November 30, 2012

နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် မြေပုံညွှန်း

နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် တပ်များတညရှိရာ မြေပုံညွှန်း...

(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒီမိုကရေစီမိတ်ဆွေများပါတီ (၁၀)ပါတီမှ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးပွဲမှ)

ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အဆင့်(၃)ဆင့်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်ဟာ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ နှစ်ဖက်ရန်လိုမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူ ထားတဲ့ နယ်မြေဒေသတွေမှာပဲ နေထိုင်ကြဖို့၊ ယင်းသတ်မှတ်နေရာမှအပ ကျန်နေရာဒေသများကို သွားရောက်လိုလျှင် လက်နက် ကိုင်ဆောင်ခြင်းမပြုဘဲ သွားလာဖို့၊ နှစ်ဖက်ညှိနှိုင်းသဘောတူထားသည့်နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကျင်းပပြုလုပ်မယ့်နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်းသတ်မှတ် နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ မပါသေးပါဘူး။ ဒီအဆင့်ကို ပြီးမြောက် အောင်မြင်ဖို့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ စိတ်ရင်းစေတနာပဲ လိုအပ်မှာဖြစ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ...

November 29, 2012

ကချင် ဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါ အဖြစ်များနေ

ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ကချင်ဒုက္ခသည်စခန်းတွင် ၁၂ နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ ဖြစ်ပွားမှု ပြန့်နှံ့လာသဖြင့် ကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံက ပြောသည်။နိုဝင်ဘာ လဆန်းပိုင်းတွင် တဦးစ နှစ်ဦးစသာ ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်း ၄ဝ ကျော်ထိ ကူးစက် ပြန့်ပွားခဲ့သဖြင့် KIO ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်၍ ကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။ “ကလေးတွေမှာ တော်တော်ပြန့်သွားတယ်။ ဒါပေမယ့် အသက်သေဆုံးတာတော့ မရှိဘူး။ ကျနော်တို့ ကာကွယ်ဆေး ထိုးပေးတယ်၊ ဆေးဆရာတွေ ထပ်ဖြည့်ပြီး။ ကာကွယ်ဆေး မထိုးရလို့ ဖြစ်တယ်လို့ ပြောတယ်” ဟု မဇ္စျိမကိုပြောသည်။ ထိုစခန်းတွင် ဒုက္ခသည် ၈ဝဝ ကျော် ရှိနေသည်။တိုက်ပွဲဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော...

လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၆၀ ကြာအထိ မငြိမ်းချမ်းသေးတာဟာ ယုံကြည်မှု မတည်ဆောက်နိုင်သေးခြင်းကြောင့်ဖြစ်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆိုတဲ့ အစည်းအဝေးတရပ်ကို သျှမ်းလူမှုအဖွဲ့အစည်း တွေက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ တော်၀င်နှင်းဆီ ခန်းမမှာ နို၀င်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၃ ဖွဲ့ကကိုယ်စားလှယ်တွေ၊ သျှမ်းလက်နက်ကိုင် အဖွဲ့ အစည်း ၄ ဖွဲ့ ကိုယ်စား လှယ်များ၊ ပြည်တွင်းပြည်ပအခြေစိုက် သျှမ်းလူမှု အခြေပြု အဖွဲ့ အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ ကိုယ်စားလှယ်များနှင့် အထူး ဖိတ်ကြားထားသည့် ပညာရှင် ၁၇ ဦး စုစုပေါင်း ၁၇၀ ဦး တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဘာတွေအထူးပြောဆိုဆွေးနွေးခဲ့ကြသလဲဆိုနဲ့  ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် နန်းဝိုးဆိုင် ကို သျှမ်းသံတော်ဆင့်...

November 28, 2012

ဖိုင်ကောင်းကျေးရွာသားများကို အစိုးရတပ်များမှ ဘုရားကျောင်းထဲတွင် အစာအငတ်ထည့်သွင်းထား

မြန်မာအစိုးရတပ်မှ မီးရှို့ဖျက်ဆီးသော ပန်ဆိုင်း ပတ်ဝန်းကျင်ရှိ စစ်ပြေးစခန်းများ။ ဓါတ်ပုံ - ကချင်သတင်းဌာန ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့နယ်  ဖိုင်ကောင်းကျေးရွာအနီးတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ကြား ယနေ့မနက်မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်များသည် အနီးကျေးရွာသားများကိုကြိမ်းမောင်းကာ ကျေးရွာရှိခရစ်ယာန်ဘုရားကျောင်းထဲတွင် သွင်းထားကြောင်းမျက် မြင်သက်သေများပြောသည်။ ဖိုင်ကောင်းကျေးရွာအနီး အစိုးရတပ် (ခလရ ၂၄၀) တပ်ဖွဲ့များနှင့် ကချင်လွပ်မြောက်ရေးတပ် ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ဖွဲ့များ ယနေ့နံနက် ရ နာရီမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၀ နာရီချိန်ခန့်တွင်...

