတ်လ (၁၁) ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ KIO/KIA အဖွဲ့ ကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO အဖွဲ့ရဲ ့ ဖိတ်ကြားချက်နဲ့ လေ့လာသူအဖြစ်နဲ့...
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India