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတရားတွေကို KNPP နှင့် လူထုခေါင်းဆောင်များ ဆွေးနွေး

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီအဖွဲ့ဝင်ကိုယ်စားလှယ်များ၊ လူထုအခြေပြုလူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူးတို့  ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတရားတွေကိုလွိုင်ကော်မြို့ နောင်ယား(ခ) ကက်သလစ်ဂရုဏာ ဓမ္မရုံမှာ နှစ်ရက်သာ တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ကြပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က “ဒီလိုမျိုးဝပ့်ရှော့လာလုပ်တာက ဒီနေ့နိုင်ငံတော်ကပြောနေတယ်လေ ကျနော်တို့နိုင်ငံတော်ကြီးဟာ ဒီမိုကရေစီစနစ်ကို ရွေ့လျားနေပါတယ်။ ဦးတည်နေပါတယ်။ အပြောင်းအလဲတွေသွားနေပြီဆိုတော့.. ဒီလိုရိုးရိုးလေးပြောလို့မရဘူး။ ဒီမိုကရေစီစနစ်ကိုသွားနေပြီဆိုတော့ ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရတွေကို...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲတွင် ဒေါက်တာစိုင်းခမ်းလိတ် ၏မိန့်ခွန်း (ဒေါက်တာစိုင်းခမ်းလိတ်၏ ဖေ့စ်ဘုခ်မှ ကူးယူဖော်ပြထားပါသည်

28.11.2012 ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီ ခန်းမ မှာကျင်းပပြုလုပ်တဲ့ “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းအခမ်းအနား” မှာ ဒေါက်တာစိုင်းခမ်းလိတ် မှ ပြောကြားသော မိန့်ခွန်းအပြည့်အစုံအမှာ ၁။ နိဒါန်း၂။ ငယ်စဉ်ကကြီးလာတဲ့ဘဝ၃။ စပီးသျှမ်းဝတ်စုံ၄။ နောက်မှသျှမ်းစာ၅။ နောက်ဆုံးကျမှ သျှမ်းသီချင်း (သျှမ်းအလုပ်)၆။ ဥပမာများ(1) သျှမ်းစိတ်ဓာတ်ရှိပါစေ(2) မီးရှူးခံသီချင်းသစ်(3) သျှမ်းစာရေးထုံးကော်မရှင်အစည်းအဝေ (၁၉၆၉ )(4) သျှမ်းမှတ်မိတယ်(5) ပင်လုံစာချုပ်(6) တောင်ပေါ်မြေရဲ့တခြားတစ်ဖက်မျက်နှာ(7) ရာသီပြောင်းချိန်(8) မန္တလေးရောက်ရှမ်းတယောက်(9) ဖြတ်သာသွာတယ်မနားတတယ် ၊ လူငယ်ခြေကျ ၊ စာခြောက်ရုပ်၇။ ကဗျာများ၈။ မျှောင့်လင့်ချက်မဆုံးစေနဲ့၉။...

ရှမ်းညီလာခံ အောင်မြင်စွာပြီးဆုံး

ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ ငြိမ်းချမ်းရေး အတွက် အဓိက ဆွေးနွေးခဲ့ ကြတဲ့ ရှမ်းညီလာခံ ဟာ ဗုဒ္ဓဟူးနေ့ မှာ ပြီးဆုံးသွား ခဲ့ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု စနစ်အတွက် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအစား တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး ကိုယ်ပိုင် ပြဌာန်းချက်တွေကို ရရှိမယ့် ဖက်ဒရယ်ပြည်ထောင်စု ဥပဒေကို ပြဌာန်းနိုင်ဖို့ အများစုက သဘောတူကြတယ်လို့ ဗိုလ်ချုပ်ဆေထင်က ပြောပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်မှုဟာ ခွဲထွက်တာမဟုတ်ပဲ တန်းတူရည်တူ အခွင့်အရေးရရှိဖို့သာဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ ပြည်နယ်ဝန်ကြီးချုပ် ရာထူးပေးထားရုံ စီးပွားရေးလုပ်ကိုင်ခွင့်တွေပေးထားရုံနဲ့ မပြည့်စုံနိုင်ဘူးလို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး...

ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်မဆုတ်ရန် ရှမ်းညီလာခံ တိုက်တွန်း

စံခလပူရီ (မဇ္စျိမ) ။        ။ ပဋိပက္ခများ လုံးဝ အဆုံးသတ်၍ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေပြီး နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ညီလာခံက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ’ ခေါင်းစဉ်ဖြင့် ပြုလုပ်သော ထိုညီလာခံကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ သုံးရက်တိုင် ကျင်းပခဲ့ခြင်းဖြစ်သည်။“ပဋိပက္ခများ ဆက်မဖြစ်စေရန် မဖြစ်မနေ လိုအပ်သည့် အခင်းအကျင်းများကို မိမိတို့ ပါဝင်သည့် အနေအထားမှ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိမိတို့ အားလုံး စုပေါင်းအားဖြင့် နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နေရာအလိုက် အကောင်အထည် ဖော်နိုင်သည့် အခြေအနေများ ရောက်အောင် အချင်းချင်း ပံ့ပိုးမှုများ...

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် ကချင် ပြည်သူ များ၏ ဆန္ဒ KIO ကောက်ခံမည်

မြန်မာ အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ အကြား ယခု နိုဝင်ဘာ လအတွင်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန် တရုတ် နိုင်ငံ ရွှေလီ ဆွေးနွေးပွဲ အတွင်း ဦးအောင်မင်း ကမ်းလှမ်း ထားသည့် အပေါ် လက်ရှိ ကျင်းပ နေသည့် ဗဟို ကော်မီတီ အစည်းအဝေး ပြီးနောက် တဆက် တည်း၌ပင် ကချင် ပြည်သူ လူထု များ၏ အမြင်များ ကောက်ခံ သွားရန် ရှိသည်ဟု KIO ဗဟို ကော်မတီဝင် တစ်ဦးက ပြောပါသည်။ “ဗဟို ကော်မတီ...

November 27, 2012

ချင်းပြည်နယ်အတွင်း တောင်ယာစပါးအထွက်နည်း၊ ၀မ်းစာအတွက် ဒေသခံများ စိုးရိမ်

ချင်းပြည်နယ် အထက်ပိုင်း ထန်တလန်မြို့နယ် ဇာနတ်တောင်ကြောနှင့် မာရာ တောင်ကြော၊ မတူပီမြို့နယ်မရာရာဒေသ တလျှောက်ရှိ ကျေးရွာ ပေါင်း ၄၀ ကျော်မှ ဒေသခံများ တောင်ယာစပါး အထွက်နည်းနေသောကြောင့် ၀မ်းစာစပါး အတွက် ဒေသခံများစိုးရိမ်နေကြသည်ဟုသိရသည်။ ၎င်းဒေသတွင် စိုက်ပျိုးထားကြသော စပါးများသည် ပြင်းထန်သော လေတိုက်ခတ်မှုများကြောင့် အကုန်နီးပါးပျက် စီးသွားသည့် အတွက် တောင်ယာ လုပ်ငန်းကို အဓိက မှီခိုအားထားနေရသော ချင်းဒေသခံရွာသားများသည် ယခုနှစ် တွင် တောင်ယာစပါးအနည်းငယ်ရိတ်သိမ်းခဲ့ကြခြင်းဖြစ်သည်။ ကျေးရွာပေါင်း ၁၁ ရွာရှိသည့် ဇာနတ်တောင်ကြောတွင် ၁ ရွာလောက်ကသာ နှစ်ဝက်စာ ဆန်ရေ စပါးရရှိကြပြီး ကျန်သည့် ကျေးရွာများမှာ စပါးတောင် မရ ကြကြောင်း ဇာနတ်တောင်ကျောက ထန်ဇန်း ရွာ သားတဦးကပြောသည်။ “ ကျနော်တို့ရွာက အရင်နှစ်တွေမှာ တောင်ယာစပါးပုံး ၃ သောင်းလောက်ထွက်ရှိလေ့ရှိပေမဲ့ ဒီနှစ် မှာတော့ လေ အရမ်းတိုက်တာနဲ့ စပါးတွေပျက်...

ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရဒုတိယအကြိမ်ဆွေးနွေးမည်

အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ပြန်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတုန်းက သဘောတူချက်တွေကို ဆက်လက်ဆွေးနွေးသွားဖို့ လာမယ့် ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အစိုးရကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့  တွဲဖက်အထွေထွေအတွင်းရေးမှူး   ဒေါက်တာ ဆလိုင်းရွှေခါးက ပြောပါတယ်။ “အဓိကက ပထမနဲ့ ဒုတိယ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီထားတဲ့အချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာဖြစ်ပါတယ်။ နောက် သတ်မှတ်နယ်မြေတွေ တိတိကျကျရှိဖို့၊ ဖွံ့ဖြိုးရေးကိစ္စတွေလည်း ပါမယ်။ ချင်းပြည်နယ်တွင်း အလုပ်လုပ်လိုတဲ့ အန်ဂျီအိုတွေ အစိုးရနဲ့ လက်မှတ်ထိုးတဲ့ MOU တွေ ဘယ်လိုညှိကြမလဲပေါ့။ ဥပမာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးမယ့်ဟာတွေ၊...

နစက-BGB နယ်စပ်လုံခြုံရေး တိုးမြင့်ချထားမှု အရှိန်မြင့်မားလာ

မြန်မာ-ဘင်္ဂလာ နယ်စပ်မှတ်တိုင် အမှတ် ၅၀၊ ၅၁၊ ၅၂နှင့် အနီးတဝိုက်ရှိ နစက-BGBတို့အကြား နိုဝင်္ဘာ ပထမအပတ်က လုံခြံုရေး တိုးမြင့် ချထားမှု အရှိန်မှာ ပိုမိုမြင့်မားလာကြောင်း နယ်စပ်မှ သတင်းပေးပို့သည်။ ဘင်္ဂလာ အခြေစိုက် အမည်မသိ နက်လက်ကိုင် တပ်ဖွဲ့တဖွဲ့အနေဖြင့် နိုဝင်္ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် နယ်စပ်လမ်းများကို ပြုလုပ်နေသော GE တပ်ဖွဲ့ဝင်များအား အငိုက်မိတိုက်ခိုက်ရာ တစ်ဦးသေဆုံးသွားခဲ့ပြီး ၃ ဦးမှာ ပြန်ပြေးဆွဲ ခံရမှုမှ ယခုကဲ့သို့ နယ်စပ်တင်းမာမှုမှ လုံခြံုရေးတပ်ဖွဲ့များ တိုးမြင့်ချထားမှု ပြန်လည်မရုပ်သိမ်းသေးဘဲ ရှိနေခြင်းဖြစ်သည်။ ယင်းအခင်းဖြစ်ပွားမှုကြောင့် မောင်တောမြို့နယ် နယ်မြေ ရ နစက- နတ်ချောင်းဆရီမြို့နယ်...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲတွင် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၏မိန့်ခွန်း

ဒီကနေ့ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်တဲ့  TBP (Trust Building for Peace) ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာဘဲ ဦးတည်ဆွေးနွေးသွားမယ်။ ယုံကြည်မှုတည်ဆောက်မယ်ဆိုရင် သံသယ အာဃာတ မာန်မာန တရားတွေကို တဦးစီ တယောက်စီ လူတိုင်းက အရင်ပယ်ဖျက် စွန့်ပစ်နိုင်ပါမှ ယုံကြည်မှုတွေ တည်ဆောက်နိုင်မှာဖြစ် တယ်။ SNDP ပါတီ၏မိန့်ခွန်းကို ဖတ်ကြားပေးသော ကျားဖြူပါတီလက်ထောက်အတွင်းရေးမှူး စိုင်းမောင်တင် ဒီနေ့ဆွေးနွေးပွဲဟာဖြင့် အလွန်အရေးကြီးလှပါတယ်။ ဒီဆွေးနွေးပွဲကြီးက  ခိုင်မာတဲ့ အုတ်မြစ်ချနိုင်မှသာ ရှေ့ဆက် လျှောက်လှမ်းမှုရနိုင်မှာဖြစ်ပါတယ်။ သျှမ်းတိုင်းရင်းသားပါတီများဟာမူဝါဒ လမ်းစဉ်အနည်းငယ် ကွဲပြားတာကလွဲရင် ဦးတည် ချက်ပန်းတိုင်ဟာဖြင့်တခုတည်းဆိုတာ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲတွင် သျှမ်းပြည်တပ်မတော် RCSS/SSA ၏မိန့်ခွန်း

ရက်စွဲ ၂၀၁၂ခုနှစ် နို၀င်ဘာလ (၂၅)ရက်လေးစားအပ်ပါသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းညီလာခံသို့ တက်ရောက် အားပေးချီးမြင့်ကြသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးစိုးသိန်းနှင့် တာဝန် ရှိလူကြီးမင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါသည်ခင်္ဗျား။ RCSS/SSA ၏မိန့်ခွန်းကိုဖတ်ကြားနေသော ဗိုလ်မှူးချုပ်ပေါင်ခေး မူလက ကျနု်ပ်ကိုယ်တိုင် ဤညီလာခံကြီးကို တက်ရောက်မည်ဟု ရည်မှန်းထားသော်လည်း ကျနု်ပ်၏ ကျန်းမာရေးအခြေ အနေကြောင့် မတက်ရောက်နိုင်ခဲ့သည်ကို ခွင့်လွှတ်ပေးစေလိုပါ သည်။ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက်...

သျှမ်းတို့၏ ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ဆွေးနွေးပွဲ အလားအလာကောင်း

ရန်ကုန်၌ကျင်းပနေဆဲဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲအတွက် အားရကျေနပ်ဖွယ် ရှိကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ စိုင်းမောင်တင်က ပြောပါ သည်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် ဓါတ်ပုံရိုက်ကြစဉ် “အားရကျေနပ်ဖွယ်ကောင်းပါတယ်။ ကျနော်တို့ မနေ့က ဆွေးနွေးပွဲမှာဆိုရင် အင်အား ၂၀၀ ကျော်ရှိတယ်။ ကျားဖြူပါတီ ကဘဲ ၃၀ ကျော်နေပြီလေ။ အကူရော တက်ရောက်နားထောင်သူရောပေါ့နော်။ ကျနော့် တသက်မှာ ဒီလိုဆွေးနွေးမှုမျိုး ဒီတခါဘဲတွေ့ဖူးတယ်။ တကယ်ကိုအားရကျေနပ်ဖွယ်ကောင်းပါတယ်။ သျှမ်း တိုင်းရင်းသား အ ချင်းချင်း ကြား ယုံကြည်မှု ခိုင်ခိုင်မာမာ မတည်ဆောက် နိုင်သေးသရွေ့ ကျန်ညီနောင်တိုင်းရင်း သားတွေနဲ့...

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော တာဝန်မှ အနားယူဖွယ်ရှိ

ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော သည် တာဝန်မှ အနားယူ နှုတ်ထွက်တော့မည်ဟု သိရှိရသည်။ တနလာင်္နေ့မှ စတင်ကျင်းပသည့် KNU ၏ ၁၅ ကြိမ်မြောက် ညီလာခံ အဖွင့် မိန့်ခွန်းတွင် အသက် ၉၃ နှစ်အရွယ် စောတာမလာဘော က ၎င်း အနားယူတော့ မည့်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။ ၂ဝဝ၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ၁၄ ကြိမ်မြောက်ညီလာခံမှ စောတာမလာဘောအား ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့ရာမှ အသက်အရွယ်နှင့် ကျန်းမာရေးအရနှုတ်ထွက်ခြင်း ဖြစ်မည်ဟု အမည်မဖော်လိုသူ KNU ဝန်ထမ်းတဦးက ပြောသည်။“သူက အရွေးမခံတော့ဘူးလို့ ကျနော်ထင်တယ်။ သူက အသက်ကြီးပြီလေ။ မလုပ်နိုင်တော့ဘူး။ ပြီးခဲ့တဲ့ အခေါက်တောင် သူ့ကျန်းမာရေးက ချူချာတယ်ဆိုတော့ သွားရေးလာရေးမှာ ခက်ခဲတယ်” ဟု မဇ္စျိမကို ပြောသည်။...

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မလိုက်နာလျှင် ငြိမ်းချမ်းရေး ပျက်နိုင်

ရှမ်းခေါင်းဆောင်များနှင့် ဦးအောင်မင်းအဖွဲ့ ဓာတ်ပုံ တွဲရိုက်ကြစဉ် (ဓာတ်ပုံ – မေငယ်) အစိုးရ တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများကို လိုက်နာခြင်းမရှိပါက ငြိမ်းချမ်းရေး ပျက်ပြယ်သွားနိုင် သည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) က ယမန်နေ့တွင် ပြောဆိုလိုက်သည်။ အစိုးရနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည်မှာ တနှစ်ပြည့် နီးပါးရှိ ချိ န် အထိ တိုက်ပွဲပေါင်း ၅၀ကျော် ဖြစ်ပွားခဲ့ကြောင်းလည်း RCSS/SSA ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီမှ ဦးစဝ်ပေါင်ခေး က ပြောကြားလိုက်ခြင်း ဖြစ်သည်။ ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမ၌ နိုဝင်ဘာ ၂၆ ရက်က ကျင်းပသည့်...

November 26, 2012

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း

ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံ ပါဝင်တက်ရောက်ကြသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင် သီရိခန်းမ၌ နိုဝင်ဘာလ ၂၆ရက်နေ့ နံနက် ၈းဝဝ နာရီမှ ၁၀း၃၀ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ(SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ရှမ်းပြည်တိုးတက်ပါတီ (SSPP/SSA) နာယက စပ်ဆေထင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ တွဲဖက်အတွင်းရေးမှူး စိုင်းမောင်တင် ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှ အထွေထွေအတွင်းရေးမှူး ဦးစောဝင်းထွန်း၊ ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ(RCSS/SSA)မှ...

ဖက်ဒရယ်အရေး လက်တွဲဆောင်ရွက်ရန် သျှမ်းညီလာခံ၌ ဦးအောင်မင်းပြော

ယနေ့မနက် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌  စတင်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း ဆွေးနွေးပွဲသို့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခြင်းမရှိ ၊ ဦးအောင်မင်းကပင် ဖက်ဒရယ်နှင့် ပတ်သက် ၍ လက်တွဲရန် တိုက်တွန်းပြောဆို သွားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် လူငယ်တဦးကပြောပါသည်။ “ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မတက်ဘူး။ ဘာဖြစ်လို့လဲတော့မသိဘူး။  ကျနော်တို့ ကျားခေါင်းပါတီ ဥက္ကဌ စဝ်ခွန်ထွန်းဦး ကဘဲ အစည်းအဝေးဖွင့်လှစ်ပေးတယ်။ အမှာစကားပြောတယ်။ ဦးအောင်မင်း တို့လဲ တက်ရောက်တယ်။ သျှမ်းခေါင်းဆောင်တွေ သျှမ်းလူငယ်တွေနဲ့ ဓါတ်ပုံတွဲ ရိုက်တယ်။ မိန့်ခွန်းပြောသွားတယ်” ဟု အဆိုပါလူငယ် ကပြော ပါသည်။ သျှမ်းခေါင်းဆောင်များနှင့်...

အစိုးရ၏ နိုင်ငံရေး ဆွေးနွေးပွဲ ထိုးစစ်ကို KIA လက်ခံမည် မထင်

ကချင်ပြည်နယ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်ဖွဲ့တို့သည် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားရာမှ (၂) ရက်ခန့် ငြိမ်သက် နေကြောင်း KIA စစ်ရုံးချုပ်မှ အရာရှိ တစ်ဦး က ပြောပါသည်။ “ တိုက်ပွဲငြိမ်သွားတာက ကျနော်တို့နဲ့ အစိုးရ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ဆိုင်မယ်လို့ ယူဆပါတယ်။ အစိုးရဘက်က တပ်အင် အားတွေလဲတယ်။ လက်နက်တွေ၊ ရိက္ခာတွေ၊ တချို့နေရာဆိုရင် တပ်အင်အားတွေ ထပ်ဖြည့်နေတာ တောက်လျှောက်...

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အာဆီယံ အတွင်းရေးမှူးချုပ် ဂုဏ်ယူ

အာဆီယံ အထွေထွေ အတွင်းရေးမှူး ချုပ် သက်တမ်းအတွင်း ဂုဏ်အယူဆုံးကိစ္စ ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ခဲ့တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍပဲဖြစ်ကြောင်း မကြာမီမှာ ရာထူးက အနားယူတော့မယ့် ဒေါက်တာ ဆူရင် ပစ်ဆူဝမ် က ပြောလိုက်ပါတယ်။ Photo courtesy of ASEAN web site အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ် ဆူရင် ပစ်ဆူဝမ် ရဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်သက်တမ်းဟာ လာမယ့် ဒီဇင်ဘာလမှာ (၅) နှစ် ပြည့်မှာဖြစ်ပြီး၊ ဗီယက်နမ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လီလျောင်မင်း (Le Luong Minh) က သူ့နေရာ ကို လွှဲပြောင်း ထမ်းဆောင်မှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်းတိုင်းအပြီးမှာ အထီးကျန် မြန်မာနိုင်ငံကို အနောက်ကမ္ဘာနဲ့ နီးစပ်အောင်...

တိုင်းရင်းသား ပြဿနာ ပြေလည်ဖို့ ဖယ်ဒရယ်စနစ်လို

မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ လက်ရှိပြဿနာတခုဟာ တိုင်းရင်းသားပြဿနာဖြစ်ပြီးတော့ အခုလို ပြဿနာတွေဖြစ်ပေါ်နေရတာဟာ စစ်မှန်တဲ့ ပြည်ထောင်စု စစ်စစ်မရှိတာကြောင့်လို့ မနေ့ကစပြီးကျင်းပတဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ကပြောပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကလည်း ရှေ့ဆက် ဆွေးနွေး သွားမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေး အဖြေရှာမှုတွေကို ရှေ့တန်းတင်သွားမယ် လို့ ပြောပါတယ်။ အကြောင်းစုံကိုတော့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးထားပါတယ်။ ဒီကနေ့...

ငြိမ်းချမ်းရေးအတွက် ပထမအဆင့် ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်

ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ၃ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ညီလာခံကို ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ စတင်ကျင်းပခဲ့ပါတယ်။ Photo:RFA/Sai Htun Aung Lwin နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ညီလာခံမှာ SNLD ပါတီဥက္ကဌ ဦးခွန်ထွန်းဦး မိန့်ခွန်းပြောကြားနေစဉ်။ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကျပ်အတည်းတွေထဲမှာ အဓိကဖြစ်တဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ...

မငြိမ်သက်မှုကြား ဖားကန့်တွင် KIA ကျေးဇူးတော်ချီးမွမ်းပွဲတော် ပြုလုပ်

ဖားကန့် KIA တပ်ရင်း ၆ ကောက်သစ်စားပွဲတော်။ ဓါတ်ပုံ - KNG ကချင်သတင်းဌာန Prev 1 of 4 Next မြန်မာအစိုးရနှင့် တိုက်ပွဲများပြင်းထန်နေသည့် ဖားကန့်မြို့နယ်တွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေ ဂင်ဆီဆိုင်းရာ (Ginsi Seng Ra) တွင် ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲတော် ကို နိုဝင်ဘာလ ၂၄ ရက် စနေနေ့တွင် ရောတ်ဝန်လီး (Rawt Wun Li) ခန်းမတွင်ပြုလုပ်ကျင်းပခဲ့သည်။ တိုက်ပွဲများဖြစ်ပွားနေချိန်ဖြစ်သော်လည်း ကျေးဇူးတော်ချီးမွမ်းစရာများရှိသောကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း တပ်ရင်း (၆) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အင်ခွမ်ဇော်ဒွဲမှ မိန့်ခွန်းပြောကြားခဲ့သည်ဟု...

November 25, 2012

ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့် ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော်စစ်စစ် ဖြစ်ဖို့ ရိုးရိုးသားသား ဆောင်ရွက်နေသလားဆိုတာ အခြေခံဥပဒေ ကို ဒီမိုကရေစီ နည်းကျ ပြုပြင်ပြောင်းလဲနေသလား ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ် လို့ အမျိုးသား ဒီမ်ိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့ပါတယ်။ NLD ဝါရင့် နို်င်ငံရေးသမားကြီးများနှင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး သမားများကို အန်အဲလ်ဒီပါတီက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားနေစဉ်။ photo/NLD ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာရဲ့တွေ့ဆုံမေးမြန်းမှု တစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားခဲ့တာပါ။ သမ္မတ ဦးသိန်းစိန် ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ်မှာ ရိုးသားမှုရှိတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး Mainichi သတင်းစာက မေးမြန်းရာမှာ ဒီမိုကရေစီနည်းကျဖြစ်တယ်လို့...
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